သင်္ကြန်ကိုကျော်လွန်၍
သင်္ကြန်ကလည်းပြီးပြီ။ သင်္ကြန်မှာပျော်ခဲ့ရတဲ့ အမှတ်တရတွေအပြင် မွဲခြောက်သွားတဲ့အသားအရေ၊ ယားပြီး အဖုတွေထွက်လာတတ်တဲ့အသားအရေက သင်္ကြန်ပြီးလက်ဆောင် အနေနဲ့များ ကျန်ခဲ့ပါသလား?
ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ?
သင်္ကြန်ပြီးရင် အရေပြားပြသနာကို တော်တော်များများ ကြုံတွေ့ရတတ်ပါတယ်။ နွေလယ်ခေါင်ရဲ့ ပြင်းတဲ့ အပူရှိန်၊ သန့်ရှင်းမှုမရှိတဲ့ရေတွေကြောင့်အဓိကဖြစ်ပါတယ်။ ပထမဦးဆုံး အသားအရေပြန်လည်စိုပြေဖို့ဆိုရင်
အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်ပေးဖို့လိုပါလိမ့်မယ်။
ရေကို တစ်နေ့ ၂ လီတာလောက်သောက်ပေးတာ၊ အရည်ရွှမ်းတဲ့အသီးအနှံစားပေးတာအပြင် အစိုဓာတ်ဖြည့် ခရမ်( Moisturizing Cream) ပုံမှန်လိမ်းပေးရပါမယ်။
ပျက်စီးသွားတဲ့ အရေပြားအပေါ်လွှာအတွက် ဆဲလ်သေ ဖယ်ရှားပါ။
နေလောင်သွားတဲ့ အရေပြားအပေါ်လွှာကို Scrub သုံးပြီး ဖယ်ရှားလိုက်ပါ။ ဒါဆို အရေပြားအလွှာအသစ်အတွက် အသက်ရူဝစေသလို အရေပြားကြည်လင်လာနိုင်ပါတယ်။ Scrub ရွေူူးချယ်ရာမှာ မပြင်းထန်တာမျိုးကို ရွေးသင့်ပါတယ်။
အရေပြားထပ်မထိခိုက်အောင်ကာကွယ်ပါ။
သင်္ကြန်ပြီးနောက်ပိုင်းအပြင်ထွက်မယ်ဆိုရင် ထီး၊ ဦးထုပ်၊ Sunscreen တို့နဲ့ထပ်ပြီး အရေပြား မထိခိုက်အောင်ကာကွယ်ပေးနိုင်ပါတယ်။
အရေပြား ကိုပြန်လည်အားဖြည့်ပေးပါ။
အရေပြားအတွက် အဓိကလိုအပ်တဲ့ Vitamin C, Vitamin E ပါဝင်တဲ့ မျက်နှာပေါင်းတင် Mask လေးတွေ ပြန်ကပ်ပြီးအားဖြည့်ပေးပါ။ လျှားစောင်းလက်ပတ်ကလဲ အရေပြားပြန်ကောင်းအောင်အားဖြည့်ပေးနိုင်ပါတယ်။ အိမ်တွင်းပေါင်းတင်နည်းလေးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။
(၁) ခရမ်းချဉ်သီး အနေတော်တစ်လုံး
(၂)သခွားသီး အစိမ်း အနေတော်တစ်လုံးသာလိုအပ်ပါသည်
ခရမ်းချဉ်သီးကို အသုံးပြုရခြင်းမှာအရေပြားအတွက် ခရမ်းချဉ်သီးဟုဆိုရအောင်ပင် အရေပြားအတွက် ဓာတ်တိုးဆန့်ကျင်သော (anti oxidant) Lycopane များစွာပါဝင်သည်။ ထို့ပြင် သဘာဝနေရောင်ကာပစ္စည်းဖြစ်သလိုနေလောင်အသားအရေကို လျင်မြန်စွာသက်သာစေသည်။ သခွားသီးကတော့ သဘာဝ အမာရွတ်ပျောက်ဆေး ဟုခေါ်ရအောင် အစွမ်းထက်သောကြောင့် ဖြစ်သည်။
?ပြုလုပ်ပုံမှာ
ခရမ်းချဉ်သီး ကိုဦးစွာ ပါးပါးလှီး ပြစ်ပြစ်ဖျော်ထားပါ။ ထို့နောက် သခါးသီးကို လည်း သေးငယ်စွာလှီး၍ (သို့) ဖျော်စက်နှင့် ကျိတ်၍ အရည်ပြစ် နှစ်မျိုးကို
သမအောင်ရောပြီး မျက်နှာအနှံ့ သုတ်လိမ်းပြီး မိနစ် ၂၀ခန့်ထားပါ။ ထို့နောက် ရေဆေးလိုက်သည့်နှင့် ဝင်းပစိုပြေသော အသားအရေကို ပိုင်ဆိုင်နိုင်ပီဖြစ်ပါသည်။
မယ်တင်( ဆေး ၁)
သႀကၤန္ကိုေက်ာ္လြန္၍
သႀကၤန္ကလည္းၿပီးၿပီ။ သႀကၤန္မွာေပ်ာ္ခဲ့ရတဲ့ အမွတ္တရေတြအျပင္ မြဲေျခာက္သြားတဲ့အသားအေရ၊ ယားၿပီး အဖုေတြထြက္လာတတ္တဲ့အသားအေရက သႀကၤန္ၿပီးလက္ေဆာင္ အေနနဲ႔မ်ား က်န္ခဲ့ပါသလား?
ဒါေတြကို ဘယ္လို ေျဖရွင္းၾကမလဲ?
သႀကၤန္ၿပီးရင္ အေရျပားျပသနာကို ေတာ္ေတာ္မ်ားမ်ား ၾကံဳေတြ႕ရတတ္ပါတယ္။ ေႏြလယ္ေခါင္ရဲ႕ ျပင္းတဲ့ အပူရွိန္၊ သန္႔ရွင္းမႈမရွိတဲ့ေရေတြေၾကာင့္အဓိကျဖစ္ပါတယ္။ ပထမဦးဆံုး အသားအေရျပန္လည္စိုေျပဖို႔ဆိုရင္
အသားအေရကို ေရဓာတ္ျပန္လည္ျဖည့္ေပးဖို႔လိုပါလိမ့္မယ္။
ေရကို တစ္ေန႔ ၂ လီတာေလာက္ေသာက္ေပးတာ၊ အရည္ရႊမ္းတဲ့အသီးအႏွံစားေပးတာအျပင္ အစိုဓာတ္ျဖည့္ ခရမ္( Moisturizing Cream) ပံုမွန္လိမ္းေပးရပါမယ္။
ပ်က္စီးသြားတဲ့ အေရျပားအေပၚလႊာအတြက္ ဆဲလ္ေသ ဖယ္ရွားပါ။
ေနေလာင္သြားတဲ့ အေရျပားအေပၚလႊာကို Scrub သံုးၿပီး ဖယ္ရွားလိုက္ပါ။ ဒါဆို အေရျပားအလႊာအသစ္အတြက္ အသက္ရူဝေစသလို အေရျပားၾကည္လင္လာႏိုင္ပါတယ္။ Scrub ေရြူူးခ်ယ္ရာမွာ မျပင္းထန္တာမ်ိဳးကို ေရြးသင့္ပါတယ္။
အေရျပားထပ္မထိခိုက္ေအာင္ကာကြယ္ပါ။
သႀကၤန္ၿပီးေနာက္ပိုင္းအျပင္ထြက္မယ္ဆိုရင္ ထီး၊ ဦးထုပ္၊ Sunscreen တို႔နဲ႔ထပ္ၿပီး အေရျပား မထိခိုက္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။
အေရျပား ကိုျပန္လည္အားျဖည့္ေပးပါ။
အေရျပားအတြက္ အဓိကလိုအပ္တဲ့ Vitamin C, Vitamin E ပါဝင္တဲ့ မ်က္ႏွာေပါင္းတင္ Mask ေလးေတြ ျပန္ကပ္ၿပီးအားျဖည့္ေပးပါ။ လၽွားေစာင္းလက္ပတ္ကလဲ အေရျပားျပန္ေကာင္းေအာင္အားျဖည့္ေပးႏိုင္ပါတယ္။ အိမ္တြင္းေပါင္းတင္နည္းေလးေတြကိုလည္းအသံုးျပဳႏိုင္ပါတယ္။
(၁) ခရမ္းခ်ဥ္သီး အေနေတာ္တစ္လံုး
(၂)သခြားသီး အစိမ္း အေနေတာ္တစ္လံုးသာလိုအပ္ပါသည္
ခရမ္းခ်ဥ္သီးကို အသံုးျပဳရျခင္းမွာအေရျပားအတြက္ ခရမ္းခ်ဥ္သီးဟုဆိုရေအာင္ပင္ အေရျပားအတြက္ ဓာတ္တိုးဆန္႔က်င္ေသာ (anti oxidant) Lycopane မ်ားစြာပါဝင္သည္။ ထို႔ျပင္ သဘာဝေနေရာင္ကာပစၥည္းျဖစ္သလိုေနေလာင္အသားအေရကို လ်င္ျမန္စြာသက္သာေစသည္။ သခြားသီးကေတာ့ သဘာဝ အမာရြတ္ေပ်ာက္ေဆး ဟုေခၚရေအာင္ အစြမ္းထက္ေသာေၾကာင့္ ျဖစ္သည္။
?ျပဳလုပ္ပံုမွာ
ခရမ္းခ်ဥ္သီး ကိုဦးစြာ ပါးပါးလွီး ျပစ္ျပစ္ေဖ်ာ္ထားပါ။ ထို႔ေနာက္ သခါးသီးကို လည္း ေသးငယ္စြာလွီး၍ (သို႔) ေဖ်ာ္စက္ႏွင့္ က်ိတ္၍ အရည္ျပစ္ ႏွစ္မ်ိဳးကို
သမေအာင္ေရာၿပီး မ်က္ႏွာအႏွံ႔ သုတ္လိမ္းၿပီး မိနစ္ ၂၀ခန္႔ထားပါ။ ထို႔ေနာက္ ေရေဆးလိုက္သည့္ႏွင့္ ဝင္းပစိုေျပေသာ အသားအေရကို ပိုင္ဆိုင္ႏိုင္ပီျဖစ္ပါသည္။
မယ္တင္( ေဆး ၁)