All Articlesအခြားရောဂါများအထွေထွေရောဂါများ

ရေကြီးပြီး ဖြစ်တတ်သောရောဂါများ

1 Mins read

ရေကြီးပြီး ဖြစ်တတ်သောရောဂါများ

ရေကြီးတဲ့အခါ မြင့်တက်လာတဲ့ ရေပြင်ကြီးနဲ့ အတူ စိုးရိမ်စိတ်တွေ သောကတွေလည်း တူတူမြင့်တက်ကြရစမြဲပါ။ အဝေးက စာနာပေးရသူတွေအတွက်တောင် ပူလောင်လှတဲ့ ‘ရေဘေး’ ဟာ ‘ရေ’ကျသွားရင်တောင် ဆက်မြင့်တက်ဒုက္ခပေးနေမဲ့ပြဿနာတွေ ဘက်ပေါင်းစုံမှာ ရှိနေပါသေးတယ်။

အထူးသဖြင့် ဒီလို ကျန်းမာရေးပြဿနာတွေက ဆက်ဒုက္ခပေးနေတတ်ပါတယ်။

? ကူးစက်ရောဂါများ

▪ရေမသန့် အစားအသောက်မသန့်နိုင်တဲ့ အခြေအနေကြောင့် အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ leptospirosis ရောဂါနဲ့ အသည်းရောင်အသားဝါ(အေ) အမျိုးအစားရောဂါတွေ ဖြစ်နိုင်ပါတယ်။

▪နေရာထိုင်ခင်း မသန့်ခြင်း လျှော်ဖွတ်ဖို့ အဝတ်အစားမသန့်ခြင်း ကြောင့် အရေပြားမှာ ယားနာရောဂါအမျိုးမျိုး ဖြစ်နိုင်ပါတယ်။

▪စိုစွတ်အေးမြတဲ့ အခြေအနေနဲ့ စိတ်ဖိစီးမှု လူပင်ပန်းမှုုတွေကြောင့် ကိုယ်ခံအားကျဆင်းတတ်တာမို့ အအေးမိခြင်းနဲ့ ရာသီတုပ်ကွေးလိုရောဂါတွေလည်း ဝင်လာတတ်ပါတယ်။

▪ခြင်တွေပိုပေါက်ဖွားဖို့ အခြေအနေပေးတာမို့ ခြင်ကတဆင့် ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနဲ့ ဆင်တုပ်ကွေးလို ရောဂါမျိုးတွေ ပိုဖြစ်လာနိုင်ပါတယ်။

? မတော်တဆ ထိခိုက်မှုများ

ရေကြီးနေစဉ်မှာ ပိုဖြစ်နိုင်ပေမဲ့ ရေကြီးပြီးပြန်လည်ထူထောင်ရေးလုပ်ရတဲ့ ကာလမှာလည်း ပုံမှန်မဖြစ်သေးတဲ့ မြေပြင်အခြေအနေ ပတ်ဝန်းကျင်အခြေအနေကြောင့် မတော်တဆမှုတွေ ထိခိုက်ရှနာတွေဖြစ်နိုင်ပါတယ်။ စိုစွတ်ပြီး မသန့်ရှင်းတဲ့ အခြေအနေလည်းဖြစ်တာမို့ အနာပိုးဝင်ဖို့ ပြည်တည်ဖို့ ပိုလွယ်ကူစေပါတယ်။

? မြွေပါးကင်းပါးအန္တရာယ်

ရေကြီးတုန်းမှာ ပါလာပြီး တင်ကျန်နေခဲ့တတ်တဲ့ မြွေ ၊ ကင်း နဲ့ အခြား အဆိပ်ရှိသတ္တဝါတွေ အန္တရာယ်လည်း ရှိတာမို့ သတိထားဖို့လိုပါတယ်။

? စိတ်ကျန်းမာရေး ပြဿနာများ

ရေစကြီးကတည်းက စဖြစ်ရတဲ့ စိုးရိမ်ကြောက်လန့်မှု၊ နေရာထိုင်ခင်းအသစ်တွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေသားမကျအဆင်မပြေမှု၊ အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုတွေက ရေဘေးသင့်သူတိုင်းကို စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ဖြစ်ကျန်နေစေတတ်ပါတယ်။

နဂိုစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သူ၊ စိတ်ပိုင်းရောရုပ်ပိုင်းပါ ပံ့ပိုးမှု လုံလောက်စွာရသူတွေ၊ အဆုံးအရှုံးမကြီးမားခဲ့သူတချို့တွေမှာ ထိခိုက်မှု နည်းနိုင်ပေမဲ့ လူတော်တော်များများမှာတော့ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲပြဿနာတွေ၊ Depressionဆိုတဲ့ စိတ်ကျရောဂါ ၊ Anxiety ဆိုတဲ့အစိုးရိမ်လွန်ရောဂါနဲ့ Post Traumatic Stress Disorder လို ပြန်ပျောက်ဖို့ခက်တဲ့ စိတ်ဒဏ်ရာဝေဒနာတွေ ဆက်ဖြစ်သွားတတ်ပါတယ်။

နှစ်သိမ့်ဆွေးနွေးမှုတွေ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေပါ လုံလောက်အောင်ပေးဖို့ အရေးကြီးပါတယ်။

အားလုံးပြန်လည်ကျန်းမာပျော်ရွှင်နိုင်ကြပါစေ…

Dr ဖြိုးဝေလင်း
(22.8.19)

ေရႀကီးၿပီး ျဖစ္တတ္ေသာေရာဂါမ်ား

ေရႀကီးတဲ့အခါ ျမင့္တက္လာတဲ့ ေရျပင္ႀကီးနဲ႔ အတူ စိုးရိမ္စိတ္ေတြ ေသာကေတြလည္း တူတူျမင့္တက္ၾကရစျမဲပါ။ အေဝးက စာနာေပးရသူေတြအတြက္ေတာင္ ပူေလာင္လွတဲ့ ‘ေရေဘး’ ဟာ ‘ေရ’က်သြားရင္ေတာင္ ဆက္ျမင့္တက္ဒုကၡေပးေနမဲ့ျပႆနာေတြ ဘက္ေပါင္းစံုမွာ ႐ွိေနပါေသးတယ္။

အထူးသျဖင့္ ဒီလို က်န္းမာေရးျပႆနာေတြက ဆက္ဒုကၡေပးေနတတ္ပါတယ္။

? ကူးစက္ေရာဂါမ်ား

▪ေရမသန္႔ အစားအေသာက္မသန္႔ႏိုင္တဲ့ အေျခအေနေၾကာင့္ အူေရာင္ငန္းဖ်ားေရာဂါ၊ ကာလဝမ္းေရာဂါ၊ leptospirosis ေရာဂါနဲ႔ အသည္းေရာင္အသားဝါ(ေအ) အမ်ိဳးအစားေရာဂါေတြ ျဖစ္ႏိုင္ပါတယ္။

▪ေနရာထိုင္ခင္း မသန္႔ျခင္း ေလွ်ာ္ဖြတ္ဖို႔ အဝတ္အစားမသန္႔ျခင္း ေၾကာင့္ အေရျပားမွာ ယားနာေရာဂါအမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။

▪စိုစြတ္ေအးျမတဲ့ အေျခအေနနဲ႔ စိတ္ဖိစီးမႈ လူပင္ပန္းမႈုေတြေၾကာင့္ ကိုယ္ခံအားက်ဆင္းတတ္တာမို႔ အေအးမိျခင္းနဲ႔ ရာသီတုပ္ေကြးလိုေရာဂါေတြလည္း ဝင္လာတတ္ပါတယ္။

▪ျခင္ေတြပိုေပါက္ဖြားဖို႔ အေျခအေနေပးတာမို႔ ျခင္ကတဆင့္ ကူးစက္တဲ့ ေသြးလြန္တုပ္ေကြးေရာဂါ၊ ငွက္ဖ်ားေရာဂါနဲ႔ ဆင္တုပ္ေကြးလို ေရာဂါမ်ိဳးေတြ ပိုျဖစ္လာႏိုင္ပါတယ္။

? မေတာ္တဆ ထိခိုက္မႈမ်ား

ေရႀကီးေနစဥ္မွာ ပိုျဖစ္ႏိုင္ေပမဲ့ ေရႀကီးၿပီးျပန္လည္ထူေထာင္ေရးလုပ္ရတဲ့ ကာလမွာလည္း ပံုမွန္မျဖစ္ေသးတဲ့ ေျမျပင္အေျခအေန ပတ္ဝန္းက်င္အေျခအေနေၾကာင့္ မေတာ္တဆမႈေတြ ထိခိုက္႐ွနာေတြျဖစ္ႏိုင္ပါတယ္။ စိုစြတ္ၿပီး မသန္႔႐ွင္းတဲ့ အေျခအေနလည္းျဖစ္တာမို႔ အနာပိုးဝင္ဖို႔ ျပည္တည္ဖို႔ ပိုလြယ္ကူေစပါတယ္။

? ေႁမြပါးကင္းပါးအႏၲရာယ္

ေရႀကီးတုန္းမွာ ပါလာၿပီး တင္က်န္ေနခဲ့တတ္တဲ့ ေႁမြ ၊ ကင္း နဲ႔ အျခား အဆိပ္႐ွိသတၱဝါေတြ အႏၲရာယ္လည္း ႐ွိတာမို႔ သတိထားဖို႔လိုပါတယ္။

? စိတ္က်န္းမာေရး ျပႆနာမ်ား

ေရစႀကီးကတည္းက စျဖစ္ရတဲ့ စိုးရိမ္ေၾကာက္လန္႔မႈ၊ ေနရာထိုင္ခင္းအသစ္ေတြနဲ႔ ကယ္ဆယ္ေရးစခန္းေတြမွာ ေနသားမက်အဆင္မေျပမႈ၊ အသက္ အိုးအိမ္ စည္းစိမ္ ဆံုးရံႈးမႈေတြက ေရေဘးသင့္သူတိုင္းကို စိတ္ပိုင္းဆိုင္ရာေဝဒနာေတြ ျဖစ္က်န္ေနေစတတ္ပါတယ္။

နဂိုစိတ္ပိုင္းဆိုင္ရာၾကံ့ခိုင္သူ၊ စိတ္ပိုင္းေရာ႐ုပ္ပိုင္းပါ ပံ့ပိုးမႈ လံုေလာက္စြာရသူေတြ၊ အဆံုးအ႐ွံဳးမႀကီးမားခဲ့သူတခ်ိဳ႕ေတြမွာ ထိခိုက္မႈ နည္းႏိုင္ေပမဲ့ လူေတာ္ေတာ္မ်ားမ်ားမွာေတာ့ စိတ္ဖိစီးမႈရဲ႕ ေနာက္ဆက္တြဲျပႆနာေတြ၊ Depressionဆိုတဲ့ စိတ္က်ေရာဂါ ၊ Anxiety ဆိုတဲ့အစိုးရိမ္လြန္ေရာဂါနဲ႔ Post Traumatic Stress Disorder လို ျပန္ေပ်ာက္ဖို႔ခက္တဲ့ စိတ္ဒဏ္ရာေဝဒနာေတြ ဆက္ျဖစ္သြားတတ္ပါတယ္။

ႏွစ္သိမ့္ေဆြးေႏြးမႈေတြ စိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈေတြပါ လံုေလာက္ေအာင္ေပးဖို႔ အေရးႀကီးပါတယ္။

အားလံုးျပန္လည္က်န္းမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ…

Dr ၿဖိဳးေဝလင္း
(22.8.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…