မီးတွင်းထဲ မိတ်ကပ်လိမ်းလို့ရမရ

ဒီတစ်ခေါက်ပြောရမှာတော့ နည်းနည်းဆန်းတယ်။ ခေါင်းစဉ်က မီးတွင်းထဲ(မီးနေသည်)မိတ်ကပ်လိမ်းလို့ ရ/မရ တဲ့။ မိတ်ကပ်လိမ်းလို့ရမရ အရင်မပြောခင်မှာ မီးတွင်းဆိုတာကိုနည်းနည်းပြောရအောင်။ မီးတွင်းဆိုတာ မိခင်တစ်ယောက်ကလေးမွေးဖွားပြီး (၄၅)ရက်အတွင်းကိုခေါ်ပါတယ်။ ကလေးမီးဖွားပြီးတဲ့အခါမှာ မျက်နှာအသားအရေရဲ့ ပြောင်းလဲမှုလေးတွေကိုနည်းနည်းပြောပြပါမယ်…

၁)မျက်လုံးအောက်ဟာမို့ဖောင်းလာပြီး အိတ်ကလေးလိုပေါ်လာတတ်ပါတယ်။

၂)မျက်နှာအသားအရေတွေဟာပိုမိုခြောက်သွေ့လာတတ်ပြီး အသားအရောင်မညီတာတွေဖြစ်တတ်ပါတယ်။

၃)ဝက်ခြံ၊တင်းတိပ်တွေလဲ ပိုပိုထွက်လာတတ်ပါတယ်။

ဒီအရာတွေဘာလို့ပေါ်လာရသလဲဆိုရင် ဟော်မုန်းအပြောင်းအလဲ၊စိတ်ဖိစီးမှု၊အိပ်ရေးပျက်ခြင်းနဲ့ အသားအရေကိုဂရုစိုက်မှုအားနည်းသွားတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကအရမ်းကိုစိတ်ညစ်ပူပန်ရမယ့်အရာတော့လဲ မဟုတ်ပါဘူး။ အရေပြားထိန်းသိမ်းမှုနည်းလမ်းတွေကို စနစ်တကျလိုက်နာမယ်ဆိုရင် အဆင်ပြေသွားမှာပဲဖြစ်ပါတယ်။

မီးတွင်းထဲ မိတ်ကပ်လိမ်းလို့ ရ/မရ???

ရပါတယ်။

မျက်နှာအသားအရေကိုကောင်းမွန်စေဖို့အတွက် သင့်တော်တဲ့အရေပြားထိန်းသိမ်းပစ္စည်းတွေကို သုံးပေးသင့်ပါတယ်။ ဒါမှလဲ အရေပြားခြောက်သွေ့ခြင်း၊မျက်လုံးအောက်တွဲခြင်း၊ဝက်ခြံနဲ့တင်းတိပ်ဖြစ်ခြင်းတို့ကိုသက်သာစေနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုဟာတွေကို လိမ်းကြမလဲ???

၁)SPF ပါဝင်မှုမြင့်မားတဲ့ Sun screen

၎င်းဟာ မျက်နှာအသားအရေကိုနေရောင်ခြည်ထိတွေ့ပျက်စီးခြင်းမှကာကွယ်ပေးရုံမက အမဲစက်တွေကိုလဲပျောက်ကင်းစေနိုင်ပါတယ်။

၂)Antioxidant serum

၎င်းကတော့ အရေးအကြောင်းပေါ်ခြင်း၊အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြားအရောင်ရင့်ခြင်းတို့ကိုသက်သာစေနိုင်ပါတယ်။

၃)Moisturizer

၎င်းကအရေပြားခြောက်သွေ့အက်ကွဲခြင်း၊လျော့ရဲခြင်းတို့ကိုသက်သာစေပြီး တင်းတင်းရင်းရင်းနဲ့စိုစိုမွတ်မွတ်လေးဖြစ်စေပါတယ်။

အချုပ်ဆိုရရင် မီးတွင်းထဲမှာအသားအရေကိုကောင်းကောင်းထိန်းသိမ်းတတ်ဖို့အလွန်အရေးကြီးပါတယ်။ မထိန်းမသိမ်းပဲပြစ်ထားလိုက်ရင်တော့ လှပကျော့ရှင်းတဲ့အသားအရေနဲ့ဝေးရမှာအသေအချာပဲဖြစ်ပါကြောင်းသတိပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။

မီးတွင်းမီးပြင်၊ပျိုပျိုအိုအိုမကျန် လှနိုင်ကြပါစေကြောင်းဆုမွန်တောင်းလျက်။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…