Should Covid-19 domestic infections be feared?
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid-19 ပြည်တွင်းကူးစက်မှုတွေဟာ ကြောက်သင့်လား ❓

1 Mins read

🕵တချို့လူတွေမေ့လုနီးပါးဖြစ်နေတဲ့ Covid-19ကူးစက်ရောဂါကြီးဟာ မကြာသေးမီက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာတဲ့ပိုးတွေ့လူနာမြောက်များစွာကြောင့် တစ်ဖန်ပြန်ပြီး အုတ်အော်သောင်းနင်းတွေဖြစ်လာပါတယ်။ Face Mask တွေကလည်း စီးပွားရေ:သမားတွေရဲ့ ခြယ်လှယ်မှုအတိုင်း တစ်ခုကို ၁၅၀၊၂၀၀ စျေးတွေပြန်တက်လာကြတယ်။ Panic buying လုပ်တာတွေမျိုးမရှိကြတော့ပေမယ့် ပိုးတွေ့လူနာ တစ်နေ့တည်းမှာ အယောက် ၇၀ ကျော်တာမျိုးတွေကြောင့် တခြားနိုင်ငံတွေလိုဖြစ်လာမှာ လူတွေကတော့ အတော့်ကိုထိတ်လန့်နေကြပါပြီ။ ဒီနေ့ 28/8/20 ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ Covid-19 ဖြစ်ပွားနေသူဦးရေ ၆၀၀ ကျော်ရှိနေပြီး ဒီနေ့တစ်ရက်တည်းမှာတင် ပြည်တွင်းကူးစက်မှု ၈ ယောက်ရှိနေပြီပဲဖြစ်ပါတယ်။

👨‍⚕️ပြည်တွင်းကူးစက်မှုတွေဟာကြောက်သင့်လားလို့မေးရင် ကြောက်သင့်ပါတယ်။ ပုံမှန်ဆိုရင် နိုင်ငံခြားကိုခရီးသွားရာဇဝင်ရှိသူ၊ ရောဂါလက္ခဏာပြနေသူ၊ ရောဂါပိုးရှိသူနဲ့ထိတွေ့ထားသူတွေကို သတ်သတ်ထားပြီး စောင့်ကြည့်စစ်ဆေးလို့ရပေမယ့် အဲ့လိုတွေမရှိရင်တော့ Quarantine ဝင်ခိုင်းပြီးစောင့်ကြည့်ခံရဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ်ခံအားကောင်းလို့ ရောဂါပိုးဟာ လက္ခဏာတွေမပြတာလဲဖြစ်နိုင်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို Covid-19 ရောဂါပိုး ရှိနေတယ်ဆိုတာ မသိဘဲ ဘယ်လိုနေရာပေါင်းများစွာကို သွားရောက်ပြီးပြီလဲ ❔ ဘယ်လောက်လူတွေနဲ့ထိတွေ့ဆက်ဆံပြီးပြီလဲ❔ကိုယ့်မိသားစုမှာရော ပြန့်နှံ့နေပြီလား ❔ ဒါဟာ တကယ့်ကို စိုးရိမ်ထိတ်လန့်စရာပါပဲ။တစ်ခါတစ်လေ ရောဂါပိုးရှိနေတဲ့လူက ဘာရောဂါလက္ခကာမှမပြဘဲ ပိုးရှိသူနဲ့ထိတွေ့မိတဲ့ အိမ်သားတွေ၊ သူငယ်ချင်းတွေမှာ ရောဂါလက္ခဏာလာပြနေတာလည်းဖြစ်ကြပါတယ်။

Contact tracing လိုက်နိုင်မှပဲ ဘယ်သူ့ဆီက ပြန့်နှံ့တာလဲဆိုတာသိနိုင်မှာပါ။ ယခုဆိုရင် ရခိုင်ပြည်နယ် စစ်တွေ၊မောင်တော၊ပေါက်တော၊ကျောက်ဖြူ စတာတွေမှာ ပြည်တွင်းကူးစက်မှုတွေများလာပါပြီ။ ဒါကို အချိန်မီ contact tracing လုပ်နိုင်မှပဲ နောက်ထပ် ပြည်တွင်းကူးစက်မှုတွေရပ်တန့်သွားတော့မှာပါ။

ဒါ့ကြောင့် လူတွေအနေနဲ့လည်း ပြည်တွင်းကူးစက်မှု ကူးစက်မခံရအောင်…..

⛔ တတ်နိုင်ရင် အိမ်ထဲမှာပဲနေပါ

⛔ တစ်ခုခုကိုထိတွေ့ပြီးတဲ့အခါ လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောပါ

⛔ အစားမစားခင်လည်း လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ

⛔ မျက်နှာ၊နှာခေါင်း၊ပါးစပ်၊မျက်လုံးစတာတွေကို လက်နဲ့ခဏခဏကိုင်တွယ်ခြင်းမပြုလုပ်ပါနဲ့

⛔ အပြင်သွားလျှင် Mask တပ်ပါ

⛔ လူစုလူဝေးရှောင်ပါ

⛔ တစ်ဦးနဲ့ တစ်ဦး ၃ ပေအကွာမှာနေပါ

⛔ ဖျားနေ၊ ချောင်းဆိုးနေတဲ့သူနဲ့ ဝေးဝေးနေပါ

⛔ မိမိကိုယ်တိုင် နှာစေး၊ ချောင်းဆိုးနေပြီဆိုရင်လည်း Mask အုပ်ထားပါ။

🚫 အကယ်၍ ဖျားတာ၊နုံးတာ၊ချောင်းခြောက်

ဆိုးတာ၊လည်ချောင်းနာတာ၊ခေါင်းကိုက်တာ၊ မျက်လုံးကိုက်တာ၊ ကိုယ်တွေ လက်တွေနာတာ၊ဝမ်းသွားတာ၊အန်တာ၊အနံ့၊အရသာမရတာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာရှိလာတာ စတဲ့လက္ခဏာတွေတစ်ခုခုခံစားနေရပြီဆိုရင်တော့ ဖွင့်လှစ်ထားတဲ့ ဖျားနာကုဆေးခန်းတွေကိုသွားရောက်စစ်ဆေးပေးပါ။

Covid-19 ပြည်တွင်းကူးစက်မှုရပ်တန့်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့….💪။

ဒေါက်တာသွန်းထည်ဝါ (ဆေး ၂)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…