ပါဝင်သောဆေး-Cefixime။
ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ သောက်ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဆေးနှင့်သင့်လျော်သောပိုးများကြောင့်ဖြစ်သော ဆီးလမ်းကြောင်း၊ အသက်ရူလမ်းကြောင်းပိုးဝင်ခြင်းများ၊ အူရောင်ငန်းဖျားရောဂါ။
သုံးစွဲရန်အညွှန်း-လူကြီးနှင့် အသက်၁၂နှစ်အထက်ကလေးများ ၁-၂ လုံး တစ်နေ့ ၁-၂ကြိမ် ၁-၂ပတ်။
အသက် ၁၁-၁၂နှစ်ကလေးများ ၁၅စီစီ၊
အသက် ၅-၁၀နှစ်ကလေးများ ၁၀စီစီ၊
အသက် ၁-၄နှစ် ကလေးများ ၅စီစီ၊
၆လမှ ၁နှစ်ကလေးများ ၃.၇၅စီစီ၊
၆လအထက်ကလေးများ ၈မီလီဂရမ်/ကီလိုဂရမ်(ကိုယ်အလေးချိန်)
အစာနှင့်စားရန်သင့်မသင့်-အစာ၊နို့နှင့် တွဲသောက်ပါက အစာအိမ်ဘေးထွက်ဆိုးကျိုးနည်းစေပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အသက် ၆လအောက်ကလေးများ။
သတိပြုရမည့်အချက်များ-အစာအိမ်နှင့် အူလမ်းကြောင်းရောဂါရှိသူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ဝမ်းအရောင်ပြောင်းခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေပွခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်းစသည်။
ဒေါက်တာချို(ဆေး ၁)