တစ်ဦးတည်းသောသားသမီးဖြစ်ရခြင်း၏ အားသာချက်နှင့်အားနည်းချက်များ

တစ်ဦးတည်းသောသားသမီးဖြစ်ရခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများမှာ ကလေးအပေါ်တွင်သာမကဘဲ မိဘများကိုလည်းသက်ရောက်မှုရှိသည်။ အချို့ကောင်းကျိုး ဆိုးကျိုးများမှာ မိဘ၏ပျိုးထောင်မှုနည်းလမ်းပေါ်တွင်လည်းမူတည်သည်။

‌ ကောင်းသောအချက်များမှာ မိဘများသည်ကလေးအတွက် အချိန်လုံလောက်စွာပေးနိုင်မည်။ မွေးချင်းမရှိသောကြောင့် မိဘ၏အာရုံစိုက်မှုနှင့်ချစ်ခြင်းကို အပြည့်အဝရရှိနိုင်မည်။ အသက်သိပ်မကွာသောညီအစ်ကိုများတွင်တွေ့ရလေ့ရှိသော ပြိုင်ဆိုင်ခြင်းများနှင့် မနာလိုဝန်တိုမှုများကိုလည်းတွေ့ရမည်မဟုတ်ပေ။ မိဘများသည်အရာရာကိုလိုက်လုပ်မပေးဘဲ ကလေးကိုယ်တိုင်လုပ်နိုင်သောအရာများကိုလုပ်ခွင့်ပြုစေခြင်းဖြင့် ကိုယ့်အားကိုယ်ကိုးသောစရိုက်လည်းရလာနိုင်ပါသည်။ ယနေ့ခေတ်ကဲ့သို့ကုန်ဈေးနှုန်းကြီးမြင့်လှသည့်အချိန်တွင် မိဘတွင်လည်းဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ သက်သာစေမည်။ တစ်ဦးတည်းသောသားသမီးဖြစ်သောကြောင့် သူတက်ချင်သောသင်တန်းများကိုထောက်ပံ့နိုင်ဖို့ အခွင့်အလမ်းကောင်းမည်။ မိခင်သည်လည်း ကလေးများ၏အလုပ်များဖြင့်သာ အချိန်ကုန်လူပင်ပန်းဖြစ်မနေပဲ နားချိန်ရမည်ဖြစ်သည်။

‌ ဆိုးကျိုးများမှာ အထီးကျန်မှုဖြစ်စေနိုင်သည်။ သို့ရာတွင် သူငယ်ချင်းများ၊ဝမ်းကွဲညီကိုများရှိလျှင် ပြဿနာမရှိလှပေ။ တစ်ဦးတည်းသောသားသမီးဖြစ်သောကြောင့် မျှော်လင့်ချက်ကြီးကြီးထားပြီး မျက်စိအောက်ပျောက်မခံပဲရှိသောကြောင့် ဖိစီးမှုဖြစ်စေနိုင်သည်။ မိဘအသက်ကြီးလာလျှင် တစ်ယောက်တည်းပြုစုစောင့်ရှောက်ရမည်ဖြစ်သောကြောင့် အခက်အခဲရှိလာနိုင်သည်။ မိဘမရှိေတော့လျှင်လည်း တစ်ယောက်တည်းမကျန်နေစေရန် မိတ်ဆွေသူငယ်ချင်းကောင်းများ၊ လက်တွဲဖော်ကောင်းတို့လိုအပ်ပါသည်။ အကယ်၍မိဘက ငယ်ကတည်းကအရမ်းအလိုလိုက်ပြီး အရာရာဖြည့်ဆည်းပေးလျှင်လည်း အရွယ်ရောက်၍ လုပ်ငန်းခွင်ဝင်လျှင်အခက်အခဲများရှိတတ်သည်။မိမိကိုယ်ကိုအားကိုးလိုစိတ်နည်းပါးပြီး ယုံကြည်မှုအားနည်းနေတတ်သည်။

‌ နှစ်မျိုးလုံးတွင်တော့ အားသာချက်၊အားနည်းချက်ကိုယ်စီရှိသည်။ မိဘ၏အုပ်ထိန်းမှုနည်းလမ်းပေါ်တွင်လည်းမူတည်သည်။ သို့ရာတွင် နှစ်စဉ်ဆက်တိုက်ကလေးယူခြင်းက မိခင်၏ကျန်းမာရေးအတွက်လည်းမကောင်းလှပေ။ ကလေးများအပေါ်အချိန်ကောင်းစွာပေးနိုင်မည်လည်းမဟုတ်ပေ။ ထို့ကြောင့် လက်မထပ်ခင်ကတည်းက လက်တွဲဖော်နှင့် ဘယ်နှနှစ်ခြားပြီး ကလေးမည်မျှယူမည်ကိုတိုင်ပင်ပြီး သားဆက်ခြားခြင်းကိုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေး၍သေချာလုပ်ဆောင်သင့်ပါသည်။

‌ မေတ္တာမွန်ဖြင့်

‌ နွေ

တစ္ဦးတည္းေသာသားသမီးျဖစ္ရျခင္း၏ အားသာခ်က္ႏွင့္အားနည္းခ်က္မ်ား

တစ္ဦးတည္းေသာသားသမီးျဖစ္ရျခင္း၏ ေကာင္းက်ိဳး၊ဆိုးက်ိဳးမ်ားမွာ ကေလးအေပၚတြင္သာမကဘဲ မိဘမ်ားကိုလည္းသက္ေရာက္မႈရွိသည္။ အခ်ိဳ႕ေကာင္းက်ိဳး ဆိုးက်ိဳးမ်ားမွာ မိဘ၏ပ်ိဳးေထာင္မႈနည္းလမ္းေပၚတြင္လည္းမူတည္သည္။

‌ ေကာင္းေသာအခ်က္မ်ားမွာ မိဘမ်ားသည္ကေလးအတြက္ အခ်ိန္လုံေလာက္စြာေပးႏိုင္မည္။ ေမြးခ်င္းမရွိေသာေၾကာင့္ မိဘ၏အာ႐ုံစိုက္မႈႏွင့္ခ်စ္ျခင္းကို အျပည့္အဝရရွိႏိုင္မည္။ အသက္သိပ္မကြာေသာညီအစ္ကိုမ်ားတြင္ေတြ႕ရေလ့ရွိေသာ ၿပိဳင္ဆိုင္ျခင္းမ်ားႏွင့္ မနာလိုဝန္တိုမႈမ်ားကိုလည္းေတြ႕ရမည္မဟုတ္ေပ။ မိဘမ်ားသည္အရာရာကိုလိုက္လုပ္မေပးဘဲ ကေလးကိုယ္တိုင္လုပ္ႏိုင္ေသာအရာမ်ားကိုလုပ္ခြင့္ျပဳေစျခင္းျဖင့္ ကိုယ့္အားကိုယ္ကိုးေသာစ႐ိုက္လည္းရလာႏိုင္ပါသည္။ ယေန႔ေခတ္ကဲ့သို႔ကုန္ေဈးႏႈန္းႀကီးျမင့္လွသည့္အခ်ိန္တြင္ မိဘတြင္လည္းဝန္ထုပ္ဝန္ပိုးမျဖစ္ေစပဲ သက္သာေစမည္။ တစ္ဦးတည္းေသာသားသမီးျဖစ္ေသာေၾကာင့္ သူတက္ခ်င္ေသာသင္တန္းမ်ားကိုေထာက္ပံ့ႏိုင္ဖို႔ အခြင့္အလမ္းေကာင္းမည္။ မိခင္သည္လည္း ကေလးမ်ား၏အလုပ္မ်ားျဖင့္သာ အခ်ိန္ကုန္လူပင္ပန္းျဖစ္မေနပဲ နားခ်ိန္ရမည္ျဖစ္သည္။

‌ ဆိုးက်ိဳးမ်ားမွာ အထီးက်န္မႈျဖစ္ေစႏိုင္သည္။ သို႔ရာတြင္ သူငယ္ခ်င္းမ်ား၊ဝမ္းကြဲညီကိုမ်ားရွိလွ်င္ ျပႆနာမရွိလွေပ။ တစ္ဦးတည္းေသာသားသမီးျဖစ္ေသာေၾကာင့္ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားၿပီး မ်က္စိေအာက္ေပ်ာက္မခံပဲရွိေသာေၾကာင့္ ဖိစီးမႈျဖစ္ေစႏိုင္သည္။ မိဘအသက္ႀကီးလာလွ်င္ တစ္ေယာက္တည္းျပဳစုေစာင့္ေရွာက္ရမည္ျဖစ္ေသာေၾကာင့္ အခက္အခဲရွိလာႏိုင္သည္။ မိဘမရွိေေတာ့လွ်င္လည္း တစ္ေယာက္တည္းမက်န္ေနေစရန္ မိတ္ေဆြသူငယ္ခ်င္းေကာင္းမ်ား၊ လက္တြဲေဖာ္ေကာင္းတို႔လိုအပ္ပါသည္။ အကယ္၍မိဘက ငယ္ကတည္းကအရမ္းအလိုလိုက္ၿပီး အရာရာျဖည့္ဆည္းေပးလွ်င္လည္း အ႐ြယ္ေရာက္၍ လုပ္ငန္းခြင္ဝင္လွ်င္အခက္အခဲမ်ားရွိတတ္သည္။မိမိကိုယ္ကိုအားကိုးလိုစိတ္နည္းပါးၿပီး ယုံၾကည္မႈအားနည္းေနတတ္သည္။

‌ ႏွစ္မ်ိဳးလုံးတြင္ေတာ့ အားသာခ်က္၊အားနည္းခ်က္ကိုယ္စီရွိသည္။ မိဘ၏အုပ္ထိန္းမႈနည္းလမ္းေပၚတြင္လည္းမူတည္သည္။ သို႔ရာတြင္ ႏွစ္စဥ္ဆက္တိုက္ကေလးယူျခင္းက မိခင္၏က်န္းမာေရးအတြက္လည္းမေကာင္းလွေပ။ ကေလးမ်ားအေပၚအခ်ိန္ေကာင္းစြာေပးႏိုင္မည္လည္းမဟုတ္ေပ။ ထို႔ေၾကာင့္ လက္မထပ္ခင္ကတည္းက လက္တြဲေဖာ္ႏွင့္ ဘယ္ႏွႏွစ္ျခားၿပီး ကေလးမည္မွ်ယူမည္ကိုတိုင္ပင္ၿပီး သားဆက္ျခားျခင္းကိုဆရာဝန္ႏွင့္တိုင္ပင္ေဆြးေႏြး၍ေသခ်ာလုပ္ေဆာင္သင့္ပါသည္။

‌ ေမတၱာမြန္ျဖင့္

‌ ေႏြ