လူကြီး သွေးလွန်တုပ်ကွေးရောဂါ

မိုးရာသီနဲ့အတူ သွေးလွန်တုပ်ကွေး သတိပေးချက်များများ ထွက်ပေါ်လာသလို အိမ်ရှိတစ်စုံတစ်ယောက် နေမကောင်းဖြစ်လျှင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်နေမှာ စိုးရိမ်လာကြသည် ။ ဒီဘက်ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ပိုမိုနာမည်ကြီးလာသလို လူနာများဘက်မှလဲ ပိုမိုစိုးရိမ် ပူပန်လာကြသည် ။ ထို့အပြင် သွေးလွန်တုပ်ကွေးရောဂါမှာ ခြင်မှတဆင့် ကူးစက်နိုင်တာကြောင့် ခြင် နှိမ်နင်းရေး ၊ ကာကွယ်ရေးတွေကို အလေးထားပြောဆိုလာကြပါတယ် ။

သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်လဲ ?

သွေးလွန်တုပ်ကွေးဟာ Arbo virus အုပ်စုမှ ဒန်ဂီးဗိုင်းရပ်စ် ( dengue virus) ကြောင့်ဖြစ်စေပါတယ် ။ RNA Virus ဖြစ်ပြီး တုပ်ကွေး လက္ခာဏာနှင့် အတူ သွေးယိုစေ သွေးထွက်လွန် စေသောကြောင့် သွေးလွန်တုပ်ကွေး ရောဂါလို့ ခေါ်ပါတယ်။ အမျိုးအစားကွဲအားဖြင့် လေးမျိုးရှိပြီး အမျိုးအစားတစ်မျိုးဖြစ်ဖူးရုံနဲ့ ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ။ သို့သော် နောက်တစ်ကြိမ် နောက်အမျိုးအစားတစ်မျိုးဝင်လာပါက ပိုမိုပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးကို ဖြစ်စေပါတယ် ။

ဒီသွေးလွန်တုပ်ကွေးကို အဓိကသယ်ဆောင်တာကတော့ အေဒီးစ်ခြင် အမျိုးအစားဖြစ်ပါတယ် ။ အဖြူအမည်းကြားရှိပြီး အဓိက ဗိုင်းရပ်စါကိုသယ်ဆောင်တာက ခြင်မဖြစ်ပါတယ် ။ ရေကြည်ရေသန့်တွေမှာ အဓိကပေါက်ဖွားလေ့ရှိပြီး ဘုရားပန်းအိုး ၊ ရေစည်ရေခွက်များ ၊ ရေတင်ကျန်နိုင်သည့် ဗူးခွံ ပုံးခွံအလွတ်များ တာယာဟောင်းများတွင် ပေါက်ဖွားကြပါတယ် ။ အထူးသဖြင့် မနက်ခင်းနဲ့ ညနေတွေမှာ ပိုမိုကိုက်လေ့ရှိပါတယ် ။

အရှေ့တောင်အာရှနိုင်ငံတော်တော်များများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိပြီး မှတ်တမ်းများအရ ငါးနှစ်အရွယ်မှ အသက်ကြီးပိုင်းများအထိ ဖြစ်ပွားမှုတိုးလာကြောင်း သိရသည် ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များ လူကြီးများတွင် တွင် ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါကို အထူးသတိပြုလာကြပြီး အလေးပေး ကာကွယ်နေကြပါတယ် ။

ယခင်အခါများက အသက် ၁၅ နှစ်အောက် ကလေးများတွင်သာ ဖြစ်ပွားလေ့ရှိသည်ဟု ယူဆခဲ့ကြရာမှ ယခုအခါ လူငယ်လူလတ်ပိုင်းများ လူကြီးများတွင်ပါ ပိုပိုပြီး ဖြစ်ပွားလာကြောင်း တွေ့ရသည် ။

သွေးလွန်တုပ်ကွေးရောဂါဟာ ခန့်မှန်းရခက်သော ရောဂါတစ်ခုထဲ အပါအဝင်ဖြစ်ပါတယ် ။ အဆင့်များအနေနဲ့

(၁) ရောဂါလက္ခဏာ ပြသမှု မရှိခြင်း

( ၂ ) ရိုးရိုးဒန်ဂီး အဖျားရောဂါအများစုတွင် သာမာန်တုပ်ကွေးရောဂါကဲ့သို့ ရုတ်တရက် အဖျားကြီးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခြေဆစ်လက်ဆစ်ကိုက်ခြင်း ၊ နေထိုင်မကောင်းခြင်း ၊ ပျို့ချင် အန်ချင်ခြင်းများဖြစ်ပွားပြီး ပြန်ကောင်းသွားခြင်း

( ၃ ) အထက်ပါလက္ခဏာများနှင့်အတူ သွေးယိုစီးမှု လက္ခဏာများရှိခြင်း

( ၄ ) သွေးလန့်သောလက္ခဏာ ( dengue shock syndrome) ဖြစ်ပွားပြီး သေဆုံးသည်အထိဖြစ်ခြင်း

အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် နဂိုရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြောင့် ကိုယ်ခံအား နည်းပါးနေသူများတွင် ပိုမိုပြီး ရလာဒ်ဆိုးများထွက်ပေါ်လေ့ရှိပါတယ် ။

သွေးလွန်တုပ်ကွေး လက္ခဏာတွေဟာ တစ်ပတ်လောက်ကြာရင် ပြန်လည် ပျောက်ကင်းသွားနိုင်ပါတယ် ။ သို့သော် ရောဂါလက္ခဏာပြပြီး ၃ရက်မှ ၅ ရက်အတွင်းဟာ အရေးကြီးဆုံးကာလပဲ ဖြစ်ပါတယ် ။ ထိုအချိန်အတွင်း နှာခေါင်းသွေး သွားဖုံးသွေးယိုတာ ပိုဆိုးလာပါက ကော်ဖီရောင် သွေးအန်ခြင်း ဝမ်းမည်းမည်းများသွားခြင်း တို့ဖြစ်လာပါက ရှော့ဝင်သည် အထိဖြစ်နိုင်ပါတယ် ။ ထိုအဆင့်အထိ ရောက်လာပါက အထူးဂရုစိုက်ရန် လိုအပ်ပြီး ဆေးရုံတက်ရန်လိုအပ်ပါတယ် ။

ပြင်းထန်ရောဂါအဆင့်တွင် အောက်ပါ အခြေအနေများကို တွေ့နိုင်ပါတယ် ။

– သွေးရည်ကြည်များ ပြင်းထန်စွာ ယိုစီးခြင်း

– သွေးပြင်းထန်စွာယိုခြင်း

– ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ပျက်စီးခြင်း ဆိုးရွားပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးအဆင့်များ မရောက်မှီ Warning signs လို့ခေါ်တဲ့ သတိပေးလက္ခဏာရပ်များကို သိထားသင့်ပါတယ် ။

– ဗိုက် မခံမရပ်နိုင်အောင် နာလာခြင်း

– အဆက်မပြတ်အန်ခြင်း

– နှလုံးခုန်နှုန်း မြန်လာခြင်း

– ခြေဖျားလက်ဖျားများ အေးစက်၍ ချွေးစေးများပြန်လာခြင်း ဂဏာမငြိမ်ဖြစ်ခြင်း

– ကော်ဖီရောင်များ အန်ခြင်း သွေးအန်ခြင်း

– ဝမ်းမည်းမည်း သွားခြင်း အစရှိသည့် အထက်ပါ လက္ခဏာများဖြစ်ပွားပါက ဆေးရုံသို့အလျင်အမြန်ပို့ရန် လိုအပ်ပါသည် ။

လူကြီးသွေးလွန်တုပ်ကွေးရောဂါတွင် သွေးယိုစီးမှု လက္ခဏာများအဖြစ် အနီစက်များထွက်ခြင်း ၊ နှာခေါင်းသွေးယိုစီးခြင်း ၊ ရာသီသွေး အလွန်အမင်း ဆင်းခြင်းတို့ အတွေ့များသော်လည်း အများဆုံးတွေ့ရသည်မှာ အစာအိမ်သွေးယိုစီးမှုပင်ဖြစ်သည် ။

ထို့အတူ အသည်းထိခိုက်ခြင်းများ ရှိနိုင်ပြီး ထို့အတွက် လူကြီးများတွင် နာတာရှည် အသည်းရောင်ရောဂါ ရှိသူများ ၊ အရက်ကြောင့် အသည်းခြောက်သူများတွင် အသည်းပိုမိုပျက်စီးလေ့ရှိပါတယ် ။ ဦးနှောက်ကို ထိခိုက်ပါက သတိလစ်ခြင်း လက္ခဏာများ တွေ့ရပါတယ် ။

လူကြီးသွေးလွန်တုပ်ကွေးတွင် အများဆုံးတွေ့လေ့ရှိသော ပုံမှန်မဟုတ်သည့် လက္ခဏာများအနေဖြင့် ကိုယ်တွင်းသွေး ယိုစီးမှုများပြားခြင်း ၊ နှလုံးကြီးခြင်း ၊ နှလုံးခုန် မူမမှန်ခြင်း ၊ ARDS ကဲ့သို့အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားခြင်း ၊ ပန်ကရိယရောင်ခြင်း ၊ အူအတက်ရောင်ခြင်း ၊ အာရုံကြောဆိုင်ရာ လက္ခဏာများဖြစ်သော တက်ခြင်း ၊ ကိုမာဝင်ခြင်းများအထိ တွေ့နိုင်ပါတယ် ။

ထို့အတွက် သွေးလွန်တုပ်ကွေးရေးတွင် ခြင်မကိုက်ခံရဖို့ရော ခြင်နှိမ်နင်းရေး နှစ်မျိုးလုံး အရေးကြီးပါတယ် ။

။နေ့ခင်းဘက် အိပ်စဉ် ခြင်မကိုက်ခံရစေရန် သတိပြုပါ ။

။လိုအပ်ပါက ခြင်ထောင် ၊ ခြင်မကိုက်သည့်လိမ်းဆေးများ အသုံးပြုပါ ။

။ ပန်းအိုး ၊ ဘုရားအိုးများ နေ့စဉ် လဲလှယ်ပါ ။

။ ဘူးခွံ ၊ ပုံးခွံ ၊ တာယာဟောင်းများတွင် ခြင်မပေါက်ဖွားစေရန် သတိထားပါ ။

။ ခြင်ခိုအောင်းနိုင်သော နေရာများကို သေချာရှင်းလင်းပါ ။

။ ဖုံး ၊သွန် ၊လဲ ၊ စစ် လုပ်ဆောင်ခြင်းက ခြင်မပေါက်ဖွားအောင် လုပ်ဆောင်ပေးပါတယ် ။

ဒေါက်တာရှိန်းသူဟန်

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *