ကလေးတွေမျာဖြစ်တတ်တဲ့ ရောဂါပိုးကြောင့် ကျောက်ကပ်ရောင်ခြင်း
Streptococcus ရောဂါပိုးကြောင့်ကျောက်ကပ်ရောင်တယ်ဆိုတာ ကလေးတစ်ယောက်မှာ… အရေပြားမှာအနာဖြစ်ပြီး ဒါမှမဟုတ် အာသီးယောင်ပြီး ဆယ်ရက်ကနေ နှစ်ပတ်အကြာမှာ ဖြစ်တတ်တဲ့ ကျောက်ကပ်ရောင်တဲ့ ရောဂါဖြစ်ပါတယ်..။ အဓိကလက္ခဏာတွေအနေနဲ့ ဆီးသွားတဲ့အခါ သွေးပါပြီး ခြေထောက်တွေ ဒါမှမဟုတ်မျက်လုံးတစ်ဝိုက်မှာ ဖောတာရှိတတ်ပါတယ်..။
ဘာကြောင့်ဖြစ်ရတာလဲ
Streptococcus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် တိုက်ရိုက်ဖြစ်တာထက်စာရင် ပိုးကိုတိုက်ထုတ်တဲ့ ခုခံအားကြောင့်ဖြစ်ရတာပါ..။ ကလေးရဲ့ခန္ဒာကိုယ်ထဲကို ရောဂါပိုးဝင်လာတဲ့အခါ ခန္ဒာကိုယ်က ပဋိပစ္စည်းတွေထုတ်ပေးပါတယ်..။ ပုံမှန်အားဖြင့်ဆိုရင် ပဋိပစ္စည်းနဲ့ ဘက်တီးရီးယားအသေတွေဟာ ခန္ဒာကိုယ်ထဲကနေ ဘာမှပြသနာမရှိဘဲ ရှင်းလင်းသွားလေ့ရှိပါတယ်..။ တချို့တွေမှာတော့ ဒီပဋိပစ္စည်းတွေက ကျောက်ကပ်မှာ သွားပြီးစုပုံပါတယ်..။ အဲဒီအခါ ဆီးကိုကောင်းကောင်းမစွန့်ထုတ်နိုင်ဘဲ ကျောက်ကပ်ရောင်ပါတော့တယ်..။
ရောဂါလက္ခဏာတွေ
- ကလေးတစ်ယောက်နဲ့တစ်ယောက်မတူပေမယ့် ယျေဘူယျအားဖြင့်
- ဆီးသွားတဲ့အခါ သွေးပါခြင်း
- မျက်စိ သို့မဟုတ် ခြေကျင်းဝတ်မှာဖောယောင်ခြင်း
- ဆီးနည်းခြင်း သို့မဟုတ် ဆီးမထွက်ခြင်း
- သွေးပေါင်တက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးခွေခြင်း စတာတွေရှိတတ်ပါတယ်..။
ကုသမှူ
များသောအားဖြင့် ဒီရောဂါခံစားရသူအများစုဟာ ကုသမှူမခံယူရင်လည်း ပြန်ကောင်းတတ်ပါတယ်..။ သို့သော်လည်း ဝေဒနာမြန်မြန်သက်သာဖို့နဲ့ နောက်ဆက်တွဲဝေဒနာတွေမဖြစ်အောင် ကုသမှူခ့ယူစေသင့်ပါတယ်..။ ဆားနဲ့ အငံဓာတ်ကို အတတ်နိုင်ဆုံးလျှော့ချစားသုံးစေရပါမယ်..။ ရေကိုလည်း အတိုင်းအတာနဲ့ တွက်ချက်ပြီးတိုက်ပေးရမှာဖြစ်ပါတယ်..။ သွေးပေါင်ကျဆေးတွေလည်း ပေးဖို့လိုနိုင်ပါတယ်..။ ကျောက်ကပ်ကနေ ဆီးနဲ့ရေတွေ စွန့်ထုတ်ဖို့ ဆေးတွေလည်း လိုနိုင်ပါတယ်..။ streptococcus ပိုးကို တိုက်ထုတ်ဖို့ ပိုးသတ်ဆေးလည်း ဆရာဝန်က လိုအပ်သလို ညွှန်ကြားမှာဖြစ်ပါတယ်..။
ဝေဒနာခံစားရချိန် ဘယ်လောက်ကြာနိုင်သလဲ
ယျေဘူယျအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်ပါတယ်..။ ရောဂါဖြစ်ပြီး နှစ်ပတ်အကြာမှာ ဆီးကောင်းကောင်းပြန်သွားနိုင်ပြီး သွေးပေါင်ကတော့ လေးပတ်လောက်မှာ ပြန်ကျပါတယ်..။
ရက်ချိန်းမှန်မှန်ပြန်ပြဖို့လိုသလား
လိုပါတယ်…။ သွေးပေါင်ချိန်ဖို့.. ကိုယ်အလေးချိန်ချိန်ဖို့နဲ့ ဆီးစစ်ဖို့လိုပါတယ်..။ ဒီရောဂါက တစ်ကြိမ်ဖြစ်ပြီးရင် ပြန်ဖြစ်တတ်တာလည်းရှိတာမို့ ရောဂါလက္ခဏာတွေပြန်စနေတယ်လို့ သံသယရှိရင်.. ဒါမှမဟုတ် ဆရာဝန်ရက်ချိန်းပြည့်ရင် မှန်မှန်ပြန်ပြဖို့ လိုပါတယ်..။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Ref https://www.kidshealth.org.nz/post-streptococcal-glomerulonephritis-psgn
ဘာကြောင့်ဖြစ်ရတာလဲ
ရောဂါလက္ခဏာတွေ
- သွေးပေါင်တက်ခြင်း
- ခေါင်းကိုက်ခြင်း
ကုသမှူ
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်