ပါဝင်သောဆေး-Ursodeoxycholic acid၊
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အရက်ကြောင့်ဖြစ်သော အသည်းရောဂါများ၊ အသည်းအဆီဖုံးခြင်း၊ ကိုယ်ဝန်ဆောင်များ သည်းခြေစီးဆင်းမှုနှေးခြင်း၊ အသက်ငယ်စဉ်ဖြစ်သော မျိုးရိုးဗီဇကြောင့် ဖြစ်သော အသည်းခြောက်ခြင်းနှင့်အသည်းရောဂါများ၊ သည်းခြေအိတ် ကျောက်တည်မှုကာကွယ်ရန်။
သုံးစွဲရန်အညွှန်း-ဆရာဝန် ညွှန်ကြားသည့်အတိုင်းသောက်သုံးရန်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-သည်းခြေအက်ဆစ်ဓာတ်နှင့် မတည့်သူများ၊ အဆီကျောက်တည်သူများ၊ ဓာတ်ရောင်ခြည်ဖောက်နိုင်သော ရောင်ခြယ်ကျောက်တည်သူများ၊ နာတာရှည်အသည်းရောဂါရှိသူများ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အသက်ရူလမ်းကြောင်းပိုးဝင်လွယ်ခြင်း၊ အဆစ်နာခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အလူမီနီယမ်ပါသော အက်ဆစ်ပျယ်ဆေးများ၊ အမျိုးသမီးဟော်မုန်း အီစတိုဂျင်ပါသောဆေးများ၊ သွေးတွင်းအဆီချဆေးများ နှင့် ဓာတ်ပြုခြင်းများရှိပါသည်။
ဒေါက်တာချို(ဆေး ၁)