ဝက်ခြံ

လွန်ခဲ့တဲ့ မေလကုန်ပိုင်းမှာထိုင်းနိုင်ငံကမိတ်ဆွေတစ်ယောက် ရောက်လာပါတယ်။ သူကတော့ လူမှုဗေဒပညာရှင် တစ်ယောက်ဖြစ်ပြီး မြန်မာပြည်အထက်ပိုင်း အန္တလေး၊ ပုဂံ၊ ညောင်ဦးနဲ့ ရန်ကုန်ကိုလာရောက်လည်ပတ်သူ ဖြစ်ပါတယ်။သူရောက်ခဲ့တဲ့နေရာတွေမှာဆံပင်၊ မိတ်ကပ်အလှပြင်ဆိုင်တွေလည်းအများကြီးတွေ့တယ်။ မိန်းကလေးတော်တော်များများမှာလည်းသနပ်ခါးပါးပေါ်မှာလိမ်းထားတာတွေ့တယ်။ မိတ်ကပ်ဆိုင်တွေ အောင်မြင်ပါ့မလား။မျက်နှာအလှကိုဘယ်ဟာကပိုပြီးကောင်းစေပါ့မလဲ။ ဝက်ခြံပေါက်တာကိုမိတ်ကပ်လိမ်းတာရယ်၊ သနပ်ခါးလိမ်းတာရယ်၊ ဘယ်ဟာကပိုပြီးကာကွယနိုင်မလဲလို့ မေးပါတယ်။ စာရေးသူအနေနဲ့ ဖြေရတာအတော်ကျပ်ပါတယ်။ နှစ်ခုစလုံးကတော့ သူ့နည်းနဲ့သူကောင်းတာတွေ ရှိနိုင်ပါတယ်လို့ ဖြေလိုက်ပါတယ်။ သနပ်ခါးကတော့ တို့မြန်မာရိုးရာရှေးကတည်းကသုံးလာတာအခုထိလည်းသုံးနေပါတယ်။ အသားကိုနေလောင်တာကာကွယ်နိုင်ပြီး ဝက်ခြံကိုလည်းတစ်နည်းတစ်လမ်းအရကာကွယ်နိုင်မှာပေါ့လို့ ထပ်လောင်းဖြေကြားပေးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သနပ်ခါးပါးပေါ်မှာလိမ်းထားတာကို မြင်ရတာဆွဲဆောင်မှုရှိတယ်လို့ သူကထပ်ပြီးအထွန့်တက်ခဲ့ပါသေးတယ်။ စာရေးသူအနေနဲ့ ဝက်ခြံကိုတစ်နည်းတစ်လမ်းအားဖြင့်သက်သာစေဖို့ ရည်ရွယ်ပြီးရှာဖွေစုဆောင်းတင်ပြခြင်းဖြစ်ပါတယ်။

ဝက်ခြံပေါက်ခြင်းဟာအစာခြေခြင်း (Digestion) အားနည်းလို့ ဖြစ်တာလားလို့ အရေပြားရောဂါကု ဆရာဝန်များကို မေးမြန်းကြည့်ရင် မဟုတ်ပါဘူးဖြေကြားတာတွေ့ရပါမယ်။ “ဘာကြောင့်လဲဆိုတော့ အရေပြားရောဂါကုဆရာဝန်အများစုက ဝက်ခြံကိုကုတာမှ မဟုတ်တာလို့” အမေရိကန်ပြည်ထောင်စုကွန်နက်တီကတ်ပြည်နယ် ဆောက်သ်ဘယ်ရီတိုင်းရင်းဆေးကုဌာနကိုတည်ထောင်သူဒေါက်တာအင်ဒရူးရပ်ဖ်မင်ကဆိုပါတယ်။ တကယ်တော့ ဝက်ခြံပေါက်ခြင်းကို အရေပြားဆရာဝန်များက တန်ဖိုးကြီးတဲ့ ဆေးဝါးများနဲ့ ပဋိဇီ၀ သောက်ဆေး၊ လိမ်းဆေးတွေပေးပြီးကုကြပါတယ်။ အလွန်ငွေကုန်ကြေးကျများလွန်းကြောင်းလေ့လာသိရှိရပါတယ်။

ဒေါက်တာရပ်ဖ်မင်ရဲ့ ရှင်းလင်းတင်ပြမှုအဆိုအရ ဝက်ခြံပေါက်ခြင်းကိုအစာလမ်းကြောင်းလုပ်ငန်းဆောင်တာကောင်းအောင် ပြုပြင်ပြီးသန့်စင်အောင် လုပ်ပေးရုံနဲ့တင် ကုသပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ အစာလမ်းကြာင်းဟာ ခန္ဓာကိုယ်ကိုယ်နဲ့ မလိုလားအပ်တဲ့ အညစ်အကြေးတွေကိုအဓိကစွန့်ပစ်တဲ့ အင်္ဂါဖြစ်ပြီးတကယ်လို့ အစာလမ်းကြောင်းရှိအူတွေအထဲမှာ ခန္ဓာကိုယ်ကစားသုံးလိုက်တဲ့ ပြည့်ဝအဆီတွေ၊ တိရစ္ဆာန်ထွက် အစာအစာတွေ၊ ပြုပြင်ထားတဲ့ ကော်ဖီ၊ သကြားအရက်စတဲ့ ပစ္စည်းများကိုချေဖျက်ပြီးထွက်ရှိလာတဲ့ Pro-inflammatory Substances များနဲ့ ဇီဝဓာတုအဆိပ်များ (Biochemical Toxins) ကိုအစာလမ်းကြောင်းကစွန့်ခွာဖို့ရာမဖြစ်နိုင်တဲ့အခါမှာဒုတိယထွက်ပေါ်နေရာတစ်ခုကိုရှာကြံပြီးစွန့်ပစ်ရပါတယ်။ အဲဒီနေရာကတော့ အရေပြားမှာရှိတဲ့ ချွေးအိတ် (Sebaceous Glands )များကတစ်ဆင့် စွန့်ထုတ်ခြင်းပင် ဖြစ်ပါတယ်။ ချွေးအိတ် (Sebaceous Glands) တွေကအရေပြားပေါ်မှာအဆီထုတ်ပေးတဲ့ Glands များဖြစ်ပြီးသူတို့ရဲ့ ထွက်ပေါက်လမ်းကြောင်းတစ်ခုခုကြောင့် ပိတ်ရင် ဝက်ခြံပေါက် အခြေအနေ ဖြစ်သွားပါတယ်။

အစာလမ်းကြောင်းကို Fatty Acid တစ်မျိုးထွက်စေတဲ့ ငါးကြီးဆီ (Cold Water Fish)၊ သစ်သီး၊ သစ်စေ့ (Nuts Seeds) များစားသုံးခြင်းဖြင့် Anti Inflammatory Fats တွေကိုအစာလမ်းကြောင်းကနေမလိုလားအပ်တဲ့ အဆီတွေကိုဖယ်ထုတ်စေတဲ့အပြင် အရေပြားကစွန့်ထုတ်မှုလည်းကာကွယ်ပေးတဲ့အတွက် ဝက်ခြံပေါက်မှုကိုသက်တာစေပါတယ်။ဒေါက်တာရပ်ဖ်က ဝက်ခြံပေါက်တဲ့ သူရဲ့ လူနာ၊ လူကြီး၊ လူငယ်အားလုံးကို မျှတအောင် စီမံထားတဲ့ Fatty Acid တွေကို ဖြည့်စွက်အစာအဖြစ် ပေးပါတယ်။ ဖြည့်စွက်အစာကိုအမျိုးသမီးအတွက် ဓမ္မတာမပေါ်မီကာလများမှာစနစ်တကျ စားသုံးဖို့ ညွှန်ကြားပေးကြောင်းတင်ပြထားပါတယ်။

အဆီအက်စစ်များ (Fatty Acids)

ဝက်ခြံပေါက်တဲ့ ပြဿနာအများဆုံးဖြစ်တဲ့ အမျိုးသမီးတွေထဲမှာအသက်နှစ်ဆယ်ကျော်၊ သုံးဆယ်စွန်းစွန်းအရွယ်တွေဖြစ်ပြီးဓမ္မတာမပေါ်မီ ၂ ရက် ၃ ရက်လောက်မှာ ဝက်ခြံပေါက်တာအပြင်းထန်ဆုံး ဖြစ်တယ်လို့ ဒေါက်တာရပ်ဖ်မင်ဆိုပါတယ်။ သူ့အနေနဲ့ သူ့လူနာတွေကို Borage ခေါ် အရွက်တစ်မျိုးကထွက်တဲ့ ဆီ၊ ငါးကြီးဆီနဲ့ Flaxsed Oil ပါတဲ့ ဆီကို ဖြည့်စွက်အစာအဖြစ် စားသုံးစေပါတယ်။ ဆီကိုလည်းဆေးတောင့်အပျော့ (Soft Gel) ပြုလုပ်ပြီးတစ်ရက်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် စားစေတဲ့အခါမှာ ဝက်ခြံပျောက်ကင်းရုံသာမကသူတို့ရဲ့ အစာလမ်းကြောင်းတွေ ကောင်းသွားတဲ့အပြင်၊ ဆံပင်၊ လက်သည်းတွေကောင်းလာခြင်း၊ အိပ်ပျော်ပြီးကိုယ်ကာယသန်စွမ်းလာခြင်းနဲ့ ကာမဆန္ဒပါ တိုးတက်ကောင်းမွန်လာတာကိုတွေ့ရှိရကြောင်းဒေါက်တာရပ်ဖ် မင်ကတင်ပြထားပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ်များ

မြောက်မြားစွာသော ဖြည့်စွက်အစားအစာများအနေနဲ့ ဝက်ခြံပေါက်မှုကိုကာကွယ်မှုပေးနိုင် ကြောင်းနဲ့၎င်းတို့အထဲမှာဗီတာမင်နဲပသတ္တုဓာတ်အချိုလည်း ပါဝင်ကြောင်း ဘီဘာလီဟီးလ်နေ ဆေးဝါးနဲ့ အာဟာရဓာတ်ဆိုင်ရာပညာရှင်ဒေါက်တာအားလ်မင်ဒဲလ်ကဆိုပါတယ်။ ဘီတာကယ်ရိုတင်း (B Carotne)၊ ဗီတာမင်အေအမျိုးအစားဖြစ်ပြီးအရေပြားကိုဘက်တီးရီးယားပိုးစွဲကပ်ခြင်းမှ ကာကွယ်ရုံသာမက ဝက်ခြံပေါက်ခြင်းကိုကာကွယ်ပေးပါတယ်။ တစ်ရက်ကို ၁၅ မီလီဂရမ် (15mg) လောက် စားရမှာ ဖြစ်ပါတယ်။ ဘီကွန်ပလက် (B-Complex Vitamins) ကတော့အရေပြားကိုရောဂါရစေတဲ့ ဖိအားများ (Stress) ကိုသက်သာစေပြီး ဝက်ခြံပေါက်မှုကိုတစ်နည်းတစ်လမ်းအားဖြင့် ကာကွယ်ပေးတာကြောင့် တစ်နေ့ကို ၁၀၀ မီလီဂရမ်လောက် စားသုံးသင့်တယ်လို့ ဆိုပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကတော့ အရေပြားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိုလာဂျင် (Collagen) ရဲ့ ကျန်းမာသန်စွမ်းမှုအားပေးတာဖြစ်လို့ တစ်ရက်ကို ၁၀၀၀-၃၀၀၀ မီလီဂရမ်အထိစားသုံးသင့်ပါတယ်လို့ ဆိုပါတယ်။

ဗီတာမင်အီး

ဗီတာမင်အီးဟာလည်းဗီတာမင်အေးလိုပဲအကျိုးရှိစေတာမို့ တစ်ရက်ကို ၄၀၀ မျှ စားသုံးရပါမယ်။

ဇင့် (Zinc)

အရေးပြားကျန်းမာရေးသန့်ရှင်းစေဖို့ကဇင့်ဓာတ်ကအရေးကြီးပါသည်။ တစ်ရက်ကို ၁၅ မီလီဂရမ်အထိစားသုံးသင့်ပါကြောင်းတင်ပြထားပါတယ်။

ဆေးဖက်ဝင်အပင်များ (Herbs)

ဆေးဖက်ဝင်အပင်များကို စားသုံးခြင်းဖြင့် တရုတ်တိုင်းရင်းဆေးအလိုအရလည်းကောင်း၊ အနောက်တိုင်းရင်းဆေးပညာအလိုအရလည်းကောင်းအနောက်တိုင်းဆေးပညာအလိုအရလည်းကောင်း၊ လင်ဖက်တစ် (Lymphatic) စနစ် လည်ပတ်မှုကိုကောင်းမွန်စေတဲ့အတွက် ခန္ဓာကိုယ်အတွင်းကToxins များကိုဖယ်ရှားပေးတာဖြစ်လို့ ဝက်ခြံပေါက်မှုကိုကာကွယ်တယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့မှ တရုတ်တိုင်းရင်းဆေးအပ်စိုက်ကုပညာရှင် ဒေါက်တာအီလီယပ်စ် အဆိုအရ Red Clover, Burdock, Yellow Dock, Dang Gui, Milk Thistle, Cleavers, Schisandra, Richinaceaနဲ့ Lico-rice ကိုးမျိုးပါတဲ့ အထူးစီမံထားတဲ့ တင်ချာရည်ကိုအောက်ပါအတိုင်းသောက်သုံးဖို့ ညွှန်ကြားထားပါတယ်။ ရေတစ်ဂါလံရဲ့ လေးပုံသုံးပုံလောက်ကိုဆူပွက်အောင် ကျိုပါ။ ရေဆူပါကဖော်ပြပါ ဆေးပင်တင်ချာရည် တစ်အောင်စထည့်ပြီး နာရီဝက်ခန့်စိမ်ထားပါ။ စိမ်ထားတဲ့ အရည်ကို တစ်နေ့နှစ်ခွက်ကျမျှ (၃) လသောက်ရပါမယ်။ ဆေးရည်ကို ဆေးရည်ကို သုံးပြီးနေ့ချင်း မကုန်ရင် ရေခဲသေတ္တာမှာ သိမ်းထားပါက တစ်ပတ်ကြာမျှ အာနိသင်ရှိနေကြောင်း တင်ပြထားပါတယ်။

ဖော်ပြခဲ့တဲ့ ဆေးပြခဲ့တဲ့ ဆေးဖက်ဝင်အပင်များ ပါတဲ့ဆေးရည်ဟာ အသည်းကို အားပေးတဲ့အပြင် သွေးလှည့်ပတ်မှု ကောင်းရုံသာမက ရောဂါပိုးများကို တိုက်ထုတ်နိုင်သော စွမ်းရည်ရှိပြီး လင့်ဖ်လည်ပတ်မှုမှာ သန့်ရှင်းအောင် ဆောင်ရွက်ပေးတာကြောင့် ဝက်ခြံပေါက်မှုကိုလည်း ဟန့်တားနိုင်ပါ တယ်။

ရေကုထုံး (Hydrotherapy)

ဒေါက်တာအီလီယပ်စ်ရဲ့ အဆိုအရ တစ်ပတ်ကို တစ်ကြိမ်ကျ မျက်နှာကို ရေနွေးနဲ့ ဆေးကြောသန့် စင်ခြင်းက အရေပြားပေါ်မှာ ရှိတဲ့ အပေါက်ငယ်ကလေးများကို ပွင့်စေတဲ့အတွက် ဝက်ခြံပေါက်ခြင်းကို ကာ ကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျက်နှာဆေးကြောမယ့် ရေနွေးထဲမှာ Yarrow အပင်ထည့်စိမ်ပြီး သုံးစွဲပါက ပိုမိုကောင်းမွန်ကြောင်း ထောက်ပြထားပါတယ်။

ထို့အပြင် လက်ဖက်ခြောက် လက်ဖက်ရည်တစ်ဇွန်း သို့မဟုတ် Tea Bag တစ်အိတ်ကို Yarrow Tea မတ်ခွက်ထဲကို ရောထည့်ပြီး အငွေ့ဖြစ်အောင် နာရီဝက်ခန့် အပူပေးပါ။ ဆူပွက်လု့ိ အငွေ့ဖြစ်လာတဲ့ အခါ မျက်နှာကို ရေနွေးငွေ့ခံဖို့အတွက် တဘက်ကို ခေါင်းအပေါ်က ခြုံအုပ်ပြီး ၅ မိနစ်မှ ၁ဝ မိနစ်ခန့် အငွေ ခံပေးပါ။ မျက်နှာနဲ့ ရေရဲ့မျက်နှာပြင်ဟာ အနည်းဆုံး တစ်ပေလောက်ခွာပြီး အငွေခံရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် မျက်နှာ ရေနွေးငွေ့ အပူလောင်မှာ ဖြစ်ပါတယ်။ အကယ်လို့များ မျက်နှာမှာ ဝက်ခြံတွေ သိပ်များ နေရင် ယခုကဲ့သို့ ရေနွေးငွေ့ခံကာ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပြီး သင့်တင့်ရုံသာ ဝက်ခြံပေါက်ခြင်း၊ ဓမ္မတာမပေါ်တဲ့အခါမှာ ဝက်ခြံအများကြီး မပေါက်စေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ်မျှ ရေနွေးငွေ့ ပေါင်းခံရင် ဝက်ခြံပေါက်မှုကို များစွာပင် ကာကွယ်နိုင်ကြောင်း ဒေါက်တာအီလီယပ်စ်က ပြောပါ တယ်။

ခြုံငုံပြီး တင်ပြရပါက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အစားအသောက်၊ အနေအထိုင် စနစ်တကျရှိမှုအ ပေါ် များစွာ တည်နေပါတယ်။ မျက်နှာကို သန့်စင်အောင် ဆေးကြောပြီးရင် သန့်တဲ့တဘက်၊ အဝတ်တို့နဲ့ သုတ်ဖို့ လိုပါတယ်။ ညစ်ပတ်တဲ့တဘက်၊ အဝတ်၊ ကြုံရာအဝတ်တို့နဲ့ သုတ်ပါက ဝက်ခြံပေါက်ဖို့ ဖိတ်ခေါ်သ ကဲ့သို့ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ သနပ်ခါးရေကျဲကို နေ့စဉ်လိမ်းပေးရုံနဲ့လည်း နေ လောင်ဒဏ် ကာကွယ်ရုံသာမက ဝက်ခြံပေါက်ခြင်းကိုပါ သက်သာနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့များ မျက် နှာပေါ်မှာ ဝက်ခြံပေါက်ပါက ရောင်ရမ်းလာမယ်၊ သိပ်နာလာမယ်ဆိုရင် တတ်ကျွမ်းသူ ဆရာဝန်နဲ့ပြပြီး ပဋိဇီ ဝဆေးတွေ သောက်ဖို့တော့ လိုပါလိမ့်မယ်။

ဒေါက်တာတင်ညွန့်
(ရည်ညွှန်း ။ ။ Bill Gottlieb ရေးသားထားတဲ့ Alternative Cures စာအုပ်ကို မှီငြမ်းပါတယ်။)[/fusion_text]

၀က္ၿခံ

လြန္ခဲ့တဲ့ ေမလကုန္ပိုင္းမွာထုိင္းႏိုင္ငံကမိတ္ေဆြတစ္ေယာက္ ေရာက္လာပါတယ္။ သူကေတာ့ လူမႈေဗဒပညာရွင္ တစ္ေယာက္ျဖစ္ၿပီး ျမန္မာျပည္အထက္ပိုင္း အႏၲေလး၊ ပုဂံ၊ ေညာင္ဦးနဲ႔ ရန္ကုန္ကိုလာေရာက္လည္ပတ္သူ ျဖစ္ပါတယ္။သူေရာက္ခဲ့တဲ့ေနရာေတြမွာဆံပင္၊ မိတ္ကပ္အလွျပင္ဆိုင္ေတြလည္းအမ်ားႀကီးေတြ႔တယ္။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားမွာလည္းသနပ္ခါးပါးေပၚမွာလိမ္းထားတာေတြ႔တယ္။ မိတ္ကပ္ဆိုင္ေတြ ေအာင္ျမင္ပါ့မလား။မ်က္ႏွာအလွကိုဘယ္ဟာကပိုၿပီးေကာင္းေစပါ့မလဲ။ ၀က္ၿခံေပါက္တာကိုမိတ္ကပ္လိမ္းတာရယ္၊ သနပ္ခါးလိမ္းတာရယ္၊ ဘယ္ဟာကပိုၿပီးကာကြယႏိုင္မလဲလို႔ ေမးပါတယ္။ စာေရးသူအေနနဲ႔ ေျဖရတာအေတာ္က်ပ္ပါတယ္။ ႏွစ္ခုစလံုးကေတာ့ သူ႔နည္းနဲ႔သူေကာင္းတာေတြ ရွိႏိုင္ပါတယ္လို႔ ေျဖလိုက္ပါတယ္။ သနပ္ခါးကေတာ့ တို႔ျမန္မာရိုးရာေရွးကတည္းကသံုးလာတာအခုထိလည္းသံုးေနပါတယ္။ အသားကိုေနေလာင္တာကာကြယ္ႏိုင္ၿပီး ၀က္ၿခံကိုလည္းတစ္နည္းတစ္လမ္းအရကာကြယ္ႏိုင္မွာေပါ့လို႔ ထပ္ေလာင္းေျဖၾကားေပးလိုက္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သနပ္ခါးပါးေပၚမွာလိမ္းထားတာကို ျမင္ရတာဆြဲေဆာင္မႈရွိတယ္လို႔ သူကထပ္ၿပီးအထြန္႔တက္ခဲ့ပါေသးတယ္။ စာေရးသူအေနနဲ႔ ၀က္ၿခံကိုတစ္နည္းတစ္လမ္းအားျဖင့္သက္သာေစဖို႔ ရည္ရြယ္ၿပီးရွာေဖြစုေဆာင္းတင္ျပျခင္းျဖစ္ပါတယ္။

၀က္ၿခံေပါက္ျခင္းဟာအစာေျချခင္း (Digestion) အားနည္းလို႔ ျဖစ္တာလားလို႔ အေရျပားေရာဂါကု ဆရာ၀န္မ်ားကို ေမးျမန္းၾကည့္ရင္ မဟုတ္ပါဘူးေျဖၾကားတာေတြ႔ရပါမယ္။ “ဘာေၾကာင့္လဲဆိုေတာ့ အေရျပားေရာဂါကုဆရာ၀န္အမ်ားစုက ၀က္ၿခံကိုကုတာမွ မဟုတ္တာလို႔” အေမရိကန္ျပည္ေထာင္စုကြန္နက္တီကတ္ျပည္နယ္ ေဆာက္သ္ဘယ္ရီတိုင္းရင္းေဆးကုဌာနကိုတည္ေထာင္သူေဒါက္တာအင္ဒရူးရပ္ဖ္မင္ကဆိုပါတယ္။ တကယ္ေတာ့ ၀က္ၿခံေပါက္ျခင္းကို အေရျပားဆရာ၀န္မ်ားက တန္ဖိုးႀကီးတဲ့ ေဆး၀ါးမ်ားနဲ႔ ပဋိဇီ၀ ေသာက္ေဆး၊ လိမ္းေဆးေတြေပးၿပီးကုၾကပါတယ္။ အလြန္ေငြကုန္ေၾကးက်မ်ားလြန္းေၾကာင္းေလ့လာသိရွိရပါတယ္။

ေဒါက္တာရပ္ဖ္မင္ရဲ႕ ရွင္းလင္းတင္ျပမႈအဆိုအရ ၀က္ၿခံေပါက္ျခင္းကိုအစာလမ္းေၾကာင္းလုပ္ငန္းေဆာင္တာေကာင္းေအာင္ ျပဳျပင္ၿပီးသန္႔စင္ေအာင္ လုပ္ေပးရံုနဲ႔တင္ ကုသေပးႏိုင္ပါတယ္လို႔ ဆိုပါတယ္။ အစာလမ္းၾကာင္းဟာ ခႏၶာကိုယ္ကိုယ္နဲ႔ မလိုလားအပ္တဲ့ အညစ္အေၾကးေတြကိုအဓိကစြန္႔ပစ္တဲ့ အဂၤါျဖစ္ၿပီးတကယ္လို႔ အစာလမ္းေၾကာင္းရွိအူေတြအထဲမွာ ခႏၶာကိုယ္ကစားသံုးလိုက္တဲ့ ျပည့္၀အဆီေတြ၊ တိရစၧာန္ထြက္ အစာအစာေတြ၊ ျပဳျပင္ထားတဲ့ ေကာ္ဖီ၊ သၾကားအရက္စတဲ့ ပစၥည္းမ်ားကိုေခ်ဖ်က္ၿပီးထြက္ရွိလာတဲ့ Pro-inflammatory Substances မ်ားနဲ႔ ဇီ၀ဓာတုအဆိပ္မ်ား (Biochemical Toxins) ကိုအစာလမ္းေၾကာင္းကစြန္႔ခြာဖို႔ရာမျဖစ္ႏိုင္တဲ့အခါမွာဒုတိယထြက္ေပၚေနရာတစ္ခုကိုရွာႀကံၿပီးစြန္႔ပစ္ရပါတယ္။ အဲဒီေနရာကေတာ့ အေရျပားမွာရွိတဲ့ ေခၽြးအိတ္ (Sebaceous Glands )မ်ားကတစ္ဆင့္ စြန္႔ထုတ္ျခင္းပင္ ျဖစ္ပါတယ္။ ေခၽြးအိတ္ (Sebaceous Glands) ေတြကအေရျပားေပၚမွာအဆီထုတ္ေပးတဲ့ Glands မ်ားျဖစ္ၿပီးသူတို႔ရဲ႕ ထြက္ေပါက္လမ္းေၾကာင္းတစ္ခုခုေၾကာင့္ ပိတ္ရင္ ၀က္ၿခံေပါက္ အေျခအေန ျဖစ္သြားပါတယ္။

အစာလမ္းေၾကာင္းကို Fatty Acid တစ္မ်ိဳးထြက္ေစတဲ့ ငါးႀကီးဆီ (Cold Water Fish)၊ သစ္သီး၊ သစ္ေစ့ (Nuts Seeds) မ်ားစားသံုးျခင္းျဖင့္ Anti Inflammatory Fats ေတြကိုအစာလမ္းေၾကာင္းကေနမလိုလားအပ္တဲ့ အဆီေတြကိုဖယ္ထုတ္ေစတဲ့အျပင္ အေရျပားကစြန္႔ထုတ္မႈလည္းကာကြယ္ေပးတဲ့အတြက္ ၀က္ၿခံေပါက္မႈကိုသက္တာေစပါတယ္။ေဒါက္တာရပ္ဖ္က ၀က္ၿခံေပါက္တဲ့ သူရဲ႕ လူနာ၊ လူႀကီး၊ လူငယ္အားလံုးကို မွ်တေအာင္ စီမံထားတဲ့ Fatty Acid ေတြကို ျဖည့္စြက္အစာအျဖစ္ ေပးပါတယ္။ ျဖည့္စြက္အစာကိုအမ်ိဳးသမီးအတြက္ ဓမၼတာမေပၚမီကာလမ်ားမွာစနစ္တက် စားသံုးဖို႔ ညႊန္ၾကားေပးေၾကာင္းတင္ျပထားပါတယ္။

အဆီအက္စစ္မ်ား (Fatty Acids)

၀က္ၿခံေပါက္တဲ့ ျပႆနာအမ်ားဆံုးျဖစ္တဲ့ အမ်ိဳးသမီးေတြထဲမွာအသက္ႏွစ္ဆယ္ေက်ာ္၊ သံုးဆယ္စြန္းစြန္းအရြယ္ေတြျဖစ္ၿပီးဓမၼတာမေပၚမီ ၂ ရက္ ၃ ရက္ေလာက္မွာ ၀က္ၿခံေပါက္တာအျပင္းထန္ဆံုး ျဖစ္တယ္လို႔ ေဒါက္တာရပ္ဖ္မင္ဆိုပါတယ္။ သူ႔အေနနဲ႔ သူ႔လူနာေတြကို Borage ေခၚ အရြက္တစ္မ်ိဳးကထြက္တဲ့ ဆီ၊ ငါးႀကီးဆီနဲ႔ Flaxsed Oil ပါတဲ့ ဆီကို ျဖည့္စြက္အစာအျဖစ္ စားသံုးေစပါတယ္။ ဆီကိုလည္းေဆးေတာင့္အေပ်ာ့ (Soft Gel) ျပဳလုပ္ၿပီးတစ္ရက္ကို ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ စားေစတဲ့အခါမွာ ၀က္ၿခံေပ်ာက္ကင္းရံုသာမကသူတို႔ရဲ႕ အစာလမ္းေၾကာင္းေတြ ေကာင္းသြားတဲ့အျပင္၊ ဆံပင္၊ လက္သည္းေတြေကာင္းလာျခင္း၊ အိပ္ေပ်ာ္ၿပီးကိုယ္ကာယသန္စြမ္းလာျခင္းနဲ႔ ကာမဆႏၵပါ တိုးတက္ေကာင္းမြန္လာတာကိုေတြ႔ရိွရေၾကာင္းေဒါက္တာရပ္ဖ္ မင္ကတင္ျပထားပါတယ္။

ဗီတာမင္နဲ႔သတၱဳဓာတ္မ်ား

ေျမာက္ျမားစြာေသာ ျဖည့္စြက္အစားအစာမ်ားအေနနဲ႔ ၀က္ၿခံေပါက္မႈကိုကာကြယ္မႈေပးႏိုင္ ေၾကာင္းနဲ႔၎တို႔အထဲမွာဗီတာမင္နဲပသတၱဳဓာတ္အခ်ိဳလည္း ပါ၀င္ေၾကာင္း ဘီဘာလီဟီးလ္ေန ေဆး၀ါးနဲ႔ အာဟာရဓာတ္ဆိုင္ရာပညာရွင္ေဒါက္တာအားလ္မင္ဒဲလ္ကဆိုပါတယ္။ ဘီတာကယ္႐ိုတင္း (B Carotne)၊ ဗီတာမင္ေအအမ်ိဳးအစားျဖစ္ၿပီးအေရျပားကိုဘက္တီးရီးယားပိုးစြဲကပ္ျခင္းမွ ကာကြယ္႐ံုသာမက ၀က္ၿခံေပါက္ျခင္းကိုကာကြယ္ေပးပါတယ္။ တစ္ရက္ကို ၁၅ မီလီဂရမ္ (15mg) ေလာက္ စားရမွာ ျဖစ္ပါတယ္။ ဘီကြန္ပလက္ (B-Complex Vitamins) ကေတာ့အေရျပားကိုေရာဂါရေစတဲ့ ဖိအားမ်ား (Stress) ကိုသက္သာေစၿပီး ၀က္ၿခံေပါက္မႈကိုတစ္နည္းတစ္လမ္းအားျဖင့္ ကာကြယ္ေပးတာေၾကာင့္ တစ္ေန႔ကို ၁၀၀ မီလီဂရမ္ေလာက္ စားသံုးသင့္တယ္လို႔ ဆိုပါတယ္။

ဗီတာမင္စီ

ဗီတာမင္စီကေတာ့ အေရျပားရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ကိုလာဂ်င္ (Collagen) ရဲ႕ က်န္းမာသန္စြမ္းမႈအားေပးတာျဖစ္လို႔ တစ္ရက္ကို ၁၀၀၀-၃၀၀၀ မီလီဂရမ္အထိစားသံုးသင့္ပါတယ္လို႔ ဆိုပါတယ္။

ဗီတာမင္အီး

ဗီတာမင္အီးဟာလည္းဗီတာမင္ေအးလိုပဲအက်ိဳးရွိေစတာမို႔ တစ္ရက္ကို ၄၀၀ မွ် စားသံုးရပါမယ္။

ဇင့္ (Zinc)

အေရးျပားက်န္းမာေရးသန႔္ရွင္းေစဖို႔ကဇင့္ဓာတ္ကအေရးႀကီးပါသည္။ တစ္ရက္ကို ၁၅ မီလီဂရမ္အထိစားသံုးသင့္ပါေၾကာင္းတင္ျပထားပါတယ္။

ေဆးဖက္၀င္အပင္မ်ား (Herbs)

ေဆးဖက္၀င္အပင္မ်ားကို စားသံုးျခင္းျဖင့္ တ႐ုတ္တုိင္းရင္းေဆးအလိုအရလည္းေကာင္း၊ အေနာက္တိုင္းရင္းေဆးပညာအလိုအရလည္းေကာင္းအေနာက္တိုင္းေဆးပညာအလိုအရလည္းေကာင္း၊ လင္ဖက္တစ္ (Lymphatic) စနစ္ လည္ပတ္မႈကိုေကာင္းမြန္ေစတဲ့အတြက္ ခႏၶာကိုယ္အတြင္းကToxins မ်ားကိုဖယ္ရွားေပးတာျဖစ္လို႔ ၀က္ၿခံေပါက္မႈကိုကာကြယ္တယ္လို႔ ဆိုပါတယ္။ နယူးေယာက္ၿမိဳ႕မွ တ႐ုတ္တုိင္းရင္းေဆးအပ္စိုက္ကုပညာရွင္ ေဒါက္တာအီလီယပ္စ္ အဆိုအရ Red Clover, Burdock, Yellow Dock, Dang Gui, Milk Thistle, Cleavers, Schisandra, Richinaceaနဲ႔ Lico-rice ကိုးမ်ိဳးပါတဲ့ အထူးစီမံထားတဲ့ တင္ခ်ာရည္ကိုေအာက္ပါအတိုင္းေသာက္သံုးဖို႔ ညႊန္ၾကားထားပါတယ္။ ေရတစ္ဂါလံရဲ႕ ေလးပံုသံုးပံုေလာက္ကိုဆူပြက္ေအာင္ က်ိဳပါ။ ေရဆူပါကေဖာ္ျပပါ ေဆးပင္တင္ခ်ာရည္ တစ္ေအာင္စထည့္ၿပီး နာရီ၀က္ခန္႔စိမ္ထားပါ။ စိမ္ထားတဲ့ အရည္ကို တစ္ေန႔ႏွစ္ခြက္က်မွ် (၃) လေသာက္ရပါမယ္။ ေဆးရည္ကို ေဆးရည္ကို သံုးၿပီးေန႔ခ်င္း မကုန္ရင္ ေရခဲေသတၱာမွာ သိမ္းထားပါက တစ္ပတ္ၾကာမွ် အာနိသင္ရွိေနေၾကာင္း တင္ျပထားပါတယ္။

ေဖာ္ျပခဲ့တဲ့ ေဆးျပခဲ့တဲ့ ေဆးဖက္၀င္အပင္မ်ား ပါတဲ့ေဆးရည္ဟာ အသည္းကို အားေပးတဲ့အျပင္ ေသြးလွည့္ပတ္မႈ ေကာင္း႐ံုသာမက ေရာဂါပိုးမ်ားကို တိုက္ထုတ္ႏိုင္ေသာ စြမ္းရည္ရွိၿပီး လင့္ဖ္လည္ပတ္မႈမွာ သန္႔ရွင္းေအာင္ ေဆာင္ရြက္ေပးတာေၾကာင့္ ဝက္ၿခံေပါက္မႈကုိလည္း ဟန္႔တားႏိုင္ပါ တယ္။

ေရကုထုံး (Hydrotherapy)

ေဒါက္တာအီလီယပ္္စ္ရဲ႕ အဆုိအရ တစ္ပတ္ကုိ တစ္ႀကိမ္က် မ်က္ႏွာကုိ ေရေႏြးနဲ႔ ေဆးေၾကာသန္႔ စင္ျခင္းက အေရျပားေပၚမွာ ရွိတဲ့ အေပါက္ငယ္ကေလးမ်ားကုိ ပြင့္ေစတဲ့အတြက္ ဝက္ၿခံေပါက္ျခင္းကုိ ကာ ကြယ္ႏုိင္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ မ်က္ႏွာေဆးေၾကာမယ့္ ေရေႏြးထဲမွာ Yarrow အပင္ထည့္စိမ္ၿပီး သုံးစြဲပါက ပုိမုိေကာင္းမြန္ေၾကာင္း ေထာက္ျပထားပါတယ္။

ထုိ႔အျပင္ လက္ဖက္ေျခာက္ လက္ဖက္ရည္တစ္ဇြန္း သုိ႔မဟုတ္ Tea Bag တစ္အိတ္ကုိ Yarrow Tea မတ္ခြက္ထဲကုိ ေရာထည့္ၿပီး အေငြ႔ျဖစ္ေအာင္ နာရီဝက္ခန္႔ အပူေပးပါ။ ဆူပြက္လု႔ိ အေငြ႕ျဖစ္လာတဲ့ အခါ မ်က္ႏွာကုိ ေရေႏြးေငြ႔ခံဖုိ႔အတြက္ တဘက္ကုိ ေခါင္းအေပၚက ၿခဳံအုပ္ၿပီး ၅ မိနစ္မွ ၁ဝ မိနစ္ခန္႔ အေငြ ခံေပးပါ။ မ်က္ႏွာနဲ႔ ေရရဲ႕မ်က္ႏွာျပင္ဟာ အနည္းဆုံး တစ္ေပေလာက္ခြာၿပီး အေငြခံရမွာ ျဖစ္ပါတယ္။ မဟုတ္ရင္ မ်က္ႏွာ ေရေႏြးေငြ႔ အပူေလာင္မွာ ျဖစ္ပါတယ္။ အကယ္လုိ႔မ်ား မ်က္ႏွာမွာ ဝက္ၿခံေတြ သိပ္မ်ား ေနရင္ ယခုကဲ့သုိ႔ ေရေႏြးေငြ႔ခံကာ တစ္ပတ္ကုိ ၂ ႀကိမ္၊ ၃ ႀကိမ္ ျပဳလုပ္ေပးရမွာ ျဖစ္ၿပီး သင့္တင့္႐ုံသာ ဝက္ၿခံေပါက္ျခင္း၊ ဓမၼတာမေပၚတဲ့အခါမွာ ဝက္ၿခံအမ်ားႀကီး မေပါက္ေစဖုိ႔အတြက္ တစ္ပတ္ကို တစ္ႀကိမ္မွ် ေရေႏြးေငြ႕ ေပါင္းခံရင္ ဝက္ၿခံေပါက္မႈကုိ မ်ားစြာပင္ ကာကြယ္ႏုိင္ေၾကာင္း ေဒါက္တာအီလီယပ္စ္က ေျပာပါ တယ္။

ၿခံဳငုံၿပီး တင္ျပရပါက တစ္ကိုယ္ေရသန္႔ရွင္းမႈနဲ႔ အစားအေသာက္၊ အေနအထုိင္ စနစ္တက်ရွိမႈအ ေပၚ မ်ားစြာ တည္ေနပါတယ္။ မ်က္ႏွာကုိ သန္႔စင္ေအာင္ ေဆးေၾကာၿပီးရင္ သန္႔တဲ့တဘက္၊ အဝတ္တုိ႔နဲ႔ သုတ္ဖုိ႔ လုိပါတယ္။ ညစ္ပတ္တဲ့တဘက္၊ အဝတ္၊ ႀကဳံရာအဝတ္တုိ႔နဲ႔ သုတ္ပါက ဝက္ၿခံေပါက္ဖုိ႔ ဖိတ္ေခၚသ ကဲ့သုိ႔ပင္ ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ ျမန္မာေတြအေနနဲ႔ သနပ္ခါးေရက်ဲကုိ ေန႔စဥ္လိမ္းေပး႐ုံနဲ႔လည္း ေန ေလာင္ဒဏ္ ကာကြယ္႐ုံသာမက ဝက္ၿခံေပါက္ျခင္းကုိပါ သက္သာႏိုင္မွာ ျဖစ္ပါတယ္။ တကယ္လုိ႔မ်ား မ်က္ ႏွာေပၚမွာ ဝက္ၿခံေပါက္ပါက ေရာင္ရမ္းလာမယ္၊ သိပ္နာလာမယ္ဆုိရင္ တတ္ကၽြမ္းသူ ဆရာဝန္နဲ႔ျပၿပီး ပဋိဇီ ဝေဆးေတြ ေသာက္ဖုိ႔ေတာ့ လုိပါလိမ့္မယ္။

ေဒါက္တာတင္ညြန္႔
(ရည္ညႊန္း ။ ။ Bill Gottlieb ေရးသားထားတဲ့ Alternative Cures စာအုပ္ကုိ မွီျငမ္းပါတယ္။)[/fusion_text]

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *