ဝက်ခြံ အများအပြားထွက်လာခြင်း
ရုတ်တရက် မျက်နှာပေါ်မှာ ဝက်ခြံများတစ်လုံးပြီးတစ်လုံးထွက်လာတတ်သည်ကို လူတိုင်း အနည်းနှင့်အများကြုံဖူးကြမှာပါ။ ဒါပေမယ့် အဲ့နောက်ကွယ်က အကြောင်းရင်းများ ကိုမူ သတိမထားမိဖြစ်တတ်ပါသည်။ ထိုအကြောင်းရင်းများကို လေ့လာခြင်း၊ ပြင်ဆင်ခြင်းဖြင့် ပိုမိုလှပသော မျက်နှာလေးများးပိုင်ဆိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။
(၁)ဖုန်းမျက်နှာပြင် မသန့်ရှင်းခြင်း
ဖုန်းမျက်နှာပြင်နှင့် မျက်နှာ ထိတွေ့ပြီး ဘက်တီးရီးယား ပြန့်ပွားတတ်ပါသည်။ ?ဖုန်းမျက်နှာပြင်ကို ပုံမှန် သန့်ရှင်းပေးပါ။
(၂) ဗီတာမင် ဒီ ချို့တဲ့ခြင်း
ဗီတာမင်ဒီ ချို့တဲ့ခြင်းသည် ကိုယ်ခံအားစနစ်ကျဆင်းစေပါသည်။ ? ဝက်ခြံ များစွာထွက်လာလျှင် ဠီတာမင် ဒီ ဖြည့်စွက်ခြင်း ပြုလုပ်သင့်ပါသည်။
(၃)ကော်ဖီသောက်ခြင်း
မျက်နှာပေါ်ရှိပုံမှန် အရေပြား ph ကို ဖျက်ဆီးပြစ်၍ ဝက်ခြံပိုထွက်စေသည်။ ? ရေ သို့ လဖ္ဘက်ရည်သောက်သုံးရန်။
(၄) မျက်နှာသစ်သောရေ အမျိုးအစား
လေးလံသော ဓာတုပစ္စည်းပါဝင်သောရေကို မသုံးသင့်ပါ။ ?ထိုရေမျိုးရှိသောနေရာဖြစ်ပါက အစစ်(shower filter) သုံးသင့်ပါသည်။
(၅)အိပ်ရေးပျက်ခြင်း
အိပ်ရေူပျက်လျှင် ဝက်ခြဲထွက်တတ်သည်ကို ကြားဖူးကြပါလိမ့်မည်။ အကြောင်းမှာ ကိုယ်ခံအားစနစ်ကျခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ?စိတ်ဖိစီးခြင်း ကင်းပြီး အိပ်ပျော်ရန်ကြိုးစားပါ။
(၆)မိတ်ကပ် ထူထူလိမ်းခြင်း
အဆီအိတ်လေးများပိတ်၍ ဝက်ခြံ ပိုထွက်စေသည်။ ? ပါးသော မိတ်ကပ်လိမ်းခြင်း သို့ မကြာခဏ သန့်စင်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။
(၇) တိုနာ (Toner) မသုံးခြင်း
တိုနာကို ပုံမှန်သုံးသင့်ပါသည်။ အရေပြား မျှခြေကို ထိန်းပေးသောကြောင့်ဖြစ်ပါသည်။ ?နေ့စဉ် ထိန်းသိမ်းခြင်းတွင် တိုနာကို မမေ့သင့်ပါ။
(၈) မိတ်ကပ် လိမ်းသော ဘရှပ်( make up brush) သုံးခြင်း
ပိုးမွားများ ခိုအောင်း၍ မျက်နှာနှင့် ထိတွေ့ရန်အကောင်းဆုံးနေရာဖြစ်သည်။ ?တစ်ပတ်တစ်ခါ ပုံမှန် သန့်ရှင်းဆေးကြောသင့်ပါသည်။
(၉) ဝက်ခြံပျောက်လိမ်းဆေးများလိမ်းခြင်း
အရေပြားခြောက်သွေ့စေခြင်းကြောင့် ဝက်ခြံ ပိုထွက်လာတတ်ပါသည်။ ?ရေဓာတ်ဖြည့် ဆပ်ပြာ(သို့) မျက်နှာပေါင်းတင် ခြင်းနှင့် တွဲဖက်သုံးသင့်ပါသည်
(၁၀)အချို စားသုံးခြင်း
အဆီပိုမိုထွက်စေပါသည်။ ? အသီးအရွက်ကို ပိုမိုစားသင့်ပါသည်
(၁၁) အလှကုန်များ ခဏခဏပြောင်းသုံးခြင်း
အရေပြား မျှခြေ PH ကို ပျက်စေပါသည်။ ? တစ်ခု မပြောင်းခင် ၃ ပတ်ခန့်စောင့်ကြည့်သင့်ပါသည်
မယ်တင်(ဆေး ၁)
(၃)ကော်ဖီသောက်ခြင်း
(၅)အိပ်ရေးပျက်ခြင်း
(၁၀)အချို စားသုံးခြင်း
မယ်တင်(ဆေး ၁)