အရိုးတွေနာလို့ ဆိုသော ပြဿနာ….

ယနေ့ ကြာသပတေးနေ့ ပရဟိတဆေးခန်း ထိုင်ရမည်

ဆရာမ ဒေါ်ယမင်း ခြေလှမ်းတွေ သွက်လက်လို့

ပရဟိတဆေးခန်းဆိုတော့ လာတဲ့လူနာတွေက သက်ကြီးပိုင်းတွေချည်းပဲလေ

အဲသည်တော့ လာသမျှ ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာ

ဆရာမ ဒေါ်ယမင်း ရှင်းပြရတာ အာပေါက်မတတ်

သူတို့ပြောတာလေး နားထောင်ကြည့်ကြရအောင်လား

အမေကြီး။ ။ဆရာမရယ်၊ ခါးနာတယ်၊ ဒူးနာတယ်

အဘကြီး။ ။ဆရာမရယ်၊ ပခုံးဆစ်က နာတယ်

အမေကြီး အဘကြီးတွေက အသက် ၆၀ကျော် ၇၀တန်းတွေပါ

သြော် အမေကြီးရယ် အိမ်မှာ ဘာလုပ်လဲ

ဘာမှ မလုပ်ဘူး

ဘာမှ မလုပ်ဘူးဆိုတာ အိမ်အလုပ်တော့ လုပ်ရတယ် မလား

ဒါတော့ ဆရာမရယ်၊ တစ်ယောက်တည်းနေတာကိုး

အိမ်အလုပ်က ပိုတောင်ပင်ပန်းသေတယ် အမေကြီးရဲ့

အဘကရော

အဘကတော့ ဈေးဝယ်ပေးရတယ်၊ အိမ်မှာ ပြီးရင် ၆လွှာတက်ရတယ်

နေ့တိုင်းလား

၃ရက်ခြားလောက်

အဘရဲ့နာတဲ့ လက်က ဈေးခြင်းဆွဲတဲ့လက်လား

သြော် ဟုတ်တယ် ဟုတ်တယ်

ဈေးခြင်းက လေးလား

လူ ၄ ၅ယောက်စာ ၃ရက်မှ တစ်ခါဝယ်တော့ နည်းနည်းတော့ လေးတာပေါ့ ဆရာမရယ်

အဲဒါတွေကြောင့် အဘရေ့

နားထောင်နော် ဆရာမပြောတာ

အမေကြီးရော အဘကြီးရော

အမေကြီးတို့ အခုဖြစ်နေတာတွေက အသက်ကြီးလို့ သိလား

အသက်ငယ်အောင်တော့ ဆရာမ ဘာမှ ပြန်လုပ်ပေးလို့ မရဘူး အမေကြီးရဲ့

အဲဒီတော့ အကြောင်းရင်းကို ဖယ်လို့မရရင် ဆရာမတို့ လုပ်လို့ရတာတွေ ပြောပြမယ်

နံပါတ် ၁ အရေးကြီးဆုံးက အနေအထိုင်
*ခါးနာနေတယ် မလား၊ လုံးဝ အောက်မထိုင်ရဘူး။ လုံးဝ ခါးကုန်းပြိး ပစ္စည်းကောက်တာ မလုပ်ရဘူး။ တစ်နာရီထက် ပိုထိုင်ရရင် ခါးလေးဘာလေးဆန့်ပေးနော်။ တရားထိုင်ချင်ရင် ကုတင်ပေါ်မှာထိုင်။ အောက်က ကုန်းထတာ မလိုချင်လို့၊ ကြာရင် လက်ဆစ်ပါ နာတယ်ဖြစ်လာမယ်။ ဒူးလည်း နာလာမယ်။ အလေး မ မရဘူး။ ကလေးမချီရဘူး။ ငရုတ်ဆုံ မ မရဘူး။ တစ်ခါတည်း မှာရတယ်။ အမေတို့ကို ကြောက်လို့။

*ဒူးနာတာ လှေကားတက်ရင်ဖြည်းဖြည်းတက်ပါ။ ထိုင်ရင် ခုံပေါ်မှာ နောက်ဆုတ်ထိုင်၊ မြေးတွေကို ပေါင်ပေါ်တင်မယ်ဆို ဒူးပေါ် မတင်နဲ့၊ ပေါင်ပေါ် ရောက်အောင်တင်။ ခဏခဏ ဆောင့်ကြောင့် မထိုင်ရစေနဲ့၊ အကြာကြီး ဆောင့်ကြောင့်မထိုင်ရပါစေနဲ့၊ အဲဒီတော့ ဝမ်းမချုပ်ဖို့ လိုတယ်။

*ပခုံးဆစ်နာတဲ့ အဘကတော့ ဈေးခြင်းဆွဲလို့ပါ။ ဒီတော့ ဒူးမှမနာတာ၊ ၂ရက်တစ်ခါ ဈေးဝယ်ပါ။ အလေးကြိ မဆွဲစေချင်ဘူး။ ဒီဘက်ကနာလို့ တစ်ခါ ဟိုဘက်ပြောင်းဆွဲတော့ ဟိုဘက်ပါနာမယ်။ သေချာတယ်။ ကလေးမချီရဘူး။ အဘ လိုင်းကားမစီးပါနဲ့ဦး။ တန်းကိုင်ရရင်လည်း နာတယ်

ဖြစ်နိုင်ရင်တော့ ဆရာမက ဒူးစွပ်တွေ၊ ပခုံးစွပ်တွေ

နံပါတ် ၂ အရေးကြီးတာတော့ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းဆိုလို့ အေရိုးဗစ် လုပ်ခိုင်းတာ မဟုတ်ဘူးနော်။ ဒီအသက်နဲ့ ခုန်ပေါက်နေလို့ ချော်ကျရင် ပေါင်ရိုးကျိုးကုန်မယ်။ ဆရာမပြောတာ အိမ်ရှေ့နဲ့ အိမ်နောက်ဖေး လမ်းလျှောက်တာတို့။ ခါးအတွက်က ခါးလှည့်တာ ၅ခါလောက်၊ ဒူးအတွက်က အားရင် ဒူးကွေး၊ ဒူးဆန့်၊ ခြေဖျားခတ်တာလေး လုပ်ပေးတာတို့၊ လက်မောင်းက နိုင်သလောက်မြှောက်လိုက်ချလိုက်လေး လုပ်ပေးတာတို့ပါနော်

ရတယ်မလား

ရပါတယ် ဆရာမလေးရယ်

နံပါတ် ၃က အပူ
သူ့ကို အထင်မသေးပါနဲ့နော်။ နှိပ်တာ ဆရာမ သဘောမကျဘူး၊ မကောင်းလို့ မဟုတ်ဘူး၊ မနှိပ်တတ်ပဲ နှိပ်ရင် ပိုဆိုးကုန်မယ်၊ အခုက အကြောမကောင်းတာမှ မဟုတ်တာ၊ အရိုးတွေနာတာ၊ နှိပ်တော့ရာ ဘာထူးမလဲ

ဒါကြောင့် ရေနွေးအိတ် ကပ်လို့ရတယ်။ ကြပ်ပူတိုက်လို့ရတယ်။ ဆေးပူလိမ်းလို့ရတယ် နော်။

နံပါတ် ၄ မှ ဆေးကစတာ
အကိုက်အခဲပျောက် လိမ်းဆေးတွေ လိမ်းမယ်၊ အခု ဆရာမက အကိုက်အခဲပျောက်ဆေးပါတဲ့ လိမ်းဆေး ပေးလိုက်မယ် ဆေးပလာစတာလည်း ကပ်လို့ရတယ်၊ ကောင်းတယ် ဆေးတစ်လှည့်လိမ်း၊ ပလာစတာတစ်လှည့်ကပ်ဆို ပလာစတာ မလောင်တော့ဘူး ဆေးကလည်း ပရုတ်အေးပါတဲ့ အကိုက်အခဲပျောက်ဆေးတောင် ရှိသေး ချက်ချင်းတော့ သက်သာမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဆေးမသောက်ချင်ပါနဲ့၊ ဆရာမ အားမပေးဘူး၊ ဆေးသောက်ရတာ နောက်ဆုံးအဆင့်ပါ။ အရမ်းနာရင်တော့ ဆေးထိုးပေးတယ်၊ ဒါလည်း နှစ်ရက်တစ်ခါတွေ ထိုးနေတာမျိုး သဘောမကျဘူး။

အမေတို့ အဘတို့ ရောဂါက အသက်ကြီးလို့ ဖြစ်တာလေ၊ ငယ်အာင်လုပ်လို့မှ မရတော့တာ။ အကိုက်အခဲပျောက်ဆေးတွေ ဆိုတာက လနဲ့ချီသောက်ရင် ထိုးရင် အစာအိမ်နာမယ်၊ ကျောက်ကပ်ထိမယ်။ ဒါကြောင့် နောက်ဆုံး မသက်သာမှ တစ်ပတ်နှစ်ပတ်ပေးလိုက်၊ ပြန်ဖြုတ်လိုက် လုပ်ရတာ အမေတို့ အဘတို့ရေ
နားလည်လားဟင်

သြော် ဆရာမလေးရယ် ကျေးဇူးတင်လိုက်တာ

အမေတို့က ဆေးတောင်းနေတာပဲ သိတာ၊ မပေးရင် ဆရာ ဆရာမတွေကို စိတ်ကွက်မိတယ်

ခုလို သိရတာ ကျေးဇူးတင်ပါတယ်

သာဓု သာဓု သာဓုပါတော်

အဘလည်း ကျေးဇူးတင်ပါတယ်

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ

ပေးသောဆုနှင့် ပြည့်ရပါလို၏ ဟု ဆုတောင်းလျက်ကျန်ခဲ့သော ဆရာမယမင်းတစ်ယောက် ရေမသောက်ရပဲ အမောပြေနေပါတော့သတည်း။

ဒေါက်တာယမင်း (ဆေး ၁)

အ႐ိုးေတြနာလို႔ ဆိုေသာ ျပႆနာ….

ယေန႔ ၾကာသပေတးေန႔ ပရဟိတေဆးခန္း ထိုင္ရမည္

ဆရာမ ေဒၚယမင္း ေျခလွမ္းေတြ သြက္လက္လို႔

ပရဟိတေဆးခန္းဆိုေတာ့ လာတဲ့လူနာေတြက သက္ႀကီးပိုင္းေတြခ်ည္းပဲေလ

အဲသည္ေတာ့ လာသမွ် ဒူးနာ၊ ခါးနာ၊ အဆစ္အျမစ္နာ

ဆရာမ ေဒၚယမင္း ရွင္းျပရတာ အာေပါက္မတတ္

သူတို႔ေျပာတာေလး နားေထာင္ၾကည့္ၾကရေအာင္လား

အေမႀကီး။ ။ဆရာမရယ္၊ ခါးနာတယ္၊ ဒူးနာတယ္

အဘႀကီး။ ။ဆရာမရယ္၊ ပခုံးဆစ္က နာတယ္

အေမႀကီး အဘႀကီးေတြက အသက္ ၆၀ေက်ာ္ ၇၀တန္းေတြပါ

ေၾသာ္ အေမႀကီးရယ္ အိမ္မွာ ဘာလုပ္လဲ

ဘာမွ မလုပ္ဘူး

ဘာမွ မလုပ္ဘူးဆိုတာ အိမ္အလုပ္ေတာ့ လုပ္ရတယ္ မလား

ဒါေတာ့ ဆရာမရယ္၊ တစ္ေယာက္တည္းေနတာကိုး

အိမ္အလုပ္က ပိုေတာင္ပင္ပန္းေသတယ္ အေမႀကီးရဲ႕

အဘကေရာ

အဘကေတာ့ ေဈးဝယ္ေပးရတယ္၊ အိမ္မွာ ၿပီးရင္ ၆လႊာတက္ရတယ္

ေန႔တိုင္းလား

၃ရက္ျခားေလာက္

အဘရဲ႕နာတဲ့ လက္က ေဈးျခင္းဆြဲတဲ့လက္လား

ေၾသာ္ ဟုတ္တယ္ ဟုတ္တယ္

ေဈးျခင္းက ေလးလား

လူ ၄ ၅ေယာက္စာ ၃ရက္မွ တစ္ခါဝယ္ေတာ့ နည္းနည္းေတာ့ ေလးတာေပါ့ ဆရာမရယ္

အဲဒါေတြေၾကာင့္ အဘေရ႕

နားေထာင္ေနာ္ ဆရာမေျပာတာ

အေမႀကီးေရာ အဘႀကီးေရာ

အေမႀကီးတို႔ အခုျဖစ္ေနတာေတြက အသက္ႀကီးလို႔ သိလား

အသက္ငယ္ေအာင္ေတာ့ ဆရာမ ဘာမွ ျပန္လုပ္ေပးလို႔ မရဘူး အေမႀကီးရဲ႕

အဲဒီေတာ့ အေၾကာင္းရင္းကို ဖယ္လို႔မရရင္ ဆရာမတို႔ လုပ္လို႔ရတာေတြ ေျပာျပမယ္

နံပါတ္ ၁ အေရးႀကီးဆုံးက အေနအထိုင္
*ခါးနာေနတယ္ မလား၊ လုံးဝ ေအာက္မထိုင္ရဘူး။ လုံးဝ ခါးကုန္းၿပိး ပစၥည္းေကာက္တာ မလုပ္ရဘူး။ တစ္နာရီထက္ ပိုထိုင္ရရင္ ခါးေလးဘာေလးဆန႔္ေပးေနာ္။ တရားထိုင္ခ်င္ရင္ ကုတင္ေပၚမွာထိုင္။ ေအာက္က ကုန္းထတာ မလိုခ်င္လို႔၊ ၾကာရင္ လက္ဆစ္ပါ နာတယ္ျဖစ္လာမယ္။ ဒူးလည္း နာလာမယ္။ အေလး မ မရဘူး။ ကေလးမခ်ီရဘူး။ င႐ုတ္ဆုံ မ မရဘူး။ တစ္ခါတည္း မွာရတယ္။ အေမတို႔ကို ေၾကာက္လို႔။

*ဒူးနာတာ ေလွကားတက္ရင္ျဖည္းျဖည္းတက္ပါ။ ထိုင္ရင္ ခုံေပၚမွာ ေနာက္ဆုတ္ထိုင္၊ ေျမးေတြကို ေပါင္ေပၚတင္မယ္ဆို ဒူးေပၚ မတင္နဲ႔၊ ေပါင္ေပၚ ေရာက္ေအာင္တင္။ ခဏခဏ ေဆာင့္ေၾကာင့္ မထိုင္ရေစနဲ႔၊ အၾကာႀကီး ေဆာင့္ေၾကာင့္မထိုင္ရပါေစနဲ႔၊ အဲဒီေတာ့ ဝမ္းမခ်ဳပ္ဖို႔ လိုတယ္။

*ပခုံးဆစ္နာတဲ့ အဘကေတာ့ ေဈးျခင္းဆြဲလို႔ပါ။ ဒီေတာ့ ဒူးမွမနာတာ၊ ၂ရက္တစ္ခါ ေဈးဝယ္ပါ။ အေလးႀကိ မဆြဲေစခ်င္ဘူး။ ဒီဘက္ကနာလို႔ တစ္ခါ ဟိုဘက္ေျပာင္းဆြဲေတာ့ ဟိုဘက္ပါနာမယ္။ ေသခ်ာတယ္။ ကေလးမခ်ီရဘူး။ အဘ လိုင္းကားမစီးပါနဲ႔ဦး။ တန္းကိုင္ရရင္လည္း နာတယ္

ျဖစ္ႏိုင္ရင္ေတာ့ ဆရာမက ဒူးစြပ္ေတြ၊ ပခုံးစြပ္ေတြ

နံပါတ္ ၂ အေရးႀကီးတာေတာ့ ေလ့က်င့္ခန္း
ေလ့က်င့္ခန္းဆိုလို႔ ေအ႐ိုးဗစ္ လုပ္ခိုင္းတာ မဟုတ္ဘူးေနာ္။ ဒီအသက္နဲ႔ ခုန္ေပါက္ေနလို႔ ေခ်ာ္က်ရင္ ေပါင္႐ိုးက်ိဳးကုန္မယ္။ ဆရာမေျပာတာ အိမ္ေရွ႕နဲ႔ အိမ္ေနာက္ေဖး လမ္းေလွ်ာက္တာတို႔။ ခါးအတြက္က ခါးလွည့္တာ ၅ခါေလာက္၊ ဒူးအတြက္က အားရင္ ဒူးေကြး၊ ဒူးဆန႔္၊ ေျခဖ်ားခတ္တာေလး လုပ္ေပးတာတို႔၊ လက္ေမာင္းက ႏိုင္သေလာက္ေျမႇာက္လိုက္ခ်လိုက္ေလး လုပ္ေပးတာတို႔ပါေနာ္

ရတယ္မလား

ရပါတယ္ ဆရာမေလးရယ္

နံပါတ္ ၃က အပူ
သူ႔ကို အထင္မေသးပါနဲ႔ေနာ္။ ႏွိပ္တာ ဆရာမ သေဘာမက်ဘူး၊ မေကာင္းလို႔ မဟုတ္ဘူး၊ မႏွိပ္တတ္ပဲ ႏွိပ္ရင္ ပိုဆိုးကုန္မယ္၊ အခုက အေၾကာမေကာင္းတာမွ မဟုတ္တာ၊ အ႐ိုးေတြနာတာ၊ ႏွိပ္ေတာ့ရာ ဘာထူးမလဲ

ဒါေၾကာင့္ ေရေႏြးအိတ္ ကပ္လို႔ရတယ္။ ၾကပ္ပူတိုက္လို႔ရတယ္။ ေဆးပူလိမ္းလို႔ရတယ္ ေနာ္။

နံပါတ္ ၄ မွ ေဆးကစတာ
အကိုက္အခဲေပ်ာက္ လိမ္းေဆးေတြ လိမ္းမယ္၊ အခု ဆရာမက အကိုက္အခဲေပ်ာက္ေဆးပါတဲ့ လိမ္းေဆး ေပးလိုက္မယ္ ေဆးပလာစတာလည္း ကပ္လို႔ရတယ္၊ ေကာင္းတယ္ ေဆးတစ္လွည့္လိမ္း၊ ပလာစတာတစ္လွည့္ကပ္ဆို ပလာစတာ မေလာင္ေတာ့ဘူး ေဆးကလည္း ပ႐ုတ္ေအးပါတဲ့ အကိုက္အခဲေပ်ာက္ေဆးေတာင္ ရွိေသး ခ်က္ခ်င္းေတာ့ သက္သာမွာ မဟုတ္ဘူး၊ ဒါေပမယ့္ ေဆးမေသာက္ခ်င္ပါနဲ႔၊ ဆရာမ အားမေပးဘူး၊ ေဆးေသာက္ရတာ ေနာက္ဆုံးအဆင့္ပါ။ အရမ္းနာရင္ေတာ့ ေဆးထိုးေပးတယ္၊ ဒါလည္း ႏွစ္ရက္တစ္ခါေတြ ထိုးေနတာမ်ိဳး သေဘာမက်ဘူး။

အေမတို႔ အဘတို႔ ေရာဂါက အသက္ႀကီးလို႔ ျဖစ္တာေလ၊ ငယ္အာင္လုပ္လို႔မွ မရေတာ့တာ။ အကိုက္အခဲေပ်ာက္ေဆးေတြ ဆိုတာက လနဲ႔ခ်ီေသာက္ရင္ ထိုးရင္ အစာအိမ္နာမယ္၊ ေက်ာက္ကပ္ထိမယ္။ ဒါေၾကာင့္ ေနာက္ဆုံး မသက္သာမွ တစ္ပတ္ႏွစ္ပတ္ေပးလိုက္၊ ျပန္ျဖဳတ္လိုက္ လုပ္ရတာ အေမတို႔ အဘတို႔ေရ
နားလည္လားဟင္

ေၾသာ္ ဆရာမေလးရယ္ ေက်းဇူးတင္လိုက္တာ

အေမတို႔က ေဆးေတာင္းေနတာပဲ သိတာ၊ မေပးရင္ ဆရာ ဆရာမေတြကို စိတ္ကြက္မိတယ္

ခုလို သိရတာ ေက်းဇူးတင္ပါတယ္

သာဓု သာဓု သာဓုပါေတာ္

အဘလည္း ေက်းဇူးတင္ပါတယ္

စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏က်န္းမာျခင္းနဲ႔ျပည့္စုံပါေစဗ်ာ

ေပးေသာဆုႏွင့္ ျပည့္ရပါလို၏ ဟု ဆုေတာင္းလ်က္က်န္ခဲ့ေသာ ဆရာမယမင္းတစ္ေယာက္ ေရမေသာက္ရပဲ အေမာေျပေနပါေတာ့သတည္း။

ေဒါက္တာယမင္း (ေဆး ၁)

Related posts
စိတ်ကျန်းမာရေးဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများ

သူငယ်ပြန်ခြင်း (သို့) အယ်လ်ဇိုင်းမားရောဂါ ( Alzymer's Diseases )

1 Mins read
အရပ်အခေါ်အရ သူငယ်ပြန်ခြင်း ရောဂါလို့လူသိများတဲ့ အယ်လ်ဇိုင်းမားရောဂါဆိုတာ… ပြင်းထန်တဲ့အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ သူငယ်ပြန်ခြင်း ကိုဖြစ်စေတဲ့ ရောဂါအမျိုးအစားတွေထဲက အဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ အတွေးအခေါ်၊အမူအကျင့်နှင့် အသိအမြင်ဆိုင်ရာလုပ်ဆောင်ချက်များကိုယို့ယွင်းခြင်းကိုဖြစ်စေတဲ့ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းများကို အတိအကျရှာဖွေတွေ့ရှိမှုမရှိသေးသော်လည်း ၊ မျိုးရိုးဗီဇ ၊…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
စိတ်ကျန်းမာရေးနေထိုင်မှုပုံစံဖိုးဖိုးဖွားဖွား ကျန်းမာရေး

Did you notice that they were lonely?

1 Mins read
သူတို့ အထီးကျန်နေကြတာ သင်သတိထားမိရဲ့လား ❓ ကျွန်မတို့ တက်ကြွစွာ အလုပ်လုပ် သွားလာနေတဲ့အချိန်မှာ ကျွန်မတို့ အိမ်ပြန်ချိန်ကိုစောင့်ပြီး အထီးကျန်နေတဲ့လူတွေရှိပါတယ်။ဒီလူတွေဟာ ကျွန်မတို့ရဲ့ အရင်းနှီးဆုံးသော မိဘ၊ သို့ အဘိုးအဘွားတွေပါပဲ။တစ်ခါတစ်ခါ ကျွန်မတို့ဟာ လှုပ်ရှားရုန်းကန် ဘဝအတွက် အချိန်တွေပေးရင်းနဲ့ အနီးဆုံးလူတွေကို အချိန်တွေ…

Leave a Reply

Your email address will not be published. Required fields are marked *