မျက်နှာပေါ်မှ ဝက်ခြံနှင့်တူသောအဖုလေးများ

လူတိုင်းနီးပါးဟာ ကိုယ့်မျက်နှာမှာ ဝက်ခြံလို အဖုလေးတွေပေါက်တာကို ကြုံဖူးကြ မှာပါ။ မျက်နှာပေါ်မှာပေါက်တဲ့အဖုတိုင်းဟာ ဝက်ခြံမဟုတ်တာကိုသိကြပေမယ့် ဝက်ခြံနဲ့တူတဲ့ အဖုတွေကိုတော့ ဝက်ခြံလို့ပဲထင်မှတ်နေတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်မျက်နှာပေါ်မှာ အဖုတွေကိုပေါ်လာတိုင်းမှာ အဲ့ဒီအဖုတွေကို ကြည့်ပြီးစိတ်ညစ်ကြရပါတယ်။ ဒီတော့အဲဒီအဖု တွေကို သေသေခြာခြာခွဲခြားမိပြီး သူ့ရောဂါနဲ့သူ ကုသချက်မှန်ကန်စွာ ရွေးချယ်နိုင်ပါမှ စိတ်ညစ်တာတွေကင်းဝေးနိုင်မှာပါ။ ဒီလိုမှ မဟုတ်ရင် ဟိုဟာထင်လိုက် ဟိုလိုကုလိုက်၊ ဒီလို ထင်လိုက် ဒီလိုကုလိုက်နဲ့ မလိုအပ်ပဲ ကြန့်ကြာနေပါလိမ့်မယ်။

ဝက်ခြံဆိုတာ

ဝက်ခြံနဲ့ကွဲပြားတဲ့ရောဂါတွေကို ပြောပြဖို့အတွက် ဝက်ခြံရဲ့အကြောင်းကိုအရင်ပြော ပြတာပါ။ အသေးစိတ်မရှင်းပြတော့ပါ။ အတိုချုပ်ပြီးပြောရလျှင် အဆီထွက်တဲ့မွှေးညှင်းပေါက် တွေဟာ အပေါ်ယံအရေပြားဆဲလ် အသေတွေနဲ့ပိတ်ပြီး ယောင်ယမ်းလာတဲ့အဖုတွေကို ခေါ် တာပါ။ များသောအားဖြင့် မျက်နှာမှာအဖြစ်များပြီး လည်ပင်၊ ကျောနဲ့ ရင်ဘတ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်မြှီးကောင်ပေါက်အရွယ်၊ အဆီပြန်လွန်းတဲ့အသားအရေ ပိုင်ရှင်တွေမှာ အဖြစ်များပါတယ်။

အခုဖော်ပြမှာတွေကတော့ ဝက်ခြံနဲ့တူတယ်၊ မျက်နှာပေါ်မှာလဲဖြစ်တယ်၊ ပြီးတော့ အဖြစ်လဲများတဲ့ပြဿနာလေးတွေပါ။

(၁) ရိုစဆီးယား (Rosacea)

ဒီရောဂါဟာ ဝက်ခြံနဲ့တော်တော်မှားတတ်ကြပါတယ်။ ဆရာဝန်အချို့တွေတောင်မှ မှားတတ်ကြပါတယ်။ ဝက်ခြံနဲ့များရောပြီးဖြစ်ခဲ့ရင်တော့ တော်တော်လေးကို ရှုပ်ထွေးသွားနိုင် ပါတယ်။ ရိုစဆီးယားရောဂါဟာ ဝက်ခြံနဲ့သွင်ပြင်လက္ခဏာဟာ ဆင်တူပြီး ဖြစ်ပေါ်ရခြင်းအ ကြောင်းအရင်းကတော့ ကွာခြားပါတယ်။ ဥပမာ – ဝက်ခြံဖြစ်စေဆဲ့အဆီအထွက်များခြင်း၊ Propionibacterium acne ပိုးစတာတွေဟာ ဒီရောဂါမျိုးမှာ မရှိပါဘူး။ ဝက်ခြံဟာ ဆယ်ကျော် သက်တွေမှာအဖြစ်များပြီး ရိုစဆီးယားကတော့ အသက် ၃၀ ကျော်မှာအဖြစ်များတယ်။

ဖြစ်ပေါ်ရာနေရာ

ရိုစဆီးယားဟာ မျက်နှာမှာအဖြစ်များပါတယ်။ ကျောနဲ့ရင်ဘတ်မှာ ဖြစ်တယ် ဆိုတာ တော်တော်ရှားပါတယ်။ အဲ့ဒီတော့ဖြစ်ပေါ်ရာနေရာတွေကလည်း ဝက်ခြံပေါက်တဲ့နေရာတွေ မှာပဲဖြစ်တဲ့အတွက် မှားစရာဖြစ်ရပါတော့်တယ်။

ပုံသဏ္ဍန်

ရိုစဆီးယားရဲ့အဖုတွေဟာ ရဲရောင်နေတဲ့အဖုလေးတွေပါ။ ဒီအဆင့်ထက်နဲနဲဆိုးရင် ပြည်ဖုလေးတွေပါတွေ့ရတတ်ပါတယ်။ ဖြစ်ပေါ်ရာ နေရာရဲ့ အောက်ခံအရေပြားဟာရဲနေပြီး လူနာကိုမေးကြည့်ရင် ငရုပ်သီး၊ အပူအစပ်နဲ့နေရောင်တွေဟာ နီရဲတာကို ပိုဆိုးစေပါတယ် လို့ ဝန်ခံပါလိမ့်မယ်။ ဒီလိုရဲနေတဲ့မျက်နှာပြင်မှာ သွေးကြောအနီမျှင်လေးတွေကို တွေ့မိရင်တော့ ရိုစဆီးယား ရောဂါသေချာသလောက်ပါပဲ၊ ရံဖန်ရံခါမှာ မျက်လုံးပါနီရဲနေတတ်ပါတယ်။ (မျက်စေ့ကျိန်းသလိုပေါ့)

ဘယ်လိုကာကွယ်ကုသမလဲ

အဖုအစပ်နဲ့နေရောင်တို့ကိုရှောင်စေခြင်းဟာ ရောဂါအတွက် အလွန်အရေးကြီးပါ တယ်။ မျက်နှာအတွက် ဆေးကြောသန့်စင်ရေးပစ္စည်း၊ မိတ်ကပ်အလှပြင်ပစ္စည်းတွေဟာ လည်း အရေးကြီးပါတယ်။ အရမ်းပြင်းတဲ့ ဆပ်ပြာဟာ မျက်နှာကိုပိုမိုနီရဲစေပါလိမ့်မယ်။ Alcohol ပါတဲ့ Cleansers တွေ၊ အလှချယ်ပစ္စည်းတွေဟာ အရေပြားကို ပိုမိုနီရဲတာတွေဖြစ် တတ်တာကြောင့် ရှောင်ရှားဖို့လိုပါတယ်။ ကုသရာမှာတော့ Metronidazole 1% cream ၊ Sulphur 10% cream စတာတွေဟာ လိမ်းဆေးအနေနဲ့ ထိရောက်မှုရှိပါတယ်။

အချို့သောလိမ်းဆေးများ (ဥပမာ Azelic Acid, Adapalene) တို့ဟာလည်း အချို့လူနာတွေမှ ထိရောက်မှုရှိတာတွေ့ရပါတယ်။ ဆေးကြောင့်နီရဲခြင်း၊ အဖတ်လန်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။

သောက်ဆေးအနေနဲ့ကတော့ တက်ထရာဆိုက်ကလင်းလိုဆေးမျိုး၊ နောက် Erythromycin Azithromycin စတဲ့ဆေးတွေဟာလည်း ဒီရောဂါကို ကုသရာမှာ တော်တော် လေး အစွမ်းထက်ပါတယ်။

Doxycycline ဆိုတဲ့ဆေးကတော့နေရောင်နဲ့ ဓာတ်ပြုခြင်းရှိတတ်တာကြောင့် ရလဒ် ကောင်းသော်လည်း သတိထားအသုံးပြုရပါလိမ့်မယ်။ Isotretinoin ဆေးကိုသောက်ဆေးအ ဖြစ်ပေးလို့ရနိုင်ပါတယ်။ တော်တော်လေးဆိုးမှပေးပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ချင့်ချိန်ပြီးမှ သာပေးသင့်ပါတယ်။

(၁) ပါးစပ်ပတ်လည်း အရေပြားရောင်ရောဂါ (Perioral Dermatitis)

ဒီရောဂါဟာလည်း ဝက်ခြံဖုလို အဖုလေးတွေပါးစပ်ပတ်လည်မှာ ပေါက်တဲ့ဟာမို ဝက်ခြံ နဲ့ဆင်တူပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် စတီးရွိုက် (Steroid) ပါတဲ့လိမ်းဆေးလိမ်း ရင် သို့မဟုတ် Cosmetic အလှကုန်ပစ္စည်းတစ်ချို့ရဲ့ မွှေးညှင်းပေါက်ပိတ်တတ်တဲ့ ဆိုးကျိုး တွေကြောင့် ဖြစ်ရတတ်တာပါ။

ဒီရောဂါရဲ့ အောက်ခံအရေပြားဟာ ရဲနေတတ်တာကြောင့် Rosacea နဲ့လည်းမှား တတ်ပါတယ်။ ရဲနေတဲ့ အဖုလေးများ (ရံဖန်ရံခါ ပြည်ဖုလေးများဟာ) ပါးစပ်ရဲ့ပတ်လည်တစ် ဝိုက်မှာတွေ့ရပါလိမ့်မယ်။ နှုတ်ခမ်းရဲ့ အနားသတ်ဘေးပတ်လည်တွေမှာတော့ အဖုပေါက်ခြင်း မတွေ့ရပါဘူး။ ဒါဟာ ထူးခြားချက်တစ်တစ်ခုပါ။

အောက်ခံရေပြားဟာရဲရုံမကပဲ ရံဖန်ရံခါမှာ အဖတ်လန်နေတတ်ပါတယ်။ ယားတယ်၊ ပူတယ်၊ နာတယ်ဆိုတဲ့ခံစားချက်မျိုးကို လူနာကိုယ်တိုင်ကထုတ်ဖော်ပြောပြကြလေ့ရှိပါတယ်။

ကာကွယ်ကုသပုံ

ဒါကတော့ လိမ်းနေတဲ့စတီးရွိုက်(Steroid) ပါတဲ့ဆေး သို့မဟုတ် အဆင်မပြေဖြစ်ခဲ့တဲ့ Cosmetic အလှကုန်တွေကိုရပ်ရပါမယ်။ ပိုးသတ်ဆေးကို လိမ်းဆေးရော သောက်ဆေးပါ တွဲ ပြီးပေးရပါမယ်။ Metronidazole 1 % Cream နဲ့ Tetracycline ဆေးတွေဟာ အသုံးများပြီး ထိရောက်တဲ့ဆေးတွေပါ။

(၁) မွေးညှင်းပေါက်ရောင် ရမ်းနာများ

မွေးညှင်းပေါက် ရောင်ရမ်းနာများဟာ နီနီရဲရဲနာတဲ့အဖုလေးတွေက မျက်နှာ၊ ကျောနဲ့ ရင်ဘတ်မှာဖြစ်ပေါ်တဲ့ခါ ဝက်ခြံနဲ့ မှားယွင်းတတ်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့အရေးပြာ မှိုတစ်မျိုးကြောင့် မွေးညှင်းပေါက်တွေ ရောင်ရမ်းခြင်းဖြစ်ပွားရတာပါ။

ဝက်ခြံလို့ထင်ပြီးကု တာ သိပ်မသက်သာပဲပိုဆိုး လာတာမို့ အရေပြားအထူးကုဆရာဝန် ဆီရောက်ရတတ်တဲ့ရောဂါမျိုးပါ။ ရောဂါမွေး၊ မှိုခြစ်ခြင်းတွေလုပ်ပြီး ဘက်တီးရီးယားပိုးကြောင့် ဆိုရင် ပဋိဇီဝပိုးသတ်ဆေးတွေပေးရပါလိမ့်မယ်။ အရေပြားမှိုကြောင့် ဖြစ်တယ်ဆိုရင်တော့ မှို သတ်ဆေးလိမ်းရ၊ သောက်ရပါလိမ့်မယ်။ ဒါကြောင့်မလိုအပ်ဘဲ ကုသမှုမနှောင့်နှေးစေဖို့ မသေ ခြာလျှင် အရေပြားအထူးကုဆရာဝန်နဲ့ပြသဖို့ လိုပါလိမ့်မယ်။

(၁) ဆေးကြောင့်ဖြစ်ရတဲ့ ဝက်ခြံလိုအဖုများ

တစ်ခါတစ်ရံမှာ မိမိလိမ့်တဲ့ လိမ်းဆေးကြောင့်ဖြစ်စေ၊ သောက်ဆေးကြောင့်ဖြစ်စေ၊ မျက်နှာ၊ ကျောနဲ့ ရင်ဘတ်တွေမှာ ဝက်ခြံလိုအဖုလေးတွေ ထွက်လာတတ်ပါတယ်။ အဖုတွေ ကတော့ တစ်ပုံစံတည်းတစ်ညီတစ်ညာတည်းထွက်လာပါတယ်။

ဆေးသောက်ပြီး၊ လိမ်းပြီးဘယ်လောက်အကြာမှာဖြစ်လာမှာလဲ

ဒီအချိန်ကာလကတော့ ဆေးတစ်ခုနဲ့တစ်ခုမတူညီကြပါဘူး၊ နာရီပိုင်းကနေလပိုင်း အထိ ကွာခြားကြပါတယ်။ ဒါကြောင့် အချို့သောလူနာတွေဟာ လွန်ခဲ့သောနှစ်ပတ်သုံးပတ်က သုံးစွဲခဲ့သောဆေးတွေကို မေ့လျှော့နေတတ်ကြပါတယ်။

ဘယ်လိုဆေးတွေက အဖြစ်များတာလဲ

ဆေးအချို့ကို ဥပမာ ပေးဖော်ပြပါ့မယ်။

အဖြစ်များတာကတော့ တီဘီဆေးထဲက Isoniazid နဲ့ Pyrazinamide ပါ။ Isoniazid ကတော့အဖြစ်အများဆုံးပါ။ အနာကြီးရောဂါဆေးထဲက Colfazimine ဆိုတဲ့ဆေးကဖြစ်စေ တတ်ပါတယ်။ အချို့ဗိုင်းရပ်စ်အတွက် ဆေးအချို့လည်း ဝက်ခြံလိုအဖုတွေထွက်စေတတ်ပါ တယ်။ စီးရိုက်ပါတဲ့လိမ်းဆေးနှင့်သောက်ဆေးတွေကတော့ အဖြစ်များအတွေ့များတဲ့ဆေးပါ။

အခြားဆေးတွေကတော့ အားကစားသမားများသုံးစွဲတတ်သော Anabolic ဟော်မုန်း ဆေးများ၊ အတတ်ပျောက်ဆေးအချို့၊ စိတ်ကျရောဂါ ဆေးအချို့ကြောင့်ဖြစ်တတ်ပါတယ်။ ဗီတာမင် B12 ဟာမထင်မှတ်ပဲဖြစ်တတ်တဲ့အထဲမှာ ပါပါတယ်။

ဘယ်လိုကုသရမှာလဲ။

ဒီလိုဆေးကြောင့်ဖြစ်စေတဲ့အဖုတွေကိုတော့ ကုတာထက်၊ ဖြစ်စေတဲ့ဆေးကိုတွေ့ အောင်၊ သိအောင်လုပ်ပြီးဖြစ်နိုင်ရင် အဲဒီဆေးကိုရပ်လိုက်ပါ။ သို့မဟုတ် ပြောင်းလိုက်ဖို့လိုပါ တယ်။ ဆေးကိုပြောင်းလိုက်/ရပ်လိုက်တာနဲ့ အဖုတွေ တစ်ဖြေးဖြေးပျောက်သွားမှာပါ။

အခြားသောရောဂါအချို့မှာလည်း ဝက်ခြံနဲ့တူတဲ့အဖုတွေ ထွက်တတ်လို့မှား တတ်ပါ တယ်။ အခုဖော်ပြခဲ့တဲ့ ပြဿနာတွေကတော့ အတွေ့ရများတဲ့ ပြဿနာတွေပါ။ ဝက်ခြံနဲ့ ပါတ်သက်တဲ့ အခြားအကြောင်းအရာကိုလည်း အလျဉ်းသင့်ရင်ရေးပေးသွားပါ့မယ်။

စေတနာများစွာဖြင့်
ဒေါက်တာလင်းထက် (အရေပြားအထူးကု)

မ်က္ႏွာေပၚမွ ၀က္ျခံႏွင့္တူေသာအဖုေလးမ်ား

လူတုိင္းနီးပါးဟာ ကိုယ့္မ်က္ႏွာမွာ ၀က္ျခံလို အဖုေလးေတြေပါက္တာကို ႀကံဳဖူးၾက မွာပါ။ မ်က္ႏွာေပၚမွာေပါက္တဲ့အဖုတုိင္းဟာ ၀က္ျခံမဟုတ္တာကိုသိၾကေပမယ့္ ၀က္ျခံနဲ႔တူတဲ့ အဖုေတြကိုေတာ့ ၀က္ျခံလို႔ပဲထင္မွတ္ေနတတ္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္မ်က္ႏွာေပၚမွာ အဖုေတြကိုေပၚလာတိုင္းမွာ အဲ့ဒီအဖုေတြကို ၾကည့္ၿပီးစိတ္ညစ္ၾကရပါတယ္။ ဒီေတာ့အဲဒီအဖု ေတြကို ေသေသျခာျခာခြဲျခားမိၿပီး သူ႔ေရာဂါနဲ႔သူ ကုသခ်က္မွန္ကန္စြာ ေရြးခ်ယ္ႏိုင္ပါမွ စိတ္ညစ္တာေတြကင္းေ၀းႏုိင္မွာပါ။ ဒီလိုမွ မဟုတ္ရင္ ဟိုဟာထင္လိုက္ ဟိုလိုကုလိုက္၊ ဒီလို ထင္လိုက္ ဒီလိုကုလိုက္နဲ႔ မလိုအပ္ပဲ ၾကန္႔ၾကာေနပါလိမ့္မယ္။

၀က္ျခံဆိုတာ

၀က္ျခံနဲ႔ကြဲျပားတဲ့ေရာဂါေတြကို ေျပာျပဖို႔အတြက္ ၀က္ျခံရဲ႕အေၾကာင္းကိုအရင္ေျပာ ျပတာပါ။ အေသးစိတ္မရွင္းျပေတာ့ပါ။ အတိုခ်ဳပ္ၿပီးေျပာရလွ်င္ အဆီထြက္တဲ့ေမႊးညႇင္းေပါက္ ေတြဟာ အေပၚယံအေရျပားဆဲလ္ အေသေတြနဲ႔ပိတ္ၿပီး ေယာင္ယမ္းလာတဲ့အဖုေတြကို ေခၚ တာပါ။ မ်ားေသာအားျဖင့္ မ်က္ႏွာမွာအျဖစ္မ်ားၿပီး လည္ပင္၊ ေက်ာနဲ႔ ရင္ဘတ္ေတြမွာလည္း ျဖစ္တတ္ပါတယ္။ ဆယ္ေက်ာ္သက္ျမႇီးေကာင္ေပါက္အရြယ္၊ အဆီျပန္လြန္းတဲ့အသားအေရ ပိုင္ရွင္ေတြမွာ အျဖစ္မ်ားပါတယ္။

အခုေဖာ္ျပမွာေတြကေတာ့ ၀က္ျခံနဲ႔တူတယ္၊ မ်က္ႏွာေပၚမွာလဲျဖစ္တယ္၊ ၿပီးေတာ့ အျဖစ္လဲမ်ားတဲ့ျပႆနာေလးေတြပါ။

(၁)     ႐ိုစဆီးယား (Rosacea)

ဒီေရာဂါဟာ ၀က္ျခံနဲ႔ေတာ္ေတာ္မွားတတ္ၾကပါတယ္။ ဆရာ၀န္အခ်ိဳ႕ေတြေတာင္မွ မွားတတ္ၾကပါတယ္။ ၀က္ျခံနဲ႔မ်ားေရာၿပီးျဖစ္ခဲ့ရင္ေတာ့ ေတာ္ေတာ္ေလးကို ႐ႈပ္ေထြးသြားႏုိင္ ပါတယ္။ ႐ိုစဆီးယားေရာဂါဟာ ၀က္ျခံနဲ႔သြင္ျပင္လကၡဏာဟာ ဆင္တူၿပီး ျဖစ္ေပၚရျခင္းအ ေၾကာင္းအရင္းကေတာ့ ကြာျခားပါတယ္။ ဥပမာ – ၀က္ျခံျဖစ္ေစဆဲ့အဆီအထြက္မ်ားျခင္း၊ Propionibacterium acne ပိုးစတာေတြဟာ ဒီေရာဂါမ်ိဳးမွာ မရွိပါဘူး။ ၀က္ျခံဟာ ဆယ္ေက်ာ္ သက္ေတြမွာအျဖစ္မ်ားၿပီး ႐ိုစဆီးယားကေတာ့ အသက္ ၃၀ ေက်ာ္မွာအျဖစ္မ်ားတယ္။

ျဖစ္ေပၚရာေနရာ

႐ိုစဆီးယားဟာ မ်က္ႏွာမွာအျဖစ္မ်ားပါတယ္။ ေက်ာနဲ႔ရင္ဘတ္မွာ ျဖစ္တယ္ ဆိုတာ ေတာ္ေတာ္ရွားပါတယ္။ အဲ့ဒီေတာ့ျဖစ္ေပၚရာေနရာေတြကလည္း ၀က္ျခံေပါက္တဲ့ေနရာေတြ မွာပဲျဖစ္တဲ့အတြက္ မွားစရာျဖစ္ရပါေတာ့္တယ္။

ပံုသ႑န္

႐ိုစဆီးယားရဲ႕အဖုေတြဟာ ရဲေရာင္ေနတဲ့အဖုေလးေတြပါ။ ဒီအဆင့္ထက္နဲနဲဆိုးရင္ ျပည္ဖုေလးေတြပါေတြ႔ရတတ္ပါတယ္။ ျဖစ္ေပၚရာ ေနရာရဲ႕ ေအာက္ခံအေရျပားဟာရဲေနၿပီး လူနာကိုေမးၾကည့္ရင္ င႐ုပ္သီး၊ အပူအစပ္နဲ႔ေနေရာင္ေတြဟာ နီရဲတာကို ပိုဆုိးေစပါတယ္ လို႔ ၀န္ခံပါလိမ့္မယ္။ ဒီလိုရဲေနတဲ့မ်က္ႏွာျပင္မွာ ေသြးေၾကာအနီမွ်င္ေလးေတြကို ေတြ႔မိရင္ေတာ့ ႐ိုစဆီးယား ေရာဂါေသခ်ာသေလာက္ပါပဲ၊ ရံဖန္ရံခါမွာ မ်က္လံုးပါနီရဲေနတတ္ပါတယ္။ (မ်က္ေစ့က်ိန္းသလိုေပါ့)

ဘယ္လိုကာကြယ္ကုသမလဲ

အဖုအစပ္နဲ႔ေနေရာင္တို႔ကိုေရွာင္ေစျခင္းဟာ ေရာဂါအတြက္ အလြန္အေရးႀကီးပါ တယ္။ မ်က္ႏွာအတြက္ ေဆးေၾကာသန္႔စင္ေရးပစၥည္း၊ မိတ္ကပ္အလွျပင္ပစၥည္းေတြဟာ လည္း အေရးႀကီးပါတယ္။ အရမ္းျပင္းတဲ့ ဆပ္ျပာဟာ မ်က္ႏွာကိုပိုမိုနီရဲေစပါလ္ိမ့္မယ္။ Alcohol ပါတဲ့ Cleansers ေတြ၊ အလွခ်ယ္ပစၥည္းေတြဟာ အေရျပားကို ပိုမိုနီရဲတာေတြျဖစ္ တတ္တာေၾကာင့္ ေရွာင္ရွားဖို႔လိုပါတယ္။ ကုသရာမွာေတာ့ Metronidazole 1% cream ၊ Sulphur 10% cream စတာေတြဟာ လိမ္းေဆးအေနနဲ႔ ထိေရာက္မႈရွိပါတယ္။

အခ်ိဳ႕ေသာလိမ္းေဆးမ်ား (ဥပမာ Azelic Acid, Adapalene) တို႔ဟာလည္း အခ်ိဳ႕လူနာေတြမွ ထိေရာက္မႈရွိတာေတြ႔ရပါတယ္။ ေဆးေၾကာင့္နီရဲျခင္း၊ အဖတ္လန္ျခင္းေတြ ျဖစ္ပြားတတ္ပါတယ္။

ေသာက္ေဆးအေနနဲ႔ကေတာ့ တက္ထရာဆိုက္ကလင္းလိုေဆးမ်ိဳး၊ ေနာက္ Erythromycin Azithromycin စတဲ့ေဆးေတြဟာလည္း ဒီေရာဂါကို ကုသရာမွာ ေတာ္ေတာ္ ေလး အစြမ္းထက္ပါတယ္။

Doxycycline ဆိုတဲ့ေဆးကေတာ့ေနေရာင္နဲ႔ ဓာတ္ျပဳျခင္းရွိတတ္တာေၾကာင့္ ရလဒ္ ေကာင္းေသာ္လည္း သတိထားအသံုးျပဳရပါလိမ့္မယ္။ Isotretinoin ေဆးကိုေသာက္ေဆးအ ျဖစ္ေပးလို႔ရႏိုင္ပါတယ္။ ေတာ္ေတာ္ေလးဆိုးမွေပးပါတယ္။ ေဘးထြက္ဆိုးက်ိဳးနဲ႔ ခ်င့္ခ်ိန္ၿပီးမွ သာေပးသင့္ပါတယ္။

(၁)     ပါးစပ္ပတ္လည္း အေရျပားေရာင္ေရာဂါ (Perioral Dermatitis)

ဒီေရာဂါဟာလည္း ၀က္ျခံဖုလို အဖုေလးေတြပါးစပ္ပတ္လည္မွာ ေပါက္တဲ့ဟာမို ၀က္ျခံ နဲ႔ဆင္တူပါတယ္။ ဒီေရာဂါဟာ မ်ားေသာအားျဖင့္ စတီးရြိဳက္ (Steroid) ပါတဲ့လိမ္းေဆးလိမ္း ရင္ သို႔မဟုတ္ Cosmetic အလွကုန္ပစၥည္းတစ္ခ်ိဳ႕ရဲ႕ ေမႊးညႇင္းေပါက္ပိတ္တတ္တဲ့ ဆိုးက်ိဳး ေတြေၾကာင့္ ျဖစ္ရတတ္တာပါ။

ဒီေရာဂါရဲ႕ ေအာက္ခံအေရျပားဟာ ရဲေနတတ္တာေၾကာင့္ Rosacea နဲ႔လည္းမွား တတ္ပါတယ္။ ရဲေနတဲ့ အဖုေလးမ်ား (ရံဖန္ရံခါ ျပည္ဖုေလးမ်ားဟာ) ပါးစပ္ရဲ႕ပတ္လည္တစ္ ၀ိုက္မွာေတြ႔ရပါလိမ့္မယ္။ ႏႈတ္ခမ္းရဲ႕ အနားသတ္ေဘးပတ္လည္ေတြမွာေတာ့ အဖုေပါက္ျခင္း မေတြ႔ရပါဘူး။ ဒါဟာ ထူးျခားခ်က္တစ္တစ္ခုပါ။

ေအာက္ခံေရျပားဟာရဲ႐ံုမကပဲ ရံဖန္ရံခါမွာ အဖတ္လန္ေနတတ္ပါတယ္။ ယားတယ္၊ ပူတယ္၊ နာတယ္ဆိုတဲ့ခံစားခ်က္မ်ိဳးကို လူနာကိုယ္တိုင္ကထုတ္ေဖာ္ေျပာျပၾကေလ့ရွိပါတယ္။

ကာကြယ္ကုသပံု

ဒါကေတာ့ လိမ္းေနတဲ့စတီး႐ိြဳက္(Steroid) ပါတဲ့ေဆး သို႔မဟုတ္ အဆင္မေျပျဖစ္ခဲ့တဲ့ Cosmetic အလွကုန္ေတြကိုရပ္ရပါမယ္။ ပိုးသတ္ေဆးကို လိမ္းေဆးေရာ ေသာက္ေဆးပါ တြဲ ၿပီးေပးရပါမယ္။ Metronidazole 1 % Cream နဲ႔ Tetracycline ေဆးေတြဟာ အသံုးမ်ားၿပီး ထိေရာက္တဲ့ေဆးေတြပါ။

(၁)     ေမြးညႇင္းေပါက္ေရာင္ ရမ္းနာမ်ား

ေမြးညႇင္းေပါက္ ေရာင္ရမ္းနာမ်ားဟာ နီနီရဲရဲနာတဲ့အဖုေလးေတြက မ်က္ႏွာ၊ ေက်ာနဲ႔ ရင္ဘတ္မွာျဖစ္ေပၚတဲ့ခါ ၀က္ျခံနဲ႔ မွားယြင္းတတ္ပါတယ္။ ဘက္တီးရီးယားပိုးနဲ႔အေရးျပာ မႈိတစ္မ်ိဳးေၾကာင့္ ေမြးညႇင္းေပါက္ေတြ ေရာင္ရမ္းျခင္းျဖစ္ပြားရတာပါ။

၀က္ျခံလို႔ထင္ၿပီးကု တာ သိပ္မသက္သာပဲပိုဆိုး လာတာမို႔ အေရျပားအထူးကုဆရာ၀န္ ဆီေရာက္ရတတ္တဲ့ေရာဂါမ်ိဳးပါ။ ေရာဂါေမြး၊ မႈိျခစ္ျခင္းေတြလုပ္ၿပီး ဘက္တီးရီးယားပိုးေၾကာင့္ ဆိုရင္ ပဋိဇီ၀ပိုးသတ္ေဆးေတြေပးရပါလိမ့္မယ္။ အေရျပားမႈိေၾကာင့္ ျဖစ္တယ္ဆိုရင္ေတာ့ မႈိ သတ္ေဆးလိမ္းရ၊ ေသာက္ရပါလိမ့္မယ္။ ဒါေၾကာင့္မလိုအပ္ဘဲ ကုသမႈမေႏွာင့္ေႏွးေစဖို႔ မေသ ျခာလွ်င္ အေရျပားအထူးကုဆရာ၀န္နဲ႔ျပသဖို႔ လိုပါလိမ့္မယ္။

(၁)     ေဆးေၾကာင့္ျဖစ္ရတဲ့ ၀က္ျခံလိုအဖုမ်ား

တစ္ခါတစ္ရံမွာ မိမိလိမ့္တဲ့ လိမ္းေဆးေၾကာင့္ျဖစ္ေစ၊ ေသာက္ေဆးေၾကာင့္ျဖစ္ေစ၊ မ်က္ႏွာ၊ ေက်ာနဲ႔ ရင္ဘတ္ေတြမွာ ၀က္ျခံလိုအဖုေလးေတြ ထြက္လာတတ္ပါတယ္။ အဖုေတြ ကေတာ့ တစ္ပံုစံတည္းတစ္ညီတစ္ညာတည္းထြက္လာပါတယ္။

ေဆးေသာက္ၿပီး၊ လိမ္းၿပီးဘယ္ေလာက္အၾကာမွာျဖစ္လာမွာလဲ

ဒီအခ်ိန္ကာလကေတာ့ ေဆးတစ္ခုနဲ႔တစ္ခုမတူညီၾကပါဘူး၊ နာရီပိုင္းကေနလပိုင္း အထိ ကြာျခားၾကပါတယ္။ ဒါေၾကာင့္ အခ်ိဳ႕ေသာလူနာေတြဟာ လြန္ခဲ့ေသာႏွစ္ပတ္သံုးပတ္က သံုးစြဲခဲ့ေသာေဆးေတြကို ေမ့ေလွ်ာ့ေနတတ္ၾကပါတယ္။

ဘယ္လိုေဆးေတြက အျဖစ္မ်ားတာလဲ

ေဆးအခ်ိဳ႕ကို ဥပမာ ေပးေဖာ္ျပပါ့မယ္။

အျဖစ္မ်ားတာကေတာ့ တီဘီေဆးထဲက Isoniazid နဲ႔ Pyrazinamide ပါ။ Isoniazid ကေတာ့အျဖစ္အမ်ားဆံုးပါ။ အနာႀကီးေရာဂါေဆးထဲက Colfazimine ဆိုတဲ့ေဆးကျဖစ္ေစ တတ္ပါတယ္။ အခ်ိဳ႕ဗိုင္းရပ္စ္အတြက္ ေဆးအခ်ိဳ႕လည္း ၀က္ျခံလိုအဖုေတြထြက္ေစတတ္ပါ တယ္။ စီး႐ိုက္ပါတဲ့လိမ္းေဆးႏွင့္ေသာက္ေဆးေတြကေတာ့ အျဖစ္မ်ားအေတြ႔မ်ားတဲ့ေဆးပါ။

အျခားေဆးေတြကေတာ့ အားကစားသမားမ်ားသံုးစြဲတတ္ေသာ Anabolic ေဟာ္မုန္း ေဆးမ်ား၊ အတတ္ေပ်ာက္ေဆးအခ်ိဳ႕၊ စိတ္က်ေရာဂါ ေဆးအခ်ိဳ႕ေၾကာင့္ျဖစ္တတ္ပါတယ္။ ဗီတာမင္ B12 ဟာမထင္မွတ္ပဲျဖစ္တတ္တဲ့အထဲမွာ ပါပါတယ္။

ဘယ္လိုကုသရမွာလဲ။

ဒီလိုေဆးေၾကာင့္ျဖစ္ေစတဲ့အဖုေတြကိုေတာ့ ကုတာထက္၊ ျဖစ္ေစတဲ့ေဆးကိုေတြ႔ ေအာင္၊ သိေအာင္လုပ္ၿပီးျဖစ္ႏိုင္ရင္ အဲဒီေဆးကိုရပ္လိုက္ပါ။ သို႔မဟုတ္ ေျပာင္းလိုက္ဖို႔လိုပါ တယ္။ ေဆးကိုေျပာင္းလိုက္/ရပ္လိုက္တာနဲ႔ အဖုေတြ တစ္ေျဖးေျဖးေပ်ာက္သြားမွာပါ။

အျခားေသာေရာဂါအခ်ိဳ႕မွာလည္း ၀က္ျခံနဲ႔တူတဲ့အဖုေတြ ထြက္တတ္လို႔မွား တတ္ပါ တယ္။ အခုေဖာ္ျပခဲ့တဲ့ ျပႆနာေတြကေတာ့ အေတြ႔ရမ်ားတဲ့ ျပႆနာေတြပါ။ ၀က္ျခံနဲ႔ ပါတ္သက္တဲ့ အျခားအေၾကာင္းအရာကိုလည္း အလ်ဥ္းသင့္ရင္ေရးေပးသြားပါ့မယ္။

ေစတနာမ်ားစြာျဖင့္
ေဒါက္တာလင္းထက္ (အေရျပားအထူးကု)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…

Leave a Reply

Your email address will not be published. Required fields are marked *