စိတ်ကူးယဉ်နေတဲ့သားသားလား အတက်ရောဂါဆန်းတစ်မျိုးပေလား

အတက်ရောဂါလို့ပြောလိုက်ရင် တစ်ဂီးဂီးတစ်ဂစ်ဂစ်နဲ့တက်ပြီး ခြေတွေလက်တွေကွေးလိုက်ဆန့်လိုက်ဖြစ်နေတာကိုပဲ လူတွေမျက်စိထဲမှာအရင်ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ဒီလိုမဟုတ်ဘဲ စက္ကန့်ပိုင်းအနည်းငယ်ခန့် ကြောင်အမ်းအမ်းဖြစ်ကာ လုပ်လက်စတွေရပ်တန့်သွားစေတဲ့အတက်ရောဂါတစ်မျိုးလည်း ရှိနေပါတယ်။ ဒါကိုတော့ဆေးပညာအခေါ်အရ Absence Seizure လို့ခေါ်ပါတယ်။

Absence Seizure ဟာ ဆယ့်စက္ကန့်ခန့်ကြာပြီး တက်နေသူဟာ မတက်ခင်ကပုံစံလေးအတိုင်း မလှုပ်မယှက်ကြောင်ငေးနေတတ်ပါတယ်။ သူ့ကိုသွားပြီး ထိလိုက်တို့လိုက်ရင်၊ စကားပြောလိုက်ရင်လည်း ပြန်လည်တုန့်ပြန်ခြင်းမပြုနိုင်ပါဘူး။ တစ်ခါတစ်လေမှာတော့ Absence Seizureဟာ အခြားသော အတက်ရောဂါများနဲ့တွဲနေတတ်ပါတယ်။ ဒါဆိုရင်တော့ ကြောက်စရာကောင်းတဲ့အတက်ရောဂါစုအသွင်ကိုပြောင်းသွားနိုင်ပါတယ်။

Absence Seizure ကို ငယ်စဉ်ဘဝ ကျောင်းစာ စသင်ချိန် ကလေးဘဝမှာ များသောအားဖြင့်သတိထားမိတတ်ကြပါတယ်။ ကျောင်းစာသင်ချိန်မှာ ကလေးငယ်ဟာ ကြောင်ငေးပြီး ဆရာမများက စာသင်ချိန်မှာတွေ့ရှိတတ်ပါတယ်။ အချို့ကလေးတွေမှာတော့ မိဘများက ကျောင်းမတက်စဉ်အချိန်မှာပဲ ကလေးငယ်ဟာဆော့ကစားရင်းရပ်တန့်သွားခြင်း၊ ထမင်းစားရင်းရပ်သွားခြင်းကို မြင်ပြီး ဆရာဝန်များနှင့်တိုင်ပင်မိတဲ့အတွက် စောစီးစွာသိရှိသွားကြပါတယ်။

Absence Seizure ဟာ ကလေးငယ်အယောက် ငါးထောင်မှာတစ်ယောက်ခန့်ဖြစ်တတ်တဲ့အတက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ယောကျာ်းလေးတွေမှာပိုဖြစ်တတ်ပြီး အများစုဟာ အသက်ခြောက်နှစ်မှ ရှစ်နှစ်ခန့်အရွယ်မှာ စတင်ဖြစ်ပွားတတ်ကြပါတယ်။ Absence Seizure ကို
အတက်ကျဆေးများနဲ့ ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါရှိတဲ့ ကလေးသုံးယောက်မှာတစ်ယောက်ဟာ အခြားသောအတက်ရောဂါများနဲ့တွဲနေနိုင်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်နိုင်တဲ့အတွက် မပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုးဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

စိတ္ကူးယဥ္ေနတဲ့သားသားလား အတက္ေရာဂါဆန္းတစ္မ်ိဳးေပလား

အတက္ေရာဂါလို႔ေျပာလိုက္ရင္ တစ္ဂီးဂီးတစ္ဂစ္ဂစ္နဲ႔တက္ၿပီး ေျခေတြလက္ေတြေကြးလိုက္ဆန္႔လိုက္ျဖစ္ေနတာကိုပဲ လူေတြမ်က္စိထဲမွာအရင္ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္ ဒီလိုမဟုတ္ဘဲ စကၠန္႔ပိုင္းအနည္းငယ္ခန္႔ ေၾကာင္အမ္းအမ္းျဖစ္ကာ လုပ္လက္စေတြရပ္တန္႔သြားေစတဲ့အတက္ေရာဂါတစ္မ်ိဳးလည္း ႐ွိေနပါတယ္။ ဒါကိုေတာ့ေဆးပညာအေခၚအရ Absence Seizure လို႔ေခၚပါတယ္။

Absence Seizure ဟာ ဆယ့္စကၠန္႔ခန္႔ၾကာၿပီး တက္ေနသူဟာ မတက္ခင္ကပံုစံေလးအတိုင္း မလႈပ္မယွက္ေၾကာင္ေငးေနတတ္ပါတယ္။ သူ႔ကိုသြားၿပီး ထိလိုက္တို႔လိုက္ရင္၊ စကားေျပာလိုက္ရင္လည္း ျပန္လည္တုန္႔ျပန္ျခင္းမျပဳႏိုင္ပါဘူး။ တစ္ခါတစ္ေလမွာေတာ့ Absence Seizureဟာ အျခားေသာ အတက္ေရာဂါမ်ားနဲ႔တြဲေနတတ္ပါတယ္။ ဒါဆိုရင္ေတာ့ ေၾကာက္စရာေကာင္းတဲ့အတက္ေရာဂါစုအသြင္ကိုေျပာင္းသြားႏုိင္ပါတယ္။

Absence Seizure ကို ငယ္စဥ္ဘဝ ေက်ာင္းစာ စသင္ခ်ိန္ ကေလးဘဝမွာ မ်ားေသာအားျဖင့္သတိထားမိတတ္ၾကပါတယ္။ ေက်ာင္းစာသင္ခ်ိန္မွာ ကေလးငယ္ဟာ ေၾကာင္ေငးၿပီး ဆရာမမ်ားက စာသင္ခ်ိန္မွာေတြ႔႐ွိတတ္ပါတယ္။ အခ်ိဳ႕ကေလးေတြမွာေတာ့ မိဘမ်ားက ေက်ာင္းမတက္စဥ္အခ်ိန္မွာပဲ ကေလးငယ္ဟာေဆာ့ကစားရင္းရပ္တန္႔သြားျခင္း၊ ထမင္းစားရင္းရပ္သြားျခင္းကို ျမင္ၿပီး ဆရာဝန္မ်ားႏွင့္တိုင္ပင္မိတဲ့အတြက္ ေစာစီးစြာသိ႐ွိသြားၾကပါတယ္။

Absence Seizure ဟာ ကေလးငယ္အေယာက္ ငါးေထာင္မွာတစ္ေယာက္ခန္႔ျဖစ္တတ္တဲ့အတက္ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ေယာက်ာ္းေလးေတြမွာပိုျဖစ္တတ္ၿပီး အမ်ားစုဟာ အသက္ေျခာက္ႏွစ္မွ ႐ွစ္ႏွစ္ခန္႔အရြယ္မွာ စတင္ျဖစ္ပြားတတ္ၾကပါတယ္။ Absence Seizure ကို
အတက္က်ေဆးမ်ားနဲ႔ ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ ဒါေပမယ့္ ဒီေရာဂါ႐ွိတဲ့ ကေလးသံုးေယာက္မွာတစ္ေယာက္ဟာ အျခားေသာအတက္ေရာဂါမ်ားနဲ႔တြဲေနႏိုင္တာေၾကာင့္ ဦးေႏွာက္ဖြံ႔ၿဖိဳးမႈကိုထိခိုက္ႏိုင္တဲ့အတြက္ မေပါ့ဆသင့္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ေၾကာင္းတင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *