ကိုယ်ဝန်ဖျက်ချခြင်း နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ
ကိုယ်ဝန် “ဖျက်ချခြင်း” နဲ့ ” ပျက်ကျခြင်း”…. အမျိုးသမီးတစ်ယောက် ကိုယ်ဝန် ရှိပြီးနောက်ပိုင်းမှာ မိခင်၏ ခန္ဓာကိုယ် ကျန်းမာရေးကြောင့် (သို့) သန္ဓေသားရဲ့ ချို့ယွင်းမှုကြောင့် တခါတရံမှာ ကိုယ်ဝန် ပျက်ကျ တတ်ပါတယ်… သို့သော် တခြားအကြောင်းရင်းများ မရှိပဲ မိမိကိုယ်တိုင်က လွယ်ထားသော ကိုယ်ဝန်ကို မလိုချင်၍ ပျက်ကျအောင် ပြုလုပ်ခြင်းကိုတော့ ကိုယ်ဝန်ဖျက်ချတယ်(induced abortion)လို့ ခေါ်ရမှာပါ…
ဘာကြောင့်များ ကိုယ်ဝန်ဖျက်ချကြတာလဲ ?…လို့ စစ်တမ်းကောက်တဲ့အခါမှာ ကလေးယူချိန်မတန်သေးလို့ ၊ ကလေးမွေးရန် အချိန်မပေးနိုင်သေးလို့ လို့ အဓိကဆိုကြပါတယ်… ဒါြ့ပင် လူမှုစီပွားရေးအခက်အခဲများ – ပညာရေး(သို့)အလုပ်အကိုင်မှာ အနှောက်အယှက်ဖြစ်မှာစိုးခြင်း၊ ယခုပင် ကလေးတွေများနေပြီး ပိုက်ဆံမရှိဆင်းရဲနေသေးခြင်း၊ ကလေးကို မိခင်တစ်ယောက်တည်း ပြုစုပျိုးထောင်ရန် မဖြစ်နိုင်သေးခြင်း၊နောက်ကလေးတစ်ယောက်မွေးရန် ပိုက်ဆံမတတ်နိုင်သေးခြင်း၊မိခင်၏ အသက်မှာ ငယ်ရွယ်လွန်း (သို့) ကြီးလွန်း၍ ကလေးယူရန် မသင့်ဖူးထင်ကာ ဖျက်ချခြင်း တွေပဲ ဖြစ်ပါတယ်…
ယခုခေတ်မှာ ဒီလို မိမိမလိုလားသေးတဲ့ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ရာ … သန္ဓေတားဆေး(သို့) ပစ္စည်းများ အသုံးပြုလို့ရသလို.. ကလေးများပြားပြီး မိခင် အသက်ကြီးလျှင် သားကြောဖြတ်လျှောက်လွှာတငိနိုင်ခြင်းတွေ ရှိသော်လည်း .. ကိုယ်ဝန်ဖျက်ချခြင်းတွေကတော့ ရှိနေဆဲပါ… ဘာကြောင့်လဲ ? … လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအထောက်အပံ့ စတာတွေကြောင့် ကိုယ်ဝန်မလိုချင်ပါက ဖျက်ချလိုက်မယ်ဆိုသော စိတ်တွေ လူတွေဆီမှာ စွဲကပ်နေဆဲ ဖြစ်ပါတယ်…
မိမိမှာ ရလာသည့် ကိုယ်ဝန်ကို မလိုချင်၍ ဖျက်ချလိုက်သော်လည်း နောက်ဆက်တွဲ ပြသနာများ ဖြစ်လာနိုင်ပါတယ်…- ကိုယ်ဝန်ပျက်ကျစေရန် သားအိမ်ညစ်အားကောင်းစေသည့်ဆေးတွေ သောက်ခြင်း ၊ သားအိမ်တွင်းသို့ သံချွန်(သို့) တုတ် စသည့်ပစ္စည်းများ ထိုးထည့်ကာ ဖျက်ချခြင်း တွေကြောင့် သားအိမ်ပေါက်ပြဲ ဒဏ်ရာတွေ ဖြစ်နိုင်ပါတယ်… ပထမဆုံးအနေနဲ့ သွေးထွက်လွန်နိုင်ပါတယ်.. ရှောခ်ရပြီး အသက်ဆုံးသည့်ထိ ဖြစ်နိုင်ပါတယ်…. ဒါပြင် သားအိမ်တွင်း သန္ဓေသား အပိုင်းအစများကျန်ခဲ့၍ သားအိမ်ခြစ်ရခြင်း၊ဆေးရုံတွင် ရက်ကြာရှည်နေရခြင်း၊ မိမိ အသုံးပြုခဲ့သော သံချွန်(သို့) ပစ္စည်းမှာ မသန့်ရှင်း၍ ရောဂါပိုးများဝင်နိုင်ခြင်း၊ ကိုယ်ဝန်ဖျက်ချထားသောဒဏ်ကြောင့် အလုပ်အကိုင်ပျက်ခြင်း၊နေထိုင်ရခက်ခြင်းအစရှိတာတွေ ဖြစ်နိုင်ပါတယ်…
မိမိဟာ တချိန်က မလိုချင်၍ ဖျက်ချဖူးသော်လည်း ယခု ကိုယ်ဝန်ယူချင်လာသောအခါ… မိမိမှာ သားအိမ်ခြစ်ထားရသော်ကြောင့် ကိုယ်ဝန်ယူရန် နှောင့်နှေးကြန့်ကြာခြင်း၊သားအိမ်တွင်းရောဂါပိုးများ ဝင်ထား၍ နာတာရှည်မီးယပ်ရောဂါ ဖြစ်နိုင်ခြင်း၊ ကိုယ်ဝန်မမြဲခြင်း၊သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း၊ နောက်ထပ်ကိုယ်ဝန်ဆောင်ရန် စိုးရွံ့စိတ် ဝင်ခြင်း တွေ ကြုံရနိုင်ပါတယ်…ဒါကြောင့် ဒီလိုတွေ မဖြစ်ဖို့ရာ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေး အသိဟာ အင်မတန် အရေး ပါပါတယ်…ဖြစ်လာမယ့်ဘေး ပြေးတွေ့ခြင်းထက် မဖြစ်ခင် ရှောင်ရှားနိုင်တဲ့ နည်းလမ်းများကို ကျန်းမာရေးအသိနဲ့ သေချာစွာ ဖြေရှင်းသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်..
ဆင်ခြင်တုံတရားကင်းသော သူများအဖြစ်မှ ကင်းဝေးပါစေလို့ တောင်းဆုမေတ္တာပြုလျက်…..
ပိုင်နီမောင်
အချိန်မတိုင်ခင်စောကွာတဲ့ကလေးအချင်း
ကလေးငယ်ရဲ့ အချင်း ဆိုတာ မိခင်ဆီက အာဟာရဓာတ်၊ အောက်ဆီဂျင်တွေကိုတစ်ဆင့်သယ်ပေးတဲ့  အမေနဲ့ကလေးကိုချိတ်ဆက်ပေးတဲ့
အဂါင်္အစိတ်အပိုင်းတစ်ခုပါ။ ကလေးသန္တေစတည်ပြီဆိုတဲ့ အချိန်မှာ အချင်းစတင်ဖြစ်တည်လာပြီးကလေးမွေးတဲ့အချိန်မှာ ကလေးထွက်ပြီးတာနဲ့အချင်းကွာကျပြီး
ကလေးနဲ့အတူ အချင်းပါမွေးပါတယ်။ ဒါကို ပုံမှန် အချင်းကွာပြီးမွေးဖွားခြင်းလို့ခေါ်ပါတယ်။အချိန်မတိုင်ခင် ကလေးအချင်းစောကွာတယ်ဆိုတာကတော့” ကလေးမွေးဖွားရမယ့်အချိန်မဟုတ်ဘဲ( ကလေးလမစေ့ဘဲ) အချင်းကွာကျတာဖြစ်ပါတယ်။ ကိုယ်ဝန် ၂၀ ပတ် ( ၅လ)မှစလို့ မမွေးခင်အချိန်ထိအချိန်မရွေးဖြစ်နိုင်ပါတယ်။ ဒီလိုစောကွာတဲ့အခါ ကလေးဆီကို အောက်ဆီဂျင်မရောက်နိုင်တော့ဘဲ ကလေးအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ပိုပြီးဖြစ်န်ုင်တဲ့ ကိုယ်ဝန်ဆောင်တွေကတော့
- သွေးတိုးရှိတဲ့မိခင်တွေ
- ကိုယ်ဝန်ဆိပ်တက်ဖူးတဲ့မိခင်တွေ
- အသက် ၃၅နှစ်ကျော်
- အမွှာကိုယ်ဝန်ဆောင်တွေ
- ဗိုက်ကို ထိခိုက်ဒဏ်ရာရတာ ၊ ချော်လဲတာ
- ဆေးလိပ်သောက်တတ်တဲ့မိခင်တွေမှာ ဖြစ်လေ့ရှိပါတယ်။
အချင်းစောကွာတယ်လို့ သိနိုင်တဲ့လက္ခဏာတွေကတော့
- သွေးတွေဆင်းတာ
- သားအိမ်နေရာက တအားနာလာတာ
- သားအိမ်တင်းလာတာ
- ကလေး လှုပ်တာနည်းပြီး နှလုံးခုန်နှုန်းနှေးလာတာတွေ ခံစားရနိုင်ပါတယ်။
ဆရာဝန်တွေက ပိုသေချာအောင်ဆိုရင်တော့ ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်တာ၊ သွေးစစ်တာ
ကလေးနှလုံးခုန်နှုန်းကို စက်နဲ့တိုင်းတာတွေလုပ်ပေးနိုင်ပါတယ်။
အချင်းစောကွာတာအတွက်ကုသနိုင်လားဆိုရင်တော့
- အချင်း ဘယ်လောက်အတိုင်းအတာအထိကွာလဲပေါ်မူတည်ပါတယ်။
- အချင်းသာ လုံးဝအပြည့်ကွာမယ်ဆိုရင်
- ကလေးကိုမွေးဖွားလိုက်ခြင်းသည်သာ အကောင်းဆုံး အဖြေပါ။
- အချင်းဟာ နည်းနည်းပဲကွာမယ်ဆိုရင်တော့
- ဆေးရုံတက်ပြီးစောင့်ကြည့်တာ
- လိုအပ်ရင်သွေးသွင်းတာ တွေပြုလုပ်ပေးနိုင်ပါတယ်။
ခြုံပြောရမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်လရင့်မှသွေးဆင်းတာမျိုးဖြစ်ရင်မပေါ့ဆဘဲ ဆေးရုံကို သွားပြကြဖို့တိုက်
တွန်းခြင်ပါတယ်။
မယ်တင်( ဆေး ၁)