??နေကောင်းလား စားပြီးပြီလား ဘာနဲ့စားလဲ ??
လူတိုင်းပြေးမလွတ်တဲ့ မေးခွန်းတွေ။ နေမကောင်းရင် ပြုစုပေးမလား မစားရသေးရင် ကျွေးမှာလားတော့ မသိ။ အလွယ်မေးတတ်ကြသလို ဖြေရတာလည်း လွယ်တယ်။
နေကောင်းလားမေးရင် အလွယ်တကူ ကောင်းပါတယ် ဖြေတတ်ကြပေမဲ့ တကယ်အပြည့်အဝကောင်းကြတာရော ဟုတ်ရဲ့လား။
ဖျားနာနေတာမျိုးမဟုတ်ပေမဲ့ သွားလာလုပ်ကိုင်နေရင်းနဲ့ပဲ ခွန်အားမရှိတော့သလိုလို..နုန်းခွေခွေဖြစ်ချင်လာသလို..မူးသလိုလို..မောသလိုလို..ခြေတွေလက်တွေ မသယ်ချင်သလိုလို.. ခံစားချက်တွေ။
နေမကောင်းဘူးလည်း မဟုတ်။ နေကောင်းတယ်လည်းမဟုတ်။
လူတစ်ယောက်မှာ အခြေခံအကျဆုံးလိုအပ်ချက်က အအိပ်နဲ့ အစား။
အိပ်ချိန်မပြည့်ခြင်းက လူတစ်ယောက်ကို နွမ်းနယ် မူးဝေ နေမကောင်းသလိုလို ဖြစ်စေတယ်။ ဒီလိုပဲ အစာအာဟာရချို့တဲ့လာရင်လည်း ခုနကပြောသလိုမျိုး နေမကောင်းသလိုလို ကောင်းသလိုလို အခြေအနေမျိုးဖြစ်လာတတ်တယ်။ အဲ့ဒီ နောက်မှာတော့ ရောဂါတွေက “ကိုယ်လာမယ် မင်းဆီကို” ဆိုတာမျိုးတွေဖြစ်ပြီး ဆေးရုံဆေးခန်းတွေဆီ ချောင်းပေါက်ရတော့တာပေါ့။
? စားတာတော့ စားနေတာပဲ ဘာလို့ အာဟာရချို့တဲ့နေရတာလဲ
ထမင်းတစ်ဇလုံကြီးစားနေပေမဲ့လည်း အသားငါး လက်သည်းခွံလောက်၊ အသီးအရွက်လေး လက်နှစ်ဆစ်စာလောက်ပဲ စားနေရင်တော့ သေချာပေါက် ပရိုတင်းဓာတ်၊ သတ္ထုဓာတ်တွေနဲ့ ဗိုက်တာမင်တော်တော်များများ ချို့တဲ့လာမှာပဲ။ အစားများဖို့ထက် အစားမှန်ဖို့ လိုပါတယ်။ ထမင်း၊ အသီးအရွက်၊ ပဲ၊ အသားငါး ၊ဥ၊ နို့၊ အသီးအနှံ၊ အစေ့အဆံ.. စုံလင်မျှတအောင် စားရပါမယ်။
? ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ။
အောက်မှာရေးထားတာတွေထဲက တစ်ခုခုဖြစ်နေပြီဆိုရင်တော့ အစားအသောက်မှာ တစ်ခုခုမှားနေပါပြီ။ တစ်ခုခုတော့ သေချာပေါက် ချို့တဲ့နေပါပြီ။ ဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးပါကူဖို့ပါ လိုကောင်းလိုပါလိမ့်မယ်။
– သွေးအားနည်းခြင်း
မူးမယ်၊ မောမယ်၊ အသက်ရှူမဝဘူး၊ မစားချင်မသောက်ချင်၊ မလှုပ်ချင်၊ နုန်းနေပြီး ထလိုက်ရင် မိုက်ခနဲ ဖြစ်သွားတတ်တယ်။ တခါတလေ ညဘက် ခြေထောက်က ဆတ်ခနဲ ထရုန်းသလို ကန်သလိုမျိုး ဖြစ်တတ်တယ်။
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုပါ။ မိန်းကလေးတွေ အမျိုးသမီးတွေ ပိုဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့လို့ အဖြစ်များပြီး သံဓာတ်စုပ်ယူမှုအားကောင်းဖို့ ဗိုက်တာမင်စီလည်း လိုပါတယ်။
– ကျီးကန်းပါးစပ်
angular stomatitis လို့ခေါ်တဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွဲနေတာမျိုးဖြစ်နေရင်တော့ ဗိုက်တာမင် B2 ချို့တဲ့နေတာ ဖြစ်တတ်ပါတယ်။ B1,B6နဲ့ သံဓာတ်တွေလည်းလိုတတ်တယ်။
– တံတောင်ဆစ်လို နေရာတွေမှာ ကြာဆူးလေးတွေ ပေါက်လာရင်
Vitamin A ချို့တဲ့နေတာ ဖြစ်နိုင်တယ်။ ညဘက်မျက်စိကြည့်လို့မကောင်းတော့တာမျိုးလည်း ဖြစ်တတ်တယ်။ အစိမ်းရောင် အသီးအရွက်တွေ ပိုစားဖို့လိုလိမ့်မယ်။ ဆေးသောက်ဖို့အတွက်ကတော့ ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါမယ်။
– သွားဖုံးခဏခဏ သွေးယိုရင်
Vitamin C လိုနေပါပြီ။ ချူချာလွယ်ပြီး ခဏခဏ ဖျားနေတတ်တာမို့ လိမ္မော်သီးလို ချဉ်တဲ့ အသီးမျိုးတွေ များများစားဖို့လိုပါမယ်။ Vitamin C များများပါတဲ့ အားဆေးတစ်ခုခုနဲ့လည်း ပြေလည်သွားတတ်ပါတယ်။
– ခြေလက်ထုံကျဉ်နေတာမျိုးတွေ
Vitamin B အုပ်စုတွေ ချို့တဲ့လာပြီဆို ဖြစ်ပါတယ်။ အရက်ပုံမှန်သောက်သူတွေ၊ ဆီးချိုရောဂါသည်တွေ၊ အစားရှောင်သူတွေ၊ အထူးသဖြင့် နို့တိုက်မိခင်တွေအတွက် ဒီ Vitamin B complex က မရှိမဖြစ်ပါ။ သိပ်အရေးကြီးပါတယ်။
? အာဟာရဓာတ်တွေက တစ်ခုထဲချို့တဲ့တာဖြစ်နိုင်သလို တစ်မျိုးထက်ပို ချို့တဲ့နေတာမျိုးလည်း ဖြစ်နိုင်တယ်။
တစ်ခုက လက္ခဏာပြနေပေမဲ့ ကျန်တာတွေက မပေါ်သေးတာလည်း ဖြစ်နိုင်တယ်။ အတွေ့များပြီး မြန်မာနိုင်ငံမှာ အဖြစ်များတာတွေကို အဓိကထားပြောထားတာမို့အပေါ်မှာပြောထားတဲ့ အထဲမှာ မပါတာမျိုးတွေလည်း ဖြစ်နေနိုင်တယ်။
ဆိုတော့ကာ တစ်ခုခု မချို့တဲ့အောင် ရွေးစားနေတာမျိုးထက် ဘာမှ မချို့တဲ့အောင် မျှမျှတတ မှန်မှန်ကန်ကန် စားသောက်နေထိုင်သွားဖို့က အရေးအကြီးဆုံးပါပဲ။
ကဲ….နေကောင်းလားမေးရင် ရဲရဲကြီး ‘ကောင်းတယ်’ လို့ဖြေဖို့ ‘ဘာနဲ့စားခဲ့လဲ’ ကိုယ့်ကိုယ်ကို နေ့တိုင်းမေးပြီး ပြန်သုံးသပ်ကြပါစို့။
Dr Phyowai Lynn
(11.3.19)
??ေနေကာင္းလား စားၿပီးၿပီလား ဘာနဲ႔စားလဲ ??
လူတိုင္းေျပးမလြတ္တဲ့ ေမးခြန္းေတြ။ ေနမေကာင္းရင္ ျပဳစုေပးမလား မစားရေသးရင္ ေကြၽးမွာလားေတာ့ မသိ။ အလြယ္ေမးတတ္ၾကသလို ေျဖရတာလည္း လြယ္တယ္။
ေနေကာင္းလားေမးရင္ အလြယ္တကူ ေကာင္းပါတယ္ ေျဖတတ္ၾကေပမဲ့ တကယ္အျပည့္အဝေကာင္းၾကတာေရာ ဟုတ္ရဲ႕လား။
ဖ်ားနာေနတာမ်ိဳးမဟုတ္ေပမဲ့ သြားလာလုပ္ကိုင္ေနရင္းနဲ႔ပဲ ခြန္အားမ႐ွိေတာ့သလိုလို..ႏုန္းေခြေခြျဖစ္ခ်င္လာသလို..မူးသလိုလို..ေမာသလိုလို..ေျခေတြလက္ေတြ မသယ္ခ်င္သလိုလို.. ခံစားခ်က္ေတြ။
ေနမေကာင္းဘူးလည္း မဟုတ္။ ေနေကာင္းတယ္လည္းမဟုတ္။
လူတစ္ေယာက္မွာ အေျခခံအက်ဆံုးလိုအပ္ခ်က္က အအိပ္နဲ႔ အစား။
အိပ္ခ်ိန္မျပည့္ျခင္းက လူတစ္ေယာက္ကို ႏြမ္းနယ္ မူးေဝ ေနမေကာင္းသလိုလို ျဖစ္ေစတယ္။ ဒီလိုပဲ အစာအာဟာရခ်ိဳ႕တဲ့လာရင္လည္း ခုနကေျပာသလိုမ်ိဳး ေနမေကာင္းသလိုလို ေကာင္းသလိုလို အေျခအေနမ်ိဳးျဖစ္လာတတ္တယ္။ အဲ့ဒီ ေနာက္မွာေတာ့ ေရာဂါေတြက “ကိုယ္လာမယ္ မင္းဆီကို” ဆိုတာမ်ိဳးေတြျဖစ္ၿပီး ေဆးရံုေဆးခန္းေတြဆီ ေခ်ာင္းေပါက္ရေတာ့တာေပါ့။
? စားတာေတာ့ စားေနတာပဲ ဘာလို႔ အာဟာရခ်ိဳ႕တဲ့ေနရတာလဲ
ထမင္းတစ္ဇလံုႀကီးစားေနေပမဲ့လည္း အသားငါး လက္သည္းခြံေလာက္၊ အသီးအရြက္ေလး လက္ႏွစ္ဆစ္စာေလာက္ပဲ စားေနရင္ေတာ့ ေသခ်ာေပါက္ ပ႐ိုတင္းဓာတ္၊ သတၳဳဓာတ္ေတြနဲ႔ ဗိုက္တာမင္ေတာ္ေတာ္မ်ားမ်ား ခ်ိဳ႕တဲ့လာမွာပဲ။ အစားမ်ားဖို႔ထက္ အစားမွန္ဖို႔ လိုပါတယ္။ ထမင္း၊ အသီးအရြက္၊ ပဲ၊ အသားငါး ၊ဥ၊ ႏို႔၊ အသီးအႏွံ၊ အေစ့အဆံ.. စံုလင္မ်ွတေအာင္ စားရပါမယ္။
? ကိုယ့္ကိုယ္ကို ျပန္ၾကည့္ပါ။
ေအာက္မွာေရးထားတာေတြထဲက တစ္ခုခုျဖစ္ေနၿပီဆိုရင္ေတာ့ အစားအေသာက္မွာ တစ္ခုခုမွားေနပါျပီ။ တစ္ခုခုေတာ့ ေသခ်ာေပါက္ ခ်ိဳ႕တဲ့ေနပါၿပီ။ ဆရာဝန္နဲ႔တိုင္ပင္ၿပီး အားေဆးပါကူဖို႔ပါ လိုေကာင္းလိုပါလိမ့္မယ္။
– ေသြးအားနည္းျခင္း
မူးမယ္၊ ေမာမယ္၊ အသက္႐ွဴမဝဘူး၊ မစားခ်င္မေသာက္ခ်င္၊ မလႈပ္ခ်င္၊ ႏုန္းေနၿပီး ထလိုက္ရင္ မိုက္ခနဲ ျဖစ္သြားတတ္တယ္။ တခါတေလ ညဘက္ ေျခေထာက္က ဆတ္ခနဲ ထ႐ုန္းသလို ကန္သလိုမ်ိဳး ျဖစ္တတ္တယ္။
ျမန္မာႏိုင္ငံမွာ အျဖစ္အမ်ားဆံုး ျပႆနာတစ္ခုပါ။ မိန္းကေလးေတြ အမ်ိဳးသမီးေတြ ပိုျဖစ္ပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့လို႔ အျဖစ္မ်ားၿပီး သံဓာတ္စုပ္ယူမႈအားေကာင္းဖို႔ ဗိုက္တာမင္စီလည္း လိုပါတယ္။
– က်ီးကန္းပါးစပ္
angular stomatitis လို႔ေခၚတဲ့ ႏႈတ္ခမ္းေထာင့္ေလးေတြ ကြဲေနတာမ်ိဳးျဖစ္ေနရင္ေတာ့ ဗိုက္တာမင္ B2 ခ်ိဳ႕တဲ့ေနတာ ျဖစ္တတ္ပါတယ္။ B1,B6နဲ႔ သံဓာတ္ေတြလည္းလိုတတ္တယ္။
– တံေတာင္ဆစ္လို ေနရာေတြမွာ ၾကာဆူးေလးေတြ ေပါက္လာရင္
Vitamin A ခ်ိဳ႕တဲ့ေနတာ ျဖစ္ႏိုင္တယ္။ ညဘက္မ်က္စိၾကည့္လို႔မေကာင္းေတာ့တာမ်ိဳးလည္း ျဖစ္တတ္တယ္။ အစိမ္းေရာင္ အသီးအရြက္ေတြ ပိုစားဖို ့လိုလိမ့္မယ္။ ေဆးေသာက္ဖို႔အတြက္ကေတာ့ ဆရာဝန္နဲ႔တိုင္ပင္ဖို ့လိုပါမယ္။
– သြားဖံုးခဏခဏ ေသြးယိုရင္
Vitamin C လိုေနပါၿပီ။ ခ်ဴခ်ာလြယ္ၿပီး ခဏခဏ ဖ်ားေနတတ္တာမို႔ လိေမၼာ္သီးလို ခ်ဥ္တဲ့ အသီးမ်ိဳးေတြ မ်ားမ်ားစားဖို႔လိုပါမယ္။ Vitamin C မ်ားမ်ားပါတဲ့ အားေဆးတစ္ခုခုနဲ႔လည္း ေျပလည္သြားတတ္ပါတယ္။
– ေျခလက္ထံုက်ဥ္ေနတာမ်ိဳးေတြ
Vitamin B အုပ္စုေတြ ခ်ိဳ႕တဲ့လာၿပီဆို ျဖစ္ပါတယ္။ အရက္ပံုမွန္ေသာက္သူေတြ၊ ဆီးခ်ိဳေရာဂါသည္ေတြ၊ အစားေ႐ွာင္သူေတြ၊ အထူးသျဖင့္ ႏို႔တိုက္မိခင္ေတြအတြက္ ဒီ Vitamin B complex က မ႐ွိမျဖစ္ပါ။ သိပ္အေရးႀကီးပါတယ္။
? အာဟာရဓာတ္ေတြက တစ္ခုထဲခ်ိဳ႕တဲ့တာျဖစ္ႏိုင္သလို တစ္မ်ိဳးထက္ပို ခ်ိဳ႕တဲ့ေနတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။
တစ္ခုုက လကၡဏာျပေနေပမဲ့ က်န္တာေတြက မေပၚေသးတာလည္း ျဖစ္ႏိုင္တယ္။ အေတြ ့မ်ားၿပီး ျမန္မာနိုင္ငံမွာ အျဖစ္မ်ားတာေတြကို အဓိကထားေျပာထားတာမို ့အေပၚမွာေျပာထားတဲ့ အထဲမွာ မပါတာမ်ိဳးေတြလည္း ျဖစ္ေနႏိုင္တယ္။
ဆိုေတာ့ကာ တစ္ခုခု မခ်ိဳ႕တဲ့ေအာင္ ေရြးစားေနတာမ်ိဳးထက္ ဘာမွ မခ်ိဳ႕တဲ့ေအာင္ မ်ွမ်ွတတ မွန္မွန္ကန္ကန္ စားေသာက္ေနထိုင္သြားဖို႔က အေရးအႀကီးဆံုးပါပဲ။
ကဲ….ေနေကာင္းလားေမးရင္ ရဲရဲႀကီး ‘ေကာင္းတယ္’ လို႔ေျဖဖို႔ ‘ဘာနဲ႔စားခဲ့လဲ’ ကိုယ့္ကိုယ္ကို ေန႔တိုင္းေမးၿပီး ျပန္သံုးသပ္ၾကပါစို႔။
Dr Phyowai Lynn
(11.3.19)