All Articlesအခြားရောဂါများအထွေထွေရောဂါများ

နေလောင်ခံနှုတ်ခမ်းများနဲ့ဗီတာမင်စီ အကြောင်း

1 Mins read

နေလောင်ခံနှုတ်ခမ်းများနဲ့ဗီတာမင်စီ အကြောင်း

မိန်းကလေးတစ်ယောက်ရဲ့ ပြီးပြည့်စုံသောအလှတရားတွေထဲမှာ ပြည့်ပြည့်တင်းတင်းနှုတ်ခမ်းသားလှလှလေးတစ်စုံဟာလည်းအပါအဝင်ဖြစ်ပါတယ်။ ကျန်းမာစိုပြေပြီး ဝင်းလက်တဲ့နှုတ်ခမ်းသားတစ်စုံရဲ့ ဆွဲဆောင်မှုဟာ ယောကျာ်းထုအပေါ်မှာတော့ အတော့်ကိုကြီးမားပါတယ်။ မိန်းကလေးမှမဟုတ်ပါဘူး အမျိုးသားတွေမှာလဲ ကျန်းမာပြီးယောကျာ်းပီသတဲ့နှုတ်ခမ်းသားတွေဟာ ကြည့်ကောင်းစွဲမက်ဖွယ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းသားတွေကိုကြည့်ရုံနဲ့ လူတစ်ယောက်ဟာ ကျန်းမာရေး ကောင်းမကောင်းကိုလည်း အကြမ်းဖျဉ်းအကဲခတ်ကြည့်လို့ရပါတယ်။ ဒါကြောင့် ကျန်းမာလှပတဲ့နှုတ်ခမ်းသားတစ်စုံဟာ လူတစ်ဦးတစ်ယောက်ရဲ့ အလှအပကိုဖော်ညွှန်းရာမှာ မရှိမဖြစ်လိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေတာဖြစ်ပါတယ်။

နေလောင်ခြင်းဟာ နှုတ်ခမ်းသားကိုထိခိုက်စေနိုင်သလား???

နေလောင်ခြင်းဟာ နှုတ်ခမ်းသားမှမဟုတ်ပါဘူး လူ့အရေပြားတစ်ခုလုံးကိုထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ UV light တွေဟာ အရေပြားကင်ဆာကိုသာမက နှုတ်ခမ်းသားကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။ အောက်နှုတ်ခမ်းသားဟာ အပေါ်နှုတ်ခမ်းသားထက် ကင်ဆာဖြစ်နိုင်မှုမှာ (၁၂ဆ)ပိုမို မြင့်မားပါတယ်။

နေလောင်တဲ့အခါ နှုတ်ခမ်းသားတွေဘယ်လိုဖြစ်သွားလဲ???

နေလောင်နှုတ်ခမ်းများဟာ နီရဲလာမယ်၊ရောင်လာမယ်၊နှုတ်ခမ်းသားတွေခြောက်လာမယ်၊ပူစပ်ပူလောင်ဖြစ်မယ်၊ထိရင်နာမယ်၊သိပ်ဆိုးရင် အရည်ကြည်ဖုလေးတွေထပြီး အနာတွေပါဖြစ်နိုင်ပါတယ်။

နေလောင်ခံနှုတ်ခမ်းများကို ကာကွယ်/ကုသရာမှာ ဗီတာမင်စီဟာ အသုံးဝင်ပါသလား???

သုသေတနအချက်အလက်တွေမှာ ကန့်သတ်ချက်အချို့ရှိနေပေမယ့် ဗီတာမင်စီဟာ နေလောင်ခံနှုတ်ခမ်းများအပေါ်မှာကောင်းမွန်တဲ့အာနိသင်တွေရှိနေတယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ အစားအစာထဲမှာပါတဲ့ဗီတာမင်စီသာမက ဗီတာမင်စီပါဝင်သောစားဆေး၊လိမ်းဆေးများပါ နှုတ်ခမ်းသားများကိုနေလောင်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်သတ္တိ(Antioxidant)အစွမ်းရှိတာကြောင့် UV light မှာပါဝင်တဲ့ Free radical များမှနှုတ်ခမ်းသားအပေါ်ထိခိုက်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဗီတာမင်စီဟာ collagen ဖွဲ့စည်းမှုကိုလဲအားပေးပါတယ်။

Collagen တွေဟာ Protein များဖြစ်ကြပြီးအရေပြားရဲ့တင်းအားသာမက ကြွက်သား၊အရွတ်တို့ဖွဲ့စည်းမှုမှာလည်း ပါဝင်တဲ့ပစ္စည်းများဖြစ်ပါတယ်။ ၎င်းတို့ဟာ နှုတ်ခမ်းသားရဲ့ဖွဲ့စည်းပုံနဲ့ တင်းရင်းမှုကိုအထောက်အပံ့ပေးထားတဲ့အရာလဲဖြစ်ပါတယ်။ ဗီတာမင်စီဟာ UV light ကြောင့် DNAပျက်စီး၍ဆဲလ်များသေဆုံးခြင်းကိုလဲ လျော့နည်းစေတာကြောင့် နေရောင်ခြည်ခံအရေပြားဆဲလ်များပျက်စီးမှုကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်စီဖြည့်စွက်အားဆေးသောက်သုံးခြင်းနဲ့ ဗီတာမင်စီပါဝင်သောလိမ်းဆေးများလိမ်းခြင်းဟာ နေလောင်ဒဏ်ကြောင့်နှုတ်ခမ်းသားထိခိုက်မှုပြင်းအားကိုပါ လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်စီကို နေရောင်ကာ(sunscreen)များနှင့်တွဲဖက်လိမ်းပါက နေလောင်ဒဏ်ကြောင့်နှုတ်ခမ်းသားများပျက်စီးခြင်းကို အကောင်းဆုံးကာကွယ်ပေးနိုင်မယ်လို့ ဆေးပညာရှင်များက မှတ်ချက်ပြုပြောကြားထားပါတယ်။

နေလောင်ခြင်းကင်းပြီး ရွှန်းစိုလှပတဲ့ စွဲမက်ဖွယ်နှုတ်ခမ်းအလှလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm

ေနေလာင္ခံႏွဳတ္ခမ္းမ်ားနဲ႔ဗီတာမင္စီ အေၾကာင္း

မိန္းကေလးတစ္ေယာက္ရဲ႕ ၿပီးျပည့္စံုေသာအလွတရားေတြထဲမွာ ျပည့္ျပည့္တင္းတင္းႏွဳတ္ခမ္းသားလွလွေလးတစ္စံုဟာလည္းအပါအဝင္ျဖစ္ပါတယ္။ က်န္းမာစိုေျပၿပီး ဝင္းလက္တဲ့ႏွဳတ္ခမ္းသားတစ္စံုရဲ႕ ဆြဲေဆာင္မွဳဟာ ေယာက်ာ္းထုအေပၚမွာေတာ့ အေတာ့္ကိုႀကီးမားပါတယ္။ မိန္းကေလးမွမဟုတ္ပါဘူး အမ်ဳိးသားေတြမွာလဲ က်န္းမာၿပီးေယာက်ာ္းပီသတဲ့ႏွဳတ္ခမ္းသားေတြဟာ ၾကည့္ေကာင္းစြဲမက္ဖြယ္ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ႏွဳတ္ခမ္းသားေတြကိုၾကည့္ရံုနဲ႕ လူတစ္ေယာက္ဟာ က်န္းမာေရး ေကာင္းမေကာင္းကိုလည္း အၾကမ္းဖ်ဥ္းအကဲခတ္ၾကည့္လို႕ရပါတယ္။ ဒါေၾကာင့္ က်န္းမာလွပတဲ့ႏွဳတ္ခမ္းသားတစ္စံုဟာ လူတစ္ဦးတစ္ေယာက္ရဲ႕ အလွအပကိုေဖာ္ၫႊန္းရာမွာ မရွိမျဖစ္လိုအပ္ခ်က္တစ္ခုအေနနဲ႕ ရွိေနတာျဖစ္ပါတယ္။

ေနေလာင္ျခင္းဟာ ႏွဳတ္ခမ္းသားကိုထိခိုက္ေစႏိုင္သလား???

ေနေလာင္ျခင္းဟာ ႏွဳတ္ခမ္းသားမွမဟုတ္ပါဘူး လူ႕အေရျပားတစ္ခုလံုးကိုထိခိုက္ေစႏိုင္ပါတယ္။ ေနေရာင္ျခည္မွာပါတဲ့ UV light ေတြဟာ အေရျပားကင္ဆာကိုသာမက ႏွဳတ္ခမ္းသားကင္ဆာကိုပါျဖစ္ေစႏိုင္ပါတယ္။ ေအာက္ႏွဳတ္ခမ္းသားဟာ အေပၚႏွဳတ္ခမ္းသားထက္ ကင္ဆာျဖစ္ႏိုင္မွဳမွာ (၁၂ဆ)ပိုမို ျမင့္မားပါတယ္။

ေနေလာင္တဲ့အခါ ႏွဳတ္ခမ္းသားေတြဘယ္လိုျဖစ္သြားလဲ???

ေနေလာင္ႏွဳတ္ခမ္းမ်ားဟာ နီရဲလာမယ္၊ေရာင္လာမယ္၊ႏွဳတ္ခမ္းသားေတြေျခာက္လာမယ္၊ပူစပ္ပူေလာင္ျဖစ္မယ္၊ထိရင္နာမယ္၊သိပ္ဆိုးရင္ အရည္ၾကည္ဖုေလးေတြထၿပီး အနာေတြပါျဖစ္ႏိုင္ပါတယ္။

ေနေလာင္ခံႏွဳတ္ခမ္းမ်ားကို ကာကြယ္/ကုသရာမွာ ဗီတာမင္စီဟာ အသံုးဝင္ပါသလား???

သုေသတနအခ်က္အလက္ေတြမွာ ကန္႕သတ္ခ်က္အခ်ဳိ႕ရွိေနေပမယ့္ ဗီတာမင္စီဟာ ေနေလာင္ခံႏွဳတ္ခမ္းမ်ားအေပၚမွာေကာင္းမြန္တဲ့အာနိသင္ေတြရွိေနတယ္ဆိုတာကေတာ့ အေသအခ်ာပဲျဖစ္ပါတယ္။ အစားအစာထဲမွာပါတဲ့ဗီတာမင္စီသာမက ဗီတာမင္စီပါဝင္ေသာစားေဆး၊လိမ္းေဆးမ်ားပါ ႏွဳတ္ခမ္းသားမ်ားကိုေနေလာင္ျခင္းမွကာကြယ္ေပးႏိုင္ပါတယ္။

ဗီတာမင္စီဟာ ဓါတ္တိုးဆန္႕က်င္သတၱိ(Antioxidant)အစြမ္းရွိတာေၾကာင့္ UV light မွာပါဝင္တဲ့ Free radical မ်ားမွႏွဳတ္ခမ္းသားအေပၚထိခိုက္ျခင္းကိုလဲ ကာကြယ္ေပးပါတယ္။

ဒါ့အျပင္ ဗီတာမင္စီဟာ collagen ဖြဲ႕စည္းမွဳကိုလဲအားေပးပါတယ္။

Collagen ေတြဟာ Protein မ်ားျဖစ္ၾကၿပီးအေရျပားရဲ႕တင္းအားသာမက ႂကြက္သား၊အရြတ္တို႕ဖြဲ႕စည္းမွဳမွာလည္း ပါဝင္တဲ့ပစၥည္းမ်ားျဖစ္ပါတယ္။ ၎တို႕ဟာ ႏွဳတ္ခမ္းသားရဲ႕ဖြဲ႕စည္းပံုနဲ႕ တင္းရင္းမွဳကိုအေထာက္အပံ့ေပးထားတဲ့အရာလဲျဖစ္ပါတယ္။ ဗီတာမင္စီဟာ UV light ေၾကာင့္ DNAပ်က္စီး၍ဆဲလ္မ်ားေသဆံုးျခင္းကိုလဲ ေလ်ာ့နည္းေစတာေၾကာင့္ ေနေရာင္ျခည္ခံအေရျပားဆဲလ္မ်ားပ်က္စီးမွဳကိုလဲ ကာကြယ္ေပးႏိုင္ပါတယ္။

ဗီတာမင္စီျဖည့္စြက္အားေဆးေသာက္သံုးျခင္းနဲ႕ ဗီတာမင္စီပါဝင္ေသာလိမ္းေဆးမ်ားလိမ္းျခင္းဟာ ေနေလာင္ဒဏ္ေၾကာင့္ႏွဳတ္ခမ္းသားထိခိုက္မွဳျပင္းအားကိုပါ ေလွ်ာ့ခ်ေပးႏိုင္စြမ္းရွိပါတယ္။ ဗီတာမင္စီကို ေနေရာင္ကာ(sunscreen)မ်ားႏွင့္တြဲဖက္လိမ္းပါက ေနေလာင္ဒဏ္ေၾကာင့္ႏွဳတ္ခမ္းသားမ်ားပ်က္စီးျခင္းကို အေကာင္းဆံုးကာကြယ္ေပးႏိုင္မယ္လို႕ ေဆးပညာရွင္မ်ားက မွတ္ခ်က္ျပဳေျပာၾကားထားပါတယ္။

ေနေလာင္ျခင္းကင္းၿပီး ရႊန္းစိုလွပတဲ့ စြဲမက္ဖြယ္ႏွဳတ္ခမ္းအလွေလးမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…