mydoctor-top-telemedicine

All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အရေပြားမှာ ဖြစ်ပေါ်တက်သောရောဂါများအကြောင်း

1 Mins read

အရေပြားမှာ ဖြစ်ပေါ်တက်သောရောဂါများအကြောင်း

အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးနေရာယူထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သလို ဖြစ်နိုင်တဲ့ရောဂါတွေကလည်း စုံလှပါတယ်။

?အရေပြားရောဂါဖြစ်စေနိုင်တဲ့ အကြောင်းတွေက ဘာတွေလဲ ??

◾ရောဂါပိုးများ

– မှိုကြောင့် ညှင်း၊ပွေး၊ခြေဝဲစားခြင်း..စတာမျိုးတွေဖြစ်နိုင်ပါတယ်။

လိမ်းဆေး၊ သောက်ဆေးတွေရှိပေမဲ့ ကုသချိန်ကြာတတ်ပြီး ချက်ချင်းမပျောက်နိုင်လို့ စိတ်ရှည်ရှည်ကုဖို့လိုပါတယ်။

 

– ဗိုင်းရပ်စ်ပိုးတွေကြောင့်

ရေယုန်၊ ရေကျောက်၊ ကြွက်နို့၊ ကလေးငယ်တွေမှာ အဖြစ်များတဲ့ hand foot and mouth disease (HFMD) လို ရောဂါတွေ အဖြစ်များပါတယ်။

ဗိုင်းရပ်စ်ပိုးကို မြန်မြန်နှိမ်နင်းနိုင်ဖို့အတွက် ကိုယ်ခံအားစနစ်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။

– ဘက်တီးရီးယားပိုးတွေကြောင့်

ဝက်ခြံ၊ ပြည်တည်နာ၊ အနာပဆုပ် စတာတွေ အဖြစ်များပြီး တခြားအရေပြားပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ပဋိဇိဝသောက်ဆေး လိမ်းဆေးတွေနဲ့ ကုသရပြီး သေချာမကုရင် ဆေးယဉ်ပါး ဆေးမတိုးတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

 

– ကပ်ပါးကောင်တွေကြောင့်

ဝဲစွဲတာ အပြင် သန်း၊လှေးစတဲ့ အကောင်တွေတွယ်ကပ်ပွားများနေတာမျိုးလည်း ဖြစ်နိုင်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

အင်မတန်ကူးစက်လွယ်ပါတယ်။

◾ဓာတ်မတည့်ခြင်း

မတည့်တဲ့ အစားအသောက်၊ အလှကုန်၊ ဆေးဝါး စတာတွေ သုံးစွဲမိရင်နဲ့ ပိုးမွှားအကောင်တစ်ခုခုကိုက်ခံရချိန်မျိုးတွေမှာ အရေပြားမှာ ယားယံလာတာ ၊ အပိမ့်ထလာတာ ၊ ကုတ်လိုက်ရင် အင်ပျင်ထလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဆရာဝန်ပြဖို့လိုပါတယ်။

 

◾အခြားအရေပြားရောဂါများ

နှင်းခူလို အရေပြားရောင်ရမ်းတာကို အခြေခံတဲ့ရောဂါမျိုးတွေ၊ ဆိုရီရေးစစ်ရောဂါလို နာတာရှည်အရေပြား ယားယံရောင်ရမ်းတဲ့ ရောဂါမျိုးတွေ ပါဝင်ပြီး ရေရှည်ကုသဖို့လိုအပ်ပါတယ်။

ရောဂါမဟုတ်ပေမဲ့လည်း ဒိုင်ပါလောင်ခြင်းလို အဖြစ်များတဲ့ အရေပြားပြဿနာတွေလည်း ရှိနိုင်ပါသေးတယ်။

? ဘာအရေပြားရောဂါပဲဖြစ်ဖြစ် အရေးအကြီးဆုံးအချက်ကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ မကုတ်မိအောင် သတိထားထိန်းသိမ်းဖို့ပါပဲ။

ကုတ်ရာကနေတစ်ဆင့် ဘက်တီးရီးယားပိုးထပ်ဝင်သွားပြီး ပြည်တည်နာတွေဆက်ဖြစ်သွားနိုင်တာမို့ပါ။

? ရောဂါတော်တော်များများမှာတော့ ယားယံတာ တွဲဖြစ်တတ်ပေမဲ့ ညှင်းလို ရောဂါမျိုးမှာတော့ ယားယံလေ့မရှိပါဘူး။

ဒါ့အပြင် အရေပြားပေါ်မှာ ပြတဲ့ရောဂါလက္ခဏာတွေက တော်တော်များများ ခပ်ဆင်ဆင်တူနေတတ်တာမို့ ရောဂါနာမည်တပ်ရ ခက်လှပါတယ်။

ဒီတော့ အရေပြားမှာ ပြဿနာတစ်ခုဖြစ်လာရင် တစ်ပါတ်ကျော်တဲ့အထိမပျောက်ရင် ဆရာဝန်ပြဖို့လိုပါတယ်။

လိုအပ်ရင် အရေပြားအထူးကုနဲ့ဆက်ပြရပါမယ်။

ကျန်းမာပျော်ရွှင်ကြပါစေ…

Dr ဖြိုးဝေလင်း

(17.10.19)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…