ဘီယာဗိုက်ပူပူလေးတွေ အကြောင်း

ချစ်ဖို့ကောင်းတဲ့ဗိုက်ပူပူလုံးလုံးလေးတွေနဲ့ ဘီယာမောင်မယ်တွေကို မြင်ဖူးကြတယ်ဟုတ်။
ပြောင်းလဲတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတွေရဲ့နေထိုင်မှုပုံစံတွေပြောင်းလဲကုန်တာတော့အမှန်ပဲ။
ယခင်ခေတ်များဆီက ညနေစောင်းရင်သူငယ်ချင်းတွေအပန်းဖြေတွေ့ဆုံခဲ့တဲ့ လဘက်ရည်ဆိုင်တွေနေရာမှာ ဘီယာဆိုင်တွေအစားထိုးနေရာယူလာခဲ့တာ ဆယ်စုနှစ်တစ်ခုနှစ်ခုစာမကပေါ့။

ဗိုက်ပူလေးတွေဟာချစ်စရာကောင်းပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ သိပ်မကောင်းတာတော့အမှန်ပါပဲကွယ်။
ဒါ့ကြောင့်မို့ ဒီတစ်ခေါက်မှာတော့ ဘီယာဗိုက်လေးတွေအကြောင်း အနည်းအကျဉ်းဆွေးနွေးကြည့်ချင်ပါတယ်။
ဘီယာသောက်တိုင်း ဗိုက်ပူသလား?

တစ်ထစ်ချတော့မပြောနိုင်ပေမယ့် ဘီယာဟာကယ်လိုရီများတဲ့အရာဖြစ်တဲ့အတွက် ဘီယာသောက်သူနဲ့မသောက်သူယှဉ်ရင်တော့ သောက်တဲ့သူမှာကယ်လိုရီပိုများပြီး ထိုကယ်လိုရီဟာခန္ဓာကိုယ်ကလိုအပ်တာထက်ပိုနေမယ်ဆိုရင်ဖြင့် အဆီအနေနဲ့ပြောင်းသွားပြီးသိုလှောင်လိုက်တာမို့ ဘီယာသောက်သူမှာဗိုက်ပူဖို့ အခွင့်အရေးပိုများပါတယ်။

ဘာကြောင့်ဘီယာသမားတွေမှာ ဗိုက်ပူတတ်ကြသလဲ?

အပိုင်းလေးတွေခွဲပြောရအောင်-

၁)အထက်ပါပြောခဲ့သလိုပါပဲ ဘီယာဟာကယ်လိုရီများတဲ့အစားအသောက်ဖြစ်လို့ပါ။ ဘီယာတစ်ခွက်မှာ ပျမ်းမျှကယ်လိုရီ ၁၅၀ခန့်ပါဝင်ပါတယ်။

၂)ဘီယာမှာပါဝင်တဲ့ အရက်ပမာဏ(Alcohol percentage)ကြောင့်ပါ။ အသည်းဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုထုတ်ယူရာမှာ အဆီကထုတ်ယူရမယ့်အစား Alcoholကနေယူလိုက်တာကြောင့် အဆီလောင်ကျွမ်းမှုနည်းသွားခြင်းဟာလဲ ဗိုက်ပူစေဖို့အကြောင်းတစ်ရပ်ပါ။

၃)ဘီယာဟာအဝင်ကောင်းခြင်း။ ပင်ပန်းလာတဲ့အချိန်၊ပူပြင်းတဲ့အချိန်၊စိတ်တွေညစ်ညူးနေတဲ့အချိန်မှာ ဘီယာအေးအေးလေးတစ်ငုံ ငုံမိရုံနဲ့ရင်ထဲအေးမြပြီး နေလို့ကောင်းသွားတယ်ဟုတ်။ ဟုတ်ပါတယ် ဘီယာဟာအရမ်းသောက်လို့ကောင်းပါတယ်၊၊ ကောင်းလွန်းလို့မို့လဲ တစ်ခါသောက်ရင် လေးငါးဆယ်ခွက်မက သောက်ကြပါတယ်။ ဘီယာများတာနဲ့ ကယ်လိုရီလိုက်များလာတာကို သတိချပ်သင့်ပါတယ်။

၄)အမြည်းကလေးများ။ ဘီယာနဲ့လိုက်ဖက်တဲ့ သီဟိုဠ်စေ့၊မြေပဲ၊အကင်၊အကြော်အလှော်တွေဟာ တကယ့်ကိုကယ်လိုရီပေါကြွယ်ဝတဲ့အစားအစာတွေပါ။ ဒီအချက်ကိုလဲ မမေ့သင့်ပါဘူး။

၅)သောက်လေ မြည်းလေ မြည်းလေ သောက်လေ။ ဘီယာတို့အရက်တို့ဟာ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ ဘီယာလေးသောက် အမြည်းလေးပိုစား၊အမြည်းပိုစားတော့ အာလေးပိုခြောက်၊ဘီယာလေးပိုသောက်နဲ့မို့ ဗိုက်ကလေးပိုပူပါပဲ။

ဘယ်သူတွေမှာ ဘီယာဗိုက်ကလေးပိုပူ?

အသက်အရွယ်နဲ့ပြောရရင်တော့ အသက်ကြီးသူတွေမှာပိုပူပါတယ်။အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေလောက် ကယ်လိုရီမလိုတာကြောင့်ပါ။ မလိုတဲ့အချိန်မှာသောက်တာချင်းတူတူ အသက်ကြီးသူတွေမှာ ကယ်လိုရီပိုကျန်ခဲ့ပါတယ်။

ကျား/မခွဲပြောရရင် ယောကျာ်းလေးတွေမှာပိုပူပါတယ်။ မိန်းကလေးတွေဟာ အရေပြားအောက်မှာရှိတဲ့အဆီလွှာ(Subcutaneous fat)ဟာ ယောကျာ်းလေးတွေထက်ပိုထူပါတယ်။ ဒါကြောင့်သူတို့မှာ ကယ်လိုရီတွေပိုတဲ့အခါ လက်မောင်းတို့ ပေါင်တို့ တင်ပါးတို့မှာလဲခွဲပြီး စုပါတယ်။ ယောကျာ်းလေးတွေခမျာမှာတော့ ဒီဗိုက်စုဗူးလေးမှာပဲ လာပြီးအစုခံရရှာပါတယ်။

နောက်တစ်ခုက ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဗိုက်အဆီပိုစုနိုင်ပါတယ်။

ဗိုက်ပူတော့ ဘာဖြစ်တုန်း?

ဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ Non communicable diseases လို့ခေါ်တဲ့ မကူးစက်နိုင်တဲ့ရောဂါအကုန်ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ယနေ့ခေတ်မှာ မကူးစက်နိုင်တဲ့ရောဂါတွေဟာ ကူးစက်တတ်တဲ့ရောဂါတွေထက်ကို ပိုအဖြစ်များပြီးသေဆုံးမှုနှုန်းမှာလဲ အရှေ့ကိုကျော်ရောက်လာတာပါပဲ။
သွေးတိုး၊ဆီးချို၊နှလုံးသွေးကြောကျဉ်း၊လေဖြတ်လေငန်း၊အသည်းအဆီဖုံး၊ကင်ဆာ အို စုံလို့ပါပဲ။

ဘယ်လောက်ပူရင် အန္တရာယ်ရှိပြီလဲ?

ဘယ်လောက်ပူပူ အနည်းနဲ့အများအန္တရာယ်ရှိနိုင်ပါတယ်။ ပိုပူရင်တော့ ပိုရှိမှာပေါ့လေ။ ယေဘူယျအားဖြင့် ခါးအကျယ်ဟာအမျိုးသားတွေမှာ လက်မ၄၀ နဲ့ အမျိုးသမီးတွေမှာ ၃၅လက်မကျော်တာနဲ့ အထက်ပါရောဂါတွေဖြစ်ပွားဖို့ အလားအလာ ပိုများနေပါပြီ။

ဘီယာဗိုက်ပူလေးတွေကို ဘယ်လိုချကြမလဲ?

ဟပ်ချလောင်းဆိုပြီး မျက်လှည့်ပြသလိုဖျောက်ပစ်လိုက်လို့ မရသလို အဆီချဆေးတွေ အဆီချကော်ဖီတွေဟာလဲ ဖြေရှင်းချက်မဟုတ်ပါဘူး။
မှန်ကန်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုစနစ်နဲ့ သင့်တင့်လျောက်ပတ်တဲ့လေ့ကျင့်ခန်း/တက်ကြွလှုပ်ရှားတဲ့နေထိုင်မှုပုံစံကသာ ထိရောက်ပြီးမှန်ကန်တဲ့ အဖြေဖြစ်ပါကြောင်း ပြောကြားရင်းနဲ့ပဲ ဘီယာဗိုက်ပူပူလေးတွေအကြောင်းကို အဆုံးသတ်ပါရစေ။
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာကြပါစေ။

dr.ye’lwin mm

ဘီယာဗိုက္ပူပူေလးေတြ အေၾကာင္း

ခ်စ္ဖို႔ေကာင္းတဲ့ဗိုက္ပူပူလံုးလံုးေလးေတြနဲ႕ ဘီယာေမာင္မယ္ေတြကို ျမင္ဖူးၾကတယ္ဟုတ္။
ေျပာင္းလဲတိုးတက္လာတဲ့ေခတ္ႀကီးမွာ လူေတြရဲ႕ေနထိုင္မွဳပံုစံေတြေျပာင္းလဲကုန္တာေတာ့အမွန္ပဲ။
ယခင္ေခတ္မ်ားဆီက ညေနေစာင္းရင္သူငယ္ခ်င္းေတြအပန္းေျဖေတြ႕ဆံုခဲ့တဲ့ လဘက္ရည္ဆိုင္ေတြေနရာမွာ ဘီယာဆိုင္ေတြအစားထိုးေနရာယူလာခဲ့တာ ဆယ္စုႏွစ္တစ္ခုႏွစ္ခုစာမကေပါ့။

ဗိုက္ပူေလးေတြဟာခ်စ္စရာေကာင္းေပမယ့္ က်န္းမာေရးရွဳေထာင့္ကၾကည့္ရင္ေတာ့ သိပ္မေကာင္းတာေတာ့အမွန္ပါပဲကြယ္။
ဒါ့ေၾကာင့္မို႕ ဒီတစ္ေခါက္မွာေတာ့ ဘီယာဗိုက္ေလးေတြအေၾကာင္း အနည္းအက်ဥ္းေဆြးေႏြးၾကည့္ခ်င္ပါတယ္။
ဘီယာေသာက္တိုင္း ဗိုက္ပူသလား?

တစ္ထစ္ခ်ေတာ့မေျပာႏိုင္ေပမယ့္ ဘီယာဟာကယ္လိုရီမ်ားတဲ့အရာျဖစ္တဲ့အတြက္ ဘီယာေသာက္သူနဲ႔မေသာက္သူယွဥ္ရင္ေတာ့ ေသာက္တဲ့သူမွာကယ္လိုရီပိုမ်ားၿပီး ထိုကယ္လိုရီဟာခႏၶာကိုယ္ကလိုအပ္တာထက္ပိုေနမယ္ဆိုရင္ျဖင့္ အဆီအေနနဲ႕ေျပာင္းသြားၿပီးသိုေလွာင္လိုက္တာမို႔ ဘီယာေသာက္သူမွာဗိုက္ပူဖို႕ အခြင့္အေရးပိုမ်ားပါတယ္။

ဘာေၾကာင့္ဘီယာသမားေတြမွာ ဗိုက္ပူတတ္ၾကသလဲ?

အပိုင္းေလးေတြခြဲေျပာရေအာင္-

၁)အထက္ပါေျပာခဲ့သလိုပါပဲ ဘီယာဟာကယ္လိုရီမ်ားတဲ့အစားအေသာက္ျဖစ္လို႕ပါ။ ဘီယာတစ္ခြက္မွာ ပ်မ္းမွ်ကယ္လိုရီ ၁၅၀ခန္႔ပါဝင္ပါတယ္။

၂)ဘီယာမွာပါဝင္တဲ့ အရက္ပမာဏ(Alcohol percentage)ေၾကာင့္ပါ။ အသည္းဟာခႏၶာကိုယ္အတြက္လိုအပ္တဲ့စြမ္းအင္ကိုထုတ္ယူရာမွာ အဆီကထုတ္ယူရမယ့္အစား Alcoholကေနယူလိုက္တာေၾကာင့္ အဆီေလာင္ကၽြမ္းမႈနည္းသြားျခင္းဟာလဲ ဗိုက္ပူေစဖို႕အေၾကာင္းတစ္ရပ္ပါ။

၃)ဘီယာဟာအဝင္ေကာင္းျခင္း။ ပင္ပန္းလာတဲ့အခ်ိန္၊ပူျပင္းတဲ့အခ်ိန္၊စိတ္ေတြညစ္ညဴးေနတဲ့အခ်ိန္မွာ ဘီယာေအးေအးေလးတစ္ငံု ငံုမိရံုနဲ႔ရင္ထဲေအးျမၿပီး ေနလို႕ေကာင္းသြားတယ္ဟုတ္။ ဟုတ္ပါတယ္ ဘီယာဟာအရမ္းေသာက္လို႕ေကာင္းပါတယ္၊၊ ေကာင္းလြန္းလို႕မို႕လဲ တစ္ခါေသာက္ရင္ ေလးငါးဆယ္ခြက္မက ေသာက္ၾကပါတယ္။ ဘီယာမ်ားတာနဲ႕ ကယ္လိုရီလိုက္မ်ားလာတာကို သတိခ်ပ္သင့္ပါတယ္။

၄)အျမည္းကေလးမ်ား။ ဘီယာနဲ႕လိုက္ဖက္တဲ့ သီဟိုဠ္ေစ့၊ေျမပဲ၊အကင္၊အေၾကာ္အေလွာ္ေတြဟာ တကယ့္ကိုကယ္လိုရီေပါႂကြယ္ဝတဲ့အစားအစာေတြပါ။ ဒီအခ်က္ကိုလဲ မေမ့သင့္ပါဘူး။

၅)ေသာက္ေလ ျမည္းေလ ျမည္းေလ ေသာက္ေလ။ ဘီယာတို႕အရက္တို႕ဟာ အစာစားခ်င္စိတ္ကို လွဳံ႕ေဆာ္ေပးပါတယ္။ ဘီယာေလးေသာက္ အျမည္းေလးပိုစား၊အျမည္းပိုစားေတာ့ အာေလးပိုေျခာက္၊ဘီယာေလးပိုေသာက္နဲ႔မို႔ ဗိုက္ကေလးပိုပူပါပဲ။

ဘယ္သူေတြမွာ ဘီယာဗိုက္ကေလးပိုပူ?

အသက္အရြယ္နဲ႕ေျပာရရင္ေတာ့ အသက္ႀကီးသူေတြမွာပိုပူပါတယ္။အသက္ႀကီးသူေတြဟာ ငယ္ရြယ္သူေတြေလာက္ ကယ္လိုရီမလိုတာေၾကာင့္ပါ။ မလိုတဲ့အခ်ိန္မွာေသာက္တာခ်င္းတူတူ အသက္ႀကီးသူေတြမွာ ကယ္လိုရီပိုက်န္ခဲ့ပါတယ္။

က်ား/မခြဲေျပာရရင္ ေယာက်ာ္းေလးေတြမွာပိုပူပါတယ္။ မိန္းကေလးေတြဟာ အေရျပားေအာက္မွာရွိတဲ့အဆီလႊာ(Subcutaneous fat)ဟာ ေယာက်ာ္းေလးေတြထက္ပိုထူပါတယ္။ ဒါေၾကာင့္သူတို႕မွာ ကယ္လိုရီေတြပိုတဲ့အခါ လက္ေမာင္းတို႕ ေပါင္တို႕ တင္ပါးတို႔မွာလဲခြဲၿပီး စုပါတယ္။ ေယာက်ာ္းေလးေတြခမ်ာမွာေတာ့ ဒီဗိုက္စုဗူးေလးမွာပဲ လာၿပီးအစုခံရရွာပါတယ္။

ေနာက္တစ္ခုက ေဆးလိပ္ေသာက္တဲ့သူေတြမွာလဲ ဗိုက္အဆီပိုစုႏိုင္ပါတယ္။

ဗိုက္ပူေတာ့ ဘာျဖစ္တုန္း?

ျဖစ္ပါတယ္။ ဘာျဖစ္လဲဆိုေတာ့ Non communicable diseases လို႕ေခၚတဲ့ မကူးစက္ႏိုင္တဲ့ေရာဂါအကုန္ျဖစ္ပါတယ္။ စိတ္မေကာင္းစြာနဲ႕ပဲ ယေန႕ေခတ္မွာ မကူးစက္ႏိုင္တဲ့ေရာဂါေတြဟာ ကူးစက္တတ္တဲ့ေရာဂါေတြထက္ကို ပိုအျဖစ္မ်ားၿပီးေသဆံုးမႈႏွဳန္းမွာလဲ အေရွ႕ကိုေက်ာ္ေရာက္လာတာပါပဲ။
ေသြးတိုး၊ဆီးခ်ိဳ၊ႏွလံုးေသြးေၾကာက်ဥ္း၊ေလျဖတ္ေလငန္း၊အသည္းအဆီဖံုး၊ကင္ဆာ အို စံုလို႔ပါပဲ။

ဘယ္ေလာက္ပူရင္ အႏၲရာယ္ရွိၿပီလဲ?

ဘယ္ေလာက္ပူပူ အနည္းနဲ႕အမ်ားအႏၲရာယ္ရွိႏိုင္ပါတယ္။ ပိုပူရင္ေတာ့ ပိုရွိမွာေပါ့ေလ။ ေယဘူယ်အားျဖင့္ ခါးအက်ယ္ဟာအမ်ိဳးသားေတြမွာ လက္မ၄၀ နဲ႕ အမ်ိဳးသမီးေတြမွာ ၃၅လက္မေက်ာ္တာနဲ႕ အထက္ပါေရာဂါေတြျဖစ္ပြားဖို႕ အလားအလာ ပိုမ်ားေနပါၿပီ။

ဘီယာဗိုက္ပူေလးေတြကို ဘယ္လိုခ်ၾကမလဲ?

ဟပ္ခ်ေလာင္းဆိုၿပီး မ်က္လွည့္ျပသလိုေဖ်ာက္ပစ္လိုက္လို႔ မရသလို အဆီခ်ေဆးေတြ အဆီခ်ေကာ္ဖီေတြဟာလဲ ေျဖရွင္းခ်က္မဟုတ္ပါဘူး။
မွန္ကန္ၿပီးက်န္းမာေရးနဲ႕ညီၫြတ္တဲ့စားေသာက္မႈစနစ္နဲ႕ သင့္တင့္ေလ်ာက္ပတ္တဲ့ေလ့က်င့္ခန္း/တက္ႂကြလႈပ္ရွားတဲ့ေနထိုင္မႈပံုစံကသာ ထိေရာက္ၿပီးမွန္ကန္တဲ့ အေျဖျဖစ္ပါေၾကာင္း ေျပာၾကားရင္းနဲ႕ပဲ ဘီယာဗိုက္ပူပူေလးေတြအေၾကာင္းကို အဆံုးသတ္ပါရေစ။
ျမန္မာျပည္သူျပည္သားအားလံုး က်န္းမာခ်မ္းသာၾကပါေစ။

dr.ye’lwin mm

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…