Causes-of-miscarriage
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

ကိုယ်ဝန်ပျက်ကျစေနိုင်သော အကြောင်းရင်းများ

1 Mins read

ကိုယ်ဝန်ပျက်ကျစေနိုင်သော အကြောင်းရင်းများ

“ရတာမလို၊ လိုတာမရ” ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ တချို့စုံတွဲ (လင်မယား)တွေကျတော့ ကလေးလိုချင်လို့ အမျိုးမျိုး ကြိုးစားကြသည်။ ဗေဒင်၊ ယတြာတွေ၊ အစီအရင်တွေမျိုးစုံဖြင့် ကလေးရရန် နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးစားကြသည်။ တချို့ကြတော့ ဆင်းရဲပြီး မပြည့်စုံတဲ့ ဘဝမို့ နည်းလမ်းအမျိုးမျိုးနှင့် ကလေးတားသည့်ကြားထဲကို မမျှော်လင့်ဘဲ ကလေးရသွားတာတွေလည်းရှိကြသည်။ မလိုချင်တဲ့ကလေးမို့ နည်းလမ်းအမျိုးမျိုးနှင့် ဖျက်ချဖို့ ကြိုးစားနေသည့် မိဘတွေကိုလည်း အံ့သြတကြီးတွေ့ကြုံရပါသေးသည်။ ရခဲ့လှသည့် လူဘဝကြီးမှာ လူအသက်တစ်ချောင်းကို ဖျက်စီးဖို့အတွက် ကြိုးစားနေသည့် စုံတွဲများအတွက် အံ့အားသင့်မိပါသည်။

(၉) လလွယ် (၁၀) လဖွားဆိုပြီး အကြမ်းဖျဉ်းသတ်မှတ်ထားပြီး ကလေးတစ်ယောက်မွေးဖွားဖို့ဆိုရင် မိခင်ဝမ်းအတွင်းမှာအနည်းဆုံး(၁၀) လခန့်နေပြီးမှ အပြင်ကိုရောက်မည်ဖြစ်ပါတယ်။ ထို ၁၀လ ဆိုသည့်အချိန်အတွင်းမှာ ခက်ခဲကြမ်းတမ်းမှုတွေကို မိခင်ရောကလေးပါ ကြုံတွေ့နိုင်ပါသည်။ ကိုယ်ဝန်ဆောင်နေချိန်အတွင်း မိခင်ရော ကလေးပါ ကျန်းမာနေဖို့အတွက် အစားအသောက်၊ အနေအထိုင်အထူးဂရုပြုသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ၅ လမတိုင်ခင် သားပျက်သားလျောနိုင်ခြေမြင့်မားတဲ့အတွက် မိခင်လောင်းတို့အနေနဲ့ ကိုယ်ဝန် ၅ လမတိုင်ခင် မိမိ၏ အနေအထိုင်၊ အစားအသောက်တို့ကို တတ်ကျွမ်းနားလည်သူတို့နှင့ိတိုင်ပင်ပြီး ဆင်ခြင်ဆောင်ရွက်နေထိုင်သင့်ပါတယ်။

အဓိကအားဖြင့် ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့အကြောင်းရင်း (၅)ချက်ရှိပါတယ်။

(၁) ပုံမှန်မဟုတ်သော မွေးရာပါဗီဇလက္ခဏာများ – ကိုယ်ဝန်ဆောင်ပထမ ၁၃ ပတ်မှာ ပျက်ကျသောကိုယ်ဝန်အများစုဟာ ကလေးမျိုးရိုးဗီဇနှင့်သက်ဆိုင်ပါတယ်။ မိခင်အသက်၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်တွေမှာ မျိုးရိုးဗီဇချိုးယွင်းတာမျိုးဖြစ်တတ်ပါတယ်။

(၂) မိခင်တွင်ရှိသော ရောဂါလက္ခဏာများ – အချို့ရောဂါတွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးသတိထားရမယ့်ရောဂါအခြေအနေတွေဖြစ်ပါတယ်။ ဂျာမန်ဝက်သက်၊ ဆီးချို၊ သွေးတိုး၊ သိုင်းရွိုက်၊ နှင့် Autoimmune disease ခေါ်ခန္ဓာကိုယ်ခုခံအားတန်ပြန်ရောဂါတို့မှာ ကိုယ်ဝန်ဆောင်မိခင်တို့သတိထားရမည့်ရောဂါတချို့ပင်ဖြစ်ပါတယ်။

(၃) မိခင်လူနေမှုပုံစံ – ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ဟာ မိခင်ဝမ်းတွင်းထဲက ကလေးငယ်ကို ဒုက္ခပေးစေနိုင်တယ်ဆိုတာကိုတော့ အထူးတလည်ပြောစရာ၊ ရှင်းပြစရာလိုမည်မထင်ပါ။

(၄) ပတ်ဝန်းကျင် – မိခင်ဆေးလိပ်မသောက်သည့်တိုင်အောင် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်သူရှိနေပါက ဆေးလိပ်သောက်သူနည်းတူ ကလေးကို ဥပဒ်ဖြစ်စေပါတယ်။ ဒါ့အပြင် အိမ်သုတ်ဆေးမှရသော ခဲသတ္တုများ၊ ဓာတ်ခဲ၊ မီးသီးမှရသော မာကျူရီဓာတ်များ၊ ပိုးသတ်ဆေးများ၊ ရေမြောင်းများတွင်အများဆုံးရှိသည့် အာဆင်းနစ်အဆိပ်သတ္တုများသည် ထိတွေ့ရုံဖြင့် အဆိပ်သင့်နိုင်ပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ်စိုးရိမ်ရစေနိူင်ပါတယ်။

ယခုဆိုရင် တော်တော်များများလည်း ဗဟုသုတရပြီး ဆင်ခြင်နိုင်လောက်မည်ထင်ပါတယ်။ အဖိုးတန်လှသော သားသမီးရတနာတို့ကို အလိုရှိတိုင်း ရနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း….

Dr. Myat Hein Htet (Health4U)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…