ဗိုက်အောင့်တက်တဲ့ လူငယ်တွေ
အခုတစ်လောတော့ ဆေးခန်းမှာ အတွေ့ရများနေတဲ့ အကြောင်းလေးတစ်ခုနဲ့ ပတ်သက်ပြီး ပဲ့တင်ထပ်သံလေးတစ်ခု တင်ပြချင်ပါတယ်. ဆရာဝန်တစ်ယောက်ရဲ့ စိတ်ဓါတ်ထဲမှာ ရောဂါဝေဒနာ တစ်ခုဟာ အတွေ့ရများလာပြီ ဆိုရင် ဒီဝေဒနာကို ပျောက်အောင် ကုပေးလိုက်ရုံနဲ့ မကျေနပ်နိုင်ဘဲ ဒါဟာ အကြောင်းအရင်း ဘာ့ကြောင့်လဲ ဘာတွေမှားနေလဲ ဆိုတာတွေကို တန်းစီတွေးတော မိတက်ပါတယ်။ ဆရာဝန်တစ်ယောက်ဟာ ရောဂါကုသရေးတစ်ခုတည်း တာဝန်ရှိတာမှမဟုတ်တာ။ ဒါကြောင့်လည်း ညနေခင်းများရဲ့ ပဲ့တင်သံလေးတွေမှာ ဆရာဝန်တစ်ယောက်ရဲ့ စေတနာလေးတွေ အရင်းခံကနေ မျှဝေပဲ့တင်ထပ်နေမိတာပါ။
ဆေးခန်းမှာ ညနေဆိုရင် ရုံးအပြန် ကျောင်းအပြန် ကျူရှုင်အပြန် ကုမ္ပဏီအပြန် ဝင်လာကြတဲ့ လူနာတွေ များလှပါတယ်။ အများစုကတော့ လူငယ် လူလတ်တွေ များကြပါတယ်။ ယနေ့လူငယ်များ ဟာမိုးလင်းက မိုးချုပ်တနေကုန်လှုပ်ရှားမှုများနဲ့လုံးချာလိုက်နေကြတာများပါတယ်။ သူတို့လာလိုက်ရင် လည်း မျက်နှာတွေ ညှိုးနွမ်းချူချာလိုက်ကြတာ။ အများကတော့ ဗိုက်အောင့်လို့တဲ့။ ဗိုက်အောင့်ရခြင်း အကြောင်းရင်းတွေဆိုတာ အမျိုးမျိုးရှိတတ်ပါတယ်။ ဗိုက်အောင့်တယ်ဆိုတိုင်း အစာအိမ်ကအောင့် တာလို့မယူဆနိုင်ပေမယ့် ဆရာဝန်တစ်ယောက်ရဲ့စမ်းသပ်မှုအရတော့ သူတို့လေးတွေအောင့်တယ်ဆို တာအများအားဖြင့် ရင်ညွန့်အလယ်နားကဖြစ်တာများပြီး ရာဇဝင်အရ အစာအိမ်နဲ့အူလမ်းကြောင်း ရောဂါတွေဖြစ်နေတာ များပါတယ်။ သူတို့တစ်နေ့တာ အစားအသောက်တွေအကြောင်း မေးလိုက်ရင် စားဖို့အချိန်မရှိတာတွေ၊ စားရင်လည်း လမ်းမှာကြုံတာ၊ ရတာဝယ်စား၊ ဝယ်သောက်၊ အိမ်ကလူတွေက လည်းအလုပ်များတော့ ဘာမှပြင်ဆင်မပေးနိုင်။
ကျွန်မတို့ငယ်ငယ်ကဆိုရင် တစ်နေ့လုံးမှာ အချိန်တန်ကျောင်းတက်တာတစ်ခုပဲရှိပါတယ်။ ကျူရှင်ဆိုတာလည်း ရှစ်တန်းလောက်ရောက်မှ သင်္ချာလောက်၊ အင်္ဂလိပ်စာလောက်ပဲတက်ပြီး တစ်နေ ကုန်အေးအေးဆေးဆေးပါပဲ။ ဆယ်တန်းဆိုတာလည်း အချိန်တန်စားသောက်နားနေပြီးမှ အေးအေး ဆေးဆေး ကျူရှင်သွားရတာ။
စာတွေကလည်း အားလုံးရင်းနှီးပြီးသား၊ နှစ်တိုင်းမြင်ဖူးနေကျ။ ဘာကျက်ရမယ်။ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိပြီးသား။ သင်တဲ့ဆရာတွေဆိုတာလည်း နှစ်ပေါင်းများစွာ အသားကျ အပိုင်သင်နေကျ ဆရာတွေ။ ကွန်ပျူတာသင်ဖို့ အင်္ဂလိပ်ကျောင်းတွေတက်ဖို့၊ ပြင်သစ်စာ၊ ဂျပန်၊ ကိုရီးယားစကား သင်တန်းတွေ ဘာသင်တန်းမှ တက်ဖို့မလို။ ဖေဖေတစ်နေကုန် အလုပ်သွားပေမယ့် မေမေကကျွန်မတို့နဲ့အတူ နွေးထွေးအေးချမ်းမှုတွေပေးလို့။ ကျွန်မတို့အတွက် စားချိန်၊ သောက်ချိန်၊ အိပ်ချိန်ဆိုတာကလည်း အချိန်ကိုမှန်လို့။ ကျွန်မတို့စိတ်တွေဆိုတာလည်း အေးအေးဆေးဆေး။
ယနေ့ခေတ်လူငယ်တွေ (လူကြီး၊ လူလတ်တွေလည်း အပါပေါ့) ကြည့်လိုက်ရရင်တော့ နံနက် မိုးမလင်းမီလောက်ကတည်းက သုတ်သုတ်စား၊ အပြင်ပြေးလွှားထွက်၊ သွားစရာတွေကလည်းများ၊ အချိန်တွေကမပေးနိုင်၊ အစားစားချိန်မမှန်၊ ကြုံသလိုစား၊ အစာခြေချိန်မှာလည်း လူရောစိတ်ရော မနေ မနား၊ သင်တန်းတက်ချိန်၊ အလုပ်လုပ်ချိန်တွေပြည့်နှက်။ အင်း … သူတို့အစားကျွန်မဖြင့် မောလိုက်တာ၊ ကျောင်းစာဆိုလည်း ကျောင်းစာမို့၊ အပြင်စာဆိုလည်း အပြင်စာမို့၊ ပြီးတော့တစ် ယောက်နဲ့တစ်ယောက်က အပြိုင်အဆိုင် သူ့ထက်သာမနာလို ငါ့ထက်သာသွားမှာစိုးလို့ ဝန်တိုရတာနဲ့။ ဖုံးရလျှိုနေရတာနဲ့ လူကြီးတွေက စိတ်ပုပ်၊ ကလေးတွေရဲ့ ဖြူစင်တဲ့စိတ်ကလေးတွေဆုတ်ယုတ်။ ကဲ …ဘယ်မှာလဲ စိတ်သက်သာစရာ။
ကျွန်မနဲ့ အမြဲတမ်းထိတွေ့နေရတဲ့ လူငယ်တွေဟာလည်း စားသုတ်သုတ်၊ သွားသုတ်သုတ် အချိန်လုနေကြတဲ့ ကလေးတွေချည်းပါပဲ။ သူတို့ရဲ့အစာအိမ်လေးတွေ၊ အစာချေဖျက်မှုစနစ်နဲ့ အစိတ် အပိုင်းလေးတွေဟာ အလွန်ပဲ သနားစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အကြမ်းဖျင်းလေ့လာ ကြည့်ရအောင်။
လူတို့ရဲ့ ပါးစပ်အတွင်းကို အစာစဝင်ကတည်းကနေ မလိုတဲ့အစာဟောင်းတွေကို ပြင်ပစွန့် ထုတ်တဲ့ အထိ လူ့ကိုယ်တွင်းမှာ အဆင့်ဆင့်အစာချေဖျက်မှုတွေဟာ ရှုပ်ထွေးများပြားလှပါတယ်။ ဆေးပညာအားဖြင့် အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းပြောပြချင်ပါတယ်။ ဒါမှ အစာအိမ်ကနေ အစာအိမ်ရောင်တာတွေနဲ့ ပတ်သက်ပြီး ဒီနေ့ခေတ်စားနေတဲ့ ဗိုက်အောင့်တယ်ဆိုတဲ့ ပြဿနာရဲ့ အရင်းခံကို သိနိုင်မှာပါ။
အစာစားလိုက်ရင် ပါးစပ်အတွင်းမှာ အစာတချို့တစ်ဝက်ဟာ တံတွေးထဲမှာပါတဲ့ အင်ဇိုင်းတွေ နဲ့ ဓာတ်ပြုပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် အစာချေဖျက်ပေးပါတယ်။ ဒီနောက် အစာမျိုပြွန်ကနေ တစ်ဆင့် အစာအိမ်ထဲရောက်ပါတယ်။ အစာအိမ်ထဲမှာ အစာအိမ်နံရံက ဆဲလ်လေးတွေ အကျိတ်လေး တွေက ထုတ်တဲ့ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့၊ အစာခြေအက်စစ်တွေနဲ့ ချေဖျက်၊ အစာအိမ်နဲ့ အူလမ်း ကြောင်းတစ်လျှောက်ရဲ့ လှုပ်ရှားမှုတွေရဲ့ ရောခြေမွှေနှောက်ပြီး အစာတွေကို ကြေညက်စေတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ပစ္စည်းတွေ စုပ်ယူ၊မလိုတာတွေ စွန့်ပစ်ပါတယ်။ အစာအိမ်အတွင်း မှာ အစာချေဖျက်တဲ့အက်စစ်ထုတ်လုပ်မှုဟာ လူတစ်ဦးနဲ့တစ်ဦးမတူပါဘူး။ အက်စစ်ထုတ်လုပ်မှုအ ပေါ် လွှမ်းမိုးတဲ့အကြောင်းအချက်တွေ အများကြီးရှိတဲ့အနက် ယနေ့ခေတ်လူငယ်တွေရဲ့ လူနေမှု ပုံစံအရ Stress ခေါ်တဲ့ စိတ်ဖိစီးမှု၊ စိတ်မွန်းကျပ်မှုတွေဟာအရေးကြီးတဲ့အခန်းက ပါဝင်လာတာတွေ့ ရပါတယ်။
လူတွေရဲ့ဦးနှောက်ဟာ စိတ်ဖိစီးတင်းကျပ်မှုတွေနဲ့ ကြုံလာတဲ့အခါမှာတုံ့ပြန်တတ် ပါတယ်။ ဒီတုံံ့ပြန်မှုဟာ လူတစ်ကိုယ်လုံး နေရာအစိတ်အပိုင်းအသီးသီးထံ သက်ရောက်ပါတယ်။ အစာအိမ်ထဲ မှာတော့ အက်စစ်အမြောက်အမြားကိုထွက်ရှိစေပါတယ်။ ဒီအခါမှာ အစာအိမ်ထဲမှာလည်း အချိန်မှန် မှန်မစားအားလို့ ခြေစရာ အစာကလည်းမရှိတဲ့အခါ ထွက်လာတဲ့အက်စစ်တွေဟာ တွေ့ရာအစာအိမ် နံရံ၊ အူသိမ်ဦးစတာတွေကို ချေဖျက်တိုက်စားပါတော့တယ်။ ဒီအခါမှာ အစာအိမ်နဲ့ အူသိမ်ဦးတွေ ယောင်၊ အနာတွေဖြစ်ပြီး ဗိုက်နာတယ်ဆိုတဲ့ ပြဿနာတွေ ခေတ်စားလာတော့တာ ဖြစ်ပါတယ်။
တကယ်တော့ အစာအိမ်ရောဂါလို့ လွယ်လွယ်ခေါ်နေကြပေမယ့် ဗိုက်(ရင်ညွန့်) အောင့်တယ် ဆိုရာမှာ အစာအိမ်အနာရယ်၊ အူသိမ်ဦးအနာရယ်လို့ ကွဲပြားပါတယ်။ ကြာလာလို့ နှစ်မျိုးစလုံး ရောဖြစ် သွားတာတွေလည်းရှိပါတယ်။ အစာအိမ်အနာကတော့ အစာကြမ်းတွေ၊ အစပ်အချဉ်တွေ၊ ကြေခဲတဲ့ အစာတွေကို မဆင်မခြင်တရားလွန်စားလို့ရယ်၊ အက်စစ်ထွက်ရှိမှုကကို ပုံမှန်မဟုတ်ဘဲများပြားနေလို့ ရယ်၊ H.Pylori ဆိုတဲ့ ပိုးတစ်မျိုးရယ်ကြောင့် စသဖြင့် အဖြစ်များပြီး အစာအိမ်ရဲ့အဆုံးနားမှာရှိတဲ့ အူသိမ်ဦးဆိုတဲ့ အစိတ်အပိုင်းနားမှာ အနာဖြစ်တာကတော့ အစာစားချိန်မမှန်လို့၊ အက်စစ်များနေလို့၊ ပိုးတွေရှိနေလို့ စသဖြင့် အဖြစ်များကြောင်း တွေ့ရပါတယ်။
အစာအိမ်နာက အစာစားလိုက်ရင် နာပြီး အူသိမ်ဦးအနာကတော့ အစာစားလိုက်ရင် သက်သာ သွားတတ်ပါတယ်။ အများအားဖြင့်တော့ အစာအိမ်ရောဂါ (နှစ်မျိုးစလုံးအပါ) တွေမှာ ကြေလွယ်တဲ့အ စာမျိုးကို နည်းနည်းနဲ့ ခဏခဏ အချိန်မှန်မှန်စားပေးဖို့နဲ့ စိတ်ဖိစီးတင်းကျပ်မှု စိုးရိမ်သောကတွေ တတ် နိုင်သလောက်လျှော့ချနိုင်ဖို့ ကြိုးစားရပါမယ်။
ဒါဟာယနေ့ခေတ် လူငယ်၊ လူလတ်၊ လူကြီးအားလုံးရဲ့ လူနေမှုပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပြန်လည် ဆန်းစစ်ပြုပြင်ဖို့ လိုနေပြီဖြစ်ကြောင်း ညွှန်ပြနေပါတယ်။ သင်တန်းတွေ၊ ကျူရှင်တွေ၊ အလုပ်ခွင်တွေ ပြေးလွှားနေရလို့ အစာစားချိန်မမှန်တာမျိုး မဖြစ်စေဘဲ ရသမျှကြားအချိန် လေးမှာ ငှက်ပျောသီးလေးတစ်လုံးဖြစ်ဖြစ်၊ပေါင်မုန့်ပျော့လေးတစ်ခုဖြစ်ဖြစ် ကိုယ်နဲ့မကွာဆောင်ထား ပြီး ခဏခဏစားပေးပို့လိုပါတယ်။စာမေးပွဲ နားနီးလို့၊ စာတွေမရသေးလို့၊ အင်တာဗျူးတွေ ဝင်ခါနီးလို့ အိမ်နဲ့ပြဿနာတွေဖြစ်လို့ ငွေရေးကြေးရေးအဆင်မပြေလို့ စတဲ့စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေကို လည်း တတ်နိုင်သမျှ ဖြေလျှော့တည်ငြိမ်စေဖို့ သင့်တင့်လျှောက်ပတ်သော စိတ်နှလုံးသွင်းခြင်း အလေ့ အကျင့်မွေးမြူဖို့လည်း လိုပါတယ်။
ယနေ့ခေတ်ရောဂါတွေကို လေ့လာကြည့်လိုက်ရင် ကူးစက်မှုရောဂါပိုးတွေကြောင့် ဖြစ်ပွားရတဲ့ ရောဂါနဲ့ မြို့ပြလူနေမှုစနစ်ရဲ့ ဆိုးမွေကြောင့် ဖြစ်နေရတဲ့ရောဂါရယ်လို့ နှစ်မျိုးတွေ့နေရပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးစတာတွေ အပါအဝင် အစာအိမ်ဗိုက်အောင့်ခြင်း၊ ပြဿနာဟာလည်း မြို့ပြလူနေမှုစနစ် ရဲ့ အမွေဆိုးတစ်ခုဖြစ်လာတာမို့ ရောဂါတွေ ဖြစ်လာနိုင်တဲ့၊ပိုဆိုးစေတဲ့ အချက်တွေသိထားပြီး ဆင်ခြင် ကာကွယ်နိုင်ဖို့ အသိပေးပဲ့တင်ထပ်လိုက်ရပါတယ်။
အမရာ (ဆေး-၁)
ဗိုက္ေအာင့္တက္တဲ့ လူငယ္ေတြ
အခုတစ္ေလာေတာ့ ေဆးခန္းမွာ အေတြ႔ရမ်ားေနတဲ့ အေၾကာင္းေလးတစ္ခုနဲ႔ ပတ္သက္ၿပီး ပဲ့တင္ထပ္သံေလးတစ္ခု တင္ျပခ်င္ပါတယ္. ဆရာ၀န္တစ္ေယာက္ရဲ႕ စိတ္ဓါတ္ထဲမွာ ေရာဂါေ၀ဒနာ တစ္ခုဟာ အေတြ႔ရမ်ားလာၿပီ ဆိုရင္ ဒီေ၀ဒနာကို ေပ်ာက္ေအာင္ ကုေပးလိုက္ရံုနဲ႔ မေက်နပ္ႏိုင္ဘဲ ဒါဟာ အေၾကာင္းအရင္း ဘာ့ေၾကာင့္လဲ ဘာေတြမွားေနလဲ ဆိုတာေတြကို တန္းစီေတြးေတာ မိတက္ပါတယ္။ ဆရာ၀န္တစ္ေယာက္ဟာ ေရာဂါကုသေရးတစ္ခုတည္း တာ၀န္ရွိတာမွမဟုတ္တာ။ ဒါေၾကာင့္လည္း ညေနခင္းမ်ားရဲ႕ ပဲ့တင္သံေလးေတြမွာ ဆရာ၀န္တစ္ေယာက္ရဲ႕ ေစတနာေလးေတြ အရင္းခံကေန မွ်ေ၀ပဲ့တင္ထပ္ေနမိတာပါ။
ေဆးခန္းမွာ ညေနဆိုရင္ ရံုးအျပန္ ေက်ာင္းအျပန္ က်ဴရွုင္အျပန္ ကုမၸဏီအျပန္ ၀င္လာၾကတဲ့ လူနာေတြ မ်ားလွပါတယ္။ အမ်ားစုကေတာ့ လူငယ္ လူလတ္ေတြ မ်ားၾကပါတယ္။ ယေန႔လူငယ္မ်ား ဟာမိုးလင္းက မိုးခ်ဳပ္တေနကုန္လႈပ္ရွားမႈမ်ားနဲ႔လံုးခ်ာလိုက္ေနၾကတာမ်ားပါတယ္။ သူတို႔လာလိုက္ရင္ လည္း မ်က္ႏွာေတြ ညႇိဳးႏြမ္းခ်ဴခ်ာလိုက္ၾကတာ။ အမ်ားကေတာ့ ဗိုက္ေအာင့္လို႔တဲ့။ ဗိုက္ေအာင့္ရျခင္း အေၾကာင္းရင္းေတြဆိုတာ အမ်ိဳးမ်ိဳးရွိတတ္ပါတယ္။ ဗိုက္ေအာင့္တယ္ဆိုတုိုင္း အစာအိမ္ကေအာင့္ တာလို႔မယူဆႏုိင္ေပမယ့္ ဆရာ၀န္တစ္ေယာက္ရဲ႕စမ္းသပ္မႈအရေတာ့ သူတို႔ေလးေတြေအာင့္တယ္ဆို တာအမ်ားအားျဖင့္ ရင္ညြန္႔အလယ္နားကျဖစ္တာမ်ားၿပီး ရာဇ၀င္အရ အစာအိမ္နဲ႔အူလမ္းေၾကာင္း ေရာဂါေတြျဖစ္ေနတာ မ်ားပါတယ္။ သူတို႔တစ္ေန႔တာ အစားအေသာက္ေတြအေၾကာင္း ေမးလိုက္ရင္ စားဖို႔အခ်ိန္မရွိတာေတြ၊ စားရင္လည္း လမ္းမွာၾကံဳတာ၊ ရတာ၀ယ္စား၊ ၀ယ္ေသာက္၊ အိမ္ကလူေတြက လည္းအလုပ္မ်ားေတာ့ ဘာမွျပင္ဆင္မေပးႏိုင္။
ကြ်န္မတို႔ငယ္ငယ္ကဆိုရင္ တစ္ေန႔လံုးမွာ အခ်ိန္တန္ေက်ာင္းတက္တာတစ္ခုပဲရွိပါတယ္။ က်ဴရွင္ဆိုတာလည္း ရွစ္တန္းေလာက္ေရာက္မွ သခ်ၤာေလာက္၊ အဂၤလိပ္စာေလာက္ပဲတက္ၿပီး တစ္ေန ကုန္ေအးေအးေဆးေဆးပါပဲ။ ဆယ္တန္းဆိုတာလည္း အခ်ိန္တန္စားေသာက္နားေနၿပီးမွ ေအးေအး ေဆးေဆး က်ဴရွင္သြားရတာ။
စာေတြကလည္း အားလံုးရင္းႏွီးၿပီးသား၊ ႏွစ္တိုင္းျမင္ဖူးေနက်။ ဘာက်က္ရမယ္။ ဘယ္လိုျပင္ဆင္ရမယ္ဆိုတာ သိၿပီးသား။ သင္တဲ့ဆရာေတြဆိုတာလည္း ႏွစ္ေပါင္းမ်ားစြာ အသားက် အပိုင္သင္ေနက် ဆရာေတြ။ ကြန္ပ်ဴတာသင္ဖို႔ အဂၤလိပ္ေက်ာင္းေတြတက္ဖို႔၊ ျပင္သစ္စာ၊ ဂ်ပန္၊ ကိုရီးယားစကား သင္တန္းေတြ ဘာသင္တန္းမွ တက္ဖို႔မလို။ ေဖေဖတစ္ေနကုန္ အလုပ္သြားေပမယ့္ ေမေမကကၽြန္မတို႔နဲ႔အတူ ေႏြးေထြးေအးခ်မ္းမႈေတြေပးလို႔။ ကြ်န္မတို႔အတြက္ စားခ်ိန္၊ ေသာက္ခ်ိန္၊ အိပ္ခ်ိန္ဆိုတာကလည္း အခ်ိန္ကိုမွန္လို႔။ ကြ်န္မတို႔စိတ္ေတြဆိုတာလည္း ေအးေအးေဆးေဆး။
ယေန႔ေခတ္လူငယ္ေတြ (လူႀကီး၊ လူလတ္ေတြလည္း အပါေပါ့) ၾကည့္လိုက္ရရင္ေတာ့ နံနက္ မိုးမလင္းမီေလာက္ကတည္းက သုတ္သုတ္စား၊ အျပင္ေျပးလႊားထြက္၊ သြားစရာေတြကလည္းမ်ား၊ အခ်ိန္ေတြကမေပးႏိုင္၊ အစားစားခ်ိန္မမွန္၊ ႀကံဳသလိုစား၊ အစာေျခခ်ိန္မွာလည္း လူေရာစိတ္ေရာ မေန မနား၊ သင္တန္းတက္ခ်ိန္၊ အလုပ္လုပ္ခ်ိန္ေတြျပည့္ႏွက္။ အင္း … သူတို႔အစားကြ်န္မျဖင့္ ေမာလိုက္တာ၊ ေက်ာင္းစာဆိုလည္း ေက်ာင္းစာမို႔၊ အျပင္စာဆိုလည္း အျပင္စာမို႔၊ ၿပီးေတာ့တစ္ ေယာက္နဲ႔တစ္ေယာက္က အၿပိဳင္အဆိုင္ သူ႔ထက္သာမနာလို ငါ့ထက္သာသြားမွာစိုးလို႔ ၀န္တိုရတာနဲ႔။ ဖံုးရလွ်ိဳေနရတာနဲ႔ လူႀကီးေတြက စိတ္ပုပ္၊ ကေလးေတြရဲ႕ ျဖဴစင္တဲ့စိတ္ကေလးေတြဆုတ္ယုတ္။ ကဲ …ဘယ္မွာလဲ စိတ္သက္သာစရာ။
ကြ်န္မနဲ႔ အၿမဲတမ္းထိေတြ႔ေနရတဲ့ လူငယ္ေတြဟာလည္း စားသုတ္သုတ္၊ သြားသုတ္သုတ္ အခ်ိန္လုေနၾကတဲ့ ကေလးေတြခ်ည္းပါပဲ။ သူတို႔ရဲ႕အစာအိမ္ေလးေတြ၊ အစာေခ်ဖ်က္မႈစနစ္နဲ႔ အစိတ္ အပိုင္းေလးေတြဟာ အလြန္ပဲ သနားစရာေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ အၾကမ္းဖ်င္းေလ့လာ ၾကည့္ရေအာင္။
လူတို႔ရဲ႕ ပါးစပ္အတြင္းကို အစာစ၀င္ကတည္းကေန မလိုတဲ့အစာေဟာင္းေတြကို ျပင္ပစြန္႔ ထုတ္တဲ့ အထိ လူ႔ကိုယ္တြင္းမွာ အဆင့္ဆင့္အစာေခ်ဖ်က္မႈေတြဟာ ႐ႈပ္ေထြးမ်ားျပားလွပါတယ္။ ေဆးပညာအားျဖင့္ အေသးစိတ္မဟုတ္ဘဲ အၾကမ္းဖ်င္းေျပာျပခ်င္ပါတယ္။ ဒါမွ အစာအိမ္ကေန အစာအိမ္ေရာင္တာေတြနဲ႔ ပတ္သက္ၿပီး ဒီေန႔ေခတ္စားေနတဲ့ ဗိုက္ေအာင့္တယ္ဆိုတဲ့ ျပႆနာရဲ႕ အရင္းခံကို သိႏိုင္မွာပါ။
အစာစားလိုက္ရင္ ပါးစပ္အတြင္းမွာ အစာတခ်ိဳ႕တစ္၀က္ဟာ တံေတြးထဲမွာပါတဲ့ အင္ဇိုင္းေတြ နဲ႔ ဓာတ္ျပဳၿပီး တစ္စိတ္တစ္ပိုင္းအားျဖင့္ အစာေခ်ဖ်က္ေပးပါတယ္။ ဒီေနာက္ အစာမ်ိဳႁပြန္ကေန တစ္ဆင့္ အစာအိမ္ထဲေရာက္ပါတယ္။ အစာအိမ္ထဲမွာ အစာအိမ္နံရံက ဆဲလ္ေလးေတြ အက်ိတ္ေလး ေတြက ထုတ္တဲ့ဓာတ္ပစၥည္းေတြနဲ႔ထိေတြ႔၊ အစာေျခအက္စစ္ေတြနဲ႔ ေခ်ဖ်က္၊ အစာအိမ္နဲ႔ အူလမ္း ေၾကာင္းတစ္ေလွ်ာက္ရဲ႕ လႈပ္ရွားမႈေတြရဲ႕ ေရာေျခေမႊေႏွာက္ၿပီး အစာေတြကို ေၾကညက္ေစတယ္။ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဓာတ္ပစၥည္းေတြ စုပ္ယူ၊မလိုတာေတြ စြန္႔ပစ္ပါတယ္။ အစာအိမ္အတြင္း မွာ အစာေခ်ဖ်က္တဲ့အက္စစ္ထုတ္လုပ္မႈဟာ လူတစ္ဦးနဲ႔တစ္ဦးမတူပါဘူး။ အက္စစ္ထုတ္လုပ္မႈအ ေပၚ လႊမ္းမိုးတဲ့အေၾကာင္းအခ်က္ေတြ အမ်ားႀကီးရွိတဲ့အနက္ ယေန႔ေခတ္လူငယ္ေတြရဲ႕ လူေနမႈ ပံုစံအရ Stress ေခၚတဲ့ စိတ္ဖိစီးမႈ၊ စိတ္မြန္းက်ပ္မႈေတြဟာအေရးႀကီးတဲ့အခန္းက ပါ၀င္လာတာေတြ႔ ရပါတယ္။
လူေတြရဲ႕ဦးေႏွာက္ဟာ စိတ္ဖိစီးတင္းက်ပ္မႈေတြနဲ႔ ႀကံဳလာတဲ့အခါမွာတံု႔ျပန္တတ္ ပါတယ္။ ဒီတံုံ႔ျပန္မႈဟာ လူတစ္ကိုယ္လံုး ေနရာအစိတ္အပိုင္းအသီးသီးထံ သက္ေရာက္ပါတယ္။ အစာအိမ္ထဲ မွာေတာ့ အက္စစ္အေျမာက္အျမားကိုထြက္ရွိေစပါတယ္။ ဒီအခါမွာ အစာအိမ္ထဲမွာလည္း အခ်ိန္မွန္ မွန္မစားအားလို႔ ေျခစရာ အစာကလည္းမရွိတဲ့အခါ ထြက္လာတဲ့အက္စစ္ေတြဟာ ေတြ႔ရာအစာအိမ္ နံရံ၊ အူသိမ္ဦးစတာေတြကို ေခ်ဖ်က္တိုက္စားပါေတာ့တယ္။ ဒီအခါမွာ အစာအိမ္နဲ႔ အူသိမ္ဦးေတြ ေယာင္၊ အနာေတြျဖစ္ၿပီး ဗိုက္နာတယ္ဆိုတဲ့ ျပႆနာေတြ ေခတ္စားလာေတာ့တာ ျဖစ္ပါတယ္။
တကယ္ေတာ့ အစာအိမ္ေရာဂါလို႔ လြယ္လြယ္ေခၚေနၾကေပမယ့္ ဗိုက္(ရင္ညြန္႔) ေအာင့္တယ္ ဆိုရာမွာ အစာအိမ္အနာရယ္၊ အူသိမ္ဦးအနာရယ္လို႔ ကြဲျပားပါတယ္။ ၾကာလာလို႔ ႏွစ္မ်ိဳးစလံုး ေရာျဖစ္ သြားတာေတြလည္းရွိပါတယ္။ အစာအိမ္အနာကေတာ့ အစာၾကမ္းေတြ၊ အစပ္အခ်ဥ္ေတြ၊ ေၾကခဲတဲ့ အစာေတြကို မဆင္မျခင္တရားလြန္စားလို႔ရယ္၊ အက္စစ္ထြက္ရွိမႈကကို ပံုမွန္မဟုတ္ဘဲမ်ားျပားေနလို႔ ရယ္၊ H.Pylori ဆိုတဲ့ ပိုးတစ္မ်ိဳးရယ္ေၾကာင့္ စသျဖင့္ အျဖစ္မ်ားၿပီး အစာအိမ္ရဲ႕အဆံုးနားမွာရွိတဲ့ အူသိမ္ဦးဆိုတဲ့ အစိတ္အပိုင္းနားမွာ အနာျဖစ္တာကေတာ့ အစာစားခ်ိန္မမွန္လို႔၊ အက္စစ္မ်ားေနလို႔၊ ပိုးေတြရွိေနလို႔ စသျဖင့္ အျဖစ္မ်ားေၾကာင္း ေတြ႔ရပါတယ္။
အစာအိမ္နာက အစာစားလိုက္ရင္ နာၿပီး အူသိမ္ဦးအနာကေတာ့ အစာစားလိုက္ရင္ သက္သာ သြားတတ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ အစာအိမ္ေရာဂါ (ႏွစ္မ်ိဳးစလံုးအပါ) ေတြမွာ ေၾကလြယ္တဲ့အ စာမ်ိဳးကို နည္းနည္းနဲ႔ ခဏခဏ အခ်ိန္မွန္မွန္စားေပးဖုိ႔နဲ႔ စိတ္ဖိစီးတင္းက်ပ္မႈ စိုးရိမ္ေသာကေတြ တတ္ ႏိုင္သေလာက္ေလွ်ာ့ခ်ႏုိင္ဖို႔ ႀကိဳးစားရပါမယ္။
ဒါဟာယေန႔ေခတ္ လူငယ္၊ လူလတ္၊ လူႀကီးအားလံုးရဲ႕ လူေနမႈပံုစံနဲ႔ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြကို ျပန္လည္ ဆန္းစစ္ျပဳျပင္ဖို႔ လိုေနၿပီျဖစ္ေၾကာင္း ညႊန္ျပေနပါတယ္။ သင္တန္းေတြ၊ က်ဴရွင္ေတြ၊ အလုပ္ခြင္ေတြ ေျပးလႊားေနရလို႔ အစာစားခ်ိန္မမွန္တာမ်ိဳး မျဖစ္ေစဘဲ ရသမွ်ၾကားအခ်ိန္ ေလးမွာ ငွက္ေပ်ာသီးေလးတစ္လံုးျဖစ္ျဖစ္၊ေပါင္မုန္႔ေပ်ာ့ေလးတစ္ခုျဖစ္ျဖစ္ ကိုယ္နဲ႔မကြာေဆာင္ထား ၿပီး ခဏခဏစားေပးပို႔လိုပါတယ္။စာေမးပြဲ နားနီးလို႔၊ စာေတြမရေသးလို႔၊ အင္တာဗ်ဴးေတြ ၀င္ခါနီးလို႔ အိမ္နဲ႔ျပႆနာေတြျဖစ္လို႔ ေငြေရးေၾကးေရးအဆင္မေျပလို႔ စတဲ့စိတ္ပိုင္းဆုိင္ရာ တင္းက်ပ္မႈေတြကို လည္း တတ္ႏိုင္သမွ် ေျဖေလွ်ာ့တည္ၿငိမ္ေစဖို႔ သင့္တင့္ေလွ်ာက္ပတ္ေသာ စိတ္ႏွလံုးသြင္းျခင္း အေလ့ အက်င့္ေမြးျမဴဖို႔လည္း လိုပါတယ္။
ယေန႔ေခတ္ေရာဂါေတြကို ေလ့လာၾကည့္လိုက္ရင္ ကူးစက္မႈေရာဂါပိုးေတြေၾကာင့္ ျဖစ္ပြားရတဲ့ ေရာဂါနဲ႔ ၿမိဳ႕ျပလူေနမႈစနစ္ရဲ႕ ဆိုးေမြေၾကာင့္ ျဖစ္ေနရတဲ့ေရာဂါရယ္လို႔ ႏွစ္မ်ိဳးေတြ႔ေနရပါတယ္။ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုးစတာေတြ အပါအ၀င္ အစာအိမ္ဗိုက္ေအာင့္ျခင္း၊ ျပႆနာဟာလည္း ၿမိဳ႕ျပလူေနမႈစနစ္ ရဲ႕ အေမြဆိုးတစ္ခုျဖစ္လာတာမို႔ ေရာဂါေတြ ျဖစ္လာႏုိင္တဲ့၊ပိုဆုိးေစတဲ့ အခ်က္ေတြသိထားၿပီး ဆင္ျခင္ ကာကြယ္ႏိုင္ဖို႔ အသိေပးပဲ့တင္ထပ္လိုက္ရပါတယ္။
အမရာ (ေဆး-၁)