ပိန်ဆေးတွေက အန္တရာယ်ရောကင်းရဲ့လား?
ပိန်ပိန်ပါးပါးလေးတွေပေါလာတဲ့ခေတ်မို့ လေ့ကျင့်ခန်းလုပ် ဖို့အချိန်မပေးနိုင်တဲ့သူတွေ၊ အစားမလျှော့နိုင်တဲ့လူတွေက ပိန်ဆေးကို အားကိုးလာကြပါတယ်။ တကယ်တော့ ပိန်ဆေးဟာ မှော်ဆေးမဟုတ်သလို။ အနေအထိုင်အစား အသောက်သာမပြောင်းလဲဘူး။ လေ့ကျင့်ခန်းသာလုံးဝမလုပ်ဘူးဆိုရင် သေချာပါတယ်ပိန်ဆေးသောက်လို့ ကျသွားတဲ့ပေါင်ချိန်ဟာ ပိန်ဆေးဖြတ်လိုက်တာနဲ့ ပြန်တက်လာမှာပါပဲ။
ဒါ့အပြင် ပိန်ဆေးတွေက အန္တာရာယ်ရောကင်းပါသလား ? အများအားဖြင့်တော့ ပိန်ဆေးတွေဟာ အဆီစုပ်ယူမှု( Fat Absorption) ကစီဓာတ်စုတ်ယူမှု( Carbohydrate Absorption) ကိုတားပေးတယ်။ ခန္တာကိုယ်စွမ်းအင်သုံးသုံးစွဲမှုမြှင့်တင်ပေးတယ်။ အစာစားချင်စိတ်ထိန်းချုပ်ပေးတယ်။ အဆီလောင်ကျွမ်းမှုကို အားပေးတယ် ဆိုတဲ့ အာနိသင်တွေနဲ့ပိန်စေပါတယ်။
ကောင်းတဲ့အချက်အနေနဲ့ကတော့ ဆရာဝန်က ညွှန်ကြားနိုင်တဲ့
- အဝလွန်လို့ ကိုယ်လက်လှုပ်ရှားမှုမလုပ်နိုက်သူတွေ
- သွေးတိုး၊ နှလုံးရောဂါရှိသူတွေ
- BMI 25 ကျော်သူတွေ လွယ်လွယ်ကူကူကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။
မကောင်းတဲ့အချက်ကတော့
– ဆေးအပေါ်စွဲလမ်းတာပါ။ ဆေးသောက်ရင် ပိန်မှာပဲဆိုပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုမျိုး မလုပ်တော့ဘဲ ဆေး ချည်းသောက်ခြင်နေတာမျိုးပါ။
– ဆေးကြောင့် အသည်းပျက်ဆီးတာပါ။ ကိုယ်တွင်းအဆီတွေကို အသည်းကတစ်ဆင့် ဖျက်ဆီး ပြီးစွမ်းအင်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ ပိန်ဆေးတွေက အဆီတွေကို အရှိန်မြန်မြန်ပျော်စေတာကြောင့် အသည်းကလိုက်မလုပ်နိုင်ဘဲ အသည်း ပျက်စီးတာ ပိန်ဆေးသောက်တဲ့လူတွေမှာအဖြစ်များပါတယ်။
– အဆုတ်တွင်း သွေးဖိအားများလာတာပါ။ ပိန်ဆေးတွေက နှလုံးတုန်စေခြင်း၊ စိတ်လှုပ်ရှားမှူများစေခြင်းတို့နဲ့ နှလုံးကို ဖြည်းဖြည်းချင်းဒုက္ခပေး တတ်ပါတယ်။ ဒီလို ကြာလာတဲ့အခါ နှလုံးညှစ်အားနည်းသွားပြီး အဆုတ်ထဲသွေးဖိအားများလာတတ်ပါတယ်။
– ဝမ်းလျှောခြင်းဖြစ်တတ်ပါတယ်။ ဝမ်းချုပ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ပိန်ဆေးသောက်ရင်အတော်များများကတော့ သူ့ရဲ့ပါဝင်ပစ္စည်းတွေကြောင့် ဝမ်းလျှောတတ်ပါတယ်။ တချို့ကျလည်း အရင်ထက် ဝမ်းပိုချုပ်သွားတတ်ပါတယ်။
– နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်း ဖြစ်နိုက်ခြေများစေပါတယ်။ လေ့လာချက်တွေအရ အချို့ဆေးတွေဟာ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်းမြင့်တက်စေတာကြောင့် ဆရာဝန်မညွှန်ကြားဘဲမသောက်ပါနဲ့။
– အိပ်မပျော်ခြင်း ပိန်ဆေးသောက်ပြီး အိပ်မပျော်တဲ့သူရှားတယ်ဆိုပေမယ့် အချို့ကလည်း ဆေးသောက်ပြီးလုံးဝအိပ်မပျော်တာလည်းရှိပါတယ်။
– စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်လွန်ခြင်း ပိန်ဆေးသောက်နေချိန်မှာ အာရုံစူးစိုက်မရတာ၊ စိတ်ပူပန်လွန်းနေတတ်တာ၊ အကြောင်းမရှိဘဲ ရင်တွေတုန်နေတတ်တာမျိုးတွေလည်းရှိနိုင်ပါတယ်။
ပိန်းဆေး သောက်ခြင်းဟာ သူ့ဟာနဲ့သူ ဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ အကောင်းဆုံးကျန်းမာရေးနဲ့အညီညွတ်ဆုံးကတော့ အဆီလျှော့စားမယ်၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်မယ် ဆိုရင် လှပကျန်းမာတဲ့ခန္တာကိုယ်ပိုင်ဆိုင်နိုင်မှာမလွဲပါဘူးနော်။
မယ်တင်( ဆေး၁ )
ပိန္ေဆးေတြက အနၱရာယ္ေရာကင္းရဲ႕လား?
ပိန္ပိန္ပါးပါးေလးေတြေပါလာတဲ့ေခတ္မို႔ ေလ့က်င့္ခန္းလုပ္ ဖို႔အခ်ိန္မေပးႏိုင္တဲ့သူေတြ၊ အစားမေလၽွာ့ႏိုင္တဲ့လူေတြက ပိန္ေဆးကို အားကိုးလာၾကပါတယ္။ တကယ္ေတာ့ ပိန္ေဆးဟာ ေမွာ္ေဆးမဟုတ္သလို။ အေနအထိုင္အစား အေသာက္သာမေျပာင္းလဲဘူး။ ေလ့က်င့္ခန္းသာလံုးဝမလုပ္ဘူးဆိုရင္ ေသခ်ာပါတယ္ပိန္ေဆးေသာက္လို႔ က်သြားတဲ့ေပါင္ခ်ိန္ဟာ ပိန္ေဆးျဖတ္လိုက္တာနဲ႔ ျပန္တက္လာမွာပါပဲ။
ဒါ့အျပင္ ပိန္ေဆးေတြက အႏၱာရာယ္ေရာကင္းပါသလား ? အမ်ားအားျဖင့္ေတာ့ ပိန္ေဆးေတြဟာ အဆီစုပ္ယူမႈ( Fat Absorption) ကစီဓာတ္စုတ္ယူမႈ( Carbohydrate Absorption) ကိုတားေပးတယ္။ ခႏၱာကိုယ္စြမ္းအင္သံုးသံုးစြဲမႈျမႇင့္တင္ေပးတယ္။ အစာစားခ်င္စိတ္ထိန္းခ်ဳပ္ေပးတယ္။ အဆီေလာင္ကၽြမ္းမႈကို အားေပးတယ္ ဆိုတဲ့ အာနိသင္ေတြနဲ႔ပိန္ေစပါတယ္။
ေကာင္းတဲ့အခ်က္အေနနဲ႔ကေတာ့ ဆရာဝန္က ညႊန္ၾကားႏိုင္တဲ့
- အဝလြန္လို႔ ကိုယ္လက္လႈပ္ရွားမႈမလုပ္ႏိုက္သူေတြ
- ေသြးတိုး၊ ႏွလံုးေရာဂါရွိသူေတြ
- BMI 25 ေက်ာ္သူေတြ လြယ္လြယ္ကူကူကိုယ္အေလးခ်ိန္က်ေစမွာျဖစ္ပါတယ္။
မေကာင္းတဲ့အခ်က္ကေတာ့
– ေဆးအေပၚစြဲလမ္းတာပါ။ ေဆးေသာက္ရင္ ပိန္မွာပဲဆိုၿပီး က်န္းမာေရးနဲ႔ညီညြတ္တဲ့ ေနထိုင္စားေသာက္မႈမ်ိဳး မလုပ္ေတာ့ဘဲ ေဆး ခ်ည္းေသာက္ျခင္ေနတာမ်ိဳးပါ။
– ေဆးေၾကာင့္ အသည္းပ်က္ဆီးတာပါ။ ကိုယ္တြင္းအဆီေတြကို အသည္းကတစ္ဆင့္ ဖ်က္ဆီး ၿပီးစြမ္းအင္ေတြအျဖစ္ေျပာင္းလဲေပးပါတယ္။ ပိန္ေဆးေတြက အဆီေတြကို အရွိန္ျမန္ျမန္ေပ်ာ္ေစတာေၾကာင့္ အသည္းကလိုက္မလုပ္ႏိုင္ဘဲ အသည္း ပ်က္စီးတာ ပိန္ေဆးေသာက္တဲ့လူေတြမွာအျဖစ္မ်ားပါတယ္။
– အဆုတ္တြင္း ေသြးဖိအားမ်ားလာတာပါ။ ပိန္ေဆးေတြက ႏွလံုးတုန္ေစျခင္း၊ စိတ္လႈပ္ရွားမႉမ်ားေစျခင္းတို႔နဲ႔ ႏွလံုးကို ျဖည္းျဖည္းခ်င္းဒုကၡေပး တတ္ပါတယ္။ ဒီလို ၾကာလာတဲ့အခါ ႏွလံုးညႇစ္အားနည္းသြားၿပီး အဆုတ္ထဲေသြးဖိအားမ်ားလာတတ္ပါတယ္။
– ဝမ္းေလၽွာျခင္းျဖစ္တတ္ပါတယ္။ ဝမ္းခ်ဳပ္ျခင္းလည္း ျဖစ္ႏိုင္ပါတယ္။ ပိန္ေဆးေသာက္ရင္အေတာ္မ်ားမ်ားကေတာ့ သူ႔ရဲ႕ပါဝင္ပစၥည္းေတြေၾကာင့္ ဝမ္းေလၽွာတတ္ပါတယ္။ တခ်ိဳ႕က်လည္း အရင္ထက္ ဝမ္းပိုခ်ဳပ္သြားတတ္ပါတယ္။
– ႏွလံုးေသြးေၾကာက်ဥ္း၊ ေလျဖတ္ျခင္း ျဖစ္ႏိုက္ေျခမ်ားေစပါတယ္။ ေလ့လာခ်က္ေတြအရ အခ်ိဳ႕ေဆးေတြဟာ ႏွလံုးေသြးေၾကာက်ဥ္း၊ ေလျဖတ္ျခင္းျမင့္တက္ေစတာေၾကာင့္ ဆရာဝန္မညႊန္ၾကားဘဲမေသာက္ပါနဲ႔။
– အိပ္မေပ်ာ္ျခင္း ပိန္ေဆးေသာက္ၿပီး အိပ္မေပ်ာ္တဲ့သူရွားတယ္ဆိုေပမယ့္ အခ်ိဳ႕ကလည္း ေဆးေသာက္ၿပီးလံုးဝအိပ္မေပ်ာ္တာလည္းရွိပါတယ္။
– စိတ္ဂဏာမၿငိမ္ျဖစ္ျခင္း၊ စိုးရိမ္ပူပန္လြန္ျခင္း ပိန္ေဆးေသာက္ေနခ်ိန္မွာ အာရံုစူးစိုက္မရတာ၊ စိတ္ပူပန္လြန္းေနတတ္တာ၊ အေၾကာင္းမရွိဘဲ ရင္ေတြတုန္ေနတတ္တာမ်ိဳးေတြလည္းရွိႏိုင္ပါတယ္။
ပိန္းေဆး ေသာက္ျခင္းဟာ သူ႔ဟာနဲ႔သူ ေဘးထြက္ဆိုးက်ိဳးေတြရွိတယ္ဆိုတာ သိေလာက္ၿပီထင္ပါတယ္။ အေကာင္းဆံုးက်န္းမာေရးနဲ႔အညီညြတ္ဆံုးကေတာ့ အဆီေလၽွာ့စားမယ္၊ ကိုယ္လက္လႈပ္ရွားမႈ ပံုမွန္လုပ္မယ္ ဆိုရင္ လွပက်န္းမာတဲ့ခနၱာကိုယ္ပိုင္ဆိုင္ႏိုင္မွာမလြဲပါဘူးေနာ္။
မယ္တင္( ေဆး၁ )