” B ပိုးကာကွယ်ဆေးထိုးပြီးတာနဲ့ လုံလောက်ပါရဲ့လား “

အသည်းရောင်အသားဝါဘီပိုးရောဂါ (Hepatitis B ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသည်းရောင် Bပိုးကာကွယ်ဆေးကိုထိုးနှံလာကြပါတယ်။ ဒါပေမယ့် စနစ်တကျထိုးဖို့နဲ့ ကာကွယ်ဆေးက မိမိကို ကာကွယ်မှှု အပြည့်အဝ ပေးနိုင်ဖို့ သတိပြုရမယ့် ထပ်မံလုပ်ဆောင်ရမယ့်အချက်တွေ ရှိပါသေးတယ်။

img

>>>အသည်းရောင် Bပိုးက ဘာလဲ ?

Hepatitis B လို ခေါ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး ဟာ အသည်းရောင်ဗိုင်းရပ်စ်ပိုး ၅မျိုးထဲကတစ်ခု ဖြစ်ပြီး ဘီပိုးနဲ့ စီပိုးဟာ နာတာရှည်ရောဂါတွေ ခံစားရနိုင်ပါတယ်။ ရက်ခဏတာ ဖြစ်တဲ့ အသည်းရောင်ခြင်း ( acute hepatitis) ကတော့ ရောဂါ လက္ခဏာ ပြနိုင်ပါတယ်။ Acute Hepatitis ရောဂါသည်များသည် နာတာရှည်ရောဂါသို့ ကူးပြောင်းလေ့မရှိဘဲ Bပိုးပျောက်ကင်းသွားလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှ မွေးကင်းစကလေးကို မကူးစက်အောင် ကာကွယ်ရန်လည်း အရေးကြီးပါတယ်။ အဘယ့်ကြောင့်ဆိုသော်မွေးကင်းစကလေးကို B ပိုးကူးစက်သွားလျှင် ဆိုးရွားသော နာတာရှည်အသည်းရောဂါကို >90% ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Bပိုးရောဂါသည် ကိုယ်ဝန်ဆောင်များအနေဖြင့် မိမိ၏ကလေးကို Bပိုးမကူးစက်အောင် ကျွမ်းကျင်သော အသည်းအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။နာတာရှည် အသည်းရောင်ခြင်း (chronic hepatitis) ကို ခံစားရတဲ့အခါ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ (အသည်းခြောက်ခြင်း၊အသည်းကင်ဆာ) စတဲ့ complication တွေပေါ်လာတဲ့ အထိ ရောဂါလက္ခဏာမပြဘဲ ရှိတတ်ပါတယ်။

img

>>>ဘယ်လိုကူးစက်တတ်ပါသလဲ ?

အသည်းရောင် အသားဝါ Bပိုး အဓိက ကူးစက်တာကတော့ ရောဂါပိုးပါတဲ့သွေးရယ် တခြားသော ခန္ဓာကိုယ်ကထွက်တဲ့ အရည် (တံတွေး စသည် ) တို့မှ ကူးစက်ပါတယ်။

>>>ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့

ရောဂါပိုးရှိတဲ့ သွေးနဲ့ ထိတွေ့မိခြင်း၊ မွေးဖွားစဉ်မှာ မွေးလမ်းကြောင်းမှ တဆင့် မိခင်ထံမှ ကလေးဆီသို့ ကူးစက်ခြင်း၊(ကျန်းမာရေးဝန်ထမ်းတွေလည်း) ရောဂါပိုးရှိတဲ့ ဆေးထိုးအပ် စူးခြင်း ၊ မူးယစ်ဆေး သုံးစွဲသူများတွင် ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ Bပိုးရှိတဲ့ လူနာနှင့် လိင်ဆက်ဆံခြင်း ( အထူးသဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်တူ /လိင်ကွဲ)) မှတဆင့် ကူးစက်တာ (ဆက်ဆံရာမှာလည်း ပါးစပ် မအင်္ဂါ စအို တို့မှ မည်သည်နှင့်ဆက်ဆံသည်ဖြစ်စေ)
မုတ်ဆိတ်မွှေး ရိတ်သည့် ဓား စသည့် ရောဂါပိုးပါသော သွေးစကျန်နိုင်သည့် တကိုယ်ရေသုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းတို့မှ အဓိက ကူးစက်နိုင်ပါတယ်။

>>>Bပိုး ကူးစက်တာကို ဘယ်လို ကာကွယ်ရမလဲ ?

အသည်းရောင် အသားဝါ Bပိုး ကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကာကွယ်ဆေးထိုးဖို့ပဲ ဖြစ်ပါတယ်။

  • မွေးကင်းစကလေးတွေ
  • မွေးခါစက ကာကွယ်ဆေးမထိုးဖြစ်သူတွေနဲ့
  • သင်တန်းကျောင်း /အဖွဲ့စည်းတစ်ခုထဲ အတူတူနေထိုင်ရသူတွေ
  • သွေးနဲ့ မကြာခဏထိတွေ့ကိုင်တွယ်နေရသူတွေ
  • လိင်မှုဆိုင်ရာ မကြာခဏ ထိတွေ့မှုရှိသူတွေနဲ့
  • မိသားစုထဲမှာ Bပိုး ရှိနေသူတွေ
  • ကျန်းမာရေးဝန်ထမ်းတွေ က ပိုပြီး အရေးတကြီးထိုးဖို့ လိုပါတယ်။

img3

>>>ကာကွယ်ဆေးကို ဘယ်လို ထိုးရမလဲ ?

ကာကွယ်ဆေးကို သုံးကြိမ် ထိုးရမှာဖြစ်ပါတယ်။ ပထမတစ်ကြိမ်ထိုးပြီးတာနဲ့ Bပိုးကနေ ကာကွယ်မှုရတယ်လို့ ယူဆလို့ မရသလို ဆေး သုံးကြိမ်ထိုးပြီးတာနဲ့လည်း ကာကွယ်မှု အပြည့်အဝရတယ်လို့ စိတ်ချလို့ မရပါဘူး။ အဲဒီအတွက် Bပိုး ကာကွယ်ဆေးထိုးခါနီးတိုင်း တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးရမှာဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးခင် မိမိတွင် Bပိုး ရှိမရှိစစ်ဆေးရမှာ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ Bပိုး ရှိနေရင် (Hbs Ag – positive) ဆိုလျှင် ကာကွယ်ဆေးထိုးလို့မရပါ။ မရှိသူ ( Hbs Ag – negative) မှသာလျှင် ဘီပိုး ကာကွယ်ဆေးထိုးလို့ရမှာ ဖြစ်ပါတယ်။
(HbsAg Test လုပ်ပြီး ၁လအတွင်း Bပိုးကာကွယ်ဆေးထိုးရမည်ဖြစ်သည်)

ကာကွယ်ဆေးထိုးရာမှာ ပုံမှန်အချိန်ဇယားအတိုင်းဆးထိုးခြင်းRoutine vaccination schedule ( ဆေးစထိုးသည်။ ထို့နောက် တစ်လအကြာ ။ ထို့နောက် ၆ လအကြာ တွင်ထိုးသည် (0,1,6) ) နှင့် အမြန်အချိန်ဇယားဖြင့် ဆေးထိုးခြင်း ( ဆေးစထိုးသည်၊ တစ်လအကြာမှာထိုးသည် ၊၂လအကြာမှာထိုးသည် ၊ ထို့နောက် ၁နှစ်အကြာမှာ ထိုးသည် (0,1,2,12) ) ဟူ၍ နှစ်မျိုးရှိပါတယ်။

img4

ဆေးထိုးပြီးရုံဖြင့် မပြီးသေးပါဘူး။ ထိုးပြီးတဲ့နောက် မိမိရဲ့ သွေးထဲမှာ ဘီပိုးအတွက် ခုခံကာကွယ်ပေးနိုင်သောပစ္စည်း ( Anti Hbs ) ထွက်မထွက်နှင့် ထွက်လျှင်လည်း လုံလောက်သော ပမာဏရှိမရှိ စစ်ဆေးပေးရမှာဖြစ်ပါတယ်။

-Anti Hbs 1000 အထက်ရှိမှသာ လုံလောက်သော ကာကွယ်မှု ရရှိပါတယ်။ ( ဒါဆိုရင်တော့ ၅နှစ်အကြာမှာ ထပ်မံစ်ဆေးရမှာ ဖြစ်ပါတယ် )

-Anti Hbs 100 -1000 ဆိုရင်တော့ ကာကွယ်မှု ရှိသည် ။ ( Anti Hbs က 500 အထက် ဆိုရင်တော့ ၁နှစ်ကြာလျှင် ပြန်လည်စစ်ဆေးရမှာ ဖြစ်ပါတယ်။)

-Anti – HBs 100 အောက် ဆိုလျှင်တော့ ကာကွယ်မှုက မလုံလောက်ပါ ။ ( booster dose ခေါ် အားဖြည့်ကာကွယ်ဆေးတစ်လုံး ထပ်မံ ထိုးနှံရမှာပဲ ဖြစ်ပါတယ်။ပြီးမှ ထပ်မံပြီး သွေးစစ်ကြည့်ရမှာ ဖြစ်ပါတယ်)

-Anti Hbs 10 အောက်ဆိုရင်တော့ Bပိုး ကာကွယ်မှု လုံးဝမရှိတဲ့ အတွက် ကာကွယ်ဆေးကို အစကနေ ပြန်ထိုးရမှာ ဖြစ်ပါတယ်။

img

>>> ကာကွယ်ဆေး အမျိုးအစား

B ပိုးကာကွယ်ဆေးကို ထုတ်လုပ်ပုံ အပေါ်မှာ မူတည်ပြီး ၂မျိုး ခွဲခြားပါတယ်။ human type နဲ့ yeast type ဖြစ်ပြီး recombinant DNA technology အသုံးပြုပြီး yeast cells တွေကနေ ထုတ်လုပ်ထားတဲ့ အမျိုးအစားက ပိုမိုကောင်းမွန်ပါတယ်။ဒါကြောင့် yeast ကနေ ထုတ်တဲ့ အမျိုးအစားကို ထိုးနှံဖို့ ပိုပြီး recommend ပေးချင်ပါတယ်။ဒါကြောင့် ကာကွယ်ဆေးထိုးမယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှထိုးရန် လိုအပ်ပါတယ်။ရန်ကုန်မြို့မှာ ပင်လုံဆေးရုံကြီးတွင်လည်း ကျွမ်းကျင်သော အသည်းအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်၍ စစ်ဆေးကုသနိုင်ပါတယ်။

အဓိက အချက်ကတော့

၁။ B ပိုးမရှိသူတိုင်း B ပိုးကာကွယ်ဆေးကို စနစ်တကျထိုးထားရပါမယ်။

၂။ Bပိုးကာကွယ်ဆေးဟာ ဆေးထိုးပြီးတာနဲ့ မပြီးပါဘူး။ ကာကွယ်မှုဟာ ထိရောက်သလား ပြန်လည် စစ်ဆေးရပါမယ်။

၃။ ငါးနှစ် တစ်ကြိမ် (အနည်းဆုံး ပြန်လည် စစ်ဆေးရပါမယ်) ။

#ခွန်းညိုသွေး

” B ပိုးကာကြယ္ေဆးထိုးၿပီးတာနဲ႔ လံုေလာက္ပါရဲ႕လား “

အသည္းေရာင္အသားဝါဘီပိုးေရာဂါ (Hepatitis B ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြေၾကာင့္ အသည္းေရာင္ Bပိုးကာကြယ္ေဆးကိုထိုးႏွံလာၾကပါတယ္။ ဒါေပမယ့္ စနစ္တက်ထိုးဖို႔နဲ႔ ကာကြယ္ေဆးက မိမိကို ကာကြယ္မွႈ အျပည့္အဝ ေပးႏိုင္ဖို႔ သတိျပဳရမယ့္ ထပ္မံလုပ္ေဆာင္ရမယ့္အခ်က္ေတြ ရွိပါေသးတယ္။

img

>>>အသည္းေရာင္ Bပိုးက ဘာလဲ ?

Hepatitis B လို ေခၚတဲ့ အသည္းေရာင္ အသားဝါ ဘီပိုး ဟာ အသည္းေရာင္ဗိုင္းရပ္စ္ပိုး ၅မ်ိဳးထဲကတစ္ခု ျဖစ္ၿပီး ဘီပိုးနဲ႔ စီပိုးဟာ နာတာရွည္ေရာဂါေတြ ခံစားရႏိုင္ပါတယ္။ ရက္ခဏတာ ျဖစ္တဲ့ အသည္းေရာင္ျခင္း ( acute hepatitis) ကေတာ့ ေရာဂါ လကၡဏာ ျပႏိုင္ပါတယ္။ Acute Hepatitis ေရာဂါသည္မ်ားသည္ နာတာရွည္ေရာဂါသို႔ ကူးေျပာင္းေလ့မရွိဘဲ Bပိုးေပ်ာက္ကင္းသြားေလ့ရွိပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္မွ ေမြးကင္းစကေလးကို မကူးစက္ေအာင္ ကာကြယ္ရန္လည္း အေရးႀကီးပါတယ္။ အဘယ့္ေၾကာင့္ဆိုေသာ္ေမြးကင္းစကေလးကို B ပိုးကူးစက္သြားလွ်င္ ဆိုးရြားေသာ နာတာရွည္အသည္းေရာဂါကို >90% ခံစားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Bပိုးေရာဂါသည္ ကိုယ္ဝန္ေဆာင္မ်ားအေနျဖင့္ မိမိ၏ကေလးကို Bပိုးမကူးစက္ေအာင္ ကၽြမ္းက်င္ေသာ အသည္းအထူးကုဆရာဝန္ႀကီးမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးသင့္ပါသည္။နာတာရွည္ အသည္းေရာင္ျခင္း (chronic hepatitis) ကို ခံစားရတဲ့အခါ ေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ (အသည္းေျခာက္ျခင္း၊အသည္းကင္ဆာ) စတဲ့ complication ေတြေပၚလာတဲ့ အထိ ေရာဂါလကၡဏာမျပဘဲ ရွိတတ္ပါတယ္။

img

>>>ဘယ္လိုကူးစက္တတ္ပါသလဲ ?

အသည္းေရာင္ အသားဝါ Bပိုး အဓိက ကူးစက္တာကေတာ့ ေရာဂါပိုးပါတဲ့ေသြးရယ္ တျခားေသာ ခႏၶာကိုယ္ကထြက္တဲ့ အရည္ (တံေတြး စသည္ ) တို႔မွ ကူးစက္ပါတယ္။

>>>ကူးစက္ႏိုင္တဲ့ နည္းလမ္းေတြကေတာ့

ေရာဂါပိုးရွိတဲ့ ေသြးနဲ႔ ထိေတြ႕မိျခင္း၊ ေမြးဖြားစဥ္မွာ ေမြးလမ္းေၾကာင္းမွ တဆင့္ မိခင္ထံမွ ကေလးဆီသို႔ ကူးစက္ျခင္း၊(က်န္းမာေရးဝန္ထမ္းေတြလည္း) ေရာဂါပိုးရွိတဲ့ ေဆးထိုးအပ္ စူးျခင္း ၊ မူးယစ္ေဆး သံုးစြဲသူမ်ားတြင္ ေဆးထိုးအပ္ကို မွ်ေဝသံုးစြဲျခင္း၊ Bပိုးရွိတဲ့ လူနာႏွင့္ လိင္ဆက္ဆံျခင္း ( အထူးသျဖင့္ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း (လိင္တူ /လိင္ကြဲ)) မွတဆင့္ ကူးစက္တာ (ဆက္ဆံရာမွာလည္း ပါးစပ္ မအဂၤါ စအို တို႔မွ မည္သည္ႏွင့္ဆက္ဆံသည္ျဖစ္ေစ)
မုတ္ဆိတ္ေမႊး ရိတ္သည့္ ဓား စသည့္ ေရာဂါပိုးပါေသာ ေသြးစက်န္ႏိုင္သည့္ တကိုယ္ေရသံုးပစၥည္းမ်ားကို မွွ်ေဝသံုးစြဲျခင္းတို႔မွ အဓိက ကူးစက္ႏိုင္ပါတယ္။

>>>Bပိုး ကူးစက္တာကို ဘယ္လို ကာကြယ္ရမလဲ ?

အသည္းေရာင္ အသားဝါ Bပိုး ကို ကာကြယ္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ ကာကြယ္ေဆးထိုးဖို႔ပဲ ျဖစ္ပါတယ္။

  • ေမြးကင္းစကေလးေတြ
  • ေမြးခါစက ကာကြယ္ေဆးမထိုးျဖစ္သူေတြနဲ႔
  • သင္တန္းေက်ာင္း /အဖြဲ႕စည္းတစ္ခုထဲ အတူတူေနထိုင္ရသူေတြ
  • ေသြးနဲ႔ မၾကာခဏထိေတြ႕ကိုင္တြယ္ေနရသူေတြ
  • လိင္မႈဆိုင္ရာ မၾကာခဏ ထိေတြ႕မႈရွိသူေတြနဲ႕
  • မိသားစုထဲမွာ Bပိုး ရွိေနသူေတြ
  • က်န္းမာေရးဝန္ထမ္းေတြ က ပိုၿပီး အေရးတႀကီးထိုးဖို႔ လိုပါတယ္။

img3

>>>ကာကြယ္ေဆးကို ဘယ္လို ထိုးရမလဲ ?

ကာကြယ္ေဆးကို သံုးႀကိမ္ ထိုးရမွာျဖစ္ပါတယ္။ ပထမတစ္ႀကိမ္ထိုးၿပီးတာနဲ႔ Bပိုးကေန ကာကြယ္မႈရတယ္လို႔ ယူဆလို႔ မရသလို ေဆး သံုးႀကိမ္ထိုးၿပီးတာနဲ႔လည္း ကာကြယ္မႈ အျပည့္အဝရတယ္လို႔ စိတ္ခ်လို႔ မရပါဘူး။ အဲဒီအတြက္ Bပိုး ကာကြယ္ေဆးထိုးခါနီးတိုင္း တတ္ကြ်မ္းတဲ့ ဆရာဝန္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးရမွာျဖစ္ပါတယ္။

ကာကြယ္ေဆး မထိုးခင္ မိမိတြင္ Bပိုး ရွိမရွိစစ္ေဆးရမွာ ျဖစ္ပါတယ္။ အသည္းေရာင္ အသားဝါ Bပိုး ရွိေနရင္ (Hbs Ag – positive) ဆိုလွ်င္ ကာကြယ္ေဆးထိုးလို႔မရပါ။ မရွိသူ ( Hbs Ag – negative) မွသာလွ်င္ ဘီပိုး ကာကြယ္ေဆးထိုးလို႔ရမွာ ျဖစ္ပါတယ္။
(HbsAg Test လုပ္ၿပီး ၁လအတြင္း Bပိုးကာကြယ္ေဆးထိုးရမည္ျဖစ္သည္)

ကာကြယ္ေဆးထိုးရာမွာ ပံုမွန္အခ်ိန္ဇယားအတိုင္းဆးထိုးျခင္းRoutine vaccination schedule ( ေဆးစထိုးသည္။ ထို႔ေနာက္ တစ္လအၾကာ ။ ထို႔ေနာက္ ၆ လအၾကာ တြင္ထိုးသည္ (0,1,6) ) ႏွင့္ အျမန္အခ်ိန္ဇယားျဖင့္ ေဆးထိုးျခင္း ( ေဆးစထိုးသည္၊ တစ္လအၾကာမွာထိုးသည္ ၊၂လအၾကာမွာထိုးသည္ ၊ ထို႔ေနာက္ ၁ႏွစ္အၾကာမွာ ထိုးသည္ (0,1,2,12) ) ဟူ၍ ႏွစ္မ်ိဳးရွိပါတယ္။

img4

ေဆးထိုးၿပီးရံုျဖင့္ မၿပီးေသးပါဘူး။ ထိုးၿပီးတဲ့ေနာက္ မိမိရဲ႕ ေသြးထဲမွာ ဘီပိုးအတြက္ ခုခံကာကြယ္ေပးႏိုင္ေသာပစၥည္း ( Anti Hbs ) ထြက္မထြက္ႏွင့္ ထြက္လွ်င္လည္း လံုေလာက္ေသာ ပမာဏရွိမရွိ စစ္ေဆးေပးရမွာျဖစ္ပါတယ္။

-Anti Hbs 1000 အထက္ရွိမွသာ လံုေလာက္ေသာ ကာကြယ္မႈ ရရွိပါတယ္။ ( ဒါဆိုရင္ေတာ့ ၅ႏွစ္အၾကာမွာ ထပ္မံစ္ေဆးရမွာ ျဖစ္ပါတယ္ )

-Anti Hbs 100 -1000 ဆိုရင္ေတာ့ ကာကြယ္မႈ ရွိသည္ ။ ( Anti Hbs က 500 အထက္ ဆိုရင္ေတာ့ ၁ႏွစ္ၾကာလွ်င္ ျပန္လည္စစ္ေဆးရမွာ ျဖစ္ပါတယ္။)

-Anti – HBs 100 ေအာက္ ဆိုလွ်င္ေတာ့ ကာကြယ္မႈက မလံုေလာက္ပါ ။ ( booster dose ေခၚ အားျဖည့္ကာကြယ္ေဆးတစ္လံုး ထပ္မံ ထိုးႏွံရမွာပဲ ျဖစ္ပါတယ္။ၿပီးမွ ထပ္မံၿပီး ေသြးစစ္ၾကည့္ရမွာ ျဖစ္ပါတယ္)

-Anti Hbs 10 ေအာက္ဆိုရင္ေတာ့ Bပိုး ကာကြယ္မႈ လံုးဝမရွိတဲ့ အတြက္ ကာကြယ္ေဆးကို အစကေန ျပန္ထိုးရမွာ ျဖစ္ပါတယ္။

img

>>> ကာကြယ္ေဆး အမ်ိဳးအစား

B ပိုးကာကြယ္ေဆးကို ထုတ္လုပ္ပံု အေပၚမွာ မူတည္ၿပီး ၂မ်ိဳး ခြဲျခားပါတယ္။ human type နဲ႔ yeast type ျဖစ္ၿပီး recombinant DNA technology အသံုးျပဳၿပီး yeast cells ေတြကေန ထုတ္လုပ္ထားတဲ့ အမ်ိဳးအစားက ပိုမိုေကာင္းမြန္ပါတယ္။ဒါေၾကာင့္ yeast ကေန ထုတ္တဲ့ အမ်ိဳးအစားကို ထိုးႏွံဖို႔ ပိုၿပီး recommend ေပးခ်င္ပါတယ္။ဒါေၾကာင့္ ကာကြယ္ေဆးထိုးမယ္ဆိုရင္ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီးမွထိုးရန္ လိုအပ္ပါတယ္။ရန္ကုန္ၿမိဳ႕မွာ ပင္လံုေဆးရံုႀကီးတြင္လည္း ကၽြမ္းက်င္ေသာ အသည္းအထူးကုဆရာဝန္ႀကီးမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္၍ စစ္ေဆးကုသႏိုင္ပါတယ္။

အဓိက အခ်က္ကေတာ့

၁။ B ပိုးမရွိသူတိုင္း B ပိုးကာကြယ္ေဆးကို စနစ္တက်ထိုးထားရပါမယ္။

၂။ Bပိုးကာကြယ္ေဆးဟာ ေဆးထိုးၿပီးတာနဲ႔ မၿပီးပါဘူး။ ကာကြယ္မႈဟာ ထိေရာက္သလား ျပန္လည္ စစ္ေဆးရပါမယ္။

၃။ ငါးႏွစ္ တစ္ႀကိမ္ (အနည္းဆံုး ျပန္လည္ စစ္ေဆးရပါမယ္) ။

#ခြန္းညိဳေသြး

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *