သွေးတိုးရောဂါဖြစ်နိုင်ခြေရှိသူများ
သွေးတိုးရောဂါဆိုတာ ခုခေတ်မှာ အဖြစ်များတာနဲ့ အမျှ လူတိုင်းမဖြစ်ချင်ကြတဲ့ရောဂါတစ်မျိုးပါ။ ခုဆောင်းပါးမှာတော့ သွေးတိုးရောဂါဖြစ်နိုင်တဲ့လူတွေအကြောင်းကို ရေးသားချင်ပါတယ်။ ဒီအချက်တွေထဲမှာ စာဖတ်သူသာပါနေခဲ့မယ်ဆိုရင် သွေးတိုးရောဂါဖြစ်နိုင်ချေကို သိရှိပြီးတော့ ပြုပြင်ပြောင်းလဲလို့ရတဲ့ အချက်တွေကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ သွေးတိုးရောဂါဖြစ်နိုင်တဲ့ အချက်များကတော့
(၁)အသက်
အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးဖြစ်နိုင်ခြေများလာပါတယ်။ အသက် ၆၄ မတိုင်ခင်မှာ အမျိုးသားက သွေးတိုးပိုအဖြစ်များပါတယ်။ အသက် ၆၅ နှစ်နောက်ပိုင်းမှာတော့ အမျိုးသမီးက ပိုပြီးသွေးတိုးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။
(၂)လူမျိုး
သွေးတိုးရောဂါဟာ လူဖြူတွေထက် African လူမျိုးတွေမှာ အဖြစ်များပါတယ်။ သွေးတိုးခြင်း၊ရုတ်တရက်လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း၊ကျောက်ကပ်ရောဂါဖြစ်ခြင်းတို့ဟာ African လူမျိုးတွေမှာ အဖြစ်များပါတယ်။
(၃)မိသားစုထဲမှာ သွေးတိုးရောဂါရာဇဝင်ရှိရင်လည်း မိမိမှာသွေးတိုးဖြစ်နိုင်ပါတယ်။
(၄)အဝလွန်ခြင်း
ခန္ဓာကိုယ်အလေးချိန်များလွန်းပြီး ဝလေလေ တစ်ရှူးတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေသယ်ဖို့ သွေးများများလိုလေလေပါပဲ။ သွေးပမာဏ volume များလာတဲ့အခါမှာ သွေးကြောနံရံတွေပေါ်ကို ဖိအားတွေများလာပြီး သွေးတိုးနိုင်ပါတယ်။
(၅)ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ကိုယ်လက်လှုပ်ရှားမှုအလွန်နည်းတဲ့လူတွေဟာ နှလုံးခုန်နှုန်း( Heart Rate) မြင့်တက်ပါတယ်။ အဲလိုမြင့်လေလေ နှလုံးကပိုအလုပ်လုပ်ရပြီး သွေးကြောတွေကို ပိုဖိအားပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ အဝလွန်ခြင်းကိုလည်း ဖြစ်စေပါတယ်။
(၆)ဆေးလိပ်၊ဆေးရွက်ကြီး သောက်သုံးခြင်း
ဆေးလိပ်၊ဆေးရွက်ကြီးသောက်တဲ့အခါ ပါဝင်တဲ့ဓာတုပစ္စည်းတွေက သွေးကြောနံရံတွေကိုဖျက်ဆီးပါတယ်။ သွေးကြောနံရံတွေကျဉ်းလာတဲ့အခါမှာ သွေးတိုးရောဂါနဲ့အတူ နှလုံးရောဂါပါဖြစ်စေပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင် တစ်ဆင့်ခံရှူရှိုက်ရရင်လည်း ဆေးလိပ်သောက်တဲ့လူကဲ့သို့ ရောဂါရနိုင်ပါတယ်။
(၇)အငန်စားခြင်း
စားသောက်တဲ့အစားအစာမှာ Sodium (ဆားဓာတ်)အငန်ဓာတ်ပါဝင်မှုများရင် ကိုယ်ခန္ဓာမှာ ရေဆွဲထားပြီး သွေးတိုးစေပါတယ်။
(၈)ပိုတက်စီယမ်အစားနည်းခြင်း
ပိုတက်ဆီယမ်ဟာ ဆဲလ်တွေထဲမှာ Sodium ဓာတ်ညီမျှဖို့ ကူညီပေးပါတယ်။ Potassium လုံလောက်အောင်မစားတဲ့အခါ ဆဲလ်တွေထဲမှာ Sodium တွေများလာပြီး သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။
(၉)အရက်အလွန်အကျွံသောက်ခြင်း
အရက်သောက်ခြင်းဟာ လူ့ရဲ့အသည်းနဲ့ နှလုံးကို ပျက်စီးစေပါတယ်။အရက်ကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။
(၁၀)စိတ်ဖိစီးမှု
စိတ်ဖိစီးမှုအလွန်များလာရင် ချက်ချင်းသွေးတိုးလာတတ်ပါတယ်။ စိတ်ဖိစီးတာကို ဖြေလျှော့နည်းမှားယွင်းစွာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစားအလွန်စားခြင်းနဲ့ ဖြေလျှော့ရင်တော့ သွေးတိုးရောဂါပိုဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များလည်း သွေးတိုးနိုင်ခြေရှိပါတယ်။
သွေးတိုးရောဂါဖြစ်နိုင်တဲ့လူတွေအကြောင်းကို ရေးသားပေးခဲ့တာဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ သင်သာပါနေခဲ့မယ်ဆိုရင် ပြုပြင်ပြောင်းလဲလို့ရတဲ့ အချက်တွေကို ပြောင်းလဲနိုင်စေဖို့ ရည်ရွယ်ပြီးရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ေသြးတိုးေရာဂါျဖစ္ႏိုင္ေျခရွိသူမ်ား
ေသြးတိုးေရာဂါဆိုတာ ခုေခတ္မွာ အျဖစ္မ်ားတာနဲ႔ အမွ် လူတိုင္းမျဖစ္ခ်င္ၾကတဲ့ေရာဂါတစ္မ်ိဳးပါ။ ခုေဆာင္းပါးမွာေတာ့ ေသြးတိုးေရာဂါျဖစ္ႏိုင္တဲ့လူေတြအေၾကာင္းကို ေရးသားခ်င္ပါတယ္။ ဒီအခ်က္ေတြထဲမွာ စာဖတ္သူသာပါေနခဲ့မယ္ဆိုရင္ ေသြးတိုးေရာဂါျဖစ္ႏိုင္ေခ်ကို သိရွိၿပီးေတာ့ ျပဳျပင္ေျပာင္းလဲလို႔ရတဲ့ အခ်က္ေတြကို ေျပာင္းလဲႏိုင္မွာျဖစ္ပါတယ္။ ေသြးတိုးေရာဂါျဖစ္ႏိုင္တဲ့ အခ်က္မ်ားကေတာ့
(၁)အသက္
အသက္အရြယ္ရလာတာနဲ႔အမွ် ေသြးတိုးျဖစ္ႏိုင္ေျခမ်ားလာပါတယ္။ အသက္ ၆၄ မတိုင္ခင္မွာ အမ်ိဳးသားက ေသြးတိုးပိုအျဖစ္မ်ားပါတယ္။ အသက္ ၆၅ ႏွစ္ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသမီးက ပိုၿပီးေသြးတိုးေရာဂါျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။
(၂)လူမ်ိဳး
ေသြးတိုးေရာဂါဟာ လူျဖဴေတြထက္ African လူမ်ိဳးေတြမွာ အျဖစ္မ်ားပါတယ္။ ေသြးတိုးျခင္း၊႐ုတ္တရက္ေလျဖတ္ျခင္း၊ ႏွလံုးေဖာက္ျခင္း၊ေက်ာက္ကပ္ေရာဂါျဖစ္ျခင္းတို႔ဟာ African လူမ်ိဳးေတြမွာ အျဖစ္မ်ားပါတယ္။
(၃)မိသားစုထဲမွာ ေသြးတိုးေရာဂါရာဇဝင္ရွိရင္လည္း မိမိမွာေသြးတိုးျဖစ္ႏိုင္ပါတယ္။
(၄)အဝလြန္ျခင္း
ခႏၶာကိုယ္အေလးခ်ိန္မ်ားလြန္းၿပီး ဝေလေလ တစ္ရႉးေတြဆီကို ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္ေတြသယ္ဖို႔ ေသြးမ်ားမ်ားလိုေလေလပါပဲ။ ေသြးပမာဏ volume မ်ားလာတဲ့အခါမွာ ေသြးေၾကာနံရံေတြေပၚကို ဖိအားေတြမ်ားလာၿပီး ေသြးတိုးႏိုင္ပါတယ္။
(၅)ကိုယ္လက္လႈပ္ရွားမႈနည္းျခင္း
ကိုယ္လက္လႈပ္ရွားမႈအလြန္နည္းတဲ့လူေတြဟာ ႏွလံုးခုန္ႏႈန္း( Heart Rate) ျမင့္တက္ပါတယ္။ အဲလိုျမင့္ေလေလ ႏွလံုးကပိုအလုပ္လုပ္ရၿပီး ေသြးေၾကာေတြကို ပိုဖိအားေပးပါတယ္။ ကိုယ္လက္လႈပ္ရွားမႈနည္းျခင္းဟာ အဝလြန္ျခင္းကိုလည္း ျဖစ္ေစပါတယ္။
(၆)ေဆးလိပ္၊ေဆးရြက္ႀကီး ေသာက္သံုးျခင္း
ေဆးလိပ္၊ေဆးရြက္ႀကီးေသာက္တဲ့အခါ ပါဝင္တဲ့ဓာတုပစၥည္းေတြက ေသြးေၾကာနံရံေတြကိုဖ်က္ဆီးပါတယ္။ ေသြးေၾကာနံရံေတြက်ဥ္းလာတဲ့အခါမွာ ေသြးတိုးေရာဂါနဲ႔အတူ ႏွလံုးေရာဂါပါျဖစ္ေစပါတယ္။ ကိုယ္တိုင္ေဆးလိပ္မေသာက္ရင္ေတာင္ တစ္ဆင့္ခံရႉ႐ွိဳက္ရရင္လည္း ေဆးလိပ္ေသာက္တဲ့လူကဲ့သို႔ ေရာဂါရႏိုင္ပါတယ္။
(၇)အငန္စားျခင္း
စားေသာက္တဲ့အစားအစာမွာ Sodium (ဆားဓာတ္)အငန္ဓာတ္ပါဝင္မႈမ်ားရင္ ကိုယ္ခႏၶာမွာ ေရဆြဲထားၿပီး ေသြးတိုးေစပါတယ္။
(၈)ပိုတက္စီယမ္အစားနည္းျခင္း
ပိုတက္ဆီယမ္ဟာ ဆဲလ္ေတြထဲမွာ Sodium ဓာတ္ညီမွ်ဖို႔ ကူညီေပးပါတယ္။ Potassium လံုေလာက္ေအာင္မစားတဲ့အခါ ဆဲလ္ေတြထဲမွာ Sodium ေတြမ်ားလာၿပီး ေသြးတိုးေရာဂါျဖစ္ႏိုင္ပါတယ္။
(၉)အရက္အလြန္အကြ်ံေသာက္ျခင္း
အရက္ေသာက္ျခင္းဟာ လူ႔ရဲ႕အသည္းနဲ႔ ႏွလံုးကို ပ်က္စီးေစပါတယ္။အရက္ေၾကာင့္ ေသြးတိုးေရာဂါျဖစ္ေစႏိုင္ပါတယ္။
(၁၀)စိတ္ဖိစီးမႈ
စိတ္ဖိစီးမႈအလြန္မ်ားလာရင္ ခ်က္ခ်င္းေသြးတိုးလာတတ္ပါတယ္။ စိတ္ဖိစီးတာကို ေျဖေလွ်ာ့နည္းမွားယြင္းစြာ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ အစားအလြန္စားျခင္းနဲ႔ ေျဖေလွ်ာ့ရင္ေတာ့ ေသြးတိုးေရာဂါပိုျဖစ္ႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္မိခင္မ်ားလည္း ေသြးတိုးႏိုင္ေျခရွိပါတယ္။
ေသြးတိုးေရာဂါျဖစ္ႏိုင္တဲ့လူေတြအေၾကာင္းကို ေရးသားေပးခဲ့တာျဖစ္ပါတယ္။ ဒီအခ်က္ေတြထဲမွာ သင္သာပါေနခဲ့မယ္ဆိုရင္ ျပဳျပင္ေျပာင္းလဲလို႔ရတဲ့ အခ်က္ေတြကို ေျပာင္းလဲႏိုင္ေစဖို႔ ရည္ရြယ္ၿပီးေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)