ဖားပြုတ်အရေပြားလို ကြမ်းတယ် ကြာဆူးပေါက်တယ်
ဇီဝက ဆေးခန်းမှာ ကလေး အမေတွေက မေးကြတယ် ။“ဆရာ ၊ကျွန်မကလေး က အစားလည်း သိပ်မစားဘူး ။နောက်ပြီး တံတောင်ဆစ်ဒူးဆစ်တွေမှာ ကြမ်းတမ်းတမ်းနဲ့ အစေ့ အစေ့လေးတွေစမ်းမိတယ် ။”ဒါကို ဗိုက်တာမင် အေ ချို့တဲ့တာလို့ပြောလို့ ရတယ်
ဒါဆိုရင် ဗိုက်တာမင် အေ ဟာ လူ့ခန္ဓာကိုယ်မှာ ဘာလုပ်သလဲ ။
ဗိုက်တာမင် အေ ဟာ အရေပြားလှပဖို့လိုအပ်တယ်။ ဒါ့အပြင် မျက်လုံးအမြင်အာရုံ ကောင်းဖို့လည်း လုပ်ဆောင်ပေးတယ် ။အန်တီအောက်ဆီဒင့်(anti-Oxidant)(ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အဖြစ်လည်း ကူညီပေးတယ် ။တစ်နည်းအားဖြင့် အိုမင်းရင့်ရော်ခြင်း
ကိုနှေးစေတာပေါ့ ။ပြီးတော့ ခန္ဓာကိုယ်ထဲရှိ အသက်ရှူလမ်းကြောင်း ၊အစာအိမ်နှင့်အူလမ်းကြောင်း ၊ဆီးလမ်းကြောင်းရှိ အမြှေးပါး
တို့ဖြစ်ပေါ်ရာမှာပါတော့ တော်ရုံရောဂါပိုးဝင်တာကို တားဆီးပေးတယ် ။
ဗိုက်တာမင် အေ ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ဘာတွေလဲ ။
ဗိုက်တာမင် အေ ကြွယ်ဝတဲ့ အစားအသောက်တွေဆိုရင်
- ၁) နို့နှင့် နို့ထွက်ပစ္စည်းများ (ထောပဲ ၊ဒိန်ခဲ ၊နို့)
- ၂) ကြက်ဥ ၊ဘဲဥအနှစ်
- ၃) အသည်းနှင့် အသားများ
- ၄) ငါးကြီးဆီ
- ၅) အစိမ်းရောင်ရှိ အသီးအရွက်များ
- ၆) အနီရောင်၊အဝါရောင် ရှိ သစ်သီးသစ်ဥများ (မုန်လာဥနီ)
ဗိုက်တာမင် အေ ချို့တဲ့လျှင် ဘာတွေဖြစ်မလဲ ။
အရေပြားတွင် ချွေးထွက်လမ်းကြောင်းများပိတ်ကာ ဖားပြုတ်အရေပြားကဲ့သို့ကြမ်းတမ်းလာမယ် ။မြန်မာလိုတော့ ကြာဆူးပေါက်တယ် ။ကြာဆူးဆိုတဲ့အတိုင်းကိုင်ကြည့်ရင် ကြမ်းတမ်းတမ်း ရှတတ ကလေးပေါ့ ။အထူးသဖြင့် တံတောင်ဆစ် ၊ဒူးဆစ် နှင့် ပေါင် အရှေ့ဘက် အရေပြားတွေမှာ တွေ့ရတတ်တယ် ။
အမြင်အာရုံချို့တဲ့လာမယ် ။အထူးသဖြင့် ညဘက်နေဝင်လာတာနဲ့ ကောင်းကောင်းမမြင်ရတော့။ကြက်မျက်သင့်တယ်(night blindness)လို့ခေါ်တာပေါ့။ဒါ့အပြင် မျက်လုံးထဲတွင် အဖြူရောင်အဖတ်ကလေးတွေ ပေါ်လာမယ် ။မျက်သားကကောင်းကောင်း အရောင်မတောက်တော့ ။ခြောက်သွေ့လာမယ် ။နောက်ဆုံး မျက်လုံးမှာ အနာဖြစ်လာမယ် ။ရာသက်ပန် မျက်လုံးကွယ်သွားနိုင်တယ် ။
ဘယ်လို ကုသကြမလဲ ။
ဗိုက်တာမင် အေပါတဲ့ဆေးဝါးဖြင့် ကုသလို့ရပါတယ် ။မျက်စိ အမြင်ချို့တဲ့က မျက်စိဆရာဝန်နဲ့ ပြပါ ။
ဘယ်လို ကာကွယ်ကြမလဲ ။
အထက်ပါ ဗိုက်တာမင် အေပါသော အစားအသောက်များကို စားသင့်ပါတယ် ။အစားအသောက်ချေးမများသင့်ပါ ။ကိုယ်ဝန်ဆောင် ၊နို့တိုက် မိခင်များအနေဖြင့် အာဟာရပြည့်ဝစုံလင်စွာ စားသောက် သင့်ပါတယ် ။
ခေတ်သစ်ဇီဝက
ဖားျပဳတ္အေရျပားလို ႀကမ္းတယ္ ႀကာဆူးေပါက္တယ္
ဇီ၀က ေဆးခန္းမွာ ကေလး အေမေတြက ေမးႀကတယ္ ။“ဆရာ ၊ကြ်န္မကေလး က အစားလည္း သိပ္မစားဘူး ။ေနာက္ျပီး တံေတာင္ဆစ္ဒူးဆစ္ေတြမွာ ႀကမ္းတမ္းတမ္းနဲ႕ အေစ့ အေစ့ေလးေတြစမ္းမိတယ္ ။”ဒါကို ဗိုက္တာမင္ ေအ ခ်ိဳ႕တဲ့တာလို႕ေျပာလုိ႕ ရတယ္
ဒါဆိုရင္ ဗိုက္တာမင္ ေအ ဟာ လူ႕ခႏၶာကိုယ္မွာ ဘာလုပ္သလဲ ။
ဗိုက္တာမင္ ေအ ဟာ အေရျပားလွပဖို႕လိုအပ္တယ္။ ဒါ့အျပင္ မ်က္လုံးအျမင္အာရုံ ေကာင္းဖို႕လည္း လုပ္ေဆာင္ေပးတယ္ ။အန္တီေအာက္ဆီဒင့္(anti-Oxidant)(ဓာတ္တိုးဆန္႔က်င္ပစၥည္း) အျဖစ္လည္း ကူညီေပးတယ္ ။တစ္နည္းအားျဖင့္ အိုမင္းရင့္ေရာ္ျခင္း
ကိုေႏွးေစတာေပါ့ ။ျပီးေတာ့ ခႏၶာကိုယ္ထဲရွိ အသက္ရွဴလမ္းေႀကာင္း ၊အစာအိမ္ႏွင့္အူလမ္းေႀကာင္း ၊ဆီးလမ္းေႀကာင္းရွိ အေျမွးပါး
တို႕ျဖစ္ေပၚရာမွာပါေတာ့ ေတာ္ရုံေရာဂါပိုး၀င္တာကို တားဆီးေပးတယ္ ။
ဗိုက္တာမင္ ေအ ႀကြယ္၀တဲ့ အစားအေသာက္ေတြဟာ ဘာေတြလဲ ။
ဗိုက္တာမင္ ေအ ႀကြယ္၀တဲ့ အစားအေသာက္ေတြဆိုရင္
- ၁) ႏို႕ႏွင့္ ႏို႕ထြက္ပစၥည္းမ်ား (ေထာပဲ ၊ဒိန္ခဲ ၊ႏို႕)
- ၂) ႀကက္ဥ ၊ဘဲဥအနွစ္
- ၃) အသည္းႏွင့္ အသားမ်ား
- ၄) ငါးႀကီးဆီ
- ၅) အစိ္မ္းေရာင္ရွိ အသီးအရြက္မ်ား
- ၆) အနီေရာင္၊အ၀ါေရာင္ ရွိ သစ္သီးသစ္ဥမ်ား (မုန္လာဥနီ)
ဗိုက္တာမင္ ေအ ခ်ိဳ႕တဲ့လွ်င္ ဘာေတြျဖစ္မလဲ ။
အေရျပားတြင္ ေခြ်းထြက္လမ္းေႀကာင္းမ်ားပိတ္ကာ ဖားျပဳတ္အေရျပားကဲ့သို႕ႀကမ္းတမ္းလာမယ္ ။ျမန္မာလိုေတာ့ ႀကာဆူးေပါက္တယ္ ။ႀကာဆူးဆိုတဲ့အတိုင္းကိုင္ႀကည့္ရင္ ႀကမ္းတမ္းတမ္း ရွတတ ကေလးေပါ့ ။အထူးသျဖင့္ တံေတာင္ဆစ္ ၊ဒူးဆစ္ ႏွင့္ ေပါင္ အေရွ႕ဘက္ အေရျပားေတြမွာ ေတြ႕ရတတ္တယ္ ။
အျမင္အာရုံခ်ိဳ႕တဲ့လာမယ္ ။အထူးသျဖင့္ ညဘက္ေန၀င္လာတာနဲ႕ ေကာင္္းေကာင္းမျမင္ရေတာ့။ႀကက္မ်က္သင့္တယ္(night blindness)လို႕ေခၚတာေပါ ့။ဒါ့အျပင္ မ်က္လုံးထဲတြင္ အျဖဴေရာင္အဖတ္ကေလးေတြ ေပၚလာမယ္ ။မ်က္သားကေကာင္းေကာင္း အေရာင္မေတာက္ေတာ့ ။ေျခာက္ေသြ႕လာမယ္ ။ေနာက္ဆုံး မ်က္လုံးမွာ အနာျဖစ္လာမယ္ ။ရာသက္ပန္ မ်က္လုံးကြယ္သြားႏုိင္တယ္ ။
ဘယ္လို ကုသႀကမလဲ ။
ဗိုက္တာမင္ ေအပါတဲ့ေဆး၀ါးျဖင့္ ကုသလို႕ရပါတယ္ ။မ်က္စိ အျမင္ခ်ိဳ႕တဲ့က မ်က္စိဆရာ၀န္နဲ႕ ျပပါ ။
ဘယ္လို ကာကြယ္ႀကမလဲ ။
အထက္ပါ ဗိုက္တာမင္ ေအပါေသာ အစားအေသာက္မ်ားကို စားသင့္ပါတယ္ ။အစားအေသာက္ေခ်းမမ်ားသင့္ပါ ။ကိုယ္၀န္ေဆာင္ ၊ႏို႕တိုက္ မိခင္မ်ားအေနျဖင့္ အာဟာရျပည္႕၀စုံလင္စြာ စားေသာက္ သင့္ပါတယ္ ။
ေခတ္သစ္ဇီ၀က