“သားအိမ်ခေါင်းမှ အလုံးများ”
“ဆရာရေ ရာသီမမှန်လို့ ဆေးခန်းသွားပြတာ သားအိမ်ခေါင်းမှာ အလုံးရှိလို့တဲ့”
“ဆရာရေ အမျိုးသားနဲ့ အတူနေပြီးတိုင်း သွေးဆင်းနေတာ အိုဂျီနဲ့ ပြတာ သားအိမ်လမ်းကြောင်းမှာ အလုံးတည်လို့တဲ့”
ထိုထိုသော ပြောလာကြသော မေးလာကြသော အမျိုးသမီးများရဲ့ အမေး စကား
များကို ဒီဆောင်းပါးလေးမှာ ပြောပြလိုက်ပါတယ် ။
သားအိမ်ခေါင်း အလုံးဆိုတာ ဘာလဲ?
သားအိမ်ခေါင်းအလုံးဆိုတာ သားအိမ်ခေါင်းမှာ အလုံးတည်တာပါ။တကယ်တမ်း တော့ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ထားပေးတဲ့ သားအိမ်လမ်းကြောင်း cervical canal မှာ ဖြစ်တဲ့ အလုံးတိုင်းကို ဆိုလိုတာပါ။ဒီအလုံးလေးဟာ အနီရောင် ၊ပန်းရောင် ၊ဒါမှမဟုတ် အညိုရောင်ကလေးတွေ သန်းနေနိုင်ပါတယ်။အရွယ်အစားအားဖြင့် မီလီမီတာကနေ စင်တီမီတာလောက်ပဲ ရှိတတ်ပါတယ် ။
ဘယ်သူတွေမှာ အဖြစ်များသလဲ?
- -အသက် ၂၀ကျော် အမျိုးသမီးတွေ
- -ကလေး ယူဖူးတဲ့ အမျိုးသမီးတွေ မှာ အဖြစ်များပါတယ်။ရာသီသွေး မပေါ်သေးတဲ့ မိန်းမငယ်လေးတွေမှာတော့ မဖြစ်တတ်ပါဘူး
ဘယ်လို လက္ခဏာတွေ ခံစားရတတ်သလဲ?
အများအားဖြင့် လက္ခဏာ မပြတတ် ။ပြမယ်ဆိုရင်လည်း အောက်ပါအတိုင်းပါ:
- -ရာသီလာရင် ပုံမှန်ထက်ပိုပြီး သွေးဆင်းခြင်း
- -ရာသီလာတဲ့ အကြိမ် စိပ်ခြင်း
- -လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း
- -ရာသီသွေးဆုံးပြီးမှ သွေးပြန်ပေါ်ခြင်း
- -မိန်းမကိုယ်မှ အဖြူဆင်းခြင်း ( အနံ့ နံတတ် )
ဘာတွေကြောင့် ဖြစ်တတ်သလဲ?
- -သားအိမ်ခေါင်း ပိုးဝင်ခြင်း
- -နာတာရှည် သားအိမ်ခေါင်း ရောင်ရမ်းခြင်း
- -အီစထရိုဂျင် ဟော်မုန်းများကြောင့်
- -သားအိမ်ခေါင်းရှိ သွေးကြောကလေးများ ပိတ်ခဲခြင်း စတာတွေကြောင့်ဖြစ်တတ်ပါတယ်။
သားအိမ်လမ်းကြောင်းမှာ အလုံးတွေ့ရင် ဘာဆက်လုပ်ရမလဲ?
- -နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြသပါ ။
- -သားဖွားမီးယပ်အထူးကုများနဲ့ တိုင်ပင်ပါ ။
- -ဆရာဝန်များက လိုအပ်ရင်မိန်းမကိုယ်ကို စမ်းသပ်စစ်ဆေးမယ်၊သားအိမ်ခေါင်း အချွဲစယူမယ်။သားအိမ်ခေါင်းအလုံးမှ အသားစယူပါလိမ့်မယ်။ကင်ဆာဟုတ် ၊မဟုတ်သိနိုင်ဖို့ပါ ။
- -ဘာမှမဖြစ်ရင် ၊အလုံးသေးရင် စောင့်ကြည့်ပါလိမ့်မယ် ။
- -ဆီးစပ်ကိုက်ခြင်း ၊လိင်ဆက်ဆံစဉ် နာကျင်ပြုခြင်းများရှိက အကိုက်အခဲပျောက်ဆေး သောက်နိုင်တယ် ။
- -အလုံးကြီးရင်ဖြစ်ဖြစ် ၊သွေးဆင်းတာများရင်ဖြစ်ဖြစ် သားအိမ်ခေါင်းအလုံးကို ခွဲစိပ်ပြီး ဖယ်ရှားပေးပါလိမ့်မယ် ။
ခေတ်သစ်ဇီဝက
ခေတ်သစ်ဇီဝက