All Articlesအခြားရောဂါများအထွေထွေရောဂါများ

“သင်သံဓာတ်ချို့တဲ့နေပြီဖြစ်ကြောင်းပြသနေတဲ့ လက္ခဏာ (၉)ခု “

1 Mins read

“ သင်သံဓာတ်ချို့တဲ့နေပြီဖြစ်ကြောင်းပြသနေတဲ့ လက္ခဏာ (၉)ခု “

၁။အကြောင်းမဲ့ပင်ပန်းနွမ်းနယ်ခြင်း

အကြောင်းမဲ့လို့ဆိုရာမှာ ပင်ပန်းနွမ်းနယ်လောက်တဲ့အထိ ပြင်းထန်တဲ့အလုပ် လှုပ်ရှားမှုမျိုးမရှိပေမယ့် …. သိသိသာသာပင်ပန်းနွမ်းနယ်နေခြင်းမျိုးပါ။သံဓာတ်ချို့တဲ့သူ အယောက်၁၀၀ရှိရင် အယောက်၅၀ကျော်(ထက်ဝက်ကျော်)လောက်က ဒီလက္ခဏာကိုခံစားရပါတယ်။အားနည်းခြင်း၊စိတ်မကြည်ခြင်း၊အာရုံမစူးစိုက်နိုင်ခြင်း စတာတွေလည်း တွဲဖက်ခံစားရနိုင်ပါတယ်။

၂။ဖြူဖတ်ဖြူရော်ဖြစ်ခြင်း

အထူးသဖြင့် အောက်မျက်ခွံအတွင်းဖက်က သာမန်လူလို နီရဲမနေဘဲ ဖြူဖျော့နေနိုင်တယ်။မျက်နှာ၊သွားဖုံး၊ပါးစပ်အတွင်းပိုင်းနဲ့ လက်သည်းတွေလည်း ဖြူဖတ်ဖြူရော်ဖြစ်နေနိုင်တယ်။ ဒီလက္ခဏာဟာသာမန်သံဓာတ်ချို့တဲ့သူထက် သံဓာတ်သိသိသာသာ ချို့တဲ့သူများမှာ ပိုတွေ့ရတယ်။

၃။အသက်ရှူမဝ၊မောခြင်း

လမ်းလျှောက်၊လှေကားတက် စတဲ့ သာမန်နိစ္စဓူဝလှုပ်ရှားမှူလေးတွေမှာတောင် အသက်ရှူမဝ၊မောနေမယ်ဆိုပါကလည်း သံဓာတ်ချို့တဲ့ခြင်းကို သံသယဖြစ်ဖို့လိုနေပါပြီ။

၄။ခေါင်းကိုက်၊ခေါင်းမူးခြင်း

သံဓာတ်ချို့တဲ့တဲ့အခါမှာ ဦးနှောက်ကို အောက်စီဂျင်သယ်ပို့ပေးမယ့် သွေးနီဥတွေကောင်းစွာမဖြစ်ပေါ်နိုင် အလုပ်မလုပ်နိုင်တော့ပါဘူး။ရလဒ်အနေနဲ့ မကြာခဏဆိုသလို ခေါင်းကိုက်ခြင်း ၊ခေါင်းမူးခြင်းကို ခံစားရနိုင်ပါတယ်။

၅။ရင်တုန်ခြင်း

အထက်မှာပြောခဲ့တဲ့ ဦးနှောက်ရဲ့ဖြစ်စဉ်နဲအလားတူပဲ …သံဓာတ်ချို့တဲ့မှုရဲ့ ဆိုးကျိုးတစ်ရပ်အနေနဲ့ နှလုံးအတွကမ အောက်စီဂျင်အလုံအလောက်မရတဲ့အခါ ရင်တုန်ခြင်း၊နှလုံးခုန်မမှန်ခြင်းများမှစလို့ အချိန်မီကုသမှုမပြုနိုင်ခဲ့ပါက နှလုံးကြီးခြင်း၊နှလုံးအလုပ်မလုပ်နိုင်ခြင်းစတဲ့ ကြီးမားတဲ့ရောဂါဝေဒနာတွေ ဝင်ရောက်လာနိုင်ပါတယ်။

၆။ဆံပင်ဆံသားနှင့် အသားအရည်ခြောက်သွေ့ပျက်စီးခြင်းများသည်လည်းပဲ သံဓာတ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြသနာတစ်ခုပါ။

၇။ဆေးခန်းသွားတဲ့အခါ ဆရာဝန်တွေ လျှာထုတ်ပြခိုင်းရတဲ့အကြောင်းရင်းတစ်ခုကလည်း သံဓာတ်ချို့တဲ့ မတဲ့စမ်းသပ်စစ်ဆေးတာပါ။လျှာတွေရောင်ရမ်းနေမယ်၊အရောင်အားဖြင့်ဖျော့တော့နေမယ်၊အရသာခံအဖုလေးတွေမရှိတော့ဘဲ လျှာဟာဗြောင်ချောကြီးဖြစ်နေမယ်….ပါးစပ်တစ်ခုလုံးခြောက်သွေ့နေမယ်၊ပါးစပ်ထောင့်နားလေးတွေမှာ နီရဲကွဲအက်နေမယ်၊ပါးစပ်မှာအနာတွေဖြစ်နေမယ်…ဆိုရင် သံဓာတ်ချို့တဲ့နေကြောင်း သံသယဖြစ်ဖွယ်ပါပဲ။

၈။သင့်လက်သည်းတွေကိုကြည့်လိုက်ပါ။လက်သည်းတွေကြွပ်ဆတ်ကျိုးလွယ်နေမယ်၊ပုံပန်းသဏ္ဍာန်အားဖြင့်လည်း ထမင်းစားဇွန်းကဲ့သို့ ခွက်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်တွင်းသံဓာတ် လုံလောက်မှုရှိ မရှိ စစ်ဆေးသင့်နေပါပြီ။

၉။အခြားသောသံဓာတ်ချို့တဲ့ခြင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့လက္ခဏာတွေကတော့

-ထူးခြားတဲ့ချဉ်ခြင်းတက်ခြင်းများ(ဥပမာ – ရေခဲ၊မြေဖြူ၊စာရွက်၊ဖုန်မှုန့်၊ရွှံ့စေး စတဲ့ စားစရာမဟုတ်တာတွေကို စားချင်နေတာမျိုး)

-စိတ်ပူပန်စိုးရိမ်လွန်ကဲခြင်း

-ခြေဖျားလက်ဖျားတွေအေးခြင်း

-မကြာခဏဆိုသလိုဖျားနာခြင်း

ပိုင်နီမေ (ဆေး ၂)
Ref:Healthline

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…