နို့တိုက်မိခင်နှင့် သင်္ကြန်တွင်း ဥပုသ်စောင့်သင့် မစောင့်သင့် ?
တီ.. တီ .. တီ..
ဟယ်လို.. ပြောပါ..
ဟေး.. နီလား..ခု ဆက်တာ စိမ်း ပါ ..မေးစရာလေး ရှိလို့…
ပြော.. စိမ်းရေ .. မတွေ့တာတောင် ကြာပေါ့
ဟုတ်ပ… နီ သိတဲ့တိုင်း ကလေးငယ်နဲ့ဆိုတော့ အိမ်မှုကိစ္စတဖက် ကလေးတဖက်နဲ့… အပြင်ထွက်ဖြစ်တယ်ကို မရှိဘူး…
ပြီးတော့ သားသားလေး ကိုယ်ဝန်ရှိတည်းက ကိုယ့်ကျန်းမာရေး ဂရုစိုက်နေရတာနဲ့… ဘုရားတရား သိပ်မလုပ်ဖြစ်ဖူး ဖြစ်နေတာ…
ခု သင်္ကြန်လည်း နီးပီဆိုတော့ သင်္ကြန်တွင်း ဥပုသ်စောင့်မလားလို့.. ခက်တာက သားသားလေးကလဲ နို့မပြတ်သေးတော့.. စိမ်း ဥပုသ်စောင့်တဲ့ခါ နို့ထွက်နည်းမှာတို့၊ ကလေးကို လိုအပ်တဲ့ အာဟာရတွေ မရောက်တာတို့ ဖြစ်နိုင်လား.. နီ့ ကို တိုင်ပင်ကြည့်တာပါ..
အော်.. အင်း..
ဒီလို စိမ်းရေ.. ခု သားသားလေးက အသက် ဘယ်လောက်ရှိပီလဲ..
ဒီသင်္ကြန်ဆို တစ်နှစ်ပြည့်ပီ…နီရေ
ဒါဆိုရင်တော့ ဒီလိုရှိတယ် .. ကလေး ခြောက်လထိဆိုရင်တော့ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးသင့်တယ်.. မိခင်နို့ထဲမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန် ပါတယ်လေ..
ပြီးတော့ မိခင်နို့ကို တိုက်ကျွေးခြင်းအားဖြင့် ကလေးကို ဥာဏ်ရည်ပိုထက်မြက်စေတယ်၊မိခင်နဲ့ ကလေးကြား နွေးထွေးမှုပိုရစေတယ်၊ကလေးကို ပိုမို ကျန်းမာစေပြီး တခြားရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးတယ်.. မိခင်နို့ကို အသက် နှစ်နှစ်ထိ တိုက်ကျွေးနိုင်တယ်လေ..ဒီပြင် အသက်ခြောက်လမှ စလို့ ဖြည့်စွက်စာ စကျွေးလို့ရပီ စိမ်းရဲ့….
ဆိုတော့…. ကလေးကလည်း အရမ်းငယ်သေးတယ်.. အသက်ခြောက်လအောက်ဆိုရင်တော့ မိခင်နို့ တစ်မျိုးတည်းသာ အားထားရာမို့.. ဖြစ်နိုင်ရင် ဥပုသ် မစောင့်သင့်ဘူးပေါ့..
ခု သားသားလေးက အသက်တစ်နှစ်ဆိုတော့ စိမ်း တကယ်လို့ ဥပုသ်စောင့်ချင်တယ်ဆိုလည်း… မိခင်နို့ကိုလဲ တိုက်.. ပီးရင် ဖြည့်စွက်စာလဲ ကျွေးပေါ့… ကလေးကရော ထွားလား နေထိုင်ကောင်းရဲ့လား…
အမလေး..နီရေ.. ဆော့လိုက်တာမှ… တွားလဲ သွားတတ်ပီ..နားလည်လိုက်တာမှလဲ လွန်ရော… ခုလဲ မတ်တတ်ရပ်ချင်နေလို့နေမယ်… တစ်ခုခု ဆို ဇတ်ကနဲ ဆွဲယူ.. ထပစ်တာတို့နဲ့ …ထိန်းနေရတယ်..
ဒါဆို ကလေးက ကျန်းမာပါတယ်.. ကြီးထွားမှုနှုန်းလဲ ပုံမှန်ပဲနော့..
ကဲ အဲ့တော့ စိမ်းရေ… စိမ်း သင်္ကြန်တွင်းကို ဥပုသ်စောင့်ချင်သပဆို စောင့်နိုင်ပါတယ်..
အစားကိုတော့ ပုံမှန်စား.. လိုအပ်တဲ့ ဆေးဝါးတွေလဲ သောက်ပေါ့ .. မိခင် ကျန်းမာမှ ကလေး ကျန်းမာမယ်လေ
ကျေးဇူးပါပဲ နီရေ.. ဒီလိုလေး ရှင်းပြလိုက်တော့ စိမ်းလဲ စိတ်ချမ်းသာသာ ဥပုသ်စောင့်နိုင်ပီ…ဒါဆို နောက်မှတွေ့မယ်နော်..နီရေ
ကောင်းပါပြီ စိမ်းရေ…
ပိုင်နီမောင်