မမဗိုက်တို့ သင်္ကြန်ကာလတွင်း ဥပုသ် စောင့်သင့် မစောင့်သင့်?
မကြာမီ အချိန်အတွင်းမှာ သင်္ကြန် ကာလကိုရောက်ရှိတော့မှာမို့ အခါကြီး ရက်ကြီးတွေမှာ မြန်မာလူမျိုးများဓလေ့အရ ဥပုသ်သီလစောင့်တည်ကာ ကုသိုလ်ယူတတ်ကြပါတယ်။
My doctor ပရိသတ်ထဲက မမဗိုက်တို့ထဲမှာလည်း ဥပုသ်စောင့်သင့် မစောင့်သင့် စဉ်းစားကာ အခက်တွေ့ နေကြမယ်လို့ ထင်ပါတယ်။
သာမန်လူတွေဖို့ သင်္ကြန်တွင်း ဥပုသ်စောင့်တာဟာ အခက်သိပ်မတွေ့ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ဖြင့် စဉ်းစားစရာပါ။
အထူးသဖြင့် ကိုယ်ဝန်နုသေးသော ပထမသုံးလမှာ မိခင်ရော ရင်သွေးအတွက်ပါ အာဟာရလုံလောက်အောင် ပုံမှန်ထပ် ပိုမို ဂရုစိုက် စားသုံးနေရပါတယ်။ထို့ပြင် ကိုယ်ဝန်ရင့်လာသည်နှင့်အမျှလည်း လိုအပ်သော အာဟာရကို ဖြည့်တင်းရပါမည်။
မိမိရင်သွေးဟာ မိခင်ဆီမှတဆင့်စားသုံးရတာမို့ မိခင်က အစားအသောက်နည်းပါးပါက အာဟာရဓာတ်ချို့တဲ့နိုင်ပါတယ်။နောက်ဆက်တွဲအနေဖြင့် ကလေးမွေးဖွားလာတဲ့အခါ ကလေးပုံမမှန်ခြင်း၊ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊အာရုံကြောချိုတဲ့ခြင်း အစရှိတာတွေ ဖြစ်ပွားနိုင်ပါတယ်။
ထို့ပြင် မိခင်မှ မမျှတသော စားသုံးခြင်းကြောင့် သတ်မှတ်ထားသော အချိန်ကာလထက် စောမွေးခြင်း၊မိခင်နှင့်ကလေး ကျန်းမာရေး ပြသနာများကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ သာမန်ထက် အစားအသောက်ကို အချိန်မှန် စားသောက်သင့်ပါတယ်။ဥပုသ်စောင့်ပါက အစားအသောက်နည်းပါးသဖြင့် မိခင်မှာ အားနည်းခြင်း၊နေမကောင်းခြင်းမှာ ကြုံတွေ့နိုင်ပါတယ်။ထိုမှတဆင့် မိမိရင်သွေးကိုလဲ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် သင်္ကြန်ကာလတွင်း ဥပုသ်စောင့်တည်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါသော်လည်း ကျန်းမာရေးအခက်အခဲများ တွေ့မည်ကို စိုးရိမ်ရပါသည်။
ဒါမှမဟုတ် မမဗိုက်တို့အနေဖြင့် အခါကြီး ရက်ကြီးတွင် ကုသိုလ် ယူချင်ပါက သားသတ်လွတ် စားနိုင်ပါသည်။
ဗီတာမင်ဓာတ်များသော အသီးအရွက်များ၊ ပရိုတင်းအသားဓာတ်များသော ပဲ များကို မျှတစွာ စားသုံးခြင်းဖြင့် လိုအပ်တဲ့ အာဟာရကို ရရှိနိုင်ပါတယ်။
ထိုနည်းအားဖြင့် သင်္ကြန်ကာလတွင်း မမဗိုက်တို့ တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်းတို့ကိုလဲ ပြုလုပ်နိုင်သည့်အပြင် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဘဝကို ရရှိနိုင်ပါတယ်။
ပျော်ရွှင်ဖွယ် ၂၀၁၈ မဟာသင်္ကြန်ကို စိတ်နှလုံးချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ တောင်းဆုပြုလျက်………
ပိုင်နီမောင်