လက်ပြင်ငုတ်ခြင်းဆိုသော မသာမယာပြဿနာ
ဖြစ်တတ်ကြပါတယ်။ ညအိပ်တုန်းထိအကောင်း။ မနက်မိုးလင်းလာတော့ လက်မောင်းက လှုပ်လိုက်တိုင်းနာနေတာမျိုး။ နားလိုက်ပေမယ့် တစ်နုံနုံနာနေတာမျိုး ။
ဒါဆို လက်ပြင်ငုတ်တယ်ဆိုတာဘာလဲ?
အဓိကကတော့ လက်မောင်းရိုးအဆစ် ( Shoulder Joint) ထဲမှာ ယောင်ယမ်းခြင်းဖြစ်ပေါ်ပြီး ဒီလို လှုပ်လိုက်တိုင်း သို့ ငြမ်နေရင်တောင်နာကျင်ခြင်းဖြစ်ပေါ်စေတာပါ။
ဖြစ်ရခြင်းအကြောင်းရင်း အတိအကျမရှိပါဘူး။ နားနေရင်း အိမ်မှာနေရင်းဖြစ်တတ်သလို တစ်ခါတစ်လေ လည်း ချော်လဲရင်းလက်ထောက်မိရင်းကလည်း အစပြုတတ်ပါတယ်။
ခံစားရသူအနေနဲ့
- ပထမတော့ လက်မောင်းဆုံမှာ နာလာတယ်။ လှုပ်လို့ကောင်းကောင်းမရဘူး။
- ညပိုင်း သို့ လှုပ်ရှားတဲ့ အချိန်မှာပဲ အဓိကနာတယ်။
- နောက်ရက်ကြတော့ နားနေရင်းနဲ့တောင် နာလာ၊ ကိုက်လာလို့ လှုပ်ရှားမှု မလုပ်ခြင်လောက်အောင်ဖြစ်လာတယ်။
နာတဲ့အနာဟာ စူးအောင့်ပြီး တစ်ဆစ်ဆစ်နာနေတတ်ပြီး တစ်ခါတစ်ခါ လက်မောင်း သို့ မေးရိုးအောက်ထိရောက်အောင် နာတတ်ပါတယ်။
ခေါင်းဘီးဖို့၊ အကျီင်္ဝတ်ဖို့တောင်ခက်ခဲတတ်လို့ တော်တော် မသာမယာ ပြသနာလို့ခေါ်ချင်တာပါ။
တစ်ခါတစ်ရံလည်း နာပြီးတာနဲ့ သူ့ဘာသာသူ ပြန်ကောင်းသွားတတ်ပါတယ်။
ဖြစ်တတ်တဲ့လူတွေက
အရွယ်မရွေး၊ ကျားမ မရွေးဖြစ်တတ်ပါတယ်။
တစ်ခါတစ်ခါ လူငယ်အားကစားသမားတွေမှာလည်းတွေ့ ရတတ်ပါတယ်။
အဓိကကတော့ ဆီးချိုသမားတွေ အများဆုံးဖြစ်တတ်ပါတယ်။
ကုသမှုအနေနဲ့ကတော့
ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်းပြီး သေချာပါက
- ဖစ်နေတဲ့ နာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးပေးခြင်း
- လိုအပ်ပါက အရောင်ကျဆေးပေးခြင်း
- သင့်တော်သော လေ့ကျင့်ခန်းလုပ်ခိုင်းခြင်းတို့ ဖြင့်ကုသနိုင်ပါတယ်။
မယ်တင်( ဆေး ၁)