တားဆေးရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်(၇)ချက်

ကိုယ်ဝန်မလိုချင်သေးတဲ့အခါ တားဆေးအမျိုးအစားများစွာရှိတဲ့ထဲကတစ်မျိုးမျိုးကိုရွေးချယ်တော့မယ်ဆိုရင် အောက်ပါအချက်လေးတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကလေးဘယ်အချိန်ယူမှာလဲ?

တစ်နှစ်၊နှစ်နှစ်အတွင်းကလေးပြန်ယူမယ့်သူဆိုရင် ကိုယ်ဝန်ရဖို့ အချိန်ပြန်စောင့်ရတဲ့ ၃လခံဆေး(ဒက်ပို)၊လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း၊သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း စတာတွေအစား ကလေးရဖို့အချိန်ကြာကြာပြန်စောင့်ဖို့ မလိုတဲ့ နေ့စဉ်သောက်ဆေးကဒ်တို့ ကွန်ဒုံးတို့သုံးခြင်းက ပိုအဆင်ပြေနိုင်ပါတယ်။

သုံး လေး ငါးနှစ်လောက်ကြာမှ ကလေးယူမယ်ဆိုရင်တော့ အထက်မှာပြောထားတဲ့ အချိန်ကြာကြာတားပေးနိုင်တဲ့ သုံးလခံဆေး၊သားအိမ်တွင်းထည့်ပစ္စည်း၊လက်မောင်းတွင်းထည့်ပစ္စည်း စတာတွေသုံးနိုင်ပါတယ်။

သင့်အသက်အရွယ်

သင်ဟာ အသက်၃၀စွန်းစွန်းဖြစ်နေပြီ၊ ခုချက်ချင်းမဟုတ်ပေမယ့် ကလေးယူဖို့အစီအစဉ်ရှိတယ်ဆိုရင် နေ့စဉ်သောက်ဆေးကဒ်၊ ကွန်ဒုံးတို့က ပိုသင့်လျော်ပါတယ်။

သင့်အသက်အရွယ်အရ ကိုယ်ဝန်ရဖို့အချိန်ပြန်ယူရတဲ့ တားဆေးသုံးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့သင့်တဲ့အသက်အရွယ်ကျော်လွန်သွားနိုင်ပြီး အသက်အရွယ်အရ ကလေးရဖို့လည်း ခက်ခဲသွားနိုင်ပါတယ်။

သင်ဟာအလုပ်များသူတစ်ယောက်လား? သင်ဟာအလုပ်များတဲ့ ရုံး/ကုမ္ပဏီဝန်ထမ်းလား? ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ မအားလပ်သူလား?

ဒီလိုဆိုရင်တော့ နေ့စဉ်သောက်ဆေးကဒ်ကို အချိန်မှန်၊ရက်မှန် သောက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ဆေးသောက်ချိန်မမှန်၊ ဆေးသောက်ဖို့မေ့လျော့ပျက်ကွက်တာတွေကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ဒါကြောင့် နေ့စဉ်သောက်ဆေးကဒ် ထက်စာရင် သုံးလခံဆေး (ဒက်ပို) အပါအဝင် အခြားတကူးတက အချိန်မပေးရတဲ့ တားနည်းမျိုးက ပိုစိတ်ချရမှာပါ။

သင့်ခင်ပွန်း/ချစ်သူဟာ အပျော်အပါးလိုက်စားတတ်သူလား?

တစ်ခါတစ်ရံမှာ ကိုယ်ချစ်ရသူဟာ မိမိအပေါ်သစ္စာမရှိဘဲ အပျော်အပါးလိုက်စားတတ်မှန်းသိပါရဲ့နဲ့ မိမိကိုယ်တိုင်က မခွဲနိုင်လို့ (သို့)သားသမီးတွေမျက်နှာထောက်ရလို့(သို့)အခြားသော အကြောင်းကြောင်းတွေကြောင့် လမ်းမခွဲနိုင်ဘူးဆိုရင် ကွန်ဒုံးလေးတော့သုံးစေလိုပါတယ်။HIV/AIDS ,သားအိမ်ခေါင်းကင်ဆာ၊ အသားရောင်အသားဝါဘီပိုး စီပိုး အစရှိတဲ့လိင်မှ ကူးစက်တတ်တဲ့ ပိုးပေါင်းသောင်းခြောက်ထောင်ကို ကြိုတင်ကာကွယ်နိုင်ဖို့ပါ။

ဟော်မုန်းဒဏ်ခံနိုင်ရဲ့လား?

ဟော်မုန်းပါဝင်တဲ့တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ရာသီမမှန်ခြင်း၊ရင်သားများနာကျဉ်ခြင်း စတဲ့ဒဏ်တွေကို ဆိုးဆိုးရွားရွားခံစားနေရပြီဆိုရင်တော့ ဟော်မုန်းမပါတဲ့ ကိုယ်ဝန်တားနည်းတွေဖြစ်တဲ့ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း စတာတွေကိုရွေးချယ်နိုင်ပါတယ်။

သင့်ခင်ပွန်း/ချစ်သူဟာ အဝေးရောက်နေသူလား?

-သင့်ချစ်သူ/အမျိုးသားဟာ နိုင်ငံခြား/နယ်ဝေးမှာအချိန်ကြာအလုပ်လုပ်နေသူ၊ တစ်နှစ်မှ တစ်ကြိမ်၊နှစ်ကြိမ်လောက်တွေ့ဖြစ်သူဆိုရင် သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်း၊လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းကဲ့သို့ ရေရှည်တားမယ့်ဆေးတွေအစား အခြားသောက်ဆေး၊ထိုးဆေး၊အကာကွယ်များဟာ သင်တို့အတွက်
ပိုမိုအဆင်ပြေပါလိမ့်မယ်။

ရောဂါအခံတစ်ခုခုရှိနေလား?

သင့်မှာကျန်းမာရေးပြသနာတစ်ခုခုရှိနေတယ်၊ဆေးတွေရေရှည်စွဲ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ သင့်လျော်မယ့်နည်းလမ်းကိုရွေးချယ်သင့်ပါတယ်။

မေ (ဆေး ၂)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *