All Articlesပိုးသေဆေးများ

1 Mins read
All Articlesပိုးသေဆေးများ

1 Mins read

Vaxcel ceftazidime
ပါဝင်သောဆေး-Ceftazidime

ဆေးပုံစံ-အကြောထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- ပိုးကြောင့်ဖြစ်သော ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ အသက်ရူလမ်းကြောင်းရောဂါများ၊ နားနှာခေါင်းလည်ချောင်းရောဂါများ၊ အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ ဝမ်းဗိုက်တွင်းရောဂါများ၊ အရိုးနှင့် အကြောရောဂါပိုးများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ ခုအားကျဆင်းနေသူများတွင် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ခြင်း၊ ကင်ဆာနှင့် ရောဂါပိုးဒဏ်မခံနိုင်သော သူများတွင် ရောဂါပိုးဝင်ခြင်းများ၊ ကျောက်ကပ်ဆေးထားသူများ။ ဆီးကျိတ်ခွဲမည့် လူနာများတွင်လည်း အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- ၁-၂ ဂရမ် တစ်နေ့ ၂-၃ ကြိမ်။ ရောဂါနှင့် လူနာ၏ခံနိုင်အားပေါ်မူတည်၍ ဆေးသုံးစွဲရမည့် ပမာဏ ကွာခြားနိုင်ပါသည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ ကလေးများတွင် ဆေးပမာဏကို သေချာချိန်ညှိ သုံးစွဲရပါမည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ- ဆေးကို ကြာရှည်အသုံးမပြုသင့်ပါ။ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ပင်နီဆလင်ဆေးနှင့် မတည့်သူများ၊ အုပ်စုတူ ပိုးသတ်ဆေးအမျိုးအစားများနှင့် မတည့်သူများ သတိပြုသုံးစွဲပါ။ ဓာတ်မတည့်မှုများ ဖြစ်ပေါ်လာပါက ဆေးသုံးစွဲမှုကို ချက်ချင်းရပ်တန့်ပါ။

ဘေးထွက်ဆိုးကျိုး-သွေးကြောရောင်ခြင်းနှင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်အောင့်ခြင်း၊ တက်ခြင်း နှင့် သွေးတွင်း သွေးဖြူဥ၊ သွေးပမွှားများ တက်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Chloramphenicol ဆေးနှင့် တွဲမသုံးသင့်ပါ။ အခြားသော cephalosporin နှင့် aminoglycoside ပိုးသတ်ဆေးများနှင့် တွဲသုံးပါက ကျောက်ကပ် ထိခိုက်မှုပိုများစေပါသည်။ အချို့သောဆီးဆေးများနှင့် တွဲမသုံးသင့်ပါ။

ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *