ပါဝင်သောဆေး-omega 3 marine triglycerides
ဆေးပုံစံ-ဆေးတောင့်ပျော့ပုံစံ။
အသုံးပြုနိုင်သော အခြေအနေများ-ကျန်းမာသောအဆစ်၊ ဆဲလ်ကလာပ်စည်းများ ထိန်းသိမ်းထားရန်၊ သွေးလည်ပတ်မှုနှင့် နှလုံးအားကောင်းစေရန်၊ သွေးတိုးဆေးများ၏ အာနိသင်ပိုမို ထိရောက်စေရန်၊ ဦးနှောက်နှင့် အာရုံကြော၊ စိတ်ရွှင်လန်းစေရန် စသည်တို့အတွက် အားဖြည့်ဆေး အဖြစ်အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- ၁-၂ လုံး တစ်နေ့ ၂-၃ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ကိုယ်ဝန်ဆောင်များ ပထမ ၃ လအတွင်း မသောက်သင့်ပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ဆေးမတည့်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-သွေးကျဲဆေးများနှင့် တွဲမသုံးသင့်ပါ။
ဒေါက်တာချို(ဆေး ၁)