ကလေးလိုချင်တဲ့စုံတွဲများဖတ်ဖို့ အချက်(၅)ချက်
အိမ်ထောင်ကျပြီး ကလေးလိုချင်တဲ့စုံတွဲများအနေနဲ့ သိချင်ကြတဲ့အရာတွေရှိပါတယ်။ ဘယ်အချိန်မှာ ဇနီးမောင်နှံတူတူနေမလဲ? အမျိုးသားဘက်က ဘာတွေဆောင်ရန်ရှောင်ရန်ရှိမလဲ? ကိုယ်ဝန်ရဖို့ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ စသဖြင့် မေးခွန်းလေးတွေရှိတတ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ အောက်ပါ အချက်ငါးချက်ကိုရေးသားလိုက်ပါတယ်။
(၁) ကျန်းမာရေးစောင့်ရှောက်ပေးမယ့်သူတစ်ဦးရှာပါ
ဆရာဝန်တစ်ဦးဦးနှင့် တိုင်ပင်ဆွေးနွေးရပါမယ်။ ကိုယ့်ရဲ့ ကျန်းမာရေးဟာ ကိုယ်ဝန်ဆောင်ဖို့ သင့်တော်၏ မတော်၏ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ရောဂါဝေဒနာတစ်ခုခုရှိခဲ့ရင် လိုအပ်သလို ကြိုတင်ကုသမှုလည်းခံယူလို့ရအောင်ပါ။
(၂) ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်ဖို့ အစီအစဉ်ဆွဲပါ
မိခင်လောင်းဟာ ကိုယ်ဝန်စယူဖို့ ဆုံးဖြတ်ပြီးတာနဲ့ ကလေးမယူခင်အနည်းဆုံးတစ်လကြိုပြီး Folic acid ကိုနေ့စဉ်သောက်ရပါမယ်။ Folic acid သောက်သုံးခြင်းဟာ မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်တဲ့ရာနှုန်းကို လျှော့ချပေးပါတယ်။
ဒါ့အပြင် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး စတာတွေ လုံးဝရှောင်ကြဉ်ရပါမယ်။ မိခင်လောင်းများဟာ ကျန်းမာတဲ့ခန္ဓာကိုယ်အလေးချိန်ရအောင် ထိန်းထားရပါမယ်။ ကော်ဖီအလွန်အကျွံသောက်ခြင်းရှောင်ရပါမယ်။ ကဖိန်းဓာတ်ကို တစ်နေ့ကို ၃၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။
(၃)မမျိုးဥကြွေမယ့် အချိန်ကိုတွက်ချက်ပါ
အမျိုးသမီးများဟာ ဓမ္မတာမလာခင် ဆယ့်လေးရက်ပတ်ချာလည်မှာ မမျိုးဥကြွေလေ့ရှိပါတယ်။ အဲဒီလို မျိုးဥကြွေတဲ့ရက်တွေမှာ လိင်ဆက်ဆံရင် ကလေးရနိုင်ချေကအများဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် ရာသီလာတဲ့ရက် မမှန်တဲ့ အမျိုးသမီးတွေကတော့ ကျွမ်းကျင်တဲ့ပညာရှင် (သို့မဟုတ်) ဆရာဝန်နဲ့တိုင်ပင်ပြီး မမျိုးဥကြွေတဲ့ရက်ကို တွက်ချက်ပြီး တူတူနေဖို့အစီအစဉ်ချသင့်ပါတယ်။
(၄) အမှန်ကန်ဆုံးအချိန်မှာ လိင်ဆက်ဆံပါ
မမျိုးဥကြွေတဲ့အချိန်ကို တွက်ချက်ပြီးရင် မိန်းမတစ်ယောက်ရဲ့ သန္ဓေအအောင်နိုင်ဆုံးကာလ (The most fertile window) မှာတူတူနေသင့်ပါတယ်။ Fertile window ဟာ မမျိုးဥမကြွေခင် နှစ်ရက် သုံးရက်အလိုကနေစပါတယ်။ ဥပမာ နှစ်ဆယ့်ရှစ်ရက်နေ့မှာရာသီလာမယ့် အမျိုးသမီးတစ်ယောက်ရဲ့ Fertile window ဟာ ၁၂ရက်နေ့ကနေ ၁၆ ရက်နေ့ပတ်ဝန်းကျင်ထိဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်ရဲ့ Fertile window ကိုမသေချာဘူးဆိုရင်တော့ ရာသီလာပြီး ဒုတိယပတ်နဲ့ တတိယပတ်မှာ နေ့စဉ် သို့်မဟုတ် တစ်ရက်ခြား တူတူနေပေးလို့ရပါတယ်။
(၅) ကျန်းမာတဲ့သုက်ပိုးရရှိဖို့
ကလေးရဖို့အတွက်ဆိုရင် လိင်ဆက်ဆံတဲ့အချိန်တင် အရေးပါတာမဟုတ်ပါဘူး။ အမျိုးသားရဲ့ သုက်ပိုး (Sperm) ကလည်းကျန်းမာသန်စွမ်းဖို့လိုပါတယ်။
- ဆေးလိပ်၊ ဆေးရွက်ကြီးရှောင်ကြဉ်ခြင်း
- အရက်သောက်ခြင်းကို လျှော့ချရာမှတစ်ဆင့် ရှောင်ကြဉ်ခြင်း
- အလွန်အကျွံဝနေပါက ကိုယ်အလေးချိန်ကို သင့်တော်တဲ့အလေးချိန်ရောက်အောင် လျှော့ချခြင်း
- Zinc ၊ Folic acid ၊ Vitamin C စသည့် ဖြည့်စွက်အာဟာရဆေးဝါးများသောက်သုံးခြင်းကလည်း Sperm ကောင်ရေကိုများစေပြီး သန်စွမ်းစေပါတယ်။
- ရေပူထဲရေစိမ်ချိုးခြင်းကလည်း sperm တွေကို သတ်ပစ်သလိုဖြစ်လို့ ရှောင်သင့်ပါတယ်။
ဘယ်လောက်ကြာကြာကြိုးစားသင့်သလဲ?
*အသက်သုံးဆယ့်ငါးနှစ်အောက်ဖြစ်ပြီး တစ်နှစ်ကြာတဲ့အထိ ကလေးမရရင် …
*အသက်သုံးဆယ့်ငါးနှစ်အထက်ဖြစ်ပြီး ခြောက်လကြိုးစားတာတောင် ကလေးမရရင်…
*အစကတည်းက သင့်အိမ်ထောင်ဖက်ဟာ မျိုးပွားမှုဆိုင်ရာ ချို့ယွင်းချက်ရှိတာ သိပြီးသားဖြစ်ခဲ့ရင်…
ကျွမ်းကျင်သူဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကေလးလိုခ်င္တဲ့စံုတြဲမ်ားဖတ္ဖို႔ အခ်က္(၅)ခ်က္
အိမ္ေထာင္က်ၿပီး ကေလးလိုခ်င္တဲ့စံုတြဲမ်ားအေနနဲ႔ သိခ်င္ၾကတဲ့အရာေတြရွိပါတယ္။ ဘယ္အခ်ိန္မွာ ဇနီးေမာင္ႏွံတူတူေနမလဲ? အမ်ိဳးသားဘက္က ဘာေတြေဆာင္ရန္ေရွာင္ရန္ရွိမလဲ? ကိုယ္ဝန္ရဖို႔ ဘာေတြျပင္ဆင္ထားဖို႔ လိုမလဲ စသျဖင့္ ေမးခြန္းေလးေတြရွိတတ္ပါတယ္။ ဒါေတြကိုေျဖရွင္းဖို႔ ေအာက္ပါ အခ်က္ငါးခ်က္ကိုေရးသားလိုက္ပါတယ္။
(၁) က်န္းမာေရးေစာင့္ေရွာက္ေပးမယ့္သူတစ္ဦးရွာပါ
ဆရာဝန္တစ္ဦးဦးႏွင့္ တိုင္ပင္ေဆြးေႏြးရပါမယ္။ ကိုယ့္ရဲ႕ က်န္းမာေရးဟာ ကိုယ္ဝန္ေဆာင္ဖို႔ သင့္ေတာ္၏ မေတာ္၏ တိုင္ပင္ေဆြးေႏြးလို႔ရပါတယ္။ က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္ၿပီး ေရာဂါေဝဒနာတစ္ခုခုရွိခဲ့ရင္ လိုအပ္သလို ႀကိဳတင္ကုသမႈလည္းခံယူလို႔ရေအာင္ပါ။
(၂) က်န္းမာတဲ့ကိုယ္ဝန္ျဖစ္ဖို႔ အစီအစဥ္ဆြဲပါ
မိခင္ေလာင္းဟာ ကိုယ္ဝန္စယူဖို႔ ဆံုးျဖတ္ၿပီးတာနဲ႔ ကေလးမယူခင္အနည္းဆံုးတစ္လႀကိဳၿပီး Folic acid ကိုေန႔စဥ္ေသာက္ရပါမယ္။ Folic acid ေသာက္သံုးျခင္းဟာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ ပါလာႏိုင္တဲ့ရာႏႈန္းကို ေလွ်ာ့ခ်ေပးပါတယ္။
ဒါ့အျပင္ ေဆးလိပ္၊ အရက္၊ မူးယစ္ေဆးဝါး စတာေတြ လံုးဝေရွာင္ၾကဥ္ရပါမယ္။ မိခင္ေလာင္းမ်ားဟာ က်န္းမာတဲ့ခႏၶာကိုယ္အေလးခ်ိန္ရေအာင္ ထိန္းထားရပါမယ္။ ေကာ္ဖီအလြန္အကြ်ံေသာက္ျခင္းေရွာင္ရပါမယ္။ ကဖိန္းဓာတ္ကို တစ္ေန႔ကို ၃၀၀ မီလီဂရမ္ထက္ မပိုသင့္ပါဘူး။
(၃)မမ်ိဳးဥေႂကြမယ့္ အခ်ိန္ကိုတြက္ခ်က္ပါ
အမ်ိဳးသမီးမ်ားဟာ ဓမၼတာမလာခင္ ဆယ့္ေလးရက္ပတ္ခ်ာလည္မွာ မမ်ိဳးဥေႂကြေလ့ရွိပါတယ္။ အဲဒီလို မ်ိဳးဥေႂကြတဲ့ရက္ေတြမွာ လိင္ဆက္ဆံရင္ ကေလးရႏိုင္ေခ်ကအမ်ားဆံုးပဲျဖစ္ပါတယ္။ ဒါေပမယ့္ ရာသီလာတဲ့ရက္ မမွန္တဲ့ အမ်ိဳးသမီးေတြကေတာ့ ကြ်မ္းက်င္တဲ့ပညာရွင္ (သို႔မဟုတ္) ဆရာဝန္နဲ႔တိုင္ပင္ၿပီး မမ်ိဳးဥေႂကြတဲ့ရက္ကို တြက္ခ်က္ၿပီး တူတူေနဖို႔အစီအစဥ္ခ်သင့္ပါတယ္။
(၄) အမွန္ကန္ဆံုးအခ်ိန္မွာ လိင္ဆက္ဆံပါ
မမ်ိဳးဥေႂကြတဲ့အခ်ိန္ကို တြက္ခ်က္ၿပီးရင္ မိန္းမတစ္ေယာက္ရဲ႕ သေႏၶအေအာင္ႏိုင္ဆံုးကာလ (The most fertile window) မွာတူတူေနသင့္ပါတယ္။ Fertile window ဟာ မမ်ိဳးဥမေႂကြခင္ ႏွစ္ရက္ သံုးရက္အလိုကေနစပါတယ္။ ဥပမာ ႏွစ္ဆယ့္ရွစ္ရက္ေန႔မွာရာသီလာမယ့္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ Fertile window ဟာ ၁၂ရက္ေန႔ကေန ၁၆ ရက္ေန႔ပတ္ဝန္းက်င္ထိျဖစ္ပါတယ္။
တကယ္လို႔ ကိုယ့္ရဲ႕ Fertile window ကိုမေသခ်ာဘူးဆိုရင္ေတာ့ ရာသီလာၿပီး ဒုတိယပတ္နဲ႔ တတိယပတ္မွာ ေန႔စဥ္ သို႔္မဟုတ္ တစ္ရက္ျခား တူတူေနေပးလို႔ရပါတယ္။
(၅) က်န္းမာတဲ့သုက္ပိုးရရွိဖို႔
ကေလးရဖို႔အတြက္ဆိုရင္ လိင္ဆက္ဆံတဲ့အခ်ိန္တင္ အေရးပါတာမဟုတ္ပါဘူး။ အမ်ိဳးသားရဲ႕ သုက္ပိုး (Sperm) ကလည္းက်န္းမာသန္စြမ္းဖို႔လိုပါတယ္။
- ေဆးလိပ္၊ ေဆးရြက္ႀကီးေရွာင္ၾကဥ္ျခင္း
- အရက္ေသာက္ျခင္းကို ေလွ်ာ့ခ်ရာမွတစ္ဆင့္ ေရွာင္ၾကဥ္ျခင္း
- အလြန္အကၽြံဝေနပါက ကိုယ္အေလးခ်ိန္ကို သင့္ေတာ္တဲ့အေလးခ်ိန္ေရာက္ေအာင္ ေလွ်ာ့ခ်ျခင္း
- Zinc ၊ Folic acid ၊ Vitamin C စသည့္ ျဖည့္စြက္အာဟာရေဆးဝါးမ်ားေသာက္သံုးျခင္းကလည္း Sperm ေကာင္ေရကိုမ်ားေစၿပီး သန္စြမ္းေစပါတယ္။
- ေရပူထဲေရစိမ္ခ်ိဳးျခင္းကလည္း sperm ေတြကို သတ္ပစ္သလိုျဖစ္လို႔ ေရွာင္သင့္ပါတယ္။
ဘယ္ေလာက္ၾကာၾကာႀကိဳးစားသင့္သလဲ?
*အသက္သံုးဆယ့္ငါးႏွစ္ေအာက္ျဖစ္ၿပီး တစ္ႏွစ္ၾကာတဲ့အထိ ကေလးမရရင္ …
*အသက္သံုးဆယ့္ငါးႏွစ္အထက္ျဖစ္ၿပီး ေျခာက္လႀကိဳးစားတာေတာင္ ကေလးမရရင္…
*အစကတည္းက သင့္အိမ္ေထာင္ဖက္ဟာ မ်ိဳးပြားမႈဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ရွိတာ သိၿပီးသားျဖစ္ခဲ့ရင္…
ကြ်မ္းက်င္သူဆရာဝန္ေတြနဲ႔တိုင္ပင္ေဆြးေႏြးသင့္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)