သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းများနဲ့ပတ်သက်သော အယူအဆမှား (5)ခု

သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းတွေဟာ စနစ်တကျမှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင်…. သန္ဓေတားရာမှာ သောက်ဆေးတွေထက် 45 ဆ နဲ့ အမျိုးသားသုံး condom တွေထက်စာရင် အဆ 90 တောင်မှ ပိုစိတ်ချရတယ်… ပိုထိရောက်တယ် ဆိုပါတယ်….

နောက်ပြီး သိပ်ကောင်းတဲ့ အချက်က … ခွဲစိတ်မှူလို ကြီးကြီးမားမားတွေ လုပ်စရာမလိုဘဲ …သူက ငါးနှစ်တောင်ခံတယ်ဆိုတာပါပဲ

ဒါပေမယ့် ဘယ်အရာတွေကများ အမျိုးသမီး တွေ IUD လို့ခေါ်တဲ့… သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းတွေကို အသုံးပြုဖို့နှောင့်နှေးစေပါသလဲ….

အောက်မှာ ပြောပြမှာတွေကတော့…. لعبة الدواره IUD တွေနဲ့ ပတ်သက်တဲ့ ကောလဟာလ တွေပဲ ဖြစ်ပါတယ်

(1) ကလေးတစ်ယောက်မှ မယူရသေးခင် IUD ထည့်တာဟာ အန္တရာယ်များတယ်
အမျိုးသမီးတချို့လွဲမှားစွာ ယုံကြည်နေကြတဲ့ အချက်သာဖြစ်ပြီး American သားဖွားမီးယပ်ဆိုင်ရာ congress က… Dr. Bryant ကတော့…. “အပျိုဖော်ဝင်ပြီး ဘယ်သူမဆို လိင်ဆက်ဆံမှူရှိနေတယ်ဆိုရင် IUD ကို သားဆက်ခြားနည်း အဖြစ် ကောင်းကောင်း သုံးနိုင်တာပဲ” လို့ ဆိုပါတယ်..

(2) IUD ထည့်တာဟာ အရမ်းနာတယ်
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ နာကျင်မှူကို ခံနိုင်ရည်စွမ်း မတူပေမယ့်… IUD ထည့်တာဟာ လူအများစုအတွက်တော့ ငါးမိနစ်စာ မသက်မသာဖြစ်ရုံပါ… အဲဒီ ငါးမိနစ်စာ အပြီးမှာတော့ ငါးနှစ်စာ ကလေးမရဖို့ သင်စိတ်အေးရမယ်မလား

(3) IUD ကြီး ပြုတ်ကျသွားနိုင်တယ်
တကယ်တော့ အဲလို IUD ပြုတ်ကျနိုင်တာဟာ လူတစ်ရာမှ သုံးယောက်လောက်ပဲ ဖြစ်နိုင်ချေရှိတာပါ…
သင့်ကို IUD ထည့်ပေးတဲ့ ဆရာဝန်ကလည်း IUD ကြိုးစလေးစမ်းနည်းကို တပါတည်း သင်ပေးလိုက်ဦးမှာပါ

(4) IUD တွေက ပိုးဝင်တာနဲ့ မျိုးမအောင်တာကို ဖြစ်စေတယ်
တကယ်တော့ နှစ်လေးဆယ်သုသေတန ပြုထားတဲ့ ရလဒ်တွေအရတော့ IUD တွေကြောင့် ပိုးဝင်တာမဖြစ်စေသလို ကလေးလိုချင်တဲ့အချိန်မှာလည်း ဒီပစ္စည်းကို ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်

(5) ဆရာဝန်တွေက IUD ထည့်တဲ့အခါ သားအိမ်ကျုံ့သွားအောင် ဆေးတွေ သုံးတယ်
လက်တွေ့မှာ မဟုတ်ပါဘူး
IUD ထည့်တဲ့အခါ ဆရာဝန်က သင့်ရဲ့သားအိမ်ခေါင်းအဝကို ဖြည်းဖြည်းလေး ဟပြီးရင် သားအိမ်ရဲ့ အရွယ်အစားကို မှန်းပါလိမ့်မယ်.. . ပြီးတာနဲ့ IUD ကို အန္တရာယ်ကင်းကင်း ထည့်လို့ရပါပြီ…

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

သားအိမ္တြင္းထည့္ သားဆက္ျခားပစၥည္းမ်ားနဲ႔ပတ္သက္ေသာ အယူအဆမွား (5)ခု

သားအိမ္တြင္းထည့္ သားဆက္ျခားပစၥည္းေတြဟာ စနစ္တက်မွန္မွန္ကန္ကန္သာ အသံုးျပဳမယ္ဆိုရင္…. သေႏၶတားရာမွာ ေသာက္ေဆးေတြထက္ 45 ဆ နဲ႔ အမ်ိဳးသားသံုး condom ေတြထက္စာရင္ အဆ 90 ေတာင္မွ ပိုစိတ္ခ်ရတယ္… ပိုထိေရာက္တယ္ ဆိုပါတယ္….

ေနာက္ၿပီး သိပ္ေကာင္းတဲ့ အခ်က္က … ခြဲစိတ္မႉလို ႀကီးႀကီးမားမားေတြ လုပ္စရာမလိုဘဲ …သူက ငါးႏွစ္ေတာင္ခံတယ္ဆိုတာပါပဲ

ဒါေပမယ့္ ဘယ္အရာေတြကမ်ား အမ်ိဳးသမီး ေတြ IUD လို႔ေခၚတဲ့… သားအိမ္တြင္းထည့္ သားဆက္ျခားပစၥည္းေတြကို အသံုးျပဳဖို႔ေႏွာင့္ေႏွးေစပါသလဲ….

ေအာက္မွာ ေျပာျပမွာေတြကေတာ့…. IUD ေတြနဲ႔ ပတ္သက္တဲ့ ေကာလဟာလ ေတြပဲ ျဖစ္ပါတယ္

(1) ကေလးတစ္ေယာက္မွ မယူရေသးခင္ IUD ထည့္တာဟာ အႏၲရာယ္မ်ားတယ္
အမ်ိဳးသမီးတခ်ိဳ႕လြဲမွားစြာ ယံုၾကည္ေနၾကတဲ့ အခ်က္သာျဖစ္ၿပီး American သားဖြားမီးယပ္ဆိုင္ရာ congress က… Dr. Bryant ကေတာ့…. “အပ်ိဳေဖာ္ဝင္ၿပီး ဘယ္သူမဆို လိင္ဆက္ဆံမႉ႐ွိေနတယ္ဆိုရင္ IUD ကို သားဆက္ျခားနည္း အျဖစ္ ေကာင္းေကာင္း သံုးႏိုင္တာပဲ” လို႔ ဆိုပါတယ္..

(2) IUD ထည့္တာဟာ အရမ္းနာတယ္
လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာ နာက်င္မႉကို ခံႏိုင္ရည္စြမ္း မတူေပမယ့္… IUD ထည့္တာဟာ လူအမ်ားစုအတြက္ေတာ့ ငါးမိနစ္စာ မသက္မသာျဖစ္ရံုပါ… အဲဒီ ငါးမိနစ္စာ အၿပီးမွာေတာ့ ငါးႏွစ္စာ ကေလးမရဖို႔ သင္စိတ္ေအးရမယ္မလား

(3) IUD ႀကီး ျပဳတ္က်သြားႏိုင္တယ္
တကယ္ေတာ့ အဲလို IUD ျပဳတ္က်ႏိုင္တာဟာ လူတစ္ရာမွ သံုးေယာက္ေလာက္ပဲ ျဖစ္ႏိုင္ေခ်႐ွိတာပါ…
သင့္ကို IUD ထည့္ေပးတဲ့ ဆရာဝန္ကလည္း IUD ႀကိဳးစေလးစမ္းနည္းကို တပါတည္း သင္ေပးလိုက္ဦးမွာပါ

(4) IUD ေတြက ပိုးဝင္တာနဲ႔ မ်ိဳးမေအာင္တာကို ျဖစ္ေစတယ္
တကယ္ေတာ့ ႏွစ္ေလးဆယ္သုေသတန ျပဳထားတဲ့ ရလဒ္ေတြအရေတာ့ IUD ေတြေၾကာင့္ ပိုးဝင္တာမျဖစ္ေစသလို ကေလးလိုခ်င္တဲ့အခ်ိန္မွာလည္း ဒီပစၥည္းကို ထုတ္လိုက္တာနဲ႔ ကိုယ္ဝန္ရႏိုင္ပါတယ္

(5) ဆရာဝန္ေတြက IUD ထည့္တဲ့အခါ သားအိမ္က်ံဳ႕သြားေအာင္ ေဆးေတြ သံုးတယ္
လက္ေတြ႔မွာ မဟုတ္ပါဘူး
IUD ထည့္တဲ့အခါ ဆရာဝန္က သင့္ရဲ႕သားအိမ္ေခါင္းအဝကို ျဖည္းျဖည္းေလး ဟၿပီးရင္ သားအိမ္ရဲ႕ အရြယ္အစားကို မွန္းပါလိမ့္မယ္.. . ၿပီးတာနဲ႔ IUD ကို အႏၲရာယ္ကင္းကင္း ထည့္လို႔ရပါၿပီ…

ေမတၱာျဖင့္
Dr. စိမ္းမိုးစက္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *