အိမ်ထောင်ရေးပြိုကွဲစေနိုင်သော အဓိကအချက် ၅ ချက်
တစ်ဦးနဲ့တစ်ဦးချစ်ခင်နှစ်သက်လို့ အိမ်ထောင်တစ်ခုထူထောင် လိုက်ပြီးကာမှ လမ်းခွဲပြတ်စဲလိုက်ရသူများစွာရှိပါတယ်။
ဒီလို လမ်းခွဲပြတ်စဲခြင်းနဲ့အဆုံးသတ်သွားတဲ့ အိမ်ထာင်ရှင်များမှာ အဆင်မပြေဖြစ်ရတဲ့ တူညီတဲ့အကြောင်းရင်းခံလေးတွေလည်း တွေ့ရပါတယ်။
သင်ဟာပျော်ရွှင်စရာကောင်းပြီး ရေရှည်တည်တံ့တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ချက်တယ်ဆိုရင်တော့ အောက်ဖော်ပြပါအချက်လေးတွေကို မပြုလုပ်အောင်သတိထားဖို့ အကြံပြုလိုက်ပါရစေ…
(1) ချစ်တင်းနှောဖို့ ငြင်းဆန်ခြင်း
အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်တင်းနှောတဲ့အရေအတွက် ကျဲလာတာ၊ စီးပွားရေး လူမှုရေး မိသားစုအရေးတွေကြောင့် စိတ်ဖိစီးမှုများပြီး စိတ်မပါတာမျိုးဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါငြင်းဆန်တာမျိုးက ပြသနာမဟုတ်ပေမယ့် အိမ်ထောင်ဖက်က တောင်းဆိုလာတဲ့အချိန်တိုင်း ငြင်းဆန်နေမယ်ဆိုရင်တော့ သင်နဲ့သင့်အိမ်ထောင်ဖက်ကြား ကြီးမားတဲ့ပြသနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်။အိမ်ထောင်ရေးတစ်ခုသာယာဖို့ရာ ချစ်ခြင်းမေတ္တာ သံယောဇဉ် နားလည်မှုတွေအပြင် အိမ်ထောင်ရေးသုခသည်လည်း အရေးပါတဲ့ကိစ္စတစ်ခုဖြစ်လို့ပါ။
(2)အမြဲရန်ဖြစ်စကားများခြင်း
“လင်နဲ့မယား လျှာနဲ့သွား” ဆိုတာမှန်ပါတယ်။သို့သော် အမြဲတစေ နေ့စဉ်နေ့တိုင်း တကျက်ကျက်ဖြစ်နေရမယ်ဆိုရင်တော့ ကြာလာတဲ့အခါ ဒီအိမ်ထောင်ရေးကို တဖြည်းဖြည်းစိတ်ကုန်စိတ်ပျက်လာနိုင်ပါတယ်။
(3)အပြောအဆိုကဲျလာခြင်း
ဒီအချက်ကတော့ အပေါ်ကပြောထားတဲ့ နံပါတ်နှစ်အချက်ထက် ပိုဆိုးပါတယ်။အချို့ဇနီးမောင်နှံတွေမှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိအိမ်ထောင်ဖက်နဲ့ပတ်သက်ပြီးသော်လည်းကောင်း အဆင်မပြေ ဘဝင်မကျတာတွေကို ပွင့်ပွင့်လင်းလင်းမပြောဘဲ မြိုသိပ်ထားတာတွေဟာ သင်နဲ့သင့်အိမ်ထောင်ဖက်ကြား ရင်းနှီးမှုလျော့ကျစေပြီး စိတ်ချင်းဝေးသွားတတ်တာကြောင့် သတိထားသင့်တဲ့ အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ သူ့အခြေအနေ ကိုယ့်အခြေအနေ၊သူ့ခံစားချက်ကိုယ့်ခံစားချက် စတာတွေကို ထုတ်ဖော်ပြောကြားမှသာ တစ်ဖက်အဖော်အနေနဲ့ နားလည်နိုင်ပြီး မျှဝေခံစားပေးနိုင်မှာပါ။
(4)ငွေကြေးပြသနာ
ကွဲရှင်းပြတ်စဲခြင်းအများစုရဲ့ နောက်ကွယ်က အကြောင်းရင်းက ငွေကြေးပြသနာပဲဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး လင်နဲ့ မယားကြား ပွင့်ပွင့်လင်းလင်းရှိပါ။အခက်အခဲကြုံလာချိန်မှာ တစ်ဦးနဲ့တစ်ဦး မာနထိခိုက်မယ့်စကားမျိုး၊ နာကျင်စေမယ့်စကားအသုံးအနှုန်းမျိုးကို ရှောင်ကြဉ်ပါ။အချိန်တန်လို့ ငွေကြေးအဆင်ပြေသွားလျှင်တောင်မှ ခက်ထန်တဲ့စကားလုံးတွေကြောင့်ရရှိသွားတဲ့ စိတ်ဒဏ်ရာဟာ အလွယ်တကူ မပျောက်ပျက်နိုင်လို့ပါ။
(5)ဆွေဒဏ်မျိုးဒဏ်
သူ့အမျိုးကိုယ့်အမျိုး ၊ ဘေးစကားသွေးခွဲစကားတွေသည်လည်း အိမ်ထောင်ရေးပြိုကွဲတဲ့အထိ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။မိမိအိမ်ထောင်ရေးနဲ့ ဆွေမျိုးသားချင်းအကြား အကန့်ခွဲထားနိုင်ဖို့နဲ့ ကြားစကားနားမယောင်ဖို့ သတိချပ်သင့်ပါတယ်။
မေ (ဆေး ၂)
အိမ္ေထာင္ေရးျပိဳကြဲေစႏိုင္ေသာ အဓိကအခ်က္ ၅ ခ်က္
တစ္ဦးနဲ႔တစ္ဦးခ်စ္ခင္ႏွစ္သက္လို႔ အိမ္ေထာင္တစ္ခုထူေထာင္ လိုက္ၿပီးကာမွ လမ္းခြဲျပတ္စဲလိုက္ရသူမ်ားစြာ႐ွိပါတယ္။
ဒီလို လမ္းခြဲျပတ္စဲဲျခင္းနဲ႔အဆံုးသတ္သြားတဲ့ အိမ္ထာင္႐ွင္မ်ားမွာ အဆင္မေျပျဖစ္ရတဲ့ တူညီတဲ့အေၾကာင္းရင္းခံေလးေတြလည္း ေတြ႔ရပါတယ္။
သင္ဟာေပ်ာ္ရႊင္စရာေကာင္းၿပီး ေရ႐ွည္တည္တံ့တဲ့ အိမ္ေထာင္ေရးတစ္ခုကို တည္ေဆာက္ခ်က္တယ္ဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါအခ်က္ေလးေတြကို မျပဳလုပ္ေအာင္သတိထားဖို႔ အၾကံျပဳလိုက္ပါရေစ...
(1) ခ်စ္တင္းေႏွာဖို႔ ျငင္းဆန္ျခင္း
အိမ္ေထာင္သက္ၾကာလာတာနဲ႔အမ်ွ ခ်စ္တင္းေႏွာတဲ့အေရအတြက္ က်ဲလာတာ၊ စီးပြားေရး လူမႈေရး မိသားစုအေရးေတြေၾကာင့္ စိတ္ဖိစီးမႈမ်ားၿပီး စိတ္မပါတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ရံဖန္ရံခါျငင္းဆန္တာမ်ိဳးက ျပသနာမဟုတ္ေပမယ့္ အိမ္ေထာင္ဖက္က ေတာင္းဆိုလာတဲ့အခ်ိန္တိုင္း ျငင္းဆန္ေနမယ္ဆိုရင္ေတာ့ သင္နဲ႔သင့္အိမ္ေထာင္ဖက္ၾကား ႀကီးမားတဲ့ျပသနာတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။အိမ္ေထာင္ေရးတစ္ခုသာယာဖို့ရာ ခ်စ္ျခင္းေမတၱာ သံေယာဇဥ္ နားလည္မႈေတြအျပင္ အိမ္ေထာင္ေရးသုခသည္လည္း အေရးပါတဲ့ကိစၥတစ္ခုျဖစ္လို႔ပါ။
(2)အျမဲရန္ျဖစ္စကားမ်ားျခင္း
"လင္နဲ႔မယား လ်ွာနဲ႔သြား" ဆိုတာမွန္ပါတယ္။သို႔ေသာ္ အျမဲတေစ ေန႔စဥ္ေန႔တိုင္း တက်က္က်က္ျဖစ္ေနရမယ္ဆိုရင္ေတာ့ ၾကာလာတဲ့အခါ ဒီအိမ္ေထာင္ေရးကို တျဖည္းျဖည္းစိတ္ကုန္စိတ္ပ်က္လာႏိုင္ပါတယ္။
(3)အေျပာအဆိုကဲ်လာျခင္း
ဒီအခ်က္ကေတာ့ အေပၚကေျပာထားတဲ့ နံပါတ္ႏွစ္အခ်က္ထက္ ပိုဆိုးပါတယ္။အခ်ိဳ႕ဇနီးေမာင္ႏွံေတြမွာ မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊မိမိအိမ္ေထာင္ဖက္နဲ႔ပတ္သက္ၿပီးေသာ္လည္းေကာင္း အဆင္မေျပ ဘဝင္မက်တာေတြကို ပြင့္ပြင့္လင္းလင္းမေျပာဘဲ ၿမိဳသိပ္ထားတာေတြဟာ သင္နဲ႔သင့္အိမ္ေထာင္ဖက္ၾကား ရင္းႏွီးမႈေလ်ာ့က်ေစၿပီး စိတ္ခ်င္းေဝးသြားတတ္တာေၾကာင့္ သတိထားသင့္တဲ့ အေရးႀကီးတဲ့အခ်က္ပဲျဖစ္ပါတယ္။ သူ႔အေျခအေန ကိုယ့္အေျခအေန၊သူ႔ခံစားခ်က္ကိုယ့္ခံစားခ်က္ စတာေတြကို ထုတ္ေဖာ္ေျပာၾကားမွသာ တစ္ဖက္အေဖာ္္အေနနဲ႔ နားလည္ႏိုင္ၿပီး မ်ွေဝခံစားေပးႏိုင္မွာပါ။
(4)ေငြေၾကးျပသနာ
ကြဲ႐ွင္းျပတ္စဲျခင္းအမ်ားစုရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္းက ေငြေၾကးျပသနာပဲျဖစ္ပါတယ္။ေငြေၾကးနဲ႔ပတ္သက္ၿပီး လင္နဲ႔ မယားၾကား ပြင့္ပြင့္လင္းလင္း႐ွိပါ။အခက္အခဲျကံုလာခ်ိန္မွာ တစ္ဦးနဲ႔တစ္ဦး မာနထိခိုက္မယ့္စကားမ်ိဳး၊ နာက်င္ေစမယ့္စကားအသံုးအႏႈန္းမ်ိဳးကို ေ႐ွာင္ၾကဥ္ပါ။အခ်ိန္တန္လို့ ေငြေၾကးအဆင္ေျပသြားလ်ွင္ေတာင္မွ ခက္ထန္တဲ့စကားလံုးေတြေၾကာင့္ရ႐ွိသြားတဲ့ စိတ္ဒဏ္ရာဟာ အလြယ္တကူ မေပ်ာက္ပ်က္ႏိုင္လို႔ပါ။
(5)ေဆြဒဏ္မ်ိဳးဒဏ္
သူ႔အမ်ိဳးကိုယ့္အမ်ိဳး ၊ ေဘးစကားေသြးခြဲစကားေတြသည္လည္း အိမ္ေထာင္ေရးၿပိဳကြဲတဲ့အထိ ျဖစ္ေစႏိုင္တဲ့အေၾကာင္းရင္းေတြျဖစ္ပါတယ္။မိမိအိမ္ေထာင္ေရးနဲ႔ ေဆြမ်ိဳးသားခ်င္းအၾကား အကန္႔ခြဲထားႏိုင္ဖို႔နဲ႔ ၾကားစကားနားမေယာင္ဖို႔ သတိခ်ပ္သင့္ပါတယ္။
ေမ (ေဆး ၂)