” မမျှော်လင့်ဘဲ ဆီးချိုတက်စေသော အခြေအနေ(၄)ခု “
ဘယ်လိုအချိန်မှာ ဆီးချို(သွေးတွင်းသကြားဓာတ်) တက်စေနိုင်လဲ?
ဆီးချိုတက်စေမယ့်အစားအစာတွေစားတဲ့အခါ၊ ဆီးချိုဆေးတွေ သေချာမသောက်သုံးတဲ့အခါမှာ ဆီးချိုတက်တတ်တယ်ဆိုတာကတော့ အားလုံးသိပြီးသားပါ။
သို့သော် ဒီနှစ်ချက်အပြင် မမျှော်လင့်ဘဲ ဆီးချိုတက်စေတတ်တဲ့ အခြေအနေတွေလည်းရှိတတ်တာမို့ သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
(1) ဖျားနာနေတဲ့အချိန်
အအေးမိ၊တုပ်ကွေး စသဖြင့် အကြောင်းကြောင်းကြောင့် ဖျားနာနေတဲ့အခါမျိုးမှာ အစားလည်းထိန်း၊ဆေးလည်းသောက်ပါလျက်နဲ့ ဆီးချိုတက်နေနိုင်ပါတယ်။ဒါကြောင့် ဆီးချိုဝေဒနာရှင်တစ်ယောက် ဖျားနာနေပြီဆိုပါက အဖျားရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ဆီးချိုကိုပုံမှန်စစ်နေကျအကြိမ်ရေထက် ၃ကြိမ်မှ၄ကြိမ်အထိ အခေါက်ရေတိုးစစ်ဆေးဖို့လိုအပ်နိုင်ပါတယ်။ဒါကြောင့် ဆီးချိုဝေဒရှင်တစ်ဦး ဖျားနာနေပြီဆိုပါက မိမိဘာသာကြိတ်ကုခြင်း၊ စပ်ဆေးများဝယ်သောက်ခြင်းက အလွန်အန္တရာယ်များတာကြောင့် ဆရာဝန်နဲ့သာ စနစ်တကျသွားရောက်ပြသသင့်ပါတယ်။
(2)အိပ်ရေးပျက်ခြင်း
အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်နေ့လျှင် အနည်းဆုံးအိပ်ချိန် ၈ နာရီရှိရပါမယ်။ ဒါ့ထက်လျော့နည်းပြီး အိပ်မယ်၊ အိပ်ရေးမဝတာ၊အိပ်ရေးပျက်တယတွေများလာပြီဆိုရင် ဒါဝါ ကိုယ်ခန္ဓာအတွက် ဖိစီးမှုတစ်ခုဖြစ်လာပြီး ဆီးချိုတက်စေနိုင်ပါတယ်။
(3)အချို့သောဆေးဝါးများ
ပန်းနာရင်ကျပ်ရောဂါတွင်အသုံးပြုသော စတီးရွိုက်ပါဝင်သည့်ဆေးများ၊ဆီးဆေးအချို့၊သွေးတွင်းအဆီကျဆေးများ..စတဲ့ဆေးများကြောင့် သွေးတွင်းသကြားတက်မြင့်တက်စေပြီး ဆီးချိုတက်စေပါတယ်။
စပ်ဆေးတွေမှာ စတီးရွိုက်တွေ အထည့်များတာကြောင့် စပ်ဆေးဆိုတာ ဆီးချိုသမားများဝေးဝေးရှောင်ရမယ့်ထဲမှာ ထိပ်ဆုံးကပါပါတယ်။(စပ်ဆေးတွေဝာ အလွန်အန္တရာယ်များတာကြောင့် သာမန်လူတွေလည်း မသောက်သုံးသင့်ပါဘူး။)
(4)ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဆိုတာ ဘယ်သူ့အတွက်မှကောင်းကျိုးမပေးသလို ဆီးချိုသမားတွေအတွက် ပိုလို့တောင်မှ ဆိုးပါသေးတယ်။ဆေးလိပ်ကြောင့် ဆီးချိုမြင့်တက်ထိန်းရခက်စေသလို နှလုံးသွေးကြောပိတ်ခြင်း၊လေဖြတ်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်း စတဲ့ ဆီးချ်ုရဲ့မောက်တက်တွဲအန္တရာယ်တွေဖြစ်နှုန်းကိုပါ မြင့်တက်စေပါသတဲ့။
ဒီအချက်လေးတွေကို ဖတ်ပြီးရင်တော့ အရင်က ထင်ထားသလို ဆီးချိုဆိုတာ အစားထိန်း၊ဆေးသောက်ရုံနဲ့မပြီးဘဲ အခြားအရေးတကြီးဂရုပြုစရာလေးတွေပါရှိတယ်ဆိုတာ သတိချပ်နိုင်ပြီပေါ့။
မေ (ဆေး ၂)
” မေမ်ွာ္လင့္ဘဲ ဆီးခ်ိဳတက္ေစေသာ အေျခအေန(၄)ခု “
ဘယ္လိုအခ်ိန္မွာ ဆီးခ်ိဳ(ေသြးတြင္းသၾကားဓာတ္) တက္ေစႏိုင္လဲ?
ဆီးခ်ိဳတက္ေစမယ့္အစားအစာေတြစားတဲ့အခါ၊ ဆီးခ်ိဳေဆးေတြ ေသခ်ာမေသာက္သံုးတဲ့အခါမွာ ဆီးခ်ိဳတက္တတ္တယ္ဆိုတာကေတာ့ အားလံုးသိၿပီးသားပါ။
သို႔ေသာ္ ဒီႏွစ္ခ်က္အျပင္ မေမ်ွာ္လင့္ဘဲ ဆီးခ်ိဳတက္ေစတတ္တဲ့ အေျခအေနေတြလည္း႐ွိတတ္တာမို႔ သတိထားႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
(1) ဖ်ားနာေနတဲ့အခ်ိန္
အေအးမိ၊တုပ္ေကြး စသျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ ဖ်ားနာေနတဲ့အခါမ်ိဳးမွာ အစားလည္းထိန္း၊ေဆးလည္းေသာက္ပါလ်က္နဲ႔ ဆီးခ်ိဳတက္ေနႏိုင္ပါတယ္။ဒါေၾကာင့္ ဆီးခ်ိဳေဝဒနာ႐ွင္တစ္ေယာက္ ဖ်ားနာေနၿပီဆိုပါက အဖ်ားေရာဂါျပင္းထန္မႈေပၚမူတည္ၿပီး ဆီးခ်ိဳကိုပံုမွန္စစ္ေနက်အျကိမ္ေရထက္ ၃ႀကိမ္မွ၄ႀကိမ္အထိ အေခါက္ေရတိုးစစ္ေဆးဖို႔လိုအပ္ႏိုင္ပါတယ္။ဒါေၾကာင့္ ဆီးခ်ိဳေဝဒ႐ွင္တစ္ဦး ဖ်ားနာေနၿပီဆိုပါက မိမိဘာသာႀကိတ္ကုျခင္း၊ စပ္ေဆးမ်ားဝယ္ေသာက္ျခင္းက အလြန္အႏၱရာယ္မ်ားတာေၾကာင့္ ဆရာဝန္နဲ႔သာ စနစ္တက်သြားေရာက္ျပသသင့္ပါတယ္။
(2)အိပ္ေရးပ်က္ျခင္း
အရြယ္ေရာက္ၿပီးလူတစ္ေယာက္ဟာ တစ္ေန႔လ်ွင္ အနည္းဆံုးအိပ္ခ်ိန္ ၈ နာရီ႐ွိရပါမယ္။ ဒါ့ထက္ေလ်ာ့နည္းၿပီး အိပ္မယ္၊ အိပ္ေရးမဝတာ၊အိပ္ေရးပ်က္တယေတြမ်ားလာၿပီဆိုရင္ ဒါဝါ ကိုယ္ခႏၶာအတြက္ ဖိစီးမႈတစ္ခုျဖစ္လာၿပီး ဆီးခ်ိဳတက္ေစႏိုင္ပါတယ္။
(3)အခ်ိဳ႕ေသာေဆးဝါးမ်ား
ပန္းနာရင္က်ပ္ေရာဂါတြင္အသံုးျပဳေသာ စတီးရိြဳက္ပါဝင္သည့္ေဆးမ်ား၊ဆီးေဆးအခ်ိဳ႕၊ေသြးတြင္းအဆီက်ေဆးမ်ား..စတဲ့ေဆးမ်ားေၾကာင့္ ေသြးတြင္းသၾကားတက္ျမင့္တက္ေစၿပီး ဆီးခ်ိဳတက္ေစပါတယ္။
စပ္ေဆးေတြမွာ စတီးရိြဳက္ေတြ အထည့္မ်ားတာေၾကာင့္ စပ္ေဆးဆိုတာ ဆီးခ်ိဳသမားမ်ားေဝးေဝးေ႐ွာင္ရမယ့္ထဲမွာ ထိပ္ဆံုးကပါပါတယ္။(စပ္ေဆးေတြဝာ အလြန္အႏၱရာယ္မ်ားတာေျကာင့္ သာမန္လူေတြလည္း မေသာက္သံုးသင့္ပါဘူး။)
(4)ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ဆိုတာ ဘယ္သူ႔အတြက္မွေကာင္းက်ိဳးမေပးသလို ဆီးခ်ိဳသမားေတြအတြက္ ပိုလို႔ေတာင္မွ ဆိုးပါေသးတယ္။ေဆးလိပ္ေၾကာင့္ ဆီးခ်ိဳျမင့္တက္ထိန္းရခက္ေစသလို ႏွလံုးေသြးေၾကာပိတ္ျခင္း၊ေလျဖတ္ျခင္း၊ေက်ာက္ကပ္ပ်က္စီးျခင္း စတဲ့ ဆီးခ်္ုရဲ႕ေမာက္တက္တြဲအႏၱရာယ္ေတြျဖစ္ႏႈန္းကိုပါ ျမင့္တက္ေစပါသတဲ့။
ဒီအခ်က္ေလးေတြကို ဖတ္ၿပီးရင္ေတာ့ အရင္က ထင္ထားသလို ဆီးခ်ိဳဆိုတာ အစားထိန္း၊ေဆးေသာက္ရံုနဲ႔မၿပီးဘဲ အျခားအေရးတႀကီးဂ႐ုျပဳစရာေလးေတြပါ႐ွိတယ္ဆိုတာ သတိခ်ပ္ႏိုင္ၿပီေပါ့။
ေမ (ေဆး ၂)