အိပ်ချင်စိတ်ကိုဖြစ်ပေါ်လာစေမယ့် ၄-၇-၈ နည်းလမ်း
လူအတော်များများဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်စေ၊ မျက်စိကြောင်တာကြောင့်ဖြစ်စေ အိပ်မရတာကိုကြုံဖူးကြမှာပါ။ ဒီလိုအိပ်မရတဲ့ညတွေ နည်းသွားစေဖို့အတွက် ၄-၇-၈ ဆိုတဲ့ သဘာဝနည်းလမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
ဒီနည်းလမ်းကိုတော့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားတက္ကသိုလ်မှ ဒေါက်တာ အင်ဒရူး ဝေးလ် ဆိုသူကတီထွင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အိပ်စက်ခြင်းကိုအထူးပြုလေ့လာနေတဲ့ပါရဂူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့လူနာတွေကို ဒီနည်းလမ်းလေးနဲ့စမ်းသပ်ပြီး အိပ်စက်စေတဲ့အခါမှာ အတိုင်းအတာတစ်ခုထိအောင်မြင်မှုရရှိခဲ့တာကို တွေ့ရပါတယ်။
“၄” ဆိုတာကတော့ အသက်ကိုလေးစက္ကန့်ကြာအောင်ရှူသွင်းခြင်းကိုဆိုလိုပါတယ်။ အဲဒီနောက်မှာတော့ အသက်ကို “၇”စက္ကန့်ကြာအောင် အောင့်ထားပေးရမှာပဲဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ “၈” စက္ကန့်ကြာအောင်အသက်ကိုရှူထုတ်ရမှာပါ။ ဒီလုပ်ငန်းစဉ်လေးဟာ အားလုံးပေါင်း ၁၉ စက္ကန့်ကြာပါမယ်။ ဒီအတိုင်း အားလုံးပေါင်း အကြိမ်ရေ လေးခါပြုလုပ်ပေးပြီးတဲ့အခါမှာတော့ သင့်ရဲ့ခန္ဓာကိုယ်ဟာ အောက်စီဂျင်အပြည့်အဝရရှိပြီး အနားယူခြင်းရဲ့အရသာကို ပြည့်ပြည့်ဝဝရရှိပြီဖြစ်လို့ အိပ်ချင်စိတ်ကိုပိုမိုဖြစ်လာစေမှာပဲဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
အိပ္ခ်င္စိတ္ကိုျဖစ္ေပၚလာေစမယ့္ ၄-၇-၈ နည္းလမ္း
လူအေတာ္မ်ားမ်ားဟာ စိတ္ဖိစီးမႈေၾကာင့္ျဖစ္ေစ၊ မ်က္စိေၾကာင္တာေၾကာင့္ျဖစ္ေစ အိပ္မရတာကိုၾကံဳဖူးၾကမွာပါ။ ဒီလိုအိပ္မရတဲ့ညေတြ နည္းသြားေစဖို႔အတြက္ ၄-၇-၈ ဆိုတဲ့ သဘာဝနည္းလမ္းေလးတစ္ခုနဲ႔မိတ္ဆက္ေပးပါရေစ။
ဒီနည္းလမ္းကိုေတာ့ အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားတကၠသိုလ္မွ ေဒါက္တာ အင္ဒ႐ူး ေဝးလ္ ဆိုသူကတီထြင္ခဲ့တာျဖစ္ပါတယ္။ သူဟာ အိပ္စက္ျခင္းကိုအထူးျပဳေလ့လာေနတဲ့ပါရဂူတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕လူနာေတြကို ဒီနည္းလမ္းေလးနဲ႔စမ္းသပ္ၿပီး အိပ္စက္ေစတဲ့အခါမွာ အတိုင္းအတာတစ္ခုထိေအာင္ျမင္မႈရ႐ွိခဲ့တာကို ေတြ႔ရပါတယ္။
“၄” ဆိုတာကေတာ့ အသက္ကိုေလးစကၠန္႔ၾကာေအာင္႐ွဴသြင္းျခင္းကိုဆိုလိုပါတယ္။ အဲဒီေနာက္မွာေတာ့ အသက္ကို “၇”စကၠန္႔ၾကာေအာင္ ေအာင့္ထားေပးရမွာပဲျဖစ္ပါတယ္။ ၿပီးတဲ့အခါမွာ “၈” စကၠန္႔ၾကာေအာင္အသက္ကို႐ွဴထုတ္ရမွာပါ။ ဒီလုပ္ငန္းစဥ္ေလးဟာ အားလံုးေပါင္း ၁၉ စကၠန္႔ၾကာပါမယ္။ ဒီအတိုင္း အားလံုးေပါင္း အႀကိမ္ေရ ေလးခါျပဳလုပ္ေပးၿပီးတဲ့အခါမွာေတာ့ သင့္ရဲ႕ခႏၶာကိုယ္ဟာ ေအာက္စီဂ်င္အျပည့္အဝရ႐ွိၿပီး အနားယူျခင္းရဲ႕အရသာကို ျပည့္ျပည့္ဝဝရ႐ွိၿပီျဖစ္လို႔ အိပ္ခ်င္စိတ္ကိုပိုမိုျဖစ္လာေစမွာပဲျဖစ္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ