caffeine & sugar

“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင်

📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~

♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ အနေအထားမျိုးစုံ နဲ့ မျက်စိ ပသာဒဖြစ်အောင် ဆွဲဆောင်မှုပုံစံ အမျိုးမျိုးနဲ့လာကြတဲ့အတွက် ကလေးတွေ အမြင်မှာ သောက်ချင်စရာဖြစ်နေပြီး ဝယ်တိုက်ဖို့ ပူဆာတတ်ကြတယ် မဟုတ်ပါလား။

♦️ ကလေးတွေအတွက်မှမဟုတ်ဘူး လူကြီးတွေဆိုရင်လည်း ကျွဲစိမ်းတို့ ကျွဲရိုင်းတို့ Energy Drink တစ်ဘူးလောက် သောက်လိုက်ရင်ပဲ

🎶”မောပန်းနေရင် ချက်ချင်း လန်းသွားမယ် အု အီ အု အားအား”🎶 ဆိုပြီး (၉၆-ပါး) ရောဂါတွေ ချက်ခြင်း ပျောက်သွားသလို ကြေညာနေတဲ့အတွက် ဝယ်သောက်ဖြစ်ကျတယ်လေ။

အသက် ၁၂-နှစ်အောက် ကလေးတွေအနေနဲ့ Energy Drinks ကို လုံးဝမသောက်သင့်ပါဘူး။ ပူဆာလည်းမတိုက်ပါနဲ့။

အသက် ၁၂-နှစ်အထက် ကလေးတွေဆိုရင် ကဖင်းဓာတ် (Caffeine) တနေ့ကို ၁၀၀ မီလီဂရမ်ထက်ပိုစားလို့မရပါဘူး။

♦️ ပုံမှန် Energy drink တစ်ဗူးမှာ အနည်းဆုံး ၂၀၀~၃၀၀ မီလီဂရမ်ပါပါတယ်။

♦️ ဗူးပေါ်မှာ ရေးထားတာကလည်း မယုံရပါဘူး ၂၀၀ ပါတယ် ဆိုပြီး ကုမ္ပဏီတွေက အဲ့ဒီ့ထက်ပိုထည့် ထားတတ်တဲ့အတွက် တချို့တံဆိပ်တွေဆိုရင် ၄၀၀~၅၀၀ မီလီဂရမ် လောက်ပါတတ်ပါတယ်။ လူကြီး တယောက်အတွက်တောင် ဒါတော်တော်များတဲ့ ပမာဏပါ။

♦️ အဲ့တော့ ၁၀ တန်းကလေးမို့လို့ စာမေးပွဲရှိလို့တို့ အိပ်ငိုက်ပြီး စာမဖတ်နိုင်မှာ စိတ်ပူတာနဲ့ပဲ ကျွဲရိုင်းတွေတိုက်တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။

♦️ ကဖင်းပါတာ မတိုက်သင့်တဲ့အတွက် ကော်ဖီလဲတူတူပါပဲ။ ကဖင်းပါဝင်မှုကတော့ အမျိုးအစားအပေါ် မူတည်ပါတယ်။

ကိုလာ အချိုရည် လဲတူတူပါပဲ၊ ကဖင်း ၁၀၀ မီလီ လောက်တော့ ပါတယ်။

📌ဘာလို့ ကဖင်းကို အဲ့လောက်ပြောနေရလဲဆိုတော့ Energy drinks တွေမှာ ကဖင်းအဓိကပါဝင်ပြီး အဲ့ကဖင်းဓာတ်ကြောင့်

♦️ ရင်တုန်ခြင်း

♦️ အိပ်ချိန်မမှန်ခြင်း

♦️ အာရုံစူးစိုက်မှု လျော့နည်းလာခြင်း

♦️ ဂနာမငြိမ်ဖြစ်ခြင်း

♦️ ကလေးတွေမှာ ဖြစ်တတ်တဲ့ Attention Deficit/Hyperactive Disorder (ADHD) ဆိုတဲ့ အာရုံကြောရောဂါ ဖြစ်လာနိုင်တယ်လို့လဲဆိုပါတယ်။

(ADHD) အကြောင်းကတော့ နောက်ကြုံရင် ထပ်ရေးပေးပါ့မယ်။

🔰 (စကားချပ် – ကဖင်းကို နိုင်ငံတကာ အစားအသောက်စံနှုန်းသတ်မှတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကိုဒက် (Codex Alimentarius) က Generally Recognized As Safe (GRAS) category ထဲထည့်ထားပါတယ်။

ဒီအုပ်စုထဲပါတဲ့ ပစ္စည်းတွေက စားလို့တော့ရတယ်။ Recommended Daily Intake (RDI) တနေ့ ဘယ်လောက်ထက်ပိုစားလို့မရဘူးဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။

ကျန်းမာတဲ့ လူကြီးတယောက်က တနေ့ကို ကဖင်း ၄၀၀ မီလီဂရမ်ထက်ပိုစားလို့မရဘူး လို့ သတ်မှတ်ထားတယ်။

(Energy drinks ဆို ၂ ဗူးအထက်၊ ကော်ဖီ ဆို ၄ ခွက် အထက်၊ ကိုလာ ဆို ၅ ဗူးအထက် ပိုမသောက်သင့်ပါဘူး။)) 🔰

📌 သူ့ချည်းသာလောဆိုတော့ မဟုတ်ပါဘူး။ ဘာတွေ ပါနိုင်သေးလဲဆိုတော့

♦️ သကြား (မြင်သာအောင် သကြားကိုဇွန်းနဲ့ ခပ်ထည့်မယ်ဆိုရင် Energy drink Can တစ်ဗူးရဲ့ လက်နှစ်လုံးလောက်က သကြားတွေပါ၊ ကိုလာဆို ပိုဆိုး ဗူးတစ်ဝက်စာလောက်က သကြားတွေချည်းပါပဲ)

♦️ အစားအသောက် ဆိုးဆေး (Food coloring)

ကလေးတွေဆို သောက်ပြီးရင် လျှာမှာ ဆိုးဆေး ဆိုးထားသလား အောက်မေ့ရလောက်အောင် ထည့်ထားတတ် ကြပါတယ်။

♦️ အနံ့အတွက် (Food flavor) နဲ့ ကြာရှည်ခံဆေး (Preservatives) စတာတွေလည်း ပါဝင်ပါတယ်။

🔰 အဲ့တော့ နိဂျုံးခုပ်ရမယ်ဆိုရင် ကလေးနဲ့ Energy drinks တွေဟာဆိုရင် လုံးဝမသင့်တော် မအပ်စပ်ပါဘူး။ 👨‍⚕️

လုံးဝ မတိုက်သင့်တဲ့ အထဲမှ ာပါပါတယ်။

အဲ့ဒါကြောင့် ကျောင်း မုန့်ဈေးတန်းတွေမှာ Energy drink ရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ (တခြားနိုင်ငံတွေမှာပါ၊ ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံမှာ မဟုတ်ပါဘူး) 😝😝😝

🔰 myDoctor ရဲ့ ပရိသတ် ကြီးလည်း အစားအသောက်ကို သတိနဲ့ ယှဉ်ပြီး ရွေးချယ်ဝယ်ယူ စားသုံးကြပါလို့။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…