All Articlesမျိုးဆက်ပွားကျန်းမာရေး

3 Things about Oral Contraceptive Pills that Few People Know

1 Mins read

နေ့စဉ်သောက်ဆေးကတ်နဲ့ ပတ်သက်ပြီး လူသိနည်းသော အချက် ၃ ချက်

ကိုယ်ဝန်တားနည်းတွေထဲမှာ နေ့စဉ်သောက်ဆေးကတ်ဟာ အသုံးအများဆုံး နည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ နေ့စဉ်တော့ သောက်နေရတယ်။ ဒါပေမယ့် ဒီဆေးသုံးဖို့အတွက် ဆေးခန်းအမြဲပြနေရတယ် ဆိုတာမျိုး မရှိဘူး။ နောက် လူသိခံစရာမလိုဘဲ သုံးနေလို့ရတယ်။ လစဉ်သွေးဆင်းတော့ အမျိုးသမီးအများစု သဘောကျကြတယ်။ သွေးဆင်းရင်လည်း ပမာဏနည်းလို့ မူးတာမော်တာ သက်သာတယ်။ ဒါ့အပြင် တချို့ဆေးကတ်တွေမှာဆို သံဓါတ်အားဆေးတွေ ထည့်ပေးထားတာမို့ ပိုလို့တောင်မှ အဆင်ပြေသေးတယ်။ ဒါက ကောင်းတဲ့အချက်တွေ။

ဒါပေမယ့် ဒီဆေးကတ်ကို အသုံးပြုနေတဲ့ အမျိုးသမီးအများစု မသိသေးတဲ့ အကြောင်းအရာလေးတွေလည်း ရှိသေးတယ်။ အဲဒါတွေကို ဒီဆောင်းပါးကတစ်ဆင့် ပြောပြလိုပါတယ်။

၁။ ဒီဆေးကတ်သောက်ပြီး သွေးလည်းမပေါ်ဘူး၊ အဲဒါ ဘာကြောင့်လဲ။

ဒီဆေးကတ်သောက်ရင် ရာသီလာတယ် ဆိုပြီး တချို့က ပြောကြပါတယ်။ တကယ်တော့ အဲဒါ ရာသီလာတာ မဟုတ်ပါဘူး။ သွေးဆင်းတာသာ ဖြစ်ပါတယ်။ နားမရှုပ်သွားပါနဲ့၊ ရှင်းပြပါမယ်။

မိန်းကလေးတစ်ယောက် အပျိုဖြစ်တဲ့အချိန်ကနေစပြီး ခန္ဓာကိုယ်ထဲမှာ မမျိုးဥဆိုတာလေး တစ်လတစ်ခါ ကြွေတယ်။ အဲဒီမမျိုးဥလေးက အဖိုသုက်ပိုးနဲ့ ပေါင်းလိုက်ရရင် ကိုယ်ဝန်ရမယ်။ မပေါင်းလိုက်ရရင် သေသွားမယ်။ အဲဒီသေသွားတဲ့ မျိုးဥလေးနဲ့ သားအိမ်နံရံက ကွာကျလာတဲ့ အလွှာတွေ ပေါင်းပြီး ဆင်းလာတာကို ရာသီလာတယ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီဆေးကတ်က ဘယ်လိုမျိုး ကိုယ်ဝန်တားပေးတာလဲဆိုရင် မမျိုးဥကို မကြွေအောင် လုပ်ပေးတာ။ အဲဒီအတွက် သုက်ပိုး ဘယ်လောက်ဝင်လာဝင်လာ ကိုယ်ဝန်မရနိုင်တော့ဘူး။ ဒီတော့ ဆေးသောက်ထားတဲ့ အမျိုးသမီးမှာ မမျိုးဥ မကြွေဘူး၊ မကြွေတဲ့အတွက် သေစရာလည်း အကြောင်းမရှိ၊ အပြင်ကို ဆင်းလာစရာလည်း အကြောင်းမရှိ။ ဒါကြောင့် သွေးပေါ်စရာလည်း အကြောင်းမရှိဘူး။

ဒါဖြင့် ဆေးကတ်နောက်ဆုံးတန်းရောက်ရင် ဘယ်လိုသွေးပေါ်လာတာလဲ။

ဆေးကတ်မှာ ဟော်မုန်းပါတဲ့ဆေး ၂၁ လုံး ပါပါတယ်။ ၂၁ ရက်ဆက်တိုက် ဟော်မုန်းနဲ့ထိတွေ့လာပြီးရင် ၇ ရက် အနားပေးပါတယ်။ အဲဒီလိုဟော်မုန်းနဲ့ မထိတွေ့ရတဲ့ ၇ ရက်မှာ ခန္ဓာကိုယ်ကနေ တုံ့ပြန်တဲ့အနေနဲ့ သွေးဆင်းတာပါ။ ဆေးပညာအခေါ်အဝေါ်အရတော့ Withdrawal bleeding လို့ ခေါ်ပါတယ်။ ဖြတ်တောက်လိုက်လို့ သွေးဆင်းတာ၊ ၂၁ ရက်ဆက်တိုက် ထိတွေ့ခဲ့တဲ့ ဟော်မုန်းကို ဖြတ်လိုက်လို့ သွေးဆင်းတာပါ။ ပုံမှန် ရာသီလာသလို မဟုတ်ပါဘူး။ ဆေးထုတ်လုပ်သူများက အမျိုးသမီးတွေကို တစ်လတစ်ခါ သွေးပေါ်တယ်ဆိုတဲ့ ခံစားချက်ရအောင် ဓမ္မတာရာသီခွင်အတိုင်း ဖန်တီးပေးထားတာသာ ဖြစ်ပါတယ်။

အဲဒီလိုပုံမှန်ရာသီလာတာ မဟုတ်တဲ့အတွက် ဆေးကတ်ကုန်သွားသည်အထိ သွေးမပေါ်တာဟာ စိုးရိမ်စရာ မလိုပါဘူး။ ကိုယ်ဝန်ရသွားတာလည်း မဟုတ်ဘူူး။ သာမန်အားဖြင့် နောက်ဆုံးတန်းဆေးကတ်ရဲ့ ၃ လုံးမြောက်လောက်မှာ သွေးစဆင်းတယ်။ တချို့ ၁ ရက်ပဲပေါ်တယ်၊ တချို့ ၃-၄ ရက်ပေါ်တယ်။ ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ လုံး၀ သွေးမဆင်းဘူးဆိုတာမျိုး ရှိတယ်။ ဆင်းမယ်ဆိုလည်း ပမာဏနည်းတယ်။ ဒါကြောင့် ဒီဆေးသောက်ရင် ပမာဏနည်းသွားတယ်၊ သွေးဆင်းတဲ့ရက် တိုသွားတယ် ပြောကြတာ။ တကယ်က ရာသီစက်ဝန်းကို ပြောင်းလိုက်တာ မဟုတ်ဘူး။ ခုနကပြောတဲ့ ဟော်မုန်းဖြတ်လိုက်လို့ သွေးဆင်းတာသာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီဆေးသောက်လို့ သွေးမပေါ်ရင် မစိုးရိမ်ပါနဲ့။ ဒါက ကိုယ်ဝန်ရသွားတာ မဟုတ်ပါဘူး။ တကယ်လို့ ဆေးသောက်မှားခဲ့တာတွေ ရှိခဲ့မယ်၊ ကိုယ်ဝန်ရတဲ့ လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆီးစစ်ကြည့်နိုင်ပါတယ်။ ဆီးစစ်လို့ ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေထွက်တယ် (တစ်ကြောင်းတည်းပြမယ်) ဆိုရင်တော့ စိတ်ချလက်ချ နေလို့ရပါတယ်။ နောက်ပြီး သွေးမဆင်းသေးလို့ဆိုပြီး ဆေးကတ်အသစ် ပြန်မစတာမျိုးလည်း မလုပ်ပါနဲ့။ ဟော်မုန်းကနေ ကင်းကွာနေလို့ရတဲ့ ရက်က ၇ ရက်ပါပဲ။ ကိုယ်က သွေးမဆင်းသေးလို့ဆိုပြီး ဆေးကတ်ပြန်မစဘဲ နေလိုက်ရင် ဟော်မုန်းနဲ့မထိတွေ့တဲ့ရက်က ၇ ရက်ထက်ပိုသွားမယ်။ အဲဒီရက်တွေမှာများ အမျိုးသားနဲ့အတူနေမိလိုက်ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

ဒီတော့ နေ့စဉ်သောက်ဆေးကတ် သုံးနေတဲ့ အမျိုးသမီးတွေ အရှင်းဆုံး နားလည်ထားစေချင်တာက တစ်နေ့တစ်လုံး သောက်သွားပါ။ အောက်ဆုံးတန်းက အားဆေးလုံးတွေကိုလည်း တစ်နေ့တစ်လုံး သောက်ပါ။ သွေးဆင်းကောင်း ဆင်းလာပါလိမ့်မယ်။ တကယ်လို့ မဆင်းလာလည်း မစိုးရိမ်ပါနဲ့၊ အဲဒါက ဓမ္မတာလာတာ မဟုတ်လို့ပါ။ တစ်နေ့တစ်လုံးသာ ဆက်သောက်သွားပြီး ၇ ရက်ကုန်တဲ့နေ့မှာ ကတ်အသစ်ချက်ချင်းပြန်စပြီး တစ်နေ့တစ်လုံး ပုံမှန်သောက်သွားပါ။

တကယ်လို့များ အဲဒီရက်တွေမှာ ခရီးထွက်မှာမို့၊ မင်္ဂလာဆောင်ရှိလို့၊ ကမ်းခြေသွားမှာမို့ စသဖြင့် အကြောင်းကြောင်းကြောင့် သွေးမဆင်းချင်ဘူး၊ ဒါမှမဟုတ်လည်း သွေးကို မပေါ်ချင်ဘူး၊ အလုပ်ရှုပ်လို့ ဆိုရင်တော့ ဟော်မုန်းဆေး ၃ တန်း ကုန်သွားတာနဲ့ အားဆေးအလုံးတွေ မသောက်ပါနဲ့။ ကတ်အသစ် တန်းဆက်သောက်ပါ။ အဲ့လို ဟော်မုန်းပါတဲ့ဆေးတွေချည်း ဆက်တိုက်သောက်သွားမယ်၊ ကြားမှာ ၇ ရက် ၇ ရက် အနားမပေးတော့ဘူးဆိုရင် သွေးကို လုံးဝဆင်းတော့မှာ မဟုတ်ပါဘူး။ အဲဒီလိုသောက်လို့လည်း လူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တာမျိုး မရှိတာမို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

၂။ ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်သောက်လို့ရသလား

ဒီဆေးကတ်ကို ဆိုင်တွေကနေ လွယ်လွယ်ကူကူ ဝယ်လို့ရပါတယ်။ ဒီအခါ အမျိုးသမီးတွေက ဘယ်လိုထင်ကြသလဲဆိုတော့ ဒီဆေးသုံးဖို့ကို ဆရာဝန်နဲ့ ပြစရာမလိုဘူးပေါ့။ ဟုတ်ပါတယ်၊ နောက်ပိုင်း ပုံမှန်အသုံးပြုသွားဖို့ မလိုပေမယ့် ပထမဆုံးသုံးမယ့်အခါမှာတော့ မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ ဒီဆေးက နှလုံးရောဂါ၊ သွေးတိုး၊ ခြေထောက်မှာ သွေးကြောပိတ်တာ၊ ရင်သားကင်ဆာ ဖြစ်ဖူးတာ စတဲ့ အခြေအနေတွေမှာဆို သောက်လို့ မသင့်တော်ပါဘူး။ ဒါကို ကိုယ်က မသိနိုင်သလို ဆေးဆိုင်ကလည်း မသိနိုင်ပါဘူး။ ဆရာဝန်ကသာ အကြံပြုနိုင်တာမို့ မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်၊ ကိုယ်နဲ့ သင့်တော်တယ်ဆိုမှ သုံးစေချင်ပါတယ်။

အဲဒီလို ဆရာဝန်နဲ့ တိုင်ပင်လိုက်မယ်ဆိုရင် ဒီနည်းအပြင် တခြားကိုယ်ဝန်တားနည်းတွေအကြောင်းလည်း သိသွားနိုင်တယ်။ ဒါဆို ကိုယ်နဲ့ပိုသင့်တော်တဲ့ နည်းတစ်ခုကို ရွေးချယ်သွားနိုင်မှာဖြစ်ပါတယ်။

၃။ ဒီဆေးကတ် ကြာကြာသောက်ရင် ကင်ဆာဖြစ်စေနိုင်သလား

အထူးသဖြင့် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာကို စိုးရိမ်ကြတာပါ။ အရင်ဆုံး ရင်သားကင်ဆာနဲ့ ပတ်သက်လို့ စပြောပြလိုပါတယ်။ ဒီကင်ဆာ ဖြစ်ဖူးရင်၊ ဖြစ်နေရင် ဒီဆေးကတ်မသုံးသင့်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီဆေးကတ်သောက်လို့ ကင်ဆာဖြစ်စေမှာလားဆိုတာနဲ့ ပတ်သက်ပြီး သုတေသနတွေ့ရှိချက်တွေကတော့ အမျိုးမျိုးကွဲပြားပါတယ်။ ဒီဆေးကို ၁၀ နှစ်နဲ့အထက် အသုံးပြုခဲ့သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ချေဟာ အနည်းငယ်ပိုများသွားတယ်လို့ ယေဘုယျအားဖြင့် လက်ခံထားကြတယ်။ ဒါက ဒီဆေး မသောက်ရင် ကင်ဆာကာကွယ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာကို စောစောစီးစီး သိဖို့က ကိုယ့်ရင်သားကို ပုံမှန်စစ်ဆေးတာမျိုးလုပ်ဖို့ ပိုအရေးကြီးတာပါ။ ဒီဆေးသောက်ရင် ကင်ဆာဖြစ်ကိုဖြစ်မယ်လည်း မဆိုလိုပါဘူး။ ဖြစ်နိုင်ချေအနည်းငယ် မြင့်တက်သွားတဲ့ သဘောပါပဲ။

သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်လို့လည်း ဒီလိုပဲ။ ဒီကင်ဆာက လိင်ကတစ်ဆင့် ကူးစက်တဲ့ပိုးတစ်မျိုးကြောင့် ဖြစ်တာမို့ ကာကွယ်ဆေးထိုးတာ၊ လိင်မှုကိစ္စ ဆင်ခြင်တာ၊ စမ်းသပ်စစ်ဆေးမှုတွေ မှန်မှန်လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီဆေးကတ်ကို ၅နှစ်နဲ့အထက် သုံးရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ အနည်းငယ်မြင့်တက်သွားတယ်ဆိုပေမယ့် ဆေးဖြတ်လိုက်တာ ၁၀ နှစ်လောက် ကြာသွားတဲ့ အမျိုးသမီးတွေမှာဆို ကင်ဆာဖြစ်နိုင်ချေက ဆေးကတ်တစ်ခါမှ မသုံးခဲ့ဖူးတဲ့ အမျိုးသမီးတွေနဲ့ အတူတူပဲ ပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် အနည်းငယ်တော့ ဆက်စပ်တယ်။ သို့သော်လည်း သားအိမ်ခေါင်းကင်ဆာ မဖြစ်ချင်ရင် ကာကွယ်နည်းတွေကိုပဲ အဓိက အာရုံစိုက်လုပ်ဖို့ လိုမယ်၊ အဲဒီလိုသာဆို စိုးရိမ်စရာ မရှိဘူးဆိုတာလေး သိစေချင်ပါတယ်။

တကယ်တမ်း ဒီဆေးကတ်ကို နှစ်ရှည်လများသုံးရင် စိတ်ပူစရာက ကိုယ်ဝန်ရသွားနိုင်တာပါပဲ။ ဘာလို့ဆိုတော့ တစ်နေ့တစ်လုံး ဆေးသောက်ဖို့ဆိုတာ မလွယ်လို့ပါ။ ၅နှစ်သုံးမယ်ဆိုရင် ရက်ပေါင်း ၁၇၀၀ ကျော်၊ ဆေးလုံးပေါင်း ၁၇၀၀ ကျော် သောက်ရမယ်။ ပိုးသတ်ဆေး တစ်ပတ်သောက်ဖို့တောင် မမှန်တာ များတယ်လေ။ ဒီဆေးမှာလည်း အမှားအယွင်းဖြစ်နိုင်ချေ များတာပေါ့။ ဒါကြောင့် ဆေးက ထိရောက်မှုကောင်းပေမယ့် ကိုယ်ကများ မှန်မှန်မသောက်နိုင်ခဲ့ရင် ကိုယ်ဝန်ရသွားနိုင်တာမို့ နှစ်ရှည်လများ ကိုယ်ဝန်တားထားချင်တယ်ဆိုရင်တော့ သားအိမ်ထဲထည့်တာလို၊ လက်မောင်းထဲထည့်တာလို နည်းတွေကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ ။

ခုပြောပြခဲ့တဲ့ အချက် ၃ ချက်ကတော့ နေ့စဉ်သောက်ဆေးကတ်နဲ့ ပတ်သက်ပြီး အမျိုးသမီးအများစု သိမနေကြသေးတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါတွေကို မသိတဲ့အခါမှာ မလိုအပ်ဘဲ စိတ်ပူနေကြရတာမို့ အဲ့လိုတွေ စိုးရိမ်စရာ မလိုအောင် ရည်ရွယ်ပြီး ရေးသားလိုက်ပါတယ်။ အကျိုးရှိကြမယ်လည်း ယုံကြည်မိပါတယ်။

ဒေါက်တာ ဖြိုးသီဟ

ေန႕စဥ္ေသာက္ေဆးကတ္နဲ႕ ပတ္သက္ျပီး လူသိနည္းေသာ အခ်က္ ၃ ခ်က္

ကုိယ္၀န္တားနည္းေတြထဲမွာ ေန႕စဥ္ေသာက္ေဆးကတ္ဟာ အသံုးအမ်ားဆံုး နည္းလမ္းေတြထဲက တစ္ခု ျဖစ္ပါတယ္။ ေန႕စဥ္ေတာ့ ေသာက္ေနရတယ္။ ဒါေပမယ့္ ဒီေဆးသံုးဖုိ႕အတြက္ ေဆးခန္းအျမဲျပေနရတယ္ ဆုိတာမ်ိဳး မရွိဘူး။ ေနာက္ လူသိခံစရာမလိုဘဲ သံုးေနလို႕ရတယ္။ လစဥ္ေသြးဆင္းေတာ့ အမ်ိဳးသမီးအမ်ားစုု သေဘာက်ၾကတယ္။ ေသြးဆင္းရင္လည္း ပမာဏနည္းလို႕ မူးတာေမာ္တာ သက္သာတယ္။ ဒါ့အျပင္ တခ်ိဳ႕ေဆးကတ္ေတြမွာဆုိ သံဓါတ္အားေဆးေတြ ထည္႔ေပးထားတာမို႕ ပိုလို႕ေတာင္မွ အဆင္ေျပေသးတယ္။ ဒါက ေကာင္းတဲ့အခ်က္ေတြ။

ဒါေပမယ့္ ဒီေဆးကတ္ကုိ အသံုးျပဳေနတဲ့ အမ်ိဳးသမီးအမ်ားစု မသိေသးတဲ့ အေၾကာင္းအရာေလးေတြလည္း ရွိေသးတယ္။ အဲဒါေတြကို ဒီေဆာင္းပါးကတစ္ဆင့္ ေျပာျပလိုပါတယ္။

၁။ ဒီေဆးကတ္ေသာက္ျပီး ေသြးလည္းမေပၚဘူး၊ အဲဒါ ဘာေၾကာင့္လဲ။

ဒီေဆးကတ္ေသာက္ရင္ ရာသီလာတယ္ ဆုိျပီး တခ်ိဳ႕က ေျပာၾကပါတယ္။ တကယ္ေတာ့ အဲဒါ ရာသီလာတာ မဟုတ္ပါဘူး။ ေသြးဆင္းတာသာ ျဖစ္ပါတယ္။ နားမရႈပ္သြားပါနဲ႕၊ ရွင္းျပပါမယ္။

မိန္းကေလးတစ္ေယာက္ အပ်ိဳျဖစ္တဲ့အခ်ိန္ကေနစျပီး ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥဆုိတာေလး တစ္လတစ္ခါ ေၾကြတယ္။ အဲဒီမမ်ိဳးဥေလးက အဖုိသုက္ပုိးနဲ႕ ေပါင္းလိုက္ရရင္ ကိုယ္၀န္ရမယ္။ မေပါင္းလုိက္ရရင္ ေသသြားမယ္။ အဲဒီေသသြားတဲ့ မ်ိဳးဥေလးနဲ႕ သားအိမ္နံရံက ကြာက်လာတဲ့ အလႊာေတြ ေပါင္းျပီး ဆင္းလာတာကို ရာသီလာတယ္လို႕ ေခၚတာျဖစ္ပါတယ္။ ဒီေဆးကတ္က ဘယ္လိုမ်ိဳး ကုိယ္၀န္တားေပးတာလဲဆုိရင္ မမ်ိဳးဥကို မေၾကြေအာင္ လုပ္ေပးတာ။ အဲဒီအတြက္ သုက္ပုိး ဘယ္ေလာက္၀င္လာ၀င္လာ ကိုယ္၀န္မရႏုိင္ေတာ့ဘူး။ ဒီေတာ့ ေဆးေသာက္ထားတဲ့ အမ်ိဳးသမီးမွာ မမ်ိဳးဥ မေၾကြဘူး၊ မေၾကြတဲ့အတြက္ ေသစရာလည္း အေၾကာင္းမရွိ၊ အျပင္ကုိ ဆင္းလာစရာလည္း အေၾကာင္းမရွိ။ ဒါေၾကာင့္ ေသြးေပၚစရာလညး္ အေၾကာင္းမရွိဘူး။

ဒါျဖင့္ ေဆးကတ္ေနာက္ဆံုးတန္းေရာက္ရင္ ဘယ္လိုေသြးေပၚလာတာလဲ။

ေဆးကတ္မွာ ေဟာ္မုန္းပါတဲ့ေဆး ၂၁ လံုး ပါပါတယ္။ ၂၁ ရက္ဆက္တုိက္ ေဟာ္မုန္းနဲ႕ထိေတြ႕လာျပီးရင္ ၇ ရက္ အနားေပးပါတယ္။ အဲဒီလိုေဟာ္မုန္းနဲ႕ မထိေတြ႕ရတဲ့ ၇ ရက္မွာ ခႏၶာကုိယ္ကေန တံု႕ျပန္တဲ့အေနနဲ႕ ေသြးဆင္းတာပါ။ ေဆးပညာအေခၚအေ၀ၚအရေတာ့ Withdrawal bleeding လုိ႕ ေခၚပါတယ္။ ျဖတ္ေတာက္လိုက္လို႕ ေသြးဆင္းတာ၊ ၂၁ ရက္ဆက္တုိက္ ထိေတြ႕ခဲ့တဲ့ ေဟာ္မုန္းကို ျဖတ္လိုက္လုိ႕ ေသြးဆင္းတာပါ။ ပုံမွန္ ရာသီလာသလို မဟုတ္ပါဘူး။ ေဆးထုတ္လုပ္သူမ်ားက အမ်ိဳးသမီးေတြကုိ တစ္လတစ္ခါ ေသြးေပၚတယ္ဆိုတဲ့ ခံစားခ်က္ရေအာင္ ဓမၼတာရာသီခြင္အတုိင္း ဖန္တီးေပးထားတာသာ ျဖစ္ပါတယ္။

အဲဒီလိုပံုမွန္ရာသီလာတာ မဟုတ္တဲ့အတြက္ ေဆးကတ္ကုန္သြားသည္အထိ ေသြးမေပၚတာဟာ စိုးရိမ္စရာ မလိုပါဘူး။ ကုိယ္၀န္ရသြားတာလည္း မဟုတ္ဘူူး။ သာမန္အားျဖင့္ ေနာက္ဆံုးတန္းေဆးကတ္ရဲ႕ ၃ လံုးေျမာက္ေလာက္မွာ ေသြးစဆင္းတယ္။ တခ်ိဳ႕ ၁ ရက္ပဲေပၚတယ္၊ တခ်ိဳ႕ ၃-၄ ရက္ေပၚတယ္။ ၁၀ ေယာက္မွာ ၁ ေယာက္ေလာက္ကေတာ့ လံုး၀ ေသြးမဆင္းဘူးဆုိတာမ်ိဳး ရွိတယ္။ ဆင္းမယ္ဆုိလည္း ပမာဏနည္းတယ္။ ဒါေၾကာင့္ ဒီေဆးေသာက္ရင္ ပမာဏနည္းသြားတယ္၊ ေသြးဆင္းတဲ့ရက္ တုိသြားတယ္ ေျပာၾကတာ။ တကယ္က ရာသီစက္၀န္းကို ေျပာင္းလို္က္တာ မဟုတ္ဘူး။ ခုနကေျပာတဲ့ ေဟာ္မုန္းျဖတ္လုိက္လုိ႕ ေသြးဆင္းတာသာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႕ ဒီေဆးေသာက္လို႕ ေသြးမေပၚရင္ မစိုးရိမ္ပါနဲ႕။ ဒါက ကုိ္ယ္၀န္ရသြားတာ မဟုတ္ပါဘူး။ တကယ္လုိ႕ ေဆးေသာက္မွားခဲ့တာေတြ ရွိခဲ့မယ္၊ ကုိယ္၀န္ရတဲ့ လကၡဏာေတြ ခံစားေနရမယ္ဆုိရင္ေတာ့ ဆီးစစ္ၾကည္႕ႏုိင္ပါတယ္။ ဆီးစစ္လို႕ ကုိယ္၀န္မရွိဘူးဆုိတဲ့ အေျဖထြက္တယ္ (တစ္ေၾကာင္းတည္းျပမယ္) ဆုိရင္ေတာ့ စိတ္ခ်လက္ခ် ေနလို႕ရပါတယ္။ ေနာက္ျပီး ေသြးမဆင္းေသးလို႕ဆုိျပီး ေဆးကတ္အသစ္ ျပန္မစတာမ်ိဳးလည္း မလုပ္ပါနဲ႕။ ေဟာ္မုန္းကေန ကင္းကြာေနလို႕ရတဲ့ ရက္က ၇ ရက္ပါပဲ။ ကုိယ္က ေသြးမဆင္းေသးလို႕ဆုိျပီး ေဆးကတ္ျပန္မစဘဲ ေနလိုက္ရင္ ေဟာ္မုန္းနဲ႕မထိေတြ႕တဲ့ရက္က ၇ ရက္ထက္ပုိသြားမယ္။ အဲဒီရက္ေတြမွာမ်ား အမ်ိဳးသားနဲ႕အတူေနမိလိုက္ရင္ ကုိယ္၀န္ရသြားႏုိင္ပါတယ္။

ဒီေတာ့ ေန႕စဥ္ေသာက္ေဆးကတ္ သံုးေနတဲ့ အမ်ိဳးသမီးေတြ အရွင္းဆံုး နားလည္ထားေစခ်င္တာက တစ္ေန႕တစ္လံုး ေသာက္သြားပါ။ ေအာက္ဆံုးတန္းက အားေဆးလံုးေတြကိုလည္း တစ္ေန႕တစ္လံုး ေသာက္ပါ။ ေသြးဆင္းေကာင္း ဆင္းလာပါလိမ့္မယ္။ တကယ္လို႕ မဆင္းလာလည္း မစိုးရိမ္ပါနဲ႕၊ အဲဒါက ဓမၼတာလာတာ မဟုတ္လုိ႕ပါ။ တစ္ေန႕တစ္လံုးသာ ဆက္ေသာက္သြားျပီး ၇ ရက္ကုန္တဲ့ေန႕မွာ ကတ္အသစ္ခ်က္ခ်င္းျပန္စျပီး တစ္ေန႕တစ္လံုး ပံုမွန္ေသာက္သြားပါ။

တကယ္လို႕မ်ား အဲဒီရက္ေတြမွာ ခရီးထြက္မွာမို႕၊ မဂၤလာေဆာင္ရွိလို႕၊ ကမ္းေျခသြားမွာမို႕ စသျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ ေသြးမဆင္းခ်င္ဘူး၊ ဒါမွမဟုတ္လည္း ေသြးကို မေပၚခ်င္ဘူး၊ အလုပ္ရႈပ္လုိ႕ ဆုိရင္ေတာ့ ေဟာ္မုန္းေဆး ၃ တန္း ကုန္သြားတာနဲ႕ အားေဆးအလံုးေတြ မေသာက္ပါနဲ႕။ ကတ္အသစ္ တန္းဆက္ေသာက္ပါ။ အဲ့လုိ ေဟာ္မုန္းပါတဲ့ေဆးေတြခ်ည္း ဆက္တုိက္ေသာက္သြားမယ္၊ ၾကားမွာ ၇ ရက္ ၇ ရက္ အနားမေပးေတာ့ဘူးဆုိရင္ ေသြးကို လံုး၀ဆင္းေတာ့မွာ မဟုတ္ပါဘူး။ အဲဒီလိုေသာက္လုိ႕လည္း လူရဲ႕ က်န္းမာေရးကို ထိခိုက္ႏုိင္တာမ်ိဳး မရွိတာမို႕ စိတ္ခ်လက္ခ် အသံုးျပဳႏုိင္ပါတယ္။

၂။ ေဆးဆုိင္ကေန အလြယ္တကူ ၀ယ္ေသာက္လုိ႕ရသလား

ဒီေဆးကတ္ကုိ ဆုိင္ေတြကေန လြယ္လြယ္ကူကူ ၀ယ္လို႕ရပါတယ္။ ဒီအခါ အမ်ိဳးသမီးေတြက ဘယ္လိုထင္ၾကသလဲဆုိေတာ့ ဒီေဆးသံုးဖုိ႕ကုိ ဆရာ၀န္နဲ႕ ျပစရာမလုိဘူးေပါ့။ ဟုတ္ပါတယ္၊ ေနာက္ပုိင္း ပံုမွန္အသံုးျပဳသြားဖုိ႕ မလိုေပမယ့္ ပထမဆံုးသံုးမယ့္အခါမွာေတာ့ မသံုးခင္ ဆရာ၀န္နဲ႕ တုိင္ပင္တာ အေကာင္းဆံုးပါပဲ။ ဒီေဆးက ႏွလံုးေရာဂါ၊ ေသြးတုိး၊ ေျခေထာက္မွာ ေသြးေၾကာပိတ္တာ၊ ရင္သားကင္ဆာ ျဖစ္ဖူးတာ စတဲ့ အေျခအေနေတြမွာဆို ေသာက္လုိ႕ မသင့္ေတာ္ပါဘူး။ ဒါကို ကုိယ္က မသိႏုိင္သလို ေဆးဆုိင္ကလည္း မသိႏုိင္ပါဘူး။ ဆရာ၀န္ကသာ အၾကံျပဳႏုိင္တာမို႕ မသံုးခင္ ဆရာ၀န္နဲ႕ အရင္တုိင္ပင္၊ ကုိယ္နဲ႕ သင့္ေတာ္တယ္ဆိုမွ သံုးေစခ်င္ပါတယ္။

အဲဒီလို ဆရာ၀န္နဲ႕ တုိင္ပင္လုိက္မယ္ဆုိရင္ ဒီနည္းအျပင္ တျခားကုိယ္၀န္တားနည္းေတြအေၾကာင္းလည္း သိသြားႏုိင္တယ္။ ဒါဆုိ ကုိယ္နဲ႕ပုိသင့္ေတာ္တဲ့ နည္းတစ္ခုကို ေရြးခ်ယ္သြားႏုိင္မွာျဖစ္ပါတယ္။

၃။ ဒီေဆးကတ္ ၾကာၾကာေသာက္ရင္ ကင္ဆာျဖစ္ေစႏုိင္သလား

အထူးသျဖင့္ ရင္သားကင္ဆာနဲ႕ သားအိမ္ေခါင္းကင္ဆာကုိ စိုးရိမ္ၾကတာပါ။ အရင္ဆံုး ရင္သားကင္ဆာနဲ႕ ပတ္သက္လို႕ စေျပာျပလိုပါတယ္။ ဒီကင္ဆာ ျဖစ္ဖူးရင္၊ ျဖစ္ေနရင္ ဒီေဆးကတ္မသံုးသင့္ဘူး ဆုိတာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ဒီေဆးကတ္ေသာက္လို႕ ကင္ဆာျဖစ္ေစမွာလားဆုိတာနဲ႕ ပတ္သက္ျပီး သုေတသနေတြ႕ရွိခ်က္ေတြကေတာ့ အမ်ိဳးမ်ိဳးကြဲျပားပါတယ္။ ဒီေဆးကုိ ၁၀ ႏွစ္နဲ႕အထက္ အသံုးျပဳခဲ့သူေတြမွာေတာ့ ကင္ဆာျဖစ္ႏုိင္ေခ်ဟာ အနည္းငယ္ပုိမ်ားသြားတယ္လုိ႕ ေယဘုယ်အားျဖင့္ လက္ခံထားၾကတယ္။ ဒါက ဒီေဆး မေသာက္ရင္ ကင္ဆာကာကြယ္ႏုိင္မယ္ဆုိတဲ့ အဓိပၸါယ္ေတာ့ မဟုတ္ပါဘူး။ ရင္သားကင္ဆာကုိ ေစာေစာစီးစီး သိဖုိ႕က ကုိယ့္ရင္သားကုိ ပံုမွန္စစ္ေဆးတာမ်ိဳးလုပ္ဖုိ႕ ပိုအေရးၾကီးတာပါ။ ဒီေဆးေသာက္ရင္ ကင္ဆာျဖစ္ကုိျဖစ္မယ္လည္း မဆုိလိုပါဘူး။ ျဖစ္ႏုိင္ေခ်အနည္းငယ္ ျမင့္တက္သြားတဲ့ သေဘာပါပဲ။

သားအိမ္ေခါင္းကင္ဆာနဲ႕ ပတ္သက္လို႕လည္း ဒီလိုပဲ။ ဒီကင္ဆာက လိင္ကတစ္ဆင့္ ကူးစက္တဲ့ပုိးတစ္မ်ိဳးေၾကာင့္ ျဖစ္တာမို႕ ကာကြယ္ေဆးထုိးတာ၊ လိင္မႈကိစၥ ဆင္ျခင္တာ၊ စမ္းသပ္စစ္ေဆးမႈေတြ မွန္မွန္လုပ္တာ စတဲ့ နည္းလမ္းေတြနဲ႕ ကာကြယ္ႏုိင္ပါတယ္။ ဒီေဆးကတ္ကုိ ၅ႏွစ္နဲ႕အထက္ သံုးရင္ သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏုိင္ေခ် အနည္းငယ္ျမင့္တက္သြားတယ္ဆုိေပမယ့္ ေဆးျဖတ္လိုက္တာ ၁၀ ႏွစ္ေလာက္ ၾကာသြားတဲ့ အမ်ိဳးသမီးေတြမွာဆုိ ကင္ဆာျဖစ္ႏုိင္ေခ်က ေဆးကတ္တစ္ခါမွ မသံုးခဲ့ဖူးတဲ့ အမ်ိဳးသမီးေတြနဲ႕ အတူတူပဲ ျပန္ျဖစ္သြားပါတယ္။ ဒါေၾကာင့္ အနည္းငယ္ေတာ့ ဆက္စပ္တယ္။ သို႕ေသာ္လည္း သားအိမ္ေခါင္းကင္ဆာ မျဖစ္ခ်င္ရင္ ကာကြယ္နည္းေတြကိုပဲ အဓိက အာရံုစို္က္လုပ္ဖုိ႕ လိုမယ္၊ အဲဒီလိုသာဆုိ စိုးရိမ္စရာ မရွိဘူးဆုိတာေလး သိေစခ်င္ပါတယ္။

တကယ္တမ္း ဒီေဆးကတ္ကို ႏွစ္ရွည္လမ်ားသံုးရင္ စိတ္ပူစရာက ကုိယ္၀န္ရသြားႏုိင္တာပါပဲ။ ဘာလို႕ဆုိေတာ့ တစ္ေန႕တစ္လံုး ေဆးေသာက္ဖုိ႕ဆိုတာ မလြယ္လို႕ပါ။ ၅ႏွစ္သံုးမယ္ဆုိရင္ ရက္ေပါင္း ၁၇၀၀ ေက်ာ္၊ ေဆးလံုးေပါင္း ၁၇၀၀ ေက်ာ္ ေသာက္ရမယ္။ ပိုးသတ္ေဆး တစ္ပတ္ေသာက္ဖုိ႕ေတာင္ မမွန္တာ မ်ားတယ္ေလ။ ဒီေဆးမွာလည္း အမွားအယြင္းျဖစ္ႏုိင္ေခ် မ်ားတာေပါ့။ ဒါေၾကာင့္ ေဆးက ထိေရာက္မႈေကာင္းေပမယ့္ ကုိယ္ကမ်ား မွန္မွန္မေသာက္ႏုိင္ခဲ့ရင္ ကုိယ္၀န္ရသြားႏုိင္တာမို႕ ႏွစ္ရွည္လမ်ား ကုိယ္၀န္တားထားခ်င္တယ္ဆုိရင္ေတာ့ သားအိမ္ထဲထည္႕တာလို၊ လက္ေမာင္းထဲထည္႕တာလို နည္းေတြကုိ အသံုးျပဳဖုိ႕ တုိက္တြန္းခ်င္ပါတယ္။ ။

ခုေျပာျပခဲ့တဲ့ အခ်က္ ၃ ခ်က္ကေတာ့ ေန႕စဥ္ေသာက္ေဆးကတ္နဲ႕ ပတ္သက္ျပီး အမ်ိဳးသမီးအမ်ားစု သိမေနၾကေသးတဲ့ အခ်က္ေတြျဖစ္ပါတယ္။ ဒါေတြကို မသိတဲ့အခါမွာ မလိုအပ္ဘဲ စိတ္ပူေနၾကရတာမို႕ အဲ့လိုေတြ စိုးရိမ္စရာ မလုိေအာင္ ရည္ရြယ္ျပီး ေရးသားလုိက္ပါတယ္။ အက်ိဳးရွိၾကမယ္လည္း ယံုၾကည္မိပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *