ကလေးများအတွက် ဆိတ်နို့၏ ပိုမိုကောင်းမွန်သော အကျိုးကျေးဇူး ၃ ချက်
နို့ သောက်ပါလို့ပြောလိုက်ရင် တော်တော်များများက နွားနို့ကိုပဲ အလွယ်တကူ သတိရတက်ကြတယ်။ လွယ်လွယ်ကူကူ ပေါပေါများများလည်း ဝယ်လို့ရနိုင်တာကို… ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓာတ်တွေ ပါဝင်တယ်ဆိုတာ လက်ခံထားကြပေမယ့် လက်ဆတ်တဲ့ ဆိတ်နို့ကို လွယ်လွယ်ကူကူ ရနိုင်ဖို့က မလွယ်လှပါဘူး…
တကယ်လည်း ဆိတ်နို့မှာ နွားနို့ထက် ပိုမိုပြည့်စုံတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဆိတ်နို့ရဲ့ နွားနို့ထက် ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေအများကြီးထဲကမှ ကလေးတွေအတွက် အဓိက အကျိုးကျေးဇူး ၃ ချက်အကြောင်း ပြောပြချင်ပါတယ်။
၁ ။ လွယ်ကူစွာ အစာချေဖျက်နိုင်ခြင်း
ဆိတ်နို့နဲ့ နွားနို့ရဲ့ အဆီပါဝင်မှုခြင်းတူပေမယ့် ဆိတ်နို့မှာပါဝင်တဲ့ အဆီတွေက နွားနို့မှာပါဝင်တဲ့ အဆီတွေထက် ပိုပြီးသေးငယ်ပါတယ်။ ဒါကြောင့်မို့ ဆိတ်နို့အဆီကို ခနာကိုယ်ကနေ အလွယ်အတူ ချေဖျက်နိုင်တာပဲဖြစ်ပါတယ်။
ဆိတ်နို့က အစာအိမ်ထဲရောက်သွားတဲ့အခါ နူးညံ့ပျော့ပြောင်းတဲ့ နို့ခဲလေးတွေအဖြစ် ပြောင်းလဲသွားလို့ ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်သောင့်သက်ဖြစ်စေပါတယ်။ ရလာဒ်အနေနဲ့ကတော့ ကလေးတွေမှာ အစာမကြေလို့ ဗိုက်အောင့် ဗိုက်နာတာတွေမဖြစ်တော့ပါဘူး။ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
၂ ။ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်သည်
ဆိတ်နို့၏ ပရိုတိန်းနှင့် အဆီဓာတ်များက လွယ်ကူစွာချေဖျက်နိုင်သောကြောင့် ကလေးငယ်များ၏ ဦးနှောက်နှင့် ခနာကိုယ် ကြီးထားဖွ့ံ့ဖြီုးဖို့အတွက် လိုအပ်သော အာဟာရများကို ပြည့်ဝစွာ စုပ်ယူနိုင်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်နှင့် ခနာကိုယ် ကြီးထားဖွ့ံ့ဖြီုးဖို့အတွက် ဆိတ်နို့မှ ကူညီပေးနိုင်သည်။
၃။ ဓာတ်မတည့်ဖြစ်ခြင်းကို လျှော့ချပေးသည်။
ဆိတ်နို့တွင် ဓာတ်မတည်ဖြစ်ခြင်းကို ဖြစ်စေနိုင်သော ပရိုတင်းဓာတ်များ ပါဝင်မှုနည်းပါးသည်။ ဆိတ်နို့တွင် Beta Lactoglobulin နှင့် Alpha S1 casine ကဲ့သိသော ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော ပရိုတင်းဓာတ်များနည်းပါစွာပါဝင်သောကြောင့် ဝမ်းလျှောခြင်း၊ ဝမ်းမာခြင်း၊ အနီ အဖုအပိမ့် များဖြစ်ခြင်းကို လျော့ချပေးနိုင်သည်။