နှလုံးရောဂါ စရှိပြီဆို ဘယ်လိုနေထိုင်သင့်သလဲ
သင်ဟာ အသက်လတ်ပိုင်းကျော် ၅၀နားကို ချဉ်းနင်းဝင်ရောက်လာပြီဆိုရင် နှလုံး သွေးတိုး ဆီးချိုဆိုတဲ့ အတွဲကတော့ သင့်ထံလာဖို့ ပြင်ဆင်နေပါပြီ။ ဒါလေးတွေ သတိထားပါ!
၁။ အစားအစာ
သွေးတိုးရှိတိုင်းလည်း ဆားဘာမှ မစားပဲ အငတ်ခံပြီး နေဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာအစားအစာ တော်တော်မျာများဟာ အငန်ဓာတ်ကဲပါတယ်။ တတ်နိုင်ရင် အငန်လျော့စားပါ။ နေ့တိုင်း အပြင်စာ မစားပါနဲ့။ အသီးအရွက် များများစားပေးတာ အကောင်းဆုံးပါပဲ။
၂။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းဆိုလို့ မြန်မာ့လက်ရွေးစင် အားကစားသမားတွေလို အပြင်းအထန် မလုပ်ခိုင်းဘူးနော်။ အိမ်ထဲမှာတင် နေ့တိုင်း ၁၀မိနစ်လောက် ပတ်လျှောက်နေလည်း လေ့ကျင့်ခန်းပါပဲ။
၃။ ဆေးလိပ်သောက်တတ်ပါသလား
သွေးတိုးလည်းရှိ၊ နှလုံးရောဂါလည်း ရှိနေရင်တော့ ဆေးလိပ်ဖြတ်ဖို့ ကောင်းနေပါပြီ။ မဟုတ်ရင် လေဖြတ်လေဖြန်း၊ နှလုံးသွေးကြောကျဉ်း ဖြစ်နိုင်ပါတယ်။
၄။ ဖြည့်စွက်စာလေးတွေကရော…
အားဆေးလေးတွေ သောက်ပေးတာလည်း ကောင်းပါတယ်နော်။ ဒါပေမယ့် အစားအသောက်က အဓိကပါပဲ။ အစာလည်းဆေး ဆေးလည်းအစာပေါ့။
၅။ အနေအထိုင်
အရမ်း ပြင်းပြင်းထန်ထန် လှုပ်ရှားတာတွေ မလုပ်တာ ကောင်းပါတယ်။ တရားထိုင်ခြင်းဟာလည်း သွေးတိုး နှလုံးရောဂါတွေ ဖြစ်တာကို လျော့ကျစေပါတယ်။
ကဲ…
ဒါဆို နှလုံး သွေးတိုး ဆီးချိုကို အတန်အသင့် ကာကွယ်နိုင်ပြီပေါ့