All Articlesကလေးကျန်းမာရေးကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး

ကလေးတီဘီ၏ သံသရာ

1 Mins read
ကလေးတီဘီ၏ သံသရာ `ကလေးကို တီဘီဆေး တိုက်ရမယ့်ဆိုရင်တော့ ကျွန်မ မတိုက်ချင်ဘူး`ဟု အစချီလျက် ကလေး၏ မိခင်တစ်ဦးသည် ဓာတ်မှန်၊ သွေးအဖြေများ ကိုင်၍ ဆေးခန်းတွင်းသို့ ဝင်လာ သည်။ ဘာကြောင့် ဓာတ်မှန်ရိုက်၊ သွေးဖောက် လုပ်ရသလဲဟု မေးကြည့်သောအခါ ကလေး…
Read more
All Articlesကလေးကျန်းမာရေးကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေး

StrawberryHemangioma

1 Mins read
သားသားမီးမီးတို့မှာတွေ့ရတတ်တဲ့စတော်ဘယ်ရီသွေးကြောဖု သားသားမီးမီးတို့လေးတွေဖွါးမြင်တဲ့အခါမှာမိသားစုဝင်အသစ်ရတနာလေးတွေအတွက်မိသားစုဝင်တွေဟာတော်တော်လေးကိုစိတ်တွေလှုပ်လှုပ်ရှားရှားဖြစ်ကြရပါတယ်။မွေးဖွါးလာတဲ့သားသားမီးမီးလေးတွေဟာဘယ်လိုလေးများလဲ၊ဖြူသလား၊မဲသလား၊အဖေတူသလား၊အမေတူသလားစသဖြင့်သိလိုမြင်လိုစိတ်တွေတစ်ဖွားဖွားဖြစ်နေတတ်ကြတာဟာဓမ္မတာပါ။ ဒီလိုနဲ့ပဲမွေးဖွားပြီးစတွေမှာသားသားမီးမီးလေးတွေကိုတစ်နေကုန်အောင်ထိုင်ပြီးတစ်စိမ့်စိမ့်ကြည့်တတ်ကြပါတယ်။ကြည့်မဝ၊ရှုမဝဖြစ်ကြရပါတယ်။ ဒါကြောင့်သားသားမီးမီးလေးတွေရဲ့ခန္ဓာကိုယ်အပေါ်မှာဘယ်နားမှာဘာလေးရှိတယ်၊ဘယ်လိုထူးခြားတယ်စသဖြင့်သိနေတတ်ကြပါတယ်။ ဒီတော့သားသားမီးမီးလေးတွေမှာရှိနေတာတွေကိုမှတ်မိသလိုအဲဒီရှိနေတဲ့အရာကလေးတွေပြောင်းလဲလာတာကိုလည်းသူတို့တစ်တွေဟာသတိထားမိတတ်ကြပါတယ်။ အဲဒီလိုမွေးရာပါအရာလေးတွေပြောင်းလဲတဲ့အခါမှာလို့စိတ်သောကတွေများပြီးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတတ်ကြပါတယ်။ဒီလိုဖြစ်ကြလို့မကြခဏဖြေရှင်းပေးရတဲ့ပြသနာတွေထဲမှာအခုရေးပြမယ့်စတော်ဘယ်ရီသွေးကြေဖုပြသနာကတော့တော်တော်တွေ့ရဖြေရှင်းရတတ်တဲ့ပြသနာလေးတစ်ခုပဲဖြစ်ပါတယ်။ ဘယ်လိုခေါ်မယ် ဒီသွေးကြောဖုကိုမြန်မာလိုတိတိကျကျမှည့်ဆိုထားတာမရှိသော်လည်းအင်္ဂလိပ်လိုတော့အခေါ်အဝေါ်တွေကများပါတယ်။Haemangioma simplex ၊ Strawberry nevus ၊ Capillary Haemangioma ၊ Capillary Nevus စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။ဒီမှာကတော့အမှတ်လိုလို၊ဘာလိုလိုမရေရာနဲ့ပဲအမည်မပေါ်ပဲရှိနေပါတယ်။တိကျစွာအမည်မှည့်ခေါ်ထားတာမျိုးလည်းမတွေ့မိပါဘူး။နာမည်တွေကလည်းတစ်ကျောင်းတစ်ဂါထာဖြစ်နေတတ်ကြပါတယ်။ဒီစတော်ဘယ်ရီသွေးကြောဖုဆိုတဲ့နာမည်ကတော့အင်္ဂလိပ်နာမည်ကိုဆီလျော်အောင်ပြန်ဆိုလိုက်တာပါ။ ဘာကြောင့်ဖြစ်ရတာလဲ တစ်ကယ်တော့ဒီစတော်ဘယ်ရီသွေးကြောဖုလေးတွေဟာသွေးကြောနံရံဆဲလ်တွေတိုးပွါးပြီးတော့သွေးကြောဖုတွေဖြစ်လာရတာပါ။ဒီလိုသွေးကြောနံရံဆဲလ်တွေဘာကြောင့်တိုးပွါးရတာလဲဆိုတာကတော့တိတိကျကျမသိရပဲအရေပြားကိုအောက်ဆီဂျင်ရောက်ရှိမှုနည်းပါးသွားတာဟာဒီသွေးကြောဖုကိုဖြစ်စေရတဲ့အချက်တစ်ခုလို့ထောက်ပြကြပါတယ်။အောက်ဆီဂျင်ရရှိမှုနည်းပါးခြင်းဟာသွေးကြောတွေကိုတိုးပွါးစေပါတယ်။ဒါကြောင့်လဲအောက်ဆီဂျင်ရရှိရေးအတွက်သွေးကြောတွေပွါးများပေးရာကဒီလိုဖြစ်ရတာလို့ဆိုကြပါတယ်။ဒီလိုဆဲလ်တွေတိုးပွါးတယ်ဆိုတော့လည်းတစ်ချို့ကကင်ဆာများလားဆိုပြီးစိုးရိမ်တတ်ကြပါတယ်။တစ်ကယ်တော့ကင်ဆာလဲမဟုတ်ပါဘူး။ရိုးရိုးဆဲလ်တိုးပွါးမှုဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့အရေပြားပေါ်မှာဖြစ်ရတဲ့အခြားသွေးကြောဖုတွေလည်းရှိပါသေးတယ်။အဲဒီပြသနာတွေကတော့ရှားရှားပါးပါးရံဖန်ရံခါမှာပဲဖြစ်တတ်ကြပါတယ်။ဒီစတော်ဘယ်ရီသွေးကြောဖုကတော့ပိုပြီးအဖြစ်များအတွေ့များပါတယ်။…
Read more