All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Which is better for baby syrup or mashed tablet

1 Mins read

ဆေးရည်နဲ့ဆေးခဲဘယ်ဟာပိုကောင်းလဲ

ကျန်းမာရေးနဲ့ပက်သက်လာရင် ရောဂါတွေကထူပြောလာသလို ကုသနည်းတွေကလည်းပေါင်းစုံလာပါတယ်။ ဆေးတွေများသလို ကုထုံးတွေကလည်းအင်မတန်များပြားပါတယ်။ ရောဂါအနုအရင့်အပေါ်ကိုလိုက်ပြီးသောက်ရတဲ့ဆေး၊ ပမာဏ၊ သောက်ပုံသောက်နည်း၊ အချိန်စတာတွေကွဲပြားနိုင်ပါတယ်။ အရေးအကြီးဆုံးက ခန္ဓာကိုယ်ထဲကိုဆေးရောက်သွားပြီး အာနိသင်ပြစေချင်တဲ့အတိုင်းအာနိသင်ရစေဖို့ဖြစ်ပါတယ်။ အဆိုပါရည်မျန်းချက်ကိုပြည့်စေဖို့အတွက် ဆေးရည်၊ ဆေးခဲ၊ ဆေးတောင့်၊ အသားဆေး၊ အကြောဆေး၊ရှူရတဲ့ဆေး၊ စတဲ့ပုံစံပေါင်းစုံနဲ့ ဆေးကိုခန္ဓာကိုယ်ထဲရောက်အောင်ကြံဆပြီး သွင်းရပါတယ်။

ဆေးရည်နဲ့ဆေးခဲရွေးရရင်တော့ သူ့ကောင်းကွက်နဲ့သူရှိနေတယ်လိုဆို့ရမှာပါ။ အရင်ဆုံးရွေးချယ်ရတာကတော့ လူနာရဲ့အသက်အရွယ်အပေါ်မူတည်ပြီးရွေးချယ်ရပါတယ်။ ကလေးငယ်တွေ၊ ဆေးခဲသောက်ဖို့အခက်အခဲရှိသူတွေမှာတော့ ဆေးရည်ကပိုပြီးအသုံးတည့်ပါလိမ့်မယ်။ ဆေးရည်ကောဆေးခဲကောသောက်ဖို့အခက်အခဲမရှိရင်တော့ ကြိုက်နှစ်သက်ရာကိုသောက်နိုင်ပါတယ်။ အချို့ဆေးတွေကတော့ ခန္ဓာကိုယ်ထဲကို မြန်မြန်ရောက်မှအာနိသင်မြန်မြန်ရပြီး ရောဂါသက်သာစေနိုင်တာမို့ အရည်ကိုသောက်ဖို့တိုက်တွန်းတတ်ကြပါတယ်။

ဆေးကိုသောက်လိုက်ရင် ခန္ဓာကိုယ်ကစုပ်ယူရာမှာအလုံးအခဲအနေနဲ့မစုပ်နိုင်ပါဘူး။ အရာယည်ဖြသ်သွားမှသာအူကနေတစ်ဆင့်စုပ်နိုင်ပါတယ်။ ဒါကြောင့်အရည်ကများသောအားဖြင့်ပိုပြီးထိရောက်တတ်ပါတယ်။ သို့သော်အချို့ဆေးတွေက သွေးလည်ပတ်မှုထဲရောက်ပြီး ဖြေးဖြေးချင်းထွက်နေဖို့လိုတဲ့ဆေးတွေအနေနဲ့ကတော့ အခဲသောက်မှသာအဆင်ပြေပါလိမ့်မယ်။ အရည်သောက်ရင်တော့ အူနဲ့အနီးတစ်ဝိုက်ကအင်္ဂါအစိတ်အပိုင်းတွေမှာသာအာနိသင်ပြနိုင်ပြီး
အူနဲ့ဝေးတဲ့အဆုတ်၊ နှလုံးစတဲ့နေရာတွေကိုတော့ဆေးရောက်တဲ့ပမာဏနည်းပါးနိူင်ပါတယ်။

စမ်းသပ်ချက်တွေအဆိုအရတော့ အရည်သောက်ရင်အူက90ရာခိုင်နှုန်းလောက်စုပ်ယူနိုင်ပြီး။ အခဲကတော 50ရာခိုင်နှုန်းလောက်ပဲစုပ်ယူနိုင်တယ်လို့ဆိုထားပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ enteric coating လို့ခေါ်တဲ့ အစာအိမ်ကacidဓာတ်ကိုခံနိုင်အောင်ထုတ်ထားတဲ့ဆေးတွေ ကိုတော့ ကြိတ်ပြီးမသောက်မိဖို့လိုပါတယ်။ ကြိတ်သောက်လိုက်ရင် enteric coatingတွေပျက်စီးသွားပြီးအစာအိမ်ကacidကချေဖျက်တာခံရပြီး လိုအပ်တဲ့ပမာဏမရေတော့ပဲဆေးမတိုးတာဖြစ်တတ်ပါတယ်။

အခဲလုံးဝမသောက်တတ်ဘူး၊ အရည်လည်းသောက်လို့မရဘူးဆိုရင်တော့ ကြိတ်ပြီးတိုက်လို့ရပါတယ်။ enteric coatingပါတဲ့ဆေးမဟုတ်ရင်တော့ အာနိသင်ကိုပျက်စီးမှုမရှိပဲအပြည့်အဝရနိုင်ပါတယ်။ လေဖြတ်ထားတဲ့လူနာ၊ အာရုံကြောအားနည်းပြီးမျိုချဖို့ခက်နေတဲ့လူနာဆိုရင်တော့ နှာခေါင်းပိုက်ကနေတ်းဆင့် ဆေးကိုချေမွှပြီးတိုက်လို့ရပါတယ်။

အရေးကြီးတာကတော့ ဆေးသောက်နည်းမှန်ဖို့လိုပါတယ်။ အရည်သောက်တာပိုကောင်းလားအခဲသောက်တာပိုကောင်းလားဆိုတာတော့ သူ့အားသာချက်နဲ့သူရှိပါတယ်။ သောက်တဲ့နည်း လမ်းမှန်မှန်ကန်ကန်နဲ့ တိတိကျကျသောက်မှသာအာနိသင်ပြည့်ဝစွာရပြီး ကျန်းမာရေးအတွက်အထောက်အကူရမှာဖြစ်ပါတယ်။

Dr. ZZ

ေဆးရည္နဲ႔ေဆးခဲဘယ္ဟာပိုေကာင္းလဲ

က်န္းမာေရးနဲ႔ပက္သက္လာရင္ ေရာဂါေတြကထူေျပာလာသလို ကုသနည္းေတြကလည္းေပါင္းစံုလာပါတယ္။ ေဆးေတြမ်ားသလို ကုထံုးေတြကလည္းအင္မတန္မ်ားျပားပါတယ္။ ေရာဂါအႏုအရင့္အေပၚကိုလိုက္ၿပီးေသာက္ရတဲ့ေဆး၊ ပမာဏ၊ ေသာက္ပံုေသာက္နည္း၊ အခ်ိန္စတာေတြကြဲျပားႏိုင္ပါတယ္။ အေရးအႀကီးဆံုးက ခႏၶာကိုယ္ထဲကိုေဆးေရာက္သြားၿပီး အာနိသင္ျပေစခ်င္တဲ့အတိုင္းအာနိသင္ရေစဖို႔ျဖစ္ပါတယ္။ အဆိုပါရည္မ်န္းခ်က္ကိုျပည့္ေစဖို႔အတြက္ ေဆးရည္၊ ေဆးခဲ၊ ေဆးေတာင့္၊ အသားေဆး၊ အေၾကာေဆး၊႐ႉရတဲ့ေဆး၊ စတဲ့ပံုစံေပါင္းစံုနဲ႔ ေဆးကိုခႏၶာကိုယ္ထဲေရာက္ေအာင္ႀကံဆၿပီး သြင္းရပါတယ္။

ေဆးရည္နဲ႔ေဆးခဲေရြးရရင္ေတာ့ သူ႕ေကာင္းကြက္နဲ႔သူရိွေနတယ္လိုဆို႔ရမွာပါ။ အရင္ဆံုးေရြးခ်ယ္ရတာကေတာ့ လူနာရဲ႕အသက္အရြယ္အေပၚမူတည္ၿပီးေရြးခ်ယ္ရပါတယ္။ ကေလးငယ္ေတြ၊ ေဆးခဲေသာက္ဖို႔အခက္အခဲရိွသူေတြမွာေတာ့ ေဆးရည္ကပိုၿပီးအသံုးတည့္ပါလိမ့္မယ္။ ေဆးရည္ေကာေဆးခဲေကာေသာက္ဖို႔အခက္အခဲမရိွရင္ေတာ့ ႀကိဳက္ႏွစ္သက္ရာကိုေသာက္ႏိုင္ပါတယ္။ အခ်ဳိ႕ေဆးေတြကေတာ့ ခႏၶာကိုယ္ထဲကို ျမန္ျမန္ေရာက္မွအာနိသင္ျမန္ျမန္ရၿပီး ေရာဂါသက္သာေစႏိုင္တာမို႔ အရည္ကိုေသာက္ဖို႔တိုက္တြန္းတတ္ၾကပါတယ္။

ေဆးကိုေသာက္လိုက္ရင္ ခႏၶာကိုယ္ကစုပ္ယူရာမွာအလံုးအခဲအေနနဲ႔မစုပ္ႏိုင္ပါဘူး။ အရာယည္ျဖသ္သြားမွသာအူကေနတစ္ဆင့္စုပ္ႏိုင္ပါတယ္။ ဒါေၾကာင့္အရည္ကမ်ားေသာအားျဖင့္ပိုၿပီးထိေရာက္တတ္ပါတယ္။ သို႔ေသာ္အခ်ဳိ႕ေဆးေတြက ေသြးလည္ပတ္မႈထဲေရာက္ၿပီး ေျဖးေျဖးခ်င္းထြက္ေနဖို႔လိုတဲ့ေဆးေတြအေနနဲ႔ကေတာ့ အခဲေသာက္မွသာအဆင္ေျပပါလိမ့္မယ္။ အရည္ေသာက္ရင္ေတာ့ အူနဲ႔အနီးတစ္ဝိုက္ကအဂၤါအစိတ္အပိုင္းေတြမွာသာအာနိသင္ျပႏိုင္ၿပီး
အူနဲ႔ေဝးတဲ့အဆုတ္၊ ႏွလံုးစတဲ့ေနရာေတြကိုေတာ့ေဆးေရာက္တဲ့ပမာဏနည္းပါးႏိူင္ပါတယ္။

စမ္းသပ္ခ်က္ေတြအဆိုအရေတာ့ အရည္ေသာက္ရင္အူက90ရာခိုင္ႏႈန္းေလာက္စုပ္ယူႏိုင္ၿပီး။ အခဲကေတာ 50ရာခိုင္ႏႈန္းေလာက္ပဲစုပ္ယူႏိုင္တယ္လို႔ဆိုထားပါတယ္။ ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္တစ္ခုကေတာ့ enteric coating လို႔ေခၚတဲ့ အစာအိမ္ကacidဓာတ္ကိုခံႏိုင္ေအာင္ထုတ္ထားတဲ့ေဆးေတြ ကိုေတာ့ ႀကိတ္ၿပီးမေသာက္မိဖို႔လိုပါတယ္။ ႀကိတ္ေသာက္လိုက္ရင္ enteric coatingေတြပ်က္စီးသြားၿပီးအစာအိမ္ကacidကေခ်ဖ်က္တာခံရၿပီး လိုအပ္တဲ့ပမာဏမေရေတာ့ပဲေဆးမတိုးတာျဖစ္တတ္ပါတယ္။

အခဲလံုးဝမေသာက္တတ္ဘူး၊ အရည္လည္းေသာက္လို႔မရဘူးဆိုရင္ေတာ့ ႀကိတ္ၿပီးတိုက္လို႔ရပါတယ္။ enteric coatingပါတဲ့ေဆးမဟုတ္ရင္ေတာ့ အာနိသင္ကိုပ်က္စီးမႈမရိွပဲအျပည့္အဝရႏိုင္ပါတယ္။ ေလျဖတ္ထားတဲ့လူနာ၊ အာ႐ံုေၾကာအားနည္းၿပီးမ်ဳိခ်ဖို႔ခက္ေနတဲ့လူနာဆိုရင္ေတာ့ ႏွာေခါင္းပိုက္ကေနတ္းဆင့္ ေဆးကိုေခ်မႊၿပီးတိုက္လို႔ရပါတယ္။

အေရးႀကီးတာကေတာ့ ေဆးေသာက္နည္းမွန္ဖို႔လိုပါတယ္။ အရည္ေသာက္တာပိုေကာင္းလားအခဲေသာက္တာပိုေကာင္းလားဆိုတာေတာ့ သူ႕အားသာခ်က္နဲ႔သူရိွပါတယ္။ ေသာက္တဲ့နည္း လမ္းမွန္မွန္ကန္ကန္နဲ႔ တိတိက်က်ေသာက္မွသာအာနိသင္ျပည့္ဝစြာရၿပီး က်န္းမာေရးအတြက္အေထာက္အကူရမွာျဖစ္ပါတယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…