ကလေးငယ်များ အတွက် မနက်စာ၏ အရေးကြီးပုံ နှင့် ကလေးငယ်များ အတွက် လိုအပ်သော ကယ်လိုရီ

ကလေးများဟာ တစ်နေ့တာလုံး လန်းဆန်းပြီး တက်တက်ကြွကြွ ကစားနိုင်ဖို့၊ ကျောင်းမှာ ပျော်ရွှင်ဖို့၊ ပုံမှန် ကြီးထွားဖို့နဲ့ ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝတဲ့ မနက်စာက အရေးအကြီးဆုံး ဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကို မနက်စာ ပြည့်ပြည့်၀၀ မကျွေးဘဲ ကျောင်းမလွှတ်မိပါစေနဲ့။ ကျောင်းနေ အရွယ်ကလေးများဆို အလွန်အရေးကြီးပါတယ်။ သွေးထဲမှာ သကြားဓာတ် ပြည့်ဝနေမှ စာကိုသေချာ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်စာကို ဘုရင်လို စားသင့်တယ်လို့ရှေးလူကြီးများ မှာ ကြားခဲ့ ခြင်း ဖြစ်ပါတယ်။

ကလေးတွေဆိုရာမှာ တစ်နှစ် အထက် ကလေးများကို ပြောခြင်းဖြစ်ပါတယ်။ ၁ နှစ်အောက် ကလေးများကတော့ ဖြည့်စွက်စာ ကျွေးတဲ့ အရွယ်မို့ဒီမှာ ထည့်မပြောတော့ပါဘူး။ ပျမ်းမျှ ၁ နှစ် အထက် နှင့် မူလတန်း ကလေးများလို့ အကြမ်းမှတ်ယူနိုင်ပါတယ်။ ကလေးတွေဟာ ခန္တာကိုယ်ရော ဦးနှောက်ပါ ကြီးထွားဖို့ဖြိုးနေတာမို့ အာဟာရ ကလုံး၀ လျော့လို့မရပါဘူး။ ကလေးငယ်တစ်ယောက် ပုံမှန် ကြီးထွားဖို့အတွက်ဆိုရင် အာဟာရ၊ ပတ်ဝန်းကျင်၊ မိသားစု အားလုံး က တစ်စိတ်တစ်ပိုင်းက ပါဝင်နေပါတယ်။ အရာအားလုံးဟာ ကလေးငယ်အတွက် ကောင်းမွန်တဲ့ အခြေအနေ ရှိနေရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ပျော်ရွှင်ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက် ဖြစ်လာမှာပါ။

အာဟာရ အနေနဲ့တော့ ၁-၂ နှစ် ကလေးများဆို ၈၀၀ ကယ်လိုရီ ခန့်၊ ၂-၃ နှစ် ကလေးများဆို ၁၀၀၀ ကယ်လိုရီခန့်၊ ၄-၈ နှစ် ကလေးများဆို ၁၂၀၀-၁၄၀၀ ကယ်လိုရီခန့်နဲ့ ၉-၁၃ နှစ် ကလေးများဆို ၁၆၀၀-၂၀၀၀ ကယ်လိုရီ လိုအပ်ပါတယ်။ အကြမ်းဖျင်း ကယ်လိုရီ လိုအပ်ချက်ဖြစ်တဲ့ အတွက် ကလေး တစ်ယောက်နဲ့ တစ်ယောက် ကိုယ်အလေးချိန် နဲ့ ကိုယ်ကာယ လှုပ်ရှားမှု ရှိမရှိ ပေါ်မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။ ရေကတော့ ၅ နစ်အောက် ကလေးများဆို ၈၀၀ စီစီ ခန့်၊ ၅-၈ နှစ် ကလေးများဆို ၁ လီတာ၊ ၉-၁၂ နှစ် ကလေးများဆို ၁.၅ လီတာခန့်လိုအပ်ပါတယ်။ အစားအစာ အပြင် ရေကို ကြိုးစားပြီး သောက်ခိုင်းတဲ့ အကျင့်လေး မွေးမြူပေးသင့်ပါတယ်။

မနက်စာကတော့ အရေးအကြီးဆုံး ဖြစ်ရခြင်းကတော့ တစ်ညလုံး အိပ်ပြီးတဲ့ နောက်မှာ ကလေးတွေရဲ့သွေးထဲမှာ သကြားဓာတ် ကျနေပါပြီ။ မနက်နိုးလာတဲ့ အခါ အာဟာရ ပြည့်ဝတဲ့ မနက်စာကို ကျွေးခြင်းဖြင့် မိမိရင်သွေးကို တက်ကြွတဲ့ ကလေးငယ် အဖြစ် စတင်စေပါ။ ကျွေးသင့်တဲ့ မနက်စာကတော့- မဖြစ်မနေ ပါရမှာကတော့ နို့၁ ခွက်နဲ့ ကြက်ဥတစ်လုံးပါ။ ဒါတွေဟာ ကလေးကို ကြီးထွားဖို့၊ အသားဓာတ်၊ ကယ်လဆီယမ် နဲ့ လိုအပ်တဲ့ ဗီတာမင်တွေ ကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ကလေးနှစ်သက်တဲ့ စီရီယယ်၊ အုတ်၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဆန်ပြုတ်၊ ထမင်း စတာတွေ ဖြည့်ကျွေးပါ။ အသီး အနည်းငယ်ပါ ထည့်ကျွေးစေချင်ပါတယ်။ ဒီလို ပြည့်စုံတဲ့ အာဟာရ ဓာတ်တွေကို ရရှိထားမှ ကလေးဟာ တစ်နေ့တာကို အကောင်းဆုံး စတင်ပြီး ကျောင်းမှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် တက်ကြွ လန်းဆန်းပြီး အာရုံစူးစိုက်မှု ပိုကောင်းစေမှာ ဖြစ်ပါတယ်။

ရှောင်စေချင်တာကတော့ အပြင်စာတွေပါ။ တတ်နိုင်သမျှ လျှော့ကျွေးသင့်ပါတယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စတာတွေဟာ အချိုမှုန့်အသားမှုန့်တွေ ပါနိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ဆီကြော်တွေ ဖြစ်တဲ့ အီကြာကွေး ပလာတာနဲ့ အကြော်စုံတွေကို လည်း တတ်နိုင်သမျှ လျှော့ကျွေးတာ ကောင်းပါတယ်။ ကလေးငယ်ကို အသုပ်စုံတွေ ကျွေးတာမျိုးလည်း ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တာကြောင့်ပါ။ ဒီလို ဆိုရင်တော့ မိမိ ကလေးကို မနက်စာ ဘယ်လို ကျွေးသင့်လည်း ဆိုတဲ့ အကြမ်းဖြင်း Idea လေး ရသွားပြီး ဆောင်ရန်ရှောင်ရန် လေးတွေပါ သိသွားမယ် ထင်ပါတယ်။
ကျန်းမာပျော်ရွှင်သော ကလေးများ ဖြစ်ပါစေ။

Dr. Jamine
ကေလးငယ္မ်ား အတြက္ မနက္စာ၏ အေရးၾကီးပံု နွင့္ ကေလးငယ္မ်ား အတြက္ လိုအပ္ေသာ ကယ္လိုရီ

ကေလးမ်ားဟာ တစ္ေန ့တာလံုး လန္းဆန္းျပီး တက္တက္ၾကြၾကြ ကစားနိုင္ဖို ့၊ ေက်ာင္းမွာ ေပ်ာ္ရႊင္ဖို ့၊ ပံုမွန္ ၾကီးထြားဖို ့နဲ ့ က်န္းမာဖို ့အတြက္ အာဟာရ ျပည့္၀တဲ့ မနက္စာက အေရးအၾကီးဆံုး ျဖစ္ပါတယ္။ မိမိရဲ ့ ကေလးငယ္ကို မနက္စာ ျပည့္ျပည့္၀၀ မေကၽြးဘဲ ေက်ာင္းမလႊတ္မိပါေစနဲ ့။ ေက်ာင္းေန အရြယ္ကေလးမ်ားဆို အလြန္အေရးၾကီးပါတယ္။ ေသြးထဲမွာ သၾကားဓာတ္ ျပည့္၀ေနမွ စာကိုေသခ်ာ အာရုံစိုက္နိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မနက္စာကို ဘုရင္လို စားသင့္တယ္လို ့ေရွးလူၾကီးမ်ား မွာ ၾကားခဲ့ ျခင္း ျဖစ္ပါတယ္။

ကေလးေတြဆိုရာမွာ တစ္နွစ္ အထက္ ကေလးမ်ားကို ေျပာျခင္းျဖစ္ပါတယ္။ ၁ နွစ္ေအာက္ ကေလးမ်ားကေတာ့ ျဖည့္စြက္စာ ေကၽြးတဲ့ အရြယ္မို ့ဒီမွာ ထည့္မေျပာေတာ့ပါဘူး။ ပ်မ္းမွ် ၁ နွစ္ အထက္ နွင့္ မူလတန္း ကေလးမ်ားလို ့ အၾကမ္းမွတ္ယူနိုင္ပါတယ္။ ကေလးေတြဟာ ခႏၱာကိုယ္ေရာ ဦးေနွာက္ပါ ၾကီးထြားဖို ့ျဖိဳးေနတာမို ့ အာဟာရ ကလံုး၀ ေလ်ာ့လို ့မရပါဘူး။ ကေလးငယ္တစ္ေယာက္ ပံုမွန္ ၾကီးထြားဖို ့အတြက္ဆိုရင္ အာဟာရ၊ ပတ္၀န္းက်င္၊ မိသားစု အားလံုး က တစ္စိတ္တစ္ပိုင္းက ပါ၀င္ေနပါတယ္။ အရာအားလံုးဟာ ကေလးငယ္အတြက္ ေကာင္းမြန္တဲ့ အေျခအေန ရွိေနရင္ အေကာင္းဆံုး ျဖစ္ပါတယ္။ ဒါမွ ေပ်ာ္ရႊင္က်န္းမာျပီး ဥာဏ္ရည္ထက္ျမက္တဲ့ ကေလးတစ္ေယာက္ ျဖစ္လာမွာပါ။

အာဟာရ အေနနဲ ့ေတာ့ ၁-၂ နွစ္ ကေလးမ်ားဆို ၈၀၀ ကယ္လိုရီ ခန္ ့၊ ၂-၃ နွစ္ ကေလးမ်ားဆို ၁၀၀၀ ကယ္လိုရီခန္ ့၊ ၄-၈ နွစ္ ကေလးမ်ားဆို ၁၂၀၀-၁၄၀၀ ကယ္လိုရီခန္ ့နဲ ့ ၉-၁၃ နွစ္ ကေလးမ်ားဆို ၁၆၀၀-၂၀၀၀ ကယ္လိုရီ လိုအပ္ပါတယ္။ အၾကမ္းဖ်င္း ကယ္လိုရီ လိုအပ္ခ်က္ျဖစ္တဲ့ အတြက္ ကေလး တစ္ေယာက္နဲ ့ တစ္ေယာက္ ကိုယ္အေလးခ်ိန္ နဲ ့ ကိုယ္ကာယ လွုပ္ရွားမွု ရွိမရွိ ေပၚမူတည္ျပီး အနည္းငယ္ ကြာျခားနိုင္ပါတယ္။ ေရကေတာ့ ၅ နစ္ေအာက္ ကေလးမ်ားဆို ၈၀၀ စီစီ ခန္ ့၊ ၅-၈ နွစ္ ကေလးမ်ားဆို ၁ လီတာ၊ ၉-၁၂ နွစ္ ကေလးမ်ားဆို ၁.၅ လီတာခန္ ့လိုအပ္ပါတယ္။ အစားအစာ အျပင္ ေရကို ၾကိဳးစားျပီး ေသာက္ခိုင္းတဲ့ အက်င့္ေလး ေမြးျမဴေပးသင့္ပါတယ္။

မနက္စာကေတာ့ အေရးအၾကီးဆံုး ျဖစ္ရျခင္းကေတာ့ တစ္ညလံုး အိပ္ျပီးတဲ့ ေနာက္မွာ ကေလးေတြရဲ ့ေသြးထဲမွာ သၾကားဓာတ္ က်ေနပါျပီ။ မနက္နိုးလာတဲ့ အခါ အာဟာရ ျပည့္၀တဲ့ မနက္စာကို ေကၽြးျခင္းျဖင့္ မိမိရင္ေသြးကို တက္ၾကြတဲ့ ကေလးငယ္ အျဖစ္ စတင္ေစပါ။ ေကၽြးသင့္တဲ့ မနက္စာကေတာ့- မျဖစ္မေန ပါရမွာကေတာ့ နို ့၁ ခြက္နဲ ့ ၾကက္ဥတစ္လံုးပါ။ ဒါေတြဟာ ကေလးကို ၾကီးထြားဖို ့၊ အသားဓာတ္၊ ကယ္လဆီယမ္ နဲ ့ လိုအပ္တဲ့ ဗီတာမင္ေတြ ကို ရရွိေစနိုင္ပါတယ္။ ဒါ့အျပင္ ကေလးနွစ္သက္တဲ့ စီရီယယ္၊ အုတ္၊ ေပါင္မုန္ ့၊ ေခါက္ဆြဲ၊ ဆန္ျပဳတ္၊ ထမင္း စတာေတြ ျဖည့္ေကၽြးပါ။ အသီး အနည္းငယ္ပါ ထည့္ေကၽြးေစခ်င္ပါတယ္။ ဒီလို ျပည့္စံုတဲ့ အာဟာရ ဓာတ္ေတြကို ရရွိထားမွ ကေလးဟာ တစ္ေန ့တာကို အေကာင္းဆံုး စတင္ျပီး ေက်ာင္းမွာ ျဖစ္ျဖစ္၊ အိမ္မွာ ျဖစ္ျဖစ္ တက္ၾကြ လန္းဆန္းျပီး အာရုံစူးစိုက္မွု ပိုေကာင္းေစမွာ ျဖစ္ပါတယ္။

ေရွာင္ေစခ်င္တာကေတာ့ အျပင္စာေတြပါ။ တတ္နိုင္သမ်ွ ေလ်ွာ့ေကၽြးသင့္ပါတယ္။ မုန္ ့ဟင္းခါး၊ အုန္းနို ့ေခါက္ဆြဲ စတာေတြဟာ အခ်ိဳမွဳန္ ့အသားမွုန ့္ေတြ ပါနိုင္တဲ့ အတြက္ ျဖစ္ပါတယ္။ ဆီေၾကာ္ေတြ ျဖစ္တဲ့ အီၾကာေကြး ပလာတာနဲ ့ အေၾကာ္စံုေတြကို လည္း တတ္နိုင္သမ်ွ ေလ်ွာ့ေကၽြးတာ ေကာင္းပါတယ္။ ကေလးငယ္ကို အသုပ္စံုေတြ ေကၽြးတာမ်ိဳးလည္း ေရွာင္ပါ။ ၀မ္းပ်က္၀မ္းေလ်ွာ ျဖစ္တတ္တာေၾကာင့္ပါ။ ဒီလို ဆိုရင္ေတာ့ မိမိ ကေလးကို မနက္စာ ဘယ္လို ေကၽြးသင့္လည္း ဆိုတဲ့ အၾကမ္းျဖင္း Idea ေလး ရသြားျပီး ေဆာင္ရန္ေရွာင္ရန္ ေလးေတြပါ သိသြားမယ္ ထင္ပါတယ္။
က်န္းမာေပ်ာ္ရႊင္ေသာ ကေလးမ်ား ျဖစ္ပါေစ။

Dr. Jamine

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *