All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

တစ်ကိုယ်ရေ အာသာဖြေခြင်း၏ သိကောင်းစရာ …

1 Mins read

တစ်ကိုယ်ရေ အာသာဖြေခြင်း၏ သိကောင်းစရာ …

လူရယ်လို့ ဖြစ်လာသည်နှင့် လိင်မှုကိစ္စဆိုသည်မှာ ရှောင်လွဲရန်ခက်ခဲလွန်းသော အရာတစ်ခုပင်ဖြစ်သည် ။ ယခုခေတ်ကဲ့သို့ အစစ အရာရာပြောင်းလဲလာနေသော ခေတ်ကြီးတွင် လိင်နှင့်ပတ်သတ်သော ရုပ်ရှင်များ ဇာတ်လမ်းများ ၊အရာဝတ္ထုများ ၊ လိင်ဖျော်ဖြေရေး ပစ္စည်းများမှာ လွယ်လင့်တကူရနိုင်သည့်အခြေအနေဖြစ်လာနေပါပြီ ။

ယနေ့ပွင့်လင်းလာသည့် ခေတ်ကြီးတွင် တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုသည်မှ အဆန်းတကြယ် မဟုတ်တော့ပေ ။ တစ်ကိုယ်ရည် အာသာဖြေခြင်းသည် လူ့စိတ်သဘာဝအရ ပုံမှန်ဖြစ်ကြောင်း တွေ့ရှိလာပြီး မူမှန်သော အပြုအမူအဖြစ် လက်ခံလာကြပါပြီ ။ အရာတိုင်းတွင် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးသည်လဲ ဒွန်တွဲနေတတ်သည်မှာ ဓမ္မတာဖြစ်သည့်အလျောက် တစ်ကိုယ်ရည် အာသာဖြေခြင်းနည်းလမ်းတွင်လည်း လွဲမှားသည့်နည်းလမ်းများကြောင့် ဆိုးကျိုးများ ကြုံတွေ့နိုင်သည် ။

ဒီနေရာမှာ သာမာန်လုပ်နေကျ လက်နဲ့မျိုး မဟုတ်ဘဲ အပြားအချပ်တစ်ခုခု ၊ တစ်ကိုယ်ရည် အာသာဖြေရာတွင် သန့်ရှင်းမှုမရှိသော လုံခြုံစိတ်ချမှု မရှိသော ချွန်သော တုံးသော ပစ္စည်းများ သုံးခြင်း နောက်ပြီး လတ်တလောတွင် တစ်ကိုယ်ရည် အာသာဖြေရာတွင် အသုံးပြုလေ့ရှိသည့် sex toys များ ကျားအင်္ဂါ မအင်္ဂါအတုများ အသုံးပြုမှု တွင်ကျယ်လာခြင်းနှင့်အတူ မှန်ကန်စွာ အသုံးပြုနိုင်ရေးသည် အရေးပါလာသည် ။

img

1. ကျန်နေ ညပ်နေခြင်း

အများစုသော ပြသနာများတွင် လိင်အင်္ဂါအတွင်း ( မိန်းမကိုယ်အတွင်း စအိုအတွင်း လှုံ့ဆော်မှုအတွက် ထိုးသွင်းရာမှ ကျန်နေခြင်း ဖြုတ်မရခြင်းတို့ ဖြစ်စေနိုင်ပါတယ် ။ ပုံမှန်အားဖြင့် ကျားအင်္ဂါတုများ ဗိုင်ဗရေတာများဟုထင်ရသော်လည်း ဆေးရုံများမှ ဒေတာများအရ ဂျိုင်းလိမ်းဆေး roll on များ ၊ စပရေးဘူးများ ၊ ရမုတ်ကွန်ထရိုးများ ပါ ထုတ်ပေးခဲ့ရသည်ဟု ဆိုသည် ။ အများအားဖြင့် စအိုအတွင်းတွင် ကျန်နေခဲ့သည့်အတွက် ခွဲထုတ်ပေးရသည့် လူနာများမှာ ပိုများသည်ဟု သိရှိရသည် ။ ထို့အတွက် အသုံးပြုမည်ဆိုလျှင် အောက်ခြေအပြားကြီးကြီးပါသော သို့မဟုတ် ကြိုးပါသော အရာများကိုသာ အသုံးပြုသင့်သည် ။

2. အလွန်အကျွံအသုံးပြုခြင်း

ဗိုင်ဗရေတာကဲ့သို့ တုန်ခါမှုများသည့် လျှပ်စစ်ပစ္စည်းများကို မကြာခဏသုံးစွဲခြင်းသည် အလွန်တရာ နူးညံ့လှသည့် လိင်အင်္ဂါအစိတ်အပိုင်းများကို ထုံသွားစေနိုင်သည် ။ အင်ဒီးယားနားတက္ကသိုလ်မှ လေ့လာချက်တစ်ခုအရ ဗိုင်ဗရေတာ သုံးစွဲသော အမျိုးသမီး ငါးဦးလျှင် တစ်ဦးသည် ထုံကျဉ်မှုကို ခံစားရသည်ဟု တွေ့ရှိရသည် ။ ထို့အတွက် အသုံးပြုမည်ဆိုပါက တစ်နေရာတည်းတွင် တစ်သတ်မတ်တည်း အချိန်ကြာကြာ အသုံးမပြုဘဲ နေရာပြောင်းပေးသင့်ပါသည် ။

img2

3. ကျားအင်္ဂါကွင်းစွပ်ခြင်း ညှစ်ထားခြင်း

အမျိုးသားများတွင် လိင်တံကြာရှည်စွာ တောင်မတ်စေရန် အချိန်ကြာကြာ သုတ်ရည်ထိန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျားအင်္ဂါအရင်းတွင် တင်းနေစေရန် ကွင်းများစွပ်ခြင်း သားရေကွင်း စီးနှောင်ခြင်း ညှစ်ထားခြင်း တို့ကို လုပ်ဆောင်လေ့ရှိပါသည် ( လိင်အင်္ဂါတောင့်မတ်စေသည့် သွေးစီးဆင်းမှုကို ပိတ်လိုက်ခြင်း သဘောပင် ဖြစ်သည် ) ။ ဖြစ်လေ့ဖြစ်ထမရှိသော လည်းကြာရှည် စည်းထားခြင်းဖြင့် သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး သွေးကြောများ နာ့ဗ်ကြောများကို ဒဏ်ရာဖြစ်စေသလို ပုပ်သွားစေခြင်းကဲ့သို့ဖြစ်စေနိုင်သည် ။ သို့အတွက် အသုံးပြုချိန်တွင် အရက် ဘီယာ မူးယစ်သေစာ သောက်စားထားခြင်းမျုးိရှောင်ကြည်ပါ ။

4. သန့်ရှင်းရေး

Sex toys များ အတုများ သုံးစွဲပြီးသောအခါ သန့်ရှင်းရေး ပုံမှန်ပြုလုပ်ရန်လိုအပ်ပါသည် ။ အထူးသဖြင့် တစ်ဦးတစ်ယောက်ထဲမဟုတ်ဘဲ မျှဝေသုံးစွဲသောအခါ လိင်အင်္ဂါမှ အရည်များ ထိတွေ့မိရာမှ လိင်မှတင့် ကူးစက်သော ရောဂါများဖြစ်သည့် ကာလသားရောဂါ HIV အသည်းရောင် အသားဝါ ဘီပိုး စီပိုး အစရှိသည်တို့ ကူးစက်နိုင်ပါတယ် ။ ပုံမှန်သန့်ရှင်းရေးမလုပ်ဘဲ ထားပါက ဘက်တီးရီးယားများ မှိုများပေါက်ဖွားနိုင်ပြီး လိင်အင်္ဂါမှတဆင့် ခန္ဓာကိုယ်ကို ကူးစက်စေပါတယ် ။ သို့အတွက် ပုံမှန်ပ်ရည်ဖြင့် ဆေးကြောပေးချင်း လျှပ်စစ်ပါသော ပစ္စည်းများဖြစ်လျှင် သန့်စင်သော အဝတ်ဖြင့် ဆေးကြောပေးခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါတယ် ။

5. ဓာတ်မတည့်ခြင်း

Sex toys များ ပြုလုပ်သည့် ပစ္စည်းများဖြစ်သည့် ပလတ်စတစ်များ ရာဘာများ အာသာဖြေရာတွင် သုံးလေ့ရှိသည့် အလွယ်တကူရသော ချောဆီများအဖြစ် ( ဆပ်ပြာရည်များ လက်ဆေးရည်များ )သည် စမ်းသပ်ထားခြင်းမရှိသည့်အတွက် တချို့သော သူများတွင် အရေပြားဓာတ်မတည့်မှုရောဂါကိုဖြစ်စေနိုင်ပြီး ယားယံစေခြင်း အနီကွက်များထစေခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါသည် ။ တချို့သော ပစ္စည်းများတွင် phthalates ဓာတ်ပါဝင်နေပြီး ကင်ဆာဖြစ်ပွားစေသည့်ဓာတ်ဖြစ်ပါသည် ။ ထို့အတွက် အလွယ်တကူ မဝယ်ယူပဲ သေချာစစ်ဆေးရွေးချယ်ဝယ်ယူသင့်ပါတယ် ။

img4

6. အနေအထား

တချို့သောအမျိုးသားများသည် အာသာဖြေချိန်တွင် မှောက်လျက်အနေအထားဖြင့် ပြုလုပ်ခြင်းကြောင့် ကျားလိင်အင်္ဂါပေါ်တွင် ဖိအားပိုမိုများပြားစေကာ အနာတရဖြစ်စေနိုင်ပါတယ် ။ အခန့်မသင့်လျှင် လိင်တံကျိုးသည်အထိ ဖြစ်နိုင်ပါတယ် ။ ထို့အတွက် ထိုင်လျက်ဖြစ်စေ ၊ မတ်တပ်ရပ်၍ ဖြစ်စေပြုလုပ်သင့်ပါတယ် ။

ထို့အပြင် အကြိမ်အရေအတွက်များများ သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း အာသာဖြေခြင်းဟာ လိင်တံရဲ့အရေပြားကို ထိခိုက်ပွန်းပဲ့စေပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

တစ္ကိုယ္ေရ အာသာေျဖျခင္း၏ သိေကာင္းစရာ …

လူရယ္လို႔ ျဖစ္လာသည္ႏွင့္ လိင္မႈကိစၥဆိုသည္မွာ ေရွာင္လြဲရန္ခက္ခဲလြန္းေသာ အရာတစ္ခုပင္ျဖစ္သည္ ။ ယခုေခတ္က့ဲသို႔ အစစ အရာရာေျပာင္းလဲလာေနေသာ ေခတ္ႀကီးတြင္ လိင္ႏွင့္ပတ္သတ္ေသာ ႐ုပ္ရွင္မ်ား ဇာတ္လမ္းမ်ား ၊အရာဝတၳဳမ်ား ၊ လိင္ေဖ်ာ္ေျဖေရး ပစၥည္းမ်ားမွာ လြယ္လင့္တကူရႏိုင္သည့္အေျခအေနျဖစ္လာေနပါၿပီ ။

ယေန႔ပြင့္လင္းလာသည့္ ေခတ္ႀကီးတြင္ တစ္ကိုယ္ရည္ အာသာေျဖျခင္းဆိုသည္မွ အဆန္းတၾကယ္ မဟုတ္ေတာ့ေပ ။ တစ္ကိုယ္ရည္ အာသာေျဖျခင္းသည္ လူ႔စိတ္သဘာဝအရ ပံုမွန္ျဖစ္ေၾကာင္း ေတြ႕ရွိလာၿပီး မူမွန္ေသာ အျပဳအမူအျဖစ္ လက္ခံလာၾကပါၿပီ ။ အရာတိုင္းတြင္ ေကာင္းက်ဳိးရွိသက့ဲသို႔ ဆိုးက်ဳိးသည္လဲ ဒြန္တြဲေနတတ္သည္မွာ ဓမၼတာျဖစ္သည့္အေလ်ာက္ တစ္ကိုယ္ရည္ အာသာေျဖျခင္းနည္းလမ္းတြင္လည္း လြဲမွားသည့္နည္းလမ္းမ်ားေၾကာင့္ ဆိုးက်ိဳးမ်ား ၾကံဳေတြ႕ႏိုင္သည္ ။

ဒီေနရာမွာ သာမာန္လုပ္ေနက် လက္နဲ႔မ်ဳိး မဟုတ္ဘဲ အျပားအခ်ပ္တစ္ခုခု ၊ တစ္ကိုယ္ရည္ အာသာေျဖရာတြင္ သန္႔ရွင္းမႈမရွိေသာ လံုျခံဳစိတ္ခ်မႈ မရွိေသာ ခြ်န္ေသာ တံုးေသာ ပစၥည္းမ်ား သံုးျခင္း ေနာက္ၿပီး လတ္တေလာတြင္ တစ္ကိုယ္ရည္ အာသာေျဖရာတြင္ အသံုးျပဳေလ့ရွိသည့္ sex toys မ်ား က်ားအဂၤါ မအဂၤါအတုမ်ား အသံုးျပဳမႈ တြင္က်ယ္လာျခင္းႏွင့္အတူ မွန္ကန္စြာ အသံုးျပဳႏိုင္ေရးသည္ အေရးပါလာသည္ ။

img

1. က်န္ေန ညပ္ေနျခင္း

အမ်ားစုေသာ ျပသနာမ်ားတြင္ လိင္အဂၤါအတြင္း ( မိန္းမကိုယ္အတြင္း စအိုအတြင္း လႈံ့ေဆာ္မႈအတြက္ ထိုးသြင္းရာမွ က်န္ေနျခင္း ျဖဳတ္မရျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္ ။ ပံုမွန္အားျဖင့္ က်ားအဂၤါတုမ်ား ဗိုင္ဗေရတာမ်ားဟုထင္ရေသာ္လည္း ေဆးရံုမ်ားမွ ေဒတာမ်ားအရ ဂ်ဳိင္းလိမ္းေဆး roll on မ်ား ၊ စပေရးဘူးမ်ား ၊ ရမုတ္ကြန္ထ႐ိုးမ်ား ပါ ထုတ္ေပးခ့ဲရသည္ဟု ဆိုသည္ ။ အမ်ားအားျဖင့္ စအိုအတြင္းတြင္ က်န္ေနခ့ဲသည့္အတြက္ ခြဲထုတ္ေပးရသည့္ လူနာမ်ားမွာ ပိုမ်ားသည္ဟု သိရွိရသည္ ။ ထို႔အတြက္ အသံုးျပဳမည္ဆိုလွ်င္ ေအာက္ေျခအျပားႀကီးႀကီးပါေသာ သို႔မဟုတ္ ႀကိဳးပါေသာ အရာမ်ားကိုသာ အသံုးျပဳသင့္သည္ ။

2. အလြန္အကြ်ံအသံုးျပဳျခင္း

ဗိုင္ဗေရတာက့ဲသို႔ တုန္ခါမႈမ်ားသည့္ လွ်ပ္စစ္ပစၥည္းမ်ားကို မၾကာခဏသံုးစြဲျခင္းသည္ အလြန္တရာ ႏူးညံ့လွသည့္ လိင္အဂၤါအစိတ္အပိုင္းမ်ားကို ထံုသြားေစႏိုင္သည္ ။ အင္ဒီးယားနားတကၠသိုလ္မွ ေလ့လာခ်က္တစ္ခုအရ ဗိုင္ဗေရတာ သံုးစြဲေသာ အမ်ဳိးသမီး ငါးဦးလွ်င္ တစ္ဦးသည္ ထံုက်ဥ္မႈကို ခံစားရသည္ဟု ေတြ႕ရွိရသည္ ။ ထို႔အတြက္ အသံုးျပဳမည္ဆိုပါက တစ္ေနရာတည္းတြင္ တစ္သတ္မတ္တည္း အခ်ိန္ၾကာၾကာ အသံုးမျပဳဘဲ ေနရာေျပာင္းေပးသင့္ပါသည္ ။

img2

3. က်ားအဂၤါကြင္းစြပ္ျခင္း ညႇစ္ထားျခင္း

အမ်ဳိးသားမ်ားတြင္ လိင္တံၾကာရွည္စြာ ေတာင္မတ္ေစရန္ အခ်ိန္ၾကာၾကာ သုတ္ရည္ထိန္းႏိုင္ရန္ ရည္ရြယ္ခ်က္ျဖင့္ က်ားအဂၤါအရင္းတြင္ တင္းေနေစရန္ ကြင္းမ်ားစြပ္ျခင္း သားေရကြင္း စီးေႏွာင္ျခင္း ညႇစ္ထားျခင္း တို႔ကို လုပ္ေဆာင္ေလ့ရွိပါသည္ ( လိင္အဂၤါေတာင့္မတ္ေစသည့္ ေသြးစီးဆင္းမႈကို ပိတ္လိုက္ျခင္း သေဘာပင္ ျဖစ္သည္ ) ။ ျဖစ္ေလ့ျဖစ္ထမရွိေသာ လည္းၾကာရွည္ စည္းထားျခင္းျဖင့္ ေသြးစီးဆင္းမႈကို အဟန္႔အတားျဖစ္ေစႏိုင္ၿပီး ေသြးေၾကာမ်ား နာ့ဗ္ေၾကာမ်ားကို ဒဏ္ရာျဖစ္ေစသလို ပုပ္သြားေစျခင္းက့ဲသို႔ျဖစ္ေစႏိုင္သည္ ။ သို႔အတြက္ အသံုးျပဳခ်ိန္တြင္ အရက္ ဘီယာ မူးယစ္ေသစာ ေသာက္စားထားျခင္းမ်ဳးိေရွာင္ၾကည္ပါ ။

4. သန္႔ရွင္းေရး

Sex toys မ်ား အတုမ်ား သံုးစြဲၿပီးေသာအခါ သန္႔ရွင္းေရး ပံုမွန္ျပဳလုပ္ရန္လိုအပ္ပါသည္ ။ အထူးသျဖင့္ တစ္ဦးတစ္ေယာက္ထဲမဟုတ္ဘဲ မွ်ေဝသံုးစြဲေသာအခါ လိင္အဂၤါမွ အရည္မ်ား ထိေတြ႕မိရာမွ လိင္မွတင့္ ကူးစက္ေသာ ေရာဂါမ်ားျဖစ္သည့္ ကာလသားေရာဂါ HIV အသည္းေရာင္ အသားဝါ ဘီပိုး စီပိုး အစရွိသည္တို႔ ကူးစက္ႏိုင္ပါတယ္ ။ ပံုမွန္သန္႔ရွင္းေရးမလုပ္ဘဲ ထားပါက ဘက္တီးရီးယားမ်ား မိႈမ်ားေပါက္ဖြားႏိုင္ၿပီး လိင္အဂၤါမွတဆင့္ ခႏၶာကိုယ္ကို ကူးစက္ေစပါတယ္ ။ သို႔အတြက္ ပံုမွန္ပ္ရည္ျဖင့္ ေဆးေၾကာေပးခ်င္း လွ်ပ္စစ္ပါေသာ ပစၥည္းမ်ားျဖစ္လွ်င္ သန္႔စင္ေသာ အဝတ္ျဖင့္ ေဆးေၾကာေပးျခင္းတို႔ကို လုပ္ေဆာင္ေပးသင့္ပါတယ္ ။

5. ဓာတ္မတည့္ျခင္း

Sex toys မ်ား ျပဳလုပ္သည့္ ပစၥည္းမ်ားျဖစ္သည့္ ပလတ္စတစ္မ်ား ရာဘာမ်ား အာသာေျဖရာတြင္ သံုးေလ့ရွိသည့္ အလြယ္တကူရေသာ ေခ်ာဆီမ်ားအျဖစ္ ( ဆပ္ျပာရည္မ်ား လက္ေဆးရည္မ်ား )သည္ စမ္းသပ္ထားျခင္းမရွိသည့္အတြက္ တခ်ဳိ့ေသာ သူမ်ားတြင္ အေရျပားဓာတ္မတည့္မႈေရာဂါကိုျဖစ္ေစႏိုင္ၿပီး ယားယံေစျခင္း အနီကြက္မ်ားထေစျခင္းကို ျဖစ္ေပၚလာေစႏိုင္ပါသည္ ။ တခ်ဳိ႕ေသာ ပစၥည္းမ်ားတြင္ phthalates ဓာတ္ပါဝင္ေနၿပီး ကင္ဆာျဖစ္ပြားေစသည့္ဓာတ္ျဖစ္ပါသည္ ။ ထို႔အတြက္ အလြယ္တကူ မဝယ္ယူပဲ ေသခ်ာစစ္ေဆးေရြးခ်ယ္ဝယ္ယူသင့္ပါတယ္ ။

img4

6. အေနအထား

တခ်ဳိ့ေသာအမ်ဳိးသားမ်ားသည္ အာသာေျဖခ်ိန္တြင္ ေမွာက္လ်က္အေနအထားျဖင့္ ျပဳလုပ္ျခင္းေၾကာင့္ က်ားလိင္အဂၤါေပၚတြင္ ဖိအားပိုမိုမ်ားျပားေစကာ အနာတရျဖစ္ေစႏိုင္ပါတယ္ ။ အခန္႔မသင့္လွ်င္ လိင္တံက်ဳိးသည္အထိ ျဖစ္ႏိုင္ပါတယ္ ။ ထို႔အတြက္ ထိုင္လ်က္ျဖစ္ေစ ၊ မတ္တပ္ရပ္၍ ျဖစ္ေစျပဳလုပ္သင့္ပါတယ္ ။

ထို႔အျပင္ အႀကိမ္အေရအတြက္မ်ားမ်ား သို႔မဟုတ္ ၾကမ္းၾကမ္းတမ္းတမ္း အာသာေျဖျခင္းဟာ လိင္တံရဲ႕အေရျပားကို ထိခိုက္ပြန္းပ့ဲေစပါတယ္ ။

အားလံုးက်န္းမာၾကပါေစ

ေဒါက္ပီ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *