” ခွဲစိတ်မွေးဖွားပြီးတဲ့ ခွဲကြောင်းက အနာကျက်မြန်စေဖို့ “

ကလေးမွေးပြီးခါစအချိန်တွေမှာ ပြန်လည်ပြီး နာလန်ထူဖို့ ကြိုးစားရတာဟာ ကိုယ်ဝန်ဆောင်ကာလကြီးတစ်ခုလုံးထက်တောင် ပိုပြီး ဂရုစိုက်ရပါသေးတယ်တဲ့။ခွဲစိတ်ပြီးမွေးဖွားထားတဲ့ မေမေတို့အတွက်ကတော့ ပျမ်းမျှအားဖြင့် ၆ပတ်လောက်အထိကို အနာကျက်ဖို့ (ကလေးကို တစ်ဖက်မှာ ပြုစုရသလိုပဲ )ဂရုစိုက်ရပြန်ပါတယ်။ဒါကြောင့် အခုပြောပြမယ့် အချက်အလက်တွေက ခွဲစိတ်ပြီးစ အနာ/ခွဲရာ အတွက် ဂရုစိုက်ရမယ့် အချက်လေးတွေ ဖြစ်ပါတယ်။

1. သန့်ရှင်းစွာထားပါ

အနာကို နေ့စဉ်ဆေးကြောပေးဖို့ မမေ့ပါနဲ့။ အဝတ်စို ဒါမှမဟုတ် ရေဖတ်အဝတ် နဲ့ ဆေးကြောလို့ရပါတယ်။ အနာနေရာကို အတင်းဖိပွတ်တာမျိုးတော့လည်း မလုပ်ပါနဲ့။အဲဒါက အနာကျက်စေတဲ့ ဖြစ်စဉ်ကို ထိခိုက်စေလို့ပါ။ဆေးပြီးပြီဆိုရင်လည်း သွေ့ခြောက်စေတာ သွေ့အောင်အောင် သန့်တဲ့ အဝတ်နဲ့ တို့ သုတ်တာမျိုး လုပ်လို့ရပါတယ်။ပြီးတော့ ခဏလေး လေသလပ်အောင်ထားပေးပါ။ ခြောက်သွေ့သွားမှပဲ အပေါ်ကနေ dressing လုပ်တာ ၊ ပတ်တီးနဲ့ အုပ်တာကို ပြုလုပ်ပေးပါ။

Dressing လုပ်ထားတဲ့ ပတ်တီးက ညစ်ပေနေတာ စိုစွတ်နေတာရှိရင် အသစ်လဲလှယ်ပေးပါ။

ခွဲစိတ်ထားတဲ့ အနာနေရာက အတွင်းခံဝတ်တဲ့ ထိပ်ဆီးခုံပတ်လည်အရင်းလောက်မှာ ဖြစ်တဲ့ အတွက် ခွဲတဲ့နေရာကို အတွင်းခံနဲ့ ဒါမှမဟုတ် အထက်ဆင်နဲ့ ခပ်တင်းတင်းထိမိ ပွတ်မိတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် အတွင်းခံကို နဂိုဝတ်နေကျထက်ဆိုဒ်ပိုကြီးတာပွတာဝတ်ဖို့ ထဘီကိုခပ်လျော့လျော့ ဝတ်ဖို့က အဆင်ပြေစေတာဖြစ်ပါတယ်။

2. အနာကို ကောင်းမွန်စွာ ကျက်စေပါ

ခွဲထားတဲ့နေရာကို ကျန်းမာစွာနဲ့ အနာကျက်စေဖို့ ခန္ဓာကိုယ်ရဲ့ အနာကျက်ဖြစ်စဉ်ကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ အနာကျက်ဖို့က အချိန်တစ်ခုစောင့်ရပါတယ်။ စိတ်လောလို့ အလျင်လိုနေလို့လည်း မဖြစ်ပါဘူး။ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်ကပါ အနာကျက်ဖြစ်စဉ် အတွက် လုပ်ဆောင်ပေးနိုင်သမျှ လုပ်ဆောင်ရမှာပါ။ အိမ်သာတက်အလေးသွားရတဲ့အခါ အားစိုက်ရတာ ညှစ်ရတာမျိုးမှာ အခက်အခဲရှိနိုင်ပါတယ်၊ အနာကြောင့်ပါသလို stress ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်ပါတဲ့ အစာတွေစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်း ရေများများသောက်သုံးပေးခြင်းကလည်း နောက်တစ်ချက်ပါပဲ။

Vitamin A,D,E ပြီးတော့ zinc နဲ့ copper ဓာတ်အများဆုံးပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းက အနာကျက်ခြင်း ဖြစ်စဉ်ကို အထောက်အကူပေးပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ ကြိတ်ရည်တွေလည်း သောက်လို့ရပါသေးတယ်။ ဆရာဝန်က လိုအပ်ရင် ရောဂါပိုး မဝင်ရောက်စေရန် ပိုးသတ်ဆေး ပေးထားပါလိမ့်မယ်။

3.အနာတစ်ဝိုက်ကို အနားပေးနိုင်ဖို့ ကြိုးစားပါ။

Busy mommy တွေ အနေနဲ့ အပြင်ထွက်ရမယ် အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာတွေကလည်း ရှိနေပါသေးတယ်။ရုတ်တရက် ခန္ဓာကိုယ်ကို လိမ်ပြီးလှည့်လိုက်တာ ခန္ဓာကိုယ်ကို ဘေးစောင်းတာမျိုးတွေကို ဆင်ခြင်ဖို့ လိုပါတယ်။ကားမောင်းတာ တံမြက်စည်းလှည်းတာ ချက်ပြုတ်တာတွေ လုပ်ရင် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။မလုပ်ရင်ပိုကောင်းပါတယ်။

အဓိကကတော့ အနာတဝိုက်က tissue အသားစတွေကို ဆွဲဆန့်သလိုဖြစ်စေမယ့် လှုပ်ရှားမှုတွေကို မလုပ်မိဖို့ပါပဲ။ ရယ်တဲ့အခါ နှာချေတဲ့အခါ အလေးသွားလို့ ညှစ်တဲ့အခါတွေကို ဂရုစိုက်စေချင်တာပါ။ဗိုက်စည်းတစ်ခုခု ဝတ်ထားရင်လည်း အဆင်ပြေစေတာပေါ့။ လမ်းလျှောက်တဲ့အခါ ခါးကို ကောင်းမွန်တဲ့ good posture အနေအထား ရှိခြင်းကလည်း ခန္ဓာကိုယ်တွင်းကြွက်သားတွေကို ခါးကကြွက်သားတွေနဲ့ ထိန်းထားပေးပါတယ်။

ချစ်တင်းနှီးနှောမှုတွေကိုတော့ ခွဲစိတ်မွေးပြီး ၆ပတ်ကျော်ခန့်အထိ ကန့်သတ်ထားပါတယ်။ ပြီးတော့မှာ ကိုယ့် အနာကျက်ခြင်းပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ပုခက်အပါအဝင် သင့်ရင်သွေးလေးထက် လေးတဲ့ ဘယ်အရာကိုမှ မမပါနဲ့။ တခြားကျန်တဲ့ ကလေးတွေရဲ့ မနာလိုမှုတွေ မကျရောက်အောင်လည်း ဂရုစိုက်ပါ။ သူတို့တွေနဲ့ ရုပ်ရှင်အတူကြည့်တာ စာအုပ်ဖတ်ပြတာ သူတို့နဲ့အတူအိပ်စက်ခြင်းတို့က ပြေလည်စေမယ့်နည်းလမ်းတွေပါ။ ဒါသူတို့ရဲ့ မောင်လေး /ညီမလေးဖြစ်ကြောင်း သူတို့ရဲ့ ပိုင်ဆိုင်မှုတစ်ခု အဖြစ် တန်ဖိုးထားလာအောင် စည်းရုံးပေးပါ။

4. အနာနဲ့ ကစားပေးပါ။

အနာနဲ့ကစားပေးပါဆိုတာက တကယ်တော့ အနာနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ နဂိုအတိုင်း လှုပ်ရှားသွားလာမှုကို ရစေ ဖြစ်စေနိုင်ဖို့ပါ။ သွေးလှည့်ပတ်မှုကောင်းလာစေမယ်၊ အဲဒီအခါ သွေးလှည့်ပတ်မှုနဲ့ အတူ အနာကျက်စေမယ့် အာဟာရတွေကလည်း ပိုပြီး အထောက်အကူပြုစေမှာပါ။ ကြွက်သားတွေလှုပ်ရှားစေခြင်းကလည်း ဆဲလ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို ထွက်စေပါတယ်။ မွေးဖွားပြီးနောက် မိခင်တွေလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာလို့ရပါတယ်။ဒါပေမယ့် တစ်ချို့သော လေ့ကျင့်ခန်းတွေကိုတော့ ဗိုက်ခွဲမွေးထားတဲ့ မေမေတို့အတွက် ကန့်သတ်ထားပါတယ်။

the U.K.’s National Collaborating Centre for Women and Children’s health က ထုတ်ပြန်ထားတဲ့ the Clinical Guidelines အရ သာမန်လေ့ကျင့်ခန်းတွေကို ခွဲစိတ်မွေးဖွားပြီး ၁၀ပတ်အကြာအထိ ကန့်သတ်ထားပါတယ်။ ဒါပေမယ့် အတန်အသင့် လှုပ်လှုပ်ရှားရှားနေပေးခြင်းကလည်း အနာကျက်ဖို့ကောင်းမွန်စေတယ်ဆိုတာကို ဆရာဝန်တွေက အသေအချာ သိကြပါသေးတယ်။ဘယ်အချိန်မှာ လေ့ကျင့်ခန်းပြန်စရမလဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ရေကူးကန်ထဲ ဒိုင်ဗင်ပစ်ချလိုက်ဖို့ အထိ မလိုသေးပါဘူး။ပြေးစက်ပေါ်မှာ ဖြည်းဖြည်းချင်း နင်းပြေးခြင်းကလည်း အနာကျက်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

5.အနာလေး နေကောင်းပါစေ

ကလေးပိစိကွေးကို အရိပ်တကြည့်ကြည့် ကြည့်သလိုပဲ အနာကိုလည်း ဂရုစိုက်ပါ။ပြောင်းလဲမှု တစ်ခုခု ရှိတယ်ထင်ရင် ဆရာဝန်ကို တိုင်ပင်ပါ။

နောက်တစ်ခုက အနာတဝိုက်မှာ ထုံတာ နီရဲရောင်ရမ်းလာတာ ယားယံလာတာ သွေးစို့စို့ထွက်တာ စတာတွေကတော့ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် အဖျားကြီးတာ ရုတ်တရက်ဖောင်းတက်နီရဲပြီး အရည်ထွက်လာတာ ခြေထောက်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ အနီစင်းတွေ နာကျင်မှုတွေရောင်ရမ်းမှုတွေဖြစ်လာတဲ့အခါ မိန်းမကိုယ်က အနံ့ဆိုးဆိုးရွားရွားအရည်တွေဆင်းတာမျိုးမှာ ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

နောက်တစ်ခုက ခွဲရာနေရာက ပတ်တီးမှာ သွေးတွေအပြည့်စိုစွတ်လာတာ အမျိုးသမီးသုံး pad က နာရီပိုင်းအတွင်းမှာ စိုရွှဲလာတာ အနာချုပ်ရိုးက ပြဲထွက်လာတဲ့အခါ ပြင်းပြင်းထန်ထန် ဗိုက်အောင့်လာတဲ့အခါ အသက်ရှုကြပ်လာတဲ့အခါတွေမှာတော့ ဆေးကုသမှုကို ချက်ချင်း ခံယူသင့်ပါတယ်။

စိတ်ရှည်မှုလေးနဲ့ ဝီရိယလေးနဲ့ ဂရုတစိုက်လေးနေထိုင်ပေးရင် အနာကျက်တာမြန်ပြီး အနာဆိုတာ အတိတ်ရဲ့ အစိတ်အပိုင်းလေး ဖြစ်နေတော့မှာပါ။
ဒီခွဲကြောင်းရာလေးက သင်ပြုလုပ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလေးပါ။ ကိုယ်ဝန်ဆောင်ချိန်ရဲ့ နာကျင်မှု မဟုတ်ပါဘူး။ သင်ဟာ ချစ်ခြင်းမေတ္တာအတွက် ထူးခြားဆန်းကြယ်ခဲ့သူပါ။

#ခွန်းညိုသွေး

” ခြဲစိတ္ေမြးဖြားၿပီးတဲ့ ခြဲေၾကာင္းက အနာက်က္ျမန္ေစဖို႔ “

ကေလးေမြးၿပီးခါစအခ်ိန္ေတြမွာ ျပန္လည္ၿပီး နာလန္ထူဖို႔ ႀကိဳးစားရတာဟာ ကိုယ္ဝန္ေဆာင္ကာလႀကီးတစ္ခုလံုးထက္ေတာင္ ပိုၿပီး ဂ႐ုစိုက္ရပါေသးတယ္တဲ့။ခြဲစိတ္ၿပီးေမြးဖြားထားတဲ့ ေမေမတို႔အတြက္ကေတာ့ ပ်မ္းမွ်အားျဖင့္ ၆ပတ္ေလာက္အထိကို အနာက်က္ဖို႔ (ကေလးကို တစ္ဖက္မွာ ျပဳစုရသလိုပဲ )ဂ႐ုစိုက္ရျပန္ပါတယ္။ဒါေၾကာင့္ အခုေျပာျပမယ့္ အခ်က္အလက္ေတြက ခြဲစိတ္ၿပီးစ အနာ/ခြဲရာ အတြက္ ဂ႐ုစိုက္ရမယ့္ အခ်က္ေလးေတြ ျဖစ္ပါတယ္။

1. သန္႔ရွင္းစြာထားပါ

အနာကို ေန႔စဥ္ေဆးေၾကာေပးဖို႔ မေမ့ပါနဲ႔။ အဝတ္စို ဒါမွမဟုတ္ ေရဖတ္အဝတ္ နဲ႔ ေဆးေၾကာလို႔ရပါတယ္။ အနာေနရာကို အတင္းဖိပြတ္တာမ်ိဳးေတာ့လည္း မလုပ္ပါနဲ႔။အဲဒါက အနာက်က္ေစတဲ့ ျဖစ္စဥ္ကို ထိခိုက္ေစလို႔ပါ။ေဆးၿပီးၿပီဆိုရင္လည္း ေသြ႕ေျခာက္ေစတာ ေသြ႕ေအာင္ေအာင္ သန္႔တဲ့ အဝတ္နဲ႔ တို႔ သုတ္တာမ်ိဳး လုပ္လို႔ရပါတယ္။ၿပီးေတာ့ ခဏေလး ေလသလပ္ေအာင္ထားေပးပါ။ ေျခာက္ေသြ႕သြားမွပဲ အေပၚကေန dressing လုပ္တာ ၊ ပတ္တီးနဲ႔ အုပ္တာကို ျပဳလုပ္ေပးပါ။

Dressing လုပ္ထားတဲ့ ပတ္တီးက ညစ္ေပေနတာ စိုစြတ္ေနတာရွိရင္ အသစ္လဲလွယ္ေပးပါ။

ခြဲစိတ္ထားတဲ့ အနာေနရာက အတြင္းခံဝတ္တဲ့ ထိပ္ဆီးခံုပတ္လည္အရင္းေလာက္မွာ ျဖစ္တဲ့ အတြက္ ခြဲတဲ့ေနရာကို အတြင္းခံနဲ႔ ဒါမွမဟုတ္ အထက္ဆင္နဲ႔ ခပ္တင္းတင္းထိမိ ပြတ္မိတာမ်ိဳးလည္း ျဖစ္ႏိုင္တဲ့အတြက္ အတြင္းခံကို နဂိုဝတ္ေနက်ထက္ဆိုဒ္ပိုၾကီးတာပြတာဝတ္ဖို႔ ထဘီကိုခပ္ေလ်ာ့ေလ်ာ့ ဝတ္ဖို႔က အဆင္ေျပေစတာျဖစ္ပါတယ္။

2. အနာကို ေကာင္းမြန္စြာ က်က္ေစပါ

ခြဲထားတဲ့ေနရာကို က်န္းမာစြာနဲ႔ အနာက်က္ေစဖို႔ ခႏၶာကိုယ္ရဲ႕ အနာက်က္ျဖစ္စဥ္ကို ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။ အနာက်က္ဖို႔က အခ်ိန္တစ္ခုေစာင့္ရပါတယ္။ စိတ္ေလာလို႔ အလ်င္လိုေနလို႔လည္း မျဖစ္ပါဘူး။ခႏၶာကိုယ္ရဲ႕ အတြင္းေရာ အျပင္ကပါ အနာက်က္ျဖစ္စဥ္ အတြက္ လုပ္ေဆာင္ေပးႏိုင္သမွ် လုပ္ေဆာင္ရမွာပါ။ အိမ္သာတက္အေလးသြားရတဲ့အခါ အားစိုက္ရတာ ညႇစ္ရတာမ်ိဳးမွာ အခက္အခဲရွိႏိုင္ပါတယ္၊ အနာေၾကာင့္ပါသလို stress ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ဟင္းသီးဟင္းရြက္နဲ႔ အမွ်င္ဓာတ္ပါတဲ့ အစာေတြစားသံုးျခင္းျဖင့္ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ေရဓာတ္ျပည့္ဝေအာင္ ေနထိုင္ျခင္း ေရမ်ားမ်ားေသာက္သံုးေပးျခင္းကလည္း ေနာက္တစ္ခ်က္ပါပဲ။

Vitamin A,D,E ၿပီးေတာ့ zinc နဲ႔ copper ဓာတ္အမ်ားဆံုးပါဝင္တဲ့ အစားအစာေတြကို ေရြးခ်ယ္စားသံုးျခင္းက အနာက်က္ျခင္း ျဖစ္စဥ္ကို အေထာက္အကူေပးပါတယ္။ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးတဲ့ ဂ်င္း၊ ၾကက္သြန္ျဖဴ နဲ႔ ဟင္းသီးဟင္းရြက္ေတြရဲ႕ ႀကိတ္ရည္ေတြလည္း ေသာက္လို႔ရပါေသးတယ္။ ဆရာဝန္က လိုအပ္ရင္ ေရာဂါပိုး မဝင္ေရာက္ေစရန္ ပိုးသတ္ေဆး ေပးထားပါလိမ့္မယ္။

3.အနာတစ္ဝိုက္ကို အနားေပးႏိုင္ဖို႔ ႀကိဳးစားပါ။

Busy mommy ေတြ အေနနဲ႔ အျပင္ထြက္ရမယ္ အလုပ္လုပ္မွ ျဖစ္မယ္ဆိုတာေတြကလည္း ရွိေနပါေသးတယ္။႐ုတ္တရက္ ခႏၶာကိုယ္ကို လိမ္ၿပီးလွည့္လိုက္တာ ခႏၶာကိုယ္ကို ေဘးေစာင္းတာမ်ိဳးေတြကို ဆင္ျခင္ဖို႔ လိုပါတယ္။ကားေမာင္းတာ တံျမက္စည္းလွည္းတာ ခ်က္ျပဳတ္တာေတြ လုပ္ရင္ သတိထားဖို႔ လိုအပ္ပါလိမ့္မယ္။မလုပ္ရင္ပိုေကာင္းပါတယ္။

အဓိကကေတာ့ အနာတဝိုက္က tissue အသားစေတြကို ဆြဲဆန္႔သလိုျဖစ္ေစမယ့္ လႈပ္ရွားမႈေတြကို မလုပ္မိဖို႔ပါပဲ။ ရယ္တဲ့အခါ ႏွာေခ်တဲ့အခါ အေလးသြားလို႔ ညႇစ္တဲ့အခါေတြကို ဂ႐ုစိုက္ေစခ်င္တာပါ။ဗိုက္စည္းတစ္ခုခု ဝတ္ထားရင္လည္း အဆင္ေျပေစတာေပါ့။ လမ္းေလွ်ာက္တဲ့အခါ ခါးကို ေကာင္းမြန္တဲ့ good posture အေနအထား ရွိျခင္းကလည္း ခႏၶာကိုယ္တြင္းႂကြက္သားေတြကို ခါးကႂကြက္သားေတြနဲ႔ ထိန္းထားေပးပါတယ္။

ခ်စ္တင္းႏွီးေႏွာမႈေတြကိုေတာ့ ခြဲစိတ္ေမြးၿပီး ၆ပတ္ေက်ာ္ခန္႔အထိ ကန္႔သတ္ထားပါတယ္။ ၿပီးေတာ့မွာ ကိုယ့္ အနာက်က္ျခင္းေပၚမွာ မူတည္ၿပီး ေျပာင္းလဲႏိုင္လို႔ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ပုခက္အပါအဝင္ သင့္ရင္ေသြးေလးထက္ ေလးတဲ့ ဘယ္အရာကိုမွ မမပါနဲ႔။ တျခားက်န္တဲ့ ကေလးေတြရဲ႕ မနာလိုမႈေတြ မက်ေရာက္ေအာင္လည္း ဂ႐ုစိုက္ပါ။ သူတို႔ေတြနဲ႔ ႐ုပ္ရွင္အတူၾကည့္တာ စာအုပ္ဖတ္ျပတာ သူတို႔နဲ႔အတူအိပ္စက္ျခင္းတို႔က ေျပလည္ေစမယ့္နည္းလမ္းေတြပါ။ ဒါသူတို႔ရဲ႕ ေမာင္ေလး /ညီမေလးျဖစ္ေၾကာင္း သူတို႔ရဲ႕ ပိုင္ဆိုင္မႈတစ္ခု အျဖစ္ တန္ဖိုးထားလာေအာင္ စည္းရံုးေပးပါ။

4. အနာနဲ႔ ကစားေပးပါ။

အနာနဲ႔ကစားေပးပါဆိုတာက တကယ္ေတာ့ အနာနဲ႔ ပတ္ဝန္းက်င္ေနရာေတြမွာ နဂိုအတိုင္း လႈပ္ရွားသြားလာမႈကို ရေစ ျဖစ္ေစႏိုင္ဖို႔ပါ။ ေသြးလွည့္ပတ္မႈေကာင္းလာေစမယ္၊ အဲဒီအခါ ေသြးလွည့္ပတ္မႈနဲ႔ အတူ အနာက်က္ေစမယ့္ အာဟာရေတြကလည္း ပိုၿပီး အေထာက္အကူျပဳေစမွာပါ။ ႂကြက္သားေတြလႈပ္ရွားေစျခင္းကလည္း ဆဲလ္ထဲမွာရွိတဲ့ အညစ္အေၾကးေတြကို ထြက္ေစပါတယ္။ ေမြးဖြားၿပီးေနာက္ မိခင္ေတြလုပ္သင့္တဲ့ ေလ့က်င့္ခန္းေတြကို ေလ့လာလို႔ရပါတယ္။ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ ေလ့က်င့္ခန္းေတြကိုေတာ့ ဗိုက္ခြဲေမြးထားတဲ့ ေမေမတို႔အတြက္ ကန္႔သတ္ထားပါတယ္။

the U.K.’s National Collaborating Centre for Women and Children’s health က ထုတ္ျပန္ထားတဲ့ the Clinical Guidelines အရ သာမန္ေလ့က်င့္ခန္းေတြကို ခြဲစိတ္ေမြးဖြားၿပီး ၁၀ပတ္အၾကာအထိ ကန္႔သတ္ထားပါတယ္။ ဒါေပမယ့္ အတန္အသင့္ လႈပ္လႈပ္ရွားရွားေနေပးျခင္းကလည္း အနာက်က္ဖို႔ေကာင္းမြန္ေစတယ္ဆိုတာကို ဆရာဝန္ေတြက အေသအခ်ာ သိၾကပါေသးတယ္။ဘယ္အခ်ိန္မွာ ေလ့က်င့္ခန္းျပန္စရမလဲ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ေရကူးကန္ထဲ ဒိုင္ဗင္ပစ္ခ်လိုက္ဖို႔ အထိ မလိုေသးပါဘူး။ေျပးစက္ေပၚမွာ ျဖည္းျဖည္းခ်င္း နင္းေျပးျခင္းကလည္း အနာက်က္ေစဖို႔ အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။

5.အနာေလး ေနေကာင္းပါေစ

ကေလးပိစိေကြးကို အရိပ္တၾကည့္ၾကည့္ ၾကည့္သလိုပဲ အနာကိုလည္း ဂ႐ုစိုက္ပါ။ေျပာင္းလဲမႈ တစ္ခုခု ရွိတယ္ထင္ရင္ ဆရာဝန္ကို တိုင္ပင္ပါ။

ေနာက္တစ္ခုက အနာတဝိုက္မွာ ထုံတာ နီရဲေရာင္ရမ္းလာတာ ယားယံလာတာ ေသြးစို႔စို႔ထြက္တာ စတာေတြကေတာ့ ျဖစ္တတ္ပါတယ္။

ဒါေပမယ့္ အဖ်ားႀကီးတာ ႐ုတ္တရက္ေဖာင္းတက္နီရဲၿပီး အရည္ထြက္လာတာ ေျခေထာက္တစ္ဖက္ ဒါမွမဟုတ္ ႏွစ္ဖက္လံုးမွာ အနီစင္းေတြ နာက်င္မႈေတြေရာင္ရမ္းမႈေတြျဖစ္လာတဲ့အခါ မိန္းမကိုယ္က အနံ့ဆိုးဆိုးရြားရြားအရည္ေတြဆင္းတာမ်ိဳးမွာ ဆရာဝန္နဲ႔ တိုင္ပင္ျပသပါ။

ေနာက္တစ္ခုက ခြဲရာေနရာက ပတ္တီးမွာ ေသြးေတြအျပည့္စိုစြတ္လာတာ အမ်ိဳးသမီးသံုး pad က နာရီပိုင္းအတြင္းမွာ စိုရႊဲလာတာ အနာခ်ဳပ္႐ိုးက ၿပဲထြက္လာတဲ့အခါ ျပင္းျပင္းထန္ထန္ ဗိုက္ေအာင့္လာတဲ့အခါ အသက္႐ွဳၾကပ္လာတဲ့အခါေတြမွာေတာ့ ေဆးကုသမႈကို ခ်က္ခ်င္း ခံယူသင့္ပါတယ္။

စိတ္ရွည္မႈေလးနဲ႔ ဝီရိယေလးနဲ႔ ဂ႐ုတစိုက္ေလးေနထိုင္ေပးရင္ အနာက်က္တာျမန္ၿပီး အနာဆိုတာ အတိတ္ရဲ႕ အစိတ္အပိုင္းေလး ျဖစ္ေနေတာ့မွာပါ။
ဒီခြဲေၾကာင္းရာေလးက သင္ျပဳလုပ္ခဲ့တဲ့ ခ်စ္ျခင္းေမတၱာရဲ႕ သေကၤတေလးပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္ရဲ႕ နာက်င္မႈ မဟုတ္ပါဘူး။ သင္ဟာ ခ်စ္ျခင္းေမတၱာအတြက္ ထူးျခားဆန္းၾကယ္ခဲ့သူပါ။

#ခြန္းညိဳေသြး

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *