သားသားမီးမီးရရန် (သို့) ကလေးအတွက် အဖော်ရအောင် နောက်တစ်ယောက်ယူရန် စဉ်းစားနေပါသလား?
ချစ်တဲ့သူနှစ်ယောက်ပေါင်းဖက်လို့ အိမ်ထောင်မှုတစ်ခုရယ်လို့ ဖြစ်လာတဲ့အခါမှာ ရှိနေတဲ့ အချစ်တွေကိုပိုတိုးအောင် ကြိုးစားကြမှာ အမှန်ပါပဲ… ဒီလိုအခါမှာ ပြီးပြည့်စုံတဲ့ အိမ်ထာင်တစ်ခုဖြစ်ဖို့ သားသားမီးမီးရတနာလေးတွေကို မွေးဖွားမို့ ကြိုးစားကြပြန်ပီပေါ့…
အိမ်ထောင်ပြုဖို့ရာအတွက် စဉ်းစားခဲ့ကြသလို သားသားမီးမီးလေးတွေကို ယူဖို့ရာမှာလည်း စဉ်းစားချင့်ချိန်ကြမှာပါ… ဒါကြောင့် ကလေးယူရန် လိုအပ်မယ့် အချက်ကလေးတွေကို ပြောပြချင်ပါတယ်..
ကလေးယူဖို့အတွက် အသင့်ဖြစ်ပြီလား?
လင်မယားနှစ်ယောက်လုံးမှာ ကလေးယူဖို့ရန်အတွက် သေချာတဲ့ စိတ်ရှိနေဖို့လိုအပ်ပါတယ်…မဟုတ်ပါက မိမိအိမ်ထောင်ဖက်မှ တောင်းဆိုလို့သာ ကလေးယူလိုက်ရပေမယ့် စိတ်အနှောက်အယှက်တစ်ခုလိုဖြစ်ကာ အိမ်ထောင်ရေးမသာမယာ ဖြစ်တတ်ပါတယ်..ဒကြောင့် စိတ်တူကိုယ်တူဖြစ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်…
ကလေးယူဖို့အတွက် သေချာဆုံးဖြတ်ပီးရင်ဆိုရင်တော့…
မိမိပတ်ဝန်းကျင်မှ ကိုယ်ဝန်ဆောင်များ၊မိခင်များကို လေ့လာသင့်ပါတယ်…ဆောင်ရန် ရှောင်ရန်များကို သင်ယူရပါမယ်..
ကိုယ်ဝန်ဆောင်အတွက်လိုအပ်တဲ့အချက်တွေကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမယ်..
မိမိမှာ အခြားရောဂါ(သို့)ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားနိုင်တဲ့ ရောဂါ အစရှိတာတွေအတွက် ကြိုတင်ပြီး ကျန်းမာရေးစစ်ဆေးမှု-medical check up) လုပ်သင့်ပါတယ်
ယခင်ကလေး မယူရန် အသင့်မဖြစ်ခင်က ကိုယ်ဝန်တားဆေး၊ပစ္စည်း အစရှိတာတွေကအသုံးပြုခဲ့လျှင် ယခု ရပ်တန့်ရပါမယ်…
ကျန်ရှိနေသော ဆေးအာနိသင်မှ မိခင်(သို့) ကလေးကို ထိခိုက်နိုင်တာမို့ .. ဆေး၊ပစ္စည်းများ ရပ်တန့်ပြီး ရာသီသွေးပုံမှန်လာပြီးဆိုမှသာ ကိုယ်ဝန်ရရန် ကြိုးစားသင့်ပါတယ်
သင်ဟာ ယခင်က ဆေးလိပ်၊အရက်၊ကွမ်း အစရှိတာတွေသုံးစွဲပါက ယခုကိုယ်ဝန်ဆောင်တော့မယ့်အချိန်မှာ ရပ်တန့် သင့်ပါတယ်…ကိုယ်ဝန်ဆောင်နေစဉ် သုံးစွဲပါက ကိုယ်ဝန်ပျက်ကျခြင်း၊ကလေးစောမွေးခြင်း၊ကလေးပေါင်ချိန်မပြည့်ခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်…
မိမိဟာ အစားနည်းသူ(သို့)အစားရှောင်သူ ဖြစ်ပါက ဒီချိန်မှာ အာဟာရများတသော အစားအစာမှန်သမျှကို စားသုံးသင့်ပါတယ်.မိမိဟာ ငါးကြိုက်တဲ့သူဆိုပါက omega 3 ပါတဲ့ ငါးအမျိုးအစားကို ပိုမိုစားသုံးသင့်ပါတယ်..omega 3 သည် ကလေး၏ ဦးဏှောက်နှင့်မျက်စိအားကို ပိုမိုကောင်းစေတာကြောင့်ပါ….
တချို့အစားအသောက်များမှာ မိမိကြိုက်တတ်သောငြား ကိုယ်ဝန်ရရန် အဟန့်အတားဖြစ်သော(သို့) ထိခိုက်စေပါက ယခုတည်းက ရှောင်ကြဉ်သင့်ပါတယ်
ထိုပြင် မိမိမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်အချိုးအစား(BMI)ရှိအောင် ပြုလုပ်သင့်ပါတယ်..တချို့သော အမျိုးသမီးတွေမှာ ရှိသင့်တဲ့ BMIမရှိပါက ကိုယ်ဝန်ရရန် ခက်ခဲတတ်ပါတယ်…ဒါကြောင့် ကျန်းမာသန်စွမ်းသောခန္ဓာကိုယ်ဖြစ်အောင် လေ့ကျင့်ခန်းများကို တနေ့ မိနစ် သုံးဆယ်ခန့် ပြုလုပ်သင့်ပါတယ်..
မိမိပတ်ဝန်းကျင်တွင် ဓာတုပစ္စည်းများပြုလုပ်ရာနေရာရှိပါက.. (သို့) မိမိမှာ ထိုကဲ့သို့သော စက်ရုံအလုပ်ရုံမှာ လုပ်ပါက.. သင့်တင့်သော နေရာကို ပြောင်းရွှေ့လုပ်ကိုင်သင့်ပါတယ်.. ထိုပစ္စည်းများသည် ကိုယ်ဝန်ရရန်ခက်ခဲတတ်ပါတယ်..ကိုယ်ဝန်ရပြီးပါက ကလေးကို ထိခိုက်နိုင်ပါတယ်..
ဒီလိုအချက်တွေအပြင် ကိုယ်ဝန်ဆောင်ရန်၊မီးဖွားရန်အတွက် လိုအပ်သော ငွေကြေးကို ယခုတည်းက စုဆောင်းထားသင့်ပါတယ်..သို့မှသာ ကိုယ်ဝန်ပြခြင်း၊မိခင်နှင့်သန္ဓေသားတို့၏ ကျန်းမာရေး ပုံမှန် စစ်ဆေးခြင်း၊မီးဖွားပြီး မိခင်နှင့်ကလေး၏ ကျန်းမာရေးကို သေချာ ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်…
ထို့ပြင် ယခုထဲက မိမိတို့ မွေးဖွားလာမယ့် ကလေးအား မည်သို့ စောင်ရှောက်မည်၊ပြုစုပျိုးထောင်မည် အစရှိသည့် ရည်ရွယ်ချက်များ ထားသင့်ပါတယ်..ဒါမှသာ ပြီးပြည့်စုံတဲ့ အိမ်ထောင်မှု တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်…
သာယာလှပတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုလျက်…
ပိုင်နီမောင်