ကလေးမွေးဖွားရ လွယ်ကူစေသော နည်းလမ်းများ

ယောဂ လေ့ကျင့်ခန်း

လေ့ကျင့်ခန်းများစွာထဲကမှ ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ဝန်ဆောင်တွေ အတွက် ဘာလို့ သင့်တော်သလဲဆိုတာကို ဗြိတိန် ကလေးမွေးဖွားနည်း သင်ကြားပြသသူ ဂျနက် ဘလက်စကာ Janet Balaska က အခုလို ရှင်းပြထားပါတယ် ။“ယောဂကျင့်စဉ်ဟာ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ခန္ဓာကိုယ်ကို အနေအထားမှန်အောင်ပြင်ဆင်ပေးပါတယ် ။ယောဂကျင့်စဉ်မှာပါတဲ့ မတ်တပ်ရပ်ခြင်း ၊ဒူးထောက်ခြင်း ၊ဆောင့်ကြောင့်ထိုင်ခြင်း စတာတွေဟာ တင်ပါးဆုံက ကြွက်သားတွေကို ပြေလျော့စေပြီး ကလေးမွေးဖို့ ကလေးမွေးလမ်းကြောင်းကနေ ဆင်းလာတဲ့နေရာမှာ လွယ်ကူစေပါတယ် ။”

ဒါ့အပြင် ယောဂကျင့်စဉ်မှာပါတဲ့ အသက်ရှူလေ့ကျင့်ခန်းဟာ ကလေးမီးဖွားစဉ်မှာလည်း နာကျင်မှုသက်သာအောင် ထောက်ကူပေးပါတယ် ။

နှိပ်နယ်ခြင်း

တတ်ကျွမ်းတဲ့ အနှိပ်ဆရာများက နှိပ်နယ်ပေးခြင်းဖြင့် ကလေးမီးဖွားရာမှာ တောင့်တင်းတတ်တဲ့ ကြွက်သားတွေကို ပြေလျော့စေခြင်းဖြင့် ကလေးမွေးဖွားရ လွယ်ကူ စေနိုင်ပါတယ် ။

ဒါ့အပြင် ကလေးမွေးဖွားစဉ် မိမိတို့ရဲ့ ခင်ပွန်းအမျိုးသားတို့က ကြင်နာစွာ လက်ကိုကိုင်ခြင်း ခေါင်းကလေးပုတ်ခြင်း စတဲ့ ချစ်ကြည်နူးဖွယ်အတိနဲ့ အထိအတွေ့အကိုင်အတွယ်များသည် ကိုယ်ဝန်ဆောင် မိခင်တွေမှာ အောက်ဆီတိုစင်ဆိုတဲ့ ဟော်မုန်းဓာတ်တွေကို ထွက်စေကာ သားအိမ်ညှစ်အားကို ပိုကောင်းစေကာ ကလေးမွေးဖွားမှုကို လွယ်ကူ လျင်မြန်စေပါတယ် ။

အိပ်မွေ့ချနည်း

တချို့တွေက နာမှာ အရမ်းလည်းကြောက်တယ် ။ရိုးရိုးလည်း မွေးချင်တယ်။ ဒါမျိုးဆိုရင် အိပ်မွေ့ချကုထုံးနဲ့ စိတ်ရော ကြွက်သားတွေပါ ပြေလျော့အောင် လေ့ကျင့် ပေးလို့ ရတယ်လို့ ဆိုကြပါတယ် ။ဒါကတော့ စမ်းသပ်ဆဲ အဆင့်ပဲ ရှိပါသေးတယ် ။

ကလေးခေါင်းအနေအထားပြင်ဆင်ခြင်း Optimal fetal positioning

ကလေးမွေးဖွားရမှာ လွယ်ကူ ချောမွေ့တဲ့ ကလေးဦးခေါင်းအနေအထား သည် ကလေးရဲ့ နောက်စေ့သည် အမေရဲ့ မြှီးညှောင့်ရိုးနဲ့ ဆန့်ကျန်ရာကို ဦးတည် ထားတဲ့အနေအထားပဲ ဖြစ်ပါတယ် ။တကယ်လို့ ကလေးနောက်စေ့သည် အမေရဲ့ မြှီးညှောင့်ရိုးဘက် ဦးတည်နေရင် ကိုယ်ဝန် ၃၄ပတ်မှစပြီး တစ်နေ့ရင် နာရီဝက်နှစ်ကြိမ် ခန့် ရှေ့ကို အနည်းငယ်ကုန်းပြီး မတ်မတ်ထိုင်သင့်ပါတယ် ။အဲ့လိုထိုင်ရင် ကလေးဦး ခေါင်းသည် မွေးဖွားရာတွင် လွယ်ကူစေတဲ့ အနေအထားကို ပြန်လည်သွားတတ်ပါတယ်

Kegel’s Exercise ကီးလ်ဂဲလ် လေ့ကျင့်ခန်း

ကိုယ်ဝန်ဆောင်သည်တွေ အနေနဲ့ ကီးလ်ဂဲလ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လည်း မွေးဖွားရမှာ လွယ်ကူစေတယ်လို့ ဆိုကြပါတယ် ။ဝမ်းညှစ်သလို မွေးလမ်း ကြောင်းရှိ ကြွက်သားတွေကို လေ့ကျင့်ပေးလို့ရပါတယ်။ တစ်ခါညှစ်ရင် ၁ကနေ ၂၀ အထိ ရေပြီး ကျင့်ပါ ။

အပူ အအေး ကပ်ခြင်း

နာကျင်နေတဲ့ ဗိုက်နေရာကို အပူအအေး ကပ်ပေးခြင်းဖြင့်လည်း ကြွက်သား တွေကို ပြေလျော့စေကာ နာကျင်မှုကို သက်သာစေပါတယ် ။

Doula ဒူလာ ၊ကလေးမီးဖွားရာတွင် ကူညီပေးတဲ့သူများ

နိုင်ငံခြားတိုင်းပြည်မှာတော့ ဒူလာများ ရှိပါတယ် ။သူတို့က ကလေးမွေးဖွားစဉ်မှာ ဘေးကနေပြီး အသက်ကို ဘယ်လိုရှုသွင်း ရှုထုတ်လုပ်ရမလဲ ၊ဘယ်လို အာရုံစူးစိုက်ထားရမလဲ ၊မွေးလမ်းကြောင်းရှိ ကြွက်သားတွေကို ဘယ်လိုညှစ်ရမလဲ စသဖြင့်ညွှန်ကြားပြီး ကူညီပေးကြပါတယ် ။

ခေတ်သစ် ဇီဝက

ကေလးေမြးဖြားရ လြယ္ကူေစေသာ နည္းလမ္းမ်ား

ေယာဂ ေလ့က်င့္ခန္း

ေလ့က်င့္ခန္းမ်ားစြာထဲကမွ ေယာဂေလ့က်င့္ခန္းဟာ ကိုယ္၀န္ေဆာင္ေတြ အတြက္ ဘာလိို႕ သင့္ေတာ္သလဲဆိုတာကို ျဗိတိန္ ကေလးေမြးဖြားနည္း သင္ႀကားျပသသူ ဂ်နက္ ဘလက္စကာ Janet Balaska က အခုလို ရွင္းျပထားပါတယ္ ။“ေယာဂက်င့္စဥ္ဟာ ကိုယ္၀န္ေဆာင္မိခင္မ်ားရဲ႕ ခႏၶာကိုယ္ကို အေနအထားမွန္ေအာင္ျပင္ဆင္ေပးပါတယ္ ။ေယာဂက်င့္စဥ္မွာပါတဲ့ မတ္တပ္ရပ္ျခင္း ၊ဒူးေထာက္ျခင္း ၊ေဆာင့္ေႀကာင့္ထိုင္ျခင္း စတာေတြဟာ တင္ပါးဆုံက ႀကြက္သားေတြကို ေျပေလ်ာ႕ေစျပီး ကေလးေမြးဖုိ႕ ကေလးေမြးလမ္းေႀကာင္းကေန ဆင္းလာတဲ့ေနရာမွာ လြယ္ကူေစပါတယ္ ။”

ဒါ့အျပင္ ေယာဂက်င့္စဥ္မွာပါတဲ့ အသက္ရွဴေလ့က်င့္ခန္းဟာ ကေလးမီးဖြားစဥ္မွာလည္း နာက်င္မႈသက္သာေအာင္ ေထာက္ကူေပးပါတယ္ ။

ႏွိပ္နယ္ျခင္း

တတ္ကြ်မ္းတဲ့ အႏွိပ္ဆရာမ်ားက ႏွိပ္နယ္ေပးျခင္းျဖင့္ ကေလးမီးဖြားရာမွာ ေတာင့္တင္းတတ္တဲ့ ႀကြက္သားေတြကို ေျပေလ်ာ႕ေစျခင္းျဖင့္ ကေလးေမြးဖြားရ လြယ္ကူ ေစႏိုင္ပါတယ္ ။

ဒါ့အျပင္ ကေလးေမြးဖြားစဥ္ မိမိတို႕ရဲ႕ ခင္ပြန္းအမ်ိဳးသားတို႕က ႀကင္နာစြာ လက္ကိုကိုင္ျခင္း ေခါင္းကေလးပုတ္ျခင္း စတဲ့ ခ်စ္ႀကည္ႏူးဖြယ္အတိနဲ႕ အထိအေတြ႕အကိုင္အတြယ္မ်ားသည္ ကိုယ္၀န္ေဆာင္ မိခင္ေတြမွာ ေအာက္ဆီတိုစင္ဆိုတဲ့ ေဟာ္မုန္းဓာတ္ေတြကို ထြက္ေစကာ သားအိမ္ညွစ္အားကို ပိုေကာင္းေစကာ ကေလးေမြးဖြားမႈကို လြယ္ကူ လ်င္ျမန္ေစပါတယ္ ။

အိပ္ေမြ႕ခ်နည္း

တခ်ိဳ႕ေတြက နာမွာ အရမ္းလည္းေႀကာက္တယ္ ။ရုိးရုိးလည္း ေမြးခ်င္တယ္။ ဒါမ်ိဳးဆိုရင္ အိပ္ေမြ႕ခ်ကုထုံးနဲ႕ စိတ္ေရာ ႀကြက္သားေတြပါ ေျပေလ်ာ႕ေအာင္ ေလ့က်င့္ ေပးလို႕ ရတယ္လို႕ ဆိုႀကပါတယ္ ။ဒါကေတာ့ စမ္းသပ္ဆဲ အဆင့္ပဲ ရွိပါေသးတယ္ ။

ကေလးေခါင္းအေနအထားျပင္ဆင္ျခင္း Optimal fetal positioning

ကေလးေမြးဖြားရမွာ လြယ္ကူ ေခ်ာေမြ႕တဲ့ ကေလးဦးေခါင္းအေနအထား သည္ ကေလးရဲ႕ ေနာက္ေစ့သည္ အေမရဲ႕ ျမီွးေညွာင့္ရိုးနဲ႕ ဆန္႕က်န္ရာကို ဦးတည္ ထားတဲ့အေနအထားပဲ ျဖစ္ပါတယ္ ။တကယ္လို႕ ကေလးေနာက္ေစ့သည္ အေမရဲ႕ ျမွီီးေညွာင့္ရုိးဘက္ ဦးတည္ေနရင္ ကိုယ္၀န္ ၃၄ပတ္မွစျပီး တစ္ေန႕ရင္ နာရီ၀က္ႏွစ္ႀကိမ္ ခန္႕ ေရွ႕ကို အနည္းငယ္ကုန္းျပီး မတ္မတ္ထိုင္သင့္ပါတယ္ ။အဲ့လိုထုိင္ရင္ ကေလးဦး ေခါင္းသည္ ေမြးဖြားရာတြင္ လြယ္ကူေစတဲ့ အေနအထားကို ျပန္လည္သြားတတ္ပါတယ္

Kegel’s Exercise ကီးလ္ဂဲလ္ ေလ့က်င့္ခန္း

ကိုယ္၀န္ေဆာင္သည္ေတြ အေနနဲ႕ ကီးလ္ဂဲလ္ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ လည္း ေမြးဖြားရမွာ လြယ္ကူေစတယ္လို႕ ဆိုႀကပါတယ္ ။၀မ္းညွစ္သလို ေမြးလမ္း ေႀကာင္းရွိ ႀကြက္သားေတြကို ေလ့က်င့္ေပးလို႕ရပါတယ္။ တစ္ခါညွစ္ရင္ ၁ကေန ၂၀ အထိ ေရျပီး က်င့္ပါ ။

အပူ အေအး ကပ္ျခင္း

နာက်င္ေနတဲ့ ဗိုက္ေနရာကို အပူအေအး ကပ္ေပးျခင္းျဖင့္လည္း ႀကြက္သား ေတြကို ေျပေလ်ာ႕ေစကာ နာက်င္မႈကို သက္သာေစပါတယ္ ။

Doula ဒူလာ ၊ကေလးမီးဖြားရာတြင္ ကူညီေပးတဲ့သူမ်ား

ႏိုင္ငံျခားတိုင္းျပည္မွာေတာ့ ဒူလာမ်ား ရွိပါတယ္ ။သူတို႕က ကေလးေမြးဖြားစဥ္မွာ ေဘးကေနျပီး အသက္ကို ဘယ္လိုရွဳသြင္း ရွဳထုတ္လုပ္ရမလဲ ၊ဘယ္လို အာရုံစူးစုိက္ထားရမလဲ ၊ေမြးလမ္းေႀကာင္းရွိ ႀကြက္သားေတြကို ဘယ္လိုညွစ္ရမလဲ စသျဖင့္ညႊန္ႀကားျပီး ကူညီေပးႀကပါတယ္ ။

ေခတ္သစ္ ဇီ၀က

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *