မွေးကင်းစကလေးခေါင်းရိတ်သင့် မရိတ်သင့်?

မွေးကင်းစကလေးငယ်တွေရဲ့ ဆံပင်ကိုရိတ်ပေးရတယ်ဆိုတဲ့ အယူအဆ လူတော်တော်များများမှာရှိပါတယ်။ အများစုကတော့ ရိုးရာဓလေ့ကြောင့်ပါပဲ။ အချို့ကလည်း ကလေးရဲ့မွေးဆံပင်ကိုရိတ်ပစ်မှ ဆံပင်ပိုသန်မယ် ဆံပင်ပိုထူမယ်လို့ ဆိုကြပြန်ပါတယ်။ အချို့မိဘတွေကတော့ ဒီအယူအဆတွေကို မယုံကြပါဘူး။

တကယ်တော့ ဆံပင်ဆိုတာ ဦးရေပြားရဲ့အောက်မှာရှိတဲ့ Hair follicle ကနေတစ်ဆင့်ပေါက်လာတာပါ။ ဒီတော့ပြင်ပဦးရေပြားအပြင်မှာရှိနေတဲ့ ဆံပင်ကိုရိတ်ခြင်းဟာ မွေးညှင်းအိတ်( Hair Follicle )ကနေထွက်လာတဲ့ ဆံပင်ကိုဘာသက်ရောက်မှုမှ မဖြစ်စေပါဘူး။ ဒီတော့ ကလေးခေါင်းကိုရိတ်မှ ကလေးဆံပင်သန်တယ်ဆိုတာ မဟုတ်ပါဘူး။ ဆံပင်သန်မှု၊မသန်မှုဟာ မျိုးဗီဇ(gene)နဲ့ပဲဆိုင်ပါတယ်။

ကလေးရဲ့မွေးဆံပင်နုနုကလေးတွေဟာ သုံးလကနေ ခုနစ်လကြားမှာ စတင်ပြောင်းလဲပါတယ်။ ကျွတ်သင့်တဲ့ဆံပင်ကျွတ်ပါတယ်။ ကလေးအသက်နှစ်နှစ်လောက်မှာတော့ နူးညံ့ပါးလွှာတဲ့ မွေးဆံပင်နေရာမှာ ထူထဲပြီးသန်မာတဲ့ ဆံပင်တွေအစာဒထိုးနေပါပြီ။

ဒါကြောင့် ကလေးရဲ့ဆံပင်ကိုရိတ်ခြင်းဟာ ဘာမှထူးပြီး အကျိုးကျေးဇူးမပေးပါဘူး။ ကလေးရဲ့ဆံပင်သန်မှုဟာ ဦးရေပြားအောက်က Hair follicle တွေနဲ့ပဲဆိုင်ပါတယ်။ ပြီးတော့ အစာအာဟာရပြည့်စုံမှုနဲ့လည်း ဆိုင်ပါတယ်။

နောက်အရေးကြီးတဲ့အချက်ကတော့ ကလေးခေါင်းရိတ်ခြင်းရဲ့ ဆိုးကျိုးတစ်ခုပါ။ ကလေးရဲ့ခေါင်းဟာ မွေးခါစမှာ အင်မတန်နူးညံ့ပါတယ်။ သူ့ရဲ့ဦးခေါင်းခွံဟာ အပြည့်မဆက်သေးတဲ့အတွက် ငယ်ထိပ်မှာ Fontanelle လို့ခေါ်တဲ့ လှုပ်နေတဲ့နေရာလေးလည်းရှိပါတယ်။ ကလေးခေါင်းကိုရိတ်ရင် အဲဒီနေရာတွေ ထိခိုက်မိနိုင်ပါတယ်။ သွေးထွက်ခြင်း၊ အနာတရဖြစ်ခြင်းကနေ နုနယ်တဲ့ကလေးကို ပိုးဝင်ခြင်းထိဖြစ်စေနိုင်ပြီး မလိုလားအပ်တဲ့အန္တရာယ်တွေရှိစေပါတယ်။

ဒါကြောင့် မွေးကင်းစကလေးတွေရဲ့ ဆံပင်ကို ရိတ်ဖို့မလိုအပ်ပါဘူး။ သန့်ရှင်းကျန်းမာမှုအတွက်တော့ ကလေးငယ်ရဲ့ဦးခေါင်းနဲ့ဆံပင်ကို ပုံမှန်သန့်စင်ပေးဖို့ပဲလိုအပ်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ေမြးကင္းစကေလးေခါင္းရိတ္သင့္ မရိတ္သင့္?

ေမြးကင္းစကေလးငယ္ေတြရဲ႕ ဆံပင္ကိုရိတ္ေပးရတယ္ဆိုတဲ့ အယူအဆ လူေတာ္ေတာ္မ်ားမ်ားမွာရွိပါတယ္။ အမ်ားစုကေတာ့ ႐ိုးရာဓေလ့ေၾကာင့္ပါပဲ။ အခ်ိဳ႕ကလည္း ကေလးရဲ႕ေမြးဆံပင္ကိုရိတ္ပစ္မွ ဆံပင္ပိုသန္မယ္ ဆံပင္ပိုထူမယ္လို႔ ဆိုၾကျပန္ပါတယ္။ အခ်ိဳ႕မိဘေတြကေတာ့ ဒီအယူအဆေတြကို မယုံၾကပါဘူး။

တကယ္ေတာ့ ဆံပင္ဆိုတာ ဦးေရျပားရဲ႕ေအာက္မွာရွိတဲ့ Hair follicle ကေနတစ္ဆင့္ေပါက္လာတာပါ။ ဒီေတာ့ျပင္ပဦးေရျပားအျပင္မွာရွိေနတဲ့ ဆံပင္ကိုရိတ္ျခင္းဟာ ေမြးညႇင္းအိတ္( Hair Follicle )ကေနထြက္လာတဲ့ ဆံပင္ကိုဘာသက္ေရာက္မႈမွ မျဖစ္ေစပါဘူး။ ဒီေတာ့ ကေလးေခါင္းကိုရိတ္မွ ကေလးဆံပင္သန္တယ္ဆိုတာ မဟုတ္ပါဘူး။ ဆံပင္သန္မႈ၊မသန္မႈဟာ မ်ိဳးဗီဇ(gene)နဲ႔ပဲဆိုင္ပါတယ္။

ကေလးရဲ႕ေမြးဆံပင္ႏုႏုကေလးေတြဟာ သုံးလကေန ခုနစ္လၾကားမွာ စတင္ေျပာင္းလဲပါတယ္။ ကြၽတ္သင့္တဲ့ဆံပင္ကြၽတ္ပါတယ္။ ကေလးအသက္ႏွစ္ႏွစ္ေလာက္မွာေတာ့ ႏူးညံ့ပါးလႊာတဲ့ ေမြးဆံပင္ေနရာမွာ ထူထဲၿပီးသန္မာတဲ့ ဆံပင္ေတြအစာဒထိုးေနပါၿပီ။

ဒါေၾကာင့္ ကေလးရဲ႕ဆံပင္ကိုရိတ္ျခင္းဟာ ဘာမွထူးၿပီး အက်ိဳးေက်းဇူးမေပးပါဘူး။ ကေလးရဲ႕ဆံပင္သန္မႈဟာ ဦးေရျပားေအာက္က Hair follicle ေတြနဲ႔ပဲဆိုင္ပါတယ္။ ၿပီးေတာ့ အစာအာဟာရျပည့္စုံမႈနဲ႔လည္း ဆိုင္ပါတယ္။

ေနာက္အေရးႀကီးတဲ့အခ်က္ကေတာ့ ကေလးေခါင္းရိတ္ျခင္းရဲ႕ ဆိုးက်ိဳးတစ္ခုပါ။ ကေလးရဲ႕ေခါင္းဟာ ေမြးခါစမွာ အင္မတန္ႏူးညံ့ပါတယ္။ သူ႔ရဲ႕ဦးေခါင္းခြံဟာ အျပည့္မဆက္ေသးတဲ့အတြက္ ငယ္ထိပ္မွာ Fontanelle လို႔ေခၚတဲ့ လႈပ္ေနတဲ့ေနရာေလးလည္းရွိပါတယ္။ ကေလးေခါင္းကိုရိတ္ရင္ အဲဒီေနရာေတြ ထိခိုက္မိႏိုင္ပါတယ္။ ေသြးထြက္ျခင္း၊ အနာတရျဖစ္ျခင္းကေန ႏုနယ္တဲ့ကေလးကို ပိုးဝင္ျခင္းထိျဖစ္ေစႏိုင္ၿပီး မလိုလားအပ္တဲ့အႏၲရာယ္ေတြရွိေစပါတယ္။

ဒါေၾကာင့္ ေမြးကင္းစကေလးေတြရဲ႕ ဆံပင္ကို ရိတ္ဖို႔မလိုအပ္ပါဘူး။ သန႔္ရွင္းက်န္းမာမႈအတြက္ေတာ့ ကေလးငယ္ရဲ႕ဦးေခါင္းနဲ႔ဆံပင္ကို ပုံမွန္သန႔္စင္ေပးဖို႔ပဲလိုအပ္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလုံးက်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *